Friday, August 31, 2012

မိုးသီးဇွန် နဲ့ ABSDF ဘာလဲ ဘယ်လဲ??? ( 2 )


မိုးသီးဇွန် နဲ့ ABSDF ဘာလဲ ဘယ်လဲ??? ( 2 ) 

မေးတာလွယ်သလောက် ဖြေရခက်တဲ့ မေးခွန်းတခုကတော့ "တတိယ-နိုင်ငံရောက် တောခိုကျောင်းသားတွေ အခု ဘာတွေလုပ်နေကြသလဲ" ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ 
 အသေချာသုတေသနလုပ်ပီး ထုတ်ပြန်ထားတဲ့စာရင်းဇယားဆိုလို့ တစ်ခုမှ မရှိပါဘူး။ တတိယနိုင်ငံရောက် ဒုက္ခသည် ၅-သောင်းကျော်ထဲမှာ ၈၈-က တောခိုခဲ့တဲ့ကျောင်း သား ၃-ထောင် ကျော် ရှိပါတယ်။ တကယ်တော့ ABSDF ဆိုတာ ဒုက္ခသည်တွေ အများဆုံး မွေးထုတ်ပေးရာ နေရာဖြစ်ပါတယ်။ ဒီနေ့ ဒုက္ခသည်ဘဝကနေ တတိယနိုင်ငံရောက်ကြီး အထောက်အပံ့တွေ တောင်းစား ချမ်းသာ နေသူအများစုက ABSDF က ဖြစ်ပါတယ်။
 အဲဒီထဲက အဆင်ြ့မင့်ပညာ ဒေါက်တာ ဘွဲ့နဲ့ မဟာဘွဲရသူ အယောက် ၃၀-မရှိပါဘူး။ ကျောင်းသား ၃ ထောင်မှာ မဟာ ဘွဲ့ရသူ ၃၀ မရှိဘူးဆိုကတည်းက ကျောင်းသားတပ်မတော်က ကျောင်းသားတွေက ဘယ်လိုကျောင်းသားတွေလဲ ဆိုတာ သိနိုင်ပါတယ်။ ABSDF ထဲကို စဝင်တုန်းကတော့ မြန်မာအချင်းချင်း အနိမ်ခံရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ခဲ့ကြပါတယ်။ ABSDF ထဲ ရောက်ပြီးချိန်ကစပြီး ထိုင်းရဲက နှိမ်လိုက်၊ လူဟောင်းတွေ ရှေ့လူတွေက နှိမ်လိုက်၊ တတိယ နိုင်ငံရောက်တော့လည်း နော်ဝေရဲ၊ အော်စတြေးလျ ရဲတွေက မဖမ်းအောင် ဒူးထောက်တောင်းပန်မတတ် အနှိမ်ခံရပြန်ပါတယ်။
 ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် ၃-ကျိပ်ဦးဆောင်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်မှအပ 
 အဲဒီနောက်ပိုင်းတောခိုခဲ့တဲ့ဗမာ ပြည်ကွန်မြူနစ်ပါတီ။ ပြည်ချစ်လွတ်မြောက်ရေးတပ်ဦး။ ကျောင်းသားတပ်မတော်နဲ့ လူမျိုးစုတပ်ဖွဲ့ အ သီးသီးဟာ အခုချိန်ထိ အောင်ပွဲနဲ့အတူ အိမ်ပြန်နိုင်တာမျိုး တဖွဲ့မှ မရှိပါဘူး။ လူတွေကပဲ အရေအချည်းမရှိတာလား၊ ခေါင်းဆောင်တွေကပဲ ညံ့တာလား၊ လုပ်ဆောင်မှုတွေကပဲ မှားယွင်းနေတာလား ဆိုတာ အသေအချာ မပြောနိုင်ပါဘူး။ အဲဒီအချက်တွေ အားလုံးလည်း ဖြစ်နိုင်ပါတယ်။ ထိုင်နိုင်ငံဝန်ကြီးချုပ်အသစ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ကလည်း သိပ်ကောင်းနေတော့ နယ်စပ်က အဖွဲ့တွေလည်း တစ်ဖွဲ့မှ အခြေအနေမကောင်းတော့။ ဒိုနာတွေ (အလှူရှင်) ကလည်း နယ်စပ်က အဖွဲ့တွေ အားလုံးကလည်း နယ်စပ်ကအဖွဲ့တွေကို မပေးတော့ဘူးလို့ သိရပါတယ်။ တတိရနိုင်ငံရောက် ABSDF အဖွဲ့ဝင် တွေကတော့ နိုင်ငံအတွက်၊ လူမျိုးအတွက်တွေ ဘာမှ သတိမရတော့ပါဘူး။ ဒုက္ခသည်စခန်းကလူတွေ။
 မြန်မာနိုင်ငံထဲကလူတွေက နိုင်ငံခြားထွက်ချင်လို့ အသဲအသန် ကျိုးစား နေကြချိန်မှာ တတိယ-နိုင်ငံရောက်ပီးမှ အားလုံးကိုစွန့်ပီး မြန်မာပြည်ပြန်မယ်ဆိုတဲ့လူတွေက လူမိုက်တွေသာ ဖြစ်ကြကြောင်း၊ နိုင်ငံအတွက်တွေ၊ တိုင်းပြည်အတွက်တွေ မေ့ထားပြီး အခွင့်အရေးရတုန်းမှာ ကောင်းကောင်း ယူကြဖို့ ဆန္ဒရှိနေကြပါတယ်။ အဆိုးဆုံးကတော့ ABSDF ဆိုရင် နာမည်ကောင်း တစ်ခုမှ မရှိပဲ နာမည်ပျက်တွေ များနေသလို၊ ဘယ်သူမှလည်း အထင်မကြီးကြပါဘူး။ အထင်မကြီးချင်လည်း မကြီးချင်စရာပါပဲ တော်တော်များများ က အချင်းချင်းကိုက်ဖို့လောက်စဉ်းစားနေကြသူတွေပါ။ ဘာမှလည်းလက်တွေ့လုပ်ဖို့မစဉ်းစားတတ်ကြသလို၊ ဘာမှလည်း အရည်ချင်းရှိရှိ မလုပ်တတ်ကြပြန်ပါဘူး။ အထူးသဖြင့် တတိယနိုင်ငံတွေမှာ ရောက်ပြီးအလုပ်မရှိအလုပ်ရှာ၊ အရက်သောက်၊ မုန့်ရှု၊ သူများမယားကြာခို၊ လင်ရှိမယားတွေက ဖောက်ပြန်၊ အားမရရင် ကိုယ့်အထုတ်ကိုကိုယ် အင်တာနက်ကနေဖြေကြ။ ABSDF ရဲဘော်ဟောင်းတွေအချင်းချင်းတည့်တာရှားတယ်။ အားလုံးဆရာကြီးပဲ။ ဗိုလ်တွေကြီးပဲ။
ပညာလည်းဟုတ်တိပတ်တိမသင်၊ အလုပ်လည်းကောင်းကောင်းမလုပ်၊ ကြာလာတော့ လူထုတစ်ရပ်လုံးက ABSDF ရဲဘော်တွေဆိုရင် ရွံ့ရှာစရာ၊ စက်စုတ်စရာ လို့ သိလာကြပါတယ်။ သိသာသိစေ မမြင်စေနဲ့ စကား ရှိပေမယ့် ABSDF အဖွဲ့ဝင်အားလုံး မဆင်ချင်ကြပါဘူး။ ဒါပေမယ့် အားလုံးကတော့ ကိုယ့်ကိုကိုယ်ဟုတ်လားပြီထင်နေကြပါတယ်။ ဒီလိုနဲ့ပဲ သမိုင်းတွေက မကောင်း၊ အနာဂတ်တွေက အစွန်းရောက်ဖြစ်ကုန်ပါတယ်။ အသက်တွေကလည်း အားလုံး ၅၀ နီးပါးကပ်နေပြီ။ နောက် ၁၀ နှစ်ဆိုရင် ပင်စင်ရကြတော့မှာ ပါ။ တတိယ အရွယ်ရောက်နေကြပေမယ့် ဘယ်သူမှ တရားမပေါက်ကြပါဘူး။ သူတို့သားသမိးတွေနဲ့ ဘေးနားက လူငယ်တွေက အတုခိုးမှ အနာဂတ်ပါ ဒုက္ခရောက်ကြရပါအုံးမယ်။ နိဂုံးချုပ်ရရင်တော့ ဒီနေ့ နာမည်ပျက်တွေနဲ့ ABSDF ကို ဘယ်မျိုးဆက်သစ်မှ အတုမယူကြပါနဲ့။ ABSDF ထဲကနေ တတိယ နိုင်ငံရောက် လူ သုံးထောင်ကျော်ထဲမှာ ထွန်းပေါက်သွားတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ လူမွှေးလူတောင် မပြောင်တဲ့ လူတွေကတော့ အကုန်ပါပဲ။
 တတိယနိုင်ငံကို နေထိုင်ဖို့ အခွင့်အရေး အရဆုံးက ABSDF ဖြစ်ခဲ့ပေမယ့် ABSDF ဟာ အရင်တုန်းကလည်း လူထုကောင်းအောင် ဘာမှ မလုပ်ခဲ့ပါဘူး။ အခုလည်း ဘာမှ လုပ်မနေကြပါဘူး။ နောက်နောင်လည်း သူတို့ဘဝ နဲ့ မိသားစုအတွက် လုပ်ရင်း သေကြမယ့်လူတွေချည်းပါ။ ရဲဘော်သုံးကျိတ် ပြည်ပကနေ အပြည်မှာ လူထုတစ်ရပ်လုံးက ပန်းကုံးစွပ် ကြိုဆိုခဲ့ကြပေမယ့် ကျောင်းသားတပ်မတော်သားတွေ ပြည်ပကနေ ပြန်လာရင်တော့ ပန်းခွေစွပ်ချင်တဲ့ ပြည်သူတွေ အများကြီးက စောင့်နေလျှက် ရှိကြောင်းပါ။
Popout အရှက်တရားလုံးဝ မရှိ၊ အဆင့်တန်းမရှိ ဆဲဆို၊ ဦးသိန်းစိန်ကို ဖိနပ်နဲ့ပေါက်၊ နိုင်ငံကို အရှက်ကွဲအောင် လုပ်ပြီး ဒေါ်လာ ယူသွား သူများကို စက်တင်ဘာ (၁) ရက်၊ မနက် (၈) နာရီ၊ ရန်ကုန်လေဆိပ်ရောက်မည်။ ဒီလိုလူမျိုးတွေကို ဂုဏ်ပြုကြိုဆိုသင့်သလား.... တန်ပြန် သင်ခန်း စာပေး သင့်သလား... နောင်လာနောင် သားတွေ အတု ယူ မမှားဖို့ တာဝန်ကျေလို သူများ မနက် (၇) နာရီခွဲတွင် လေဆိပ်၌ စုမည်။ သမ္မတကြီး ဦးသိန်းစိန် နှင့် နိုင်ငံသိက္ခာအတွက် မည်သည့် ဘက်တော်သား မဆို ဖိတ်ခေါ်သည်။ အင်္ကျီအနီဝတ်ခဲ့ပါ။ ဆင်ကြယ်ဖိနပ် စီးလာပါ။

ဗဟုသုတဘဲ နဲရော့လေသလား? တရုပ်ကုမ္မဏီကရမယ့် ကော်မရှင်ကိုဘဲမျှော်ကိုးလေသလား?


ဗဟုသုတဘဲ နဲရော့လေသလား? တရုပ်ကုမ္မဏီကရမယ့် ကော်မရှင်ကိုဘဲမျှော်ကိုးလေသလား? 

ယနေ့ထုတ်မြန်မာ့အလင်းသတင်းတွင် " တရုပ်နိုင်ငံတွင်ထုတ်လုပ်ထားသည် မြန်မာကြိုက် ချယ်ရီဝက်ဂွန် မီနီစလွန်းကားများကိုယခုလကုန်မှစတင်ကာ ပြန်လည်ရောင်းချပေးသွားမည်ကြောင်းတာဝန်ရှိဌာနတာဝန်ရှိသူတဦးထံမှသိရှိရသည်။ ကားတွေကရောက်နေပြီ၊စတင်ရောင်းချဖို့အတွက်ပြင်ဆင်နေပါတယ်။ လက်ရှိဈေးကွက်ရဲ့ လိုအပ်ချက်အရ ကားစီးရေ ၂၀၀ဝန်းကျင်ကိုရောင်းချပေးသွားမှာဖြစ်ပါတယ်။ " ပါရှိလာတဲ့ သတင်းကိုဖတ်လိုက်ရတော့ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာဌာအာဏာပိုင်တွေဟာ နိုင်ငံတကာမှာ တရုပ်ထုတ်ကားကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ပစ္စည်းတခုအသုံးပြုထားမှုကြောင့် သူတို့နိုင်ငံတွေမှာ ဓါတ်ခွဲစစ်ဆေးနေတယ်ဆိုတဲ့ သတင်းကိုမဖတ်မိတာလား၊ နိုင်ငံတကာဗဟုသုတနည်းပါးတာလား၊
တရုပ်ကုမ္မဏီကနေ ပေးလာမယ့်ကော်မရှင်ငွေကိုမျှော်ကိုးပြီး ခွင့်ပြုနိုင်သူအာဏာပိုင်တဦးဦးကဘဲ အန္တရယ်ဖြစ်စေနိုင်တာကိုသိသိကြီးနဲ့ ခွင့်ပြုခဲ့တာလား အတွေးတွေများလာရပါတယ်။ ခုလိုခေတ်ပြောင်းစပ်ကူးမတ်ကူးကာလမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်တဲ့ အရာရှိကြီးတွေ ကြုံးဝါးသံကို အစိုးရဌာနအသီးသီးမှာလည်း ကြားနေရတော့ တို့မြန်မာပြည်သူတွေ ဒီလိုဥာဉ်ဆိုးတွေ လက်က အမြန်ဆုံး လွတ်ကင်းဖို့......(Aung pan)

AF Ijournal

"တရုတ်လုပ် Chery ကား မော်ဒယ်နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်ခြင်း ရှိ မရှိ စစ်ဆေးနေ"
တရုတ်လုပ် Chery ကားမော်ဒယ်နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်မှု ရှိ မရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။အဆိုပါ Chery ကား မော် ဒယ်နှစ်ခုမှာJ3 ဆီဒင်ကာ နဲ့
T11ပြိုင်ကားမော်ဒယ်များဖြစ်ကြပြီး၊ ယင်းကားများကိုတင်သွင်းသည့် ဗား တက်စ်ကုမ္ပဏီက ကျောက်ဂွမ်းပါ ဝင်သည်ဆိုသောအင်ဂျင်နှင့်အိပ်ဇော စနစ်မှ ဂတ်စကက်နမူနာခြောက်ခု ကို ဆက်စကို ဓာတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးလျက်ရှိသည်။ ဓာတ်ခွဲခန်းမှ အဖြေကိုလာမည့် ရက်သတ္တပတ် တွင်သိရမည်ဆို၏။
ကျောက်ဂွမ်း(Asbestos) ဆို သည်မှာ မီးမလောင်နိုင်သည့်ပစ္စည်း တစ်မျိုးဖြစ်ပြီး၊ မီးသတ်သမားများ ဝတ်ဆင်လေ့ရှိသည့် မီးခံဝတ်စုံတွင် ထည့်သွင်းအသုံးပြုသော်လည်း လူ သားတို့အတွက် အန္တရာယ်ရှိသဖြင့် ကမ္ဘာ့နိုင်ငံငါးဆယ်တို့တွင် ကျောက်ဂွမ်းသုံးခြင်းကို တားမြစ်ပိတ်ပင်ထား ကြသည်။ ယင်းသို့ တားမြစ်ပိတ်ပင် သည့် နိုင်ငံများထဲတွင် သြစတြေး လျနိုင်ငံသည်လည်း အပါအဝင်ဖြစ် လေရာ ယင်းChery ကား မော်ဒယ် နှစ်ခုတို့တွင် ကျောက်ဂွမ်းများ ပါဝင် နေကြောင်းသေချာပါက ကားအစီး ရေ ၂၃ဝဝဝ ကိုယင်းတို့လာရာဌာန သို့ ပြန်ပို့မည်ဖြစ်ကြောင်းသိရသည်။

ကျောက်ဂွမ်းမှထွက်သည့်အနံ့ကိုကြာရှည်စွာရှူရှိုက်ပါကအသက်ရှူလမ်းကြောင်းတွင် ရောဂါ ဖြစ်နိုင်ကြောင်း ဆေးပညာရှင်များက ဆိုသည်။ မောင့်အဲလိဇဘက် ဆေး ရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပါရဂူ ဒေါက်တာချန်တောင်အင်က ''ကျောက်ဂွမ်းအမျှင်တွေဟာ အ ဆုတ်ထဲဝင်တာများရင် အန္တရာယ် ဖြစ်စေနိုင်တယ်။ အဆုတ်ထဲကို ကျောက်ဂွမ်း အမျှင်တွေရောက်နေ တာကို နှစ် ၂ဝ ကနေ ၃ဝ လောက် ကြာမှသိရတတ်တယ်။ ဒါကြောင့် ရောဂါဖြစ်နေတာကို လူတွေမသိကြ တာများတယ်''ဟု ပြောသည်။
ကျောက်ဂွမ်းအမျှင် စလေးများ သည် အသက်ရှူသည့်အခါ နည်း နည်းချင်းပါသွားပြီးနောက် ယင်း အမျှင်များ ထောင်နှင့်ချီ၍ အဆုတ် ထဲသို့ရောက်နေပါက ဖယ်ရှားပစ်ရန် ခက်ခဲသည်ဟု ၄င်းက ဆိုသည်။
စင်ကာပူနိုင်ငံတွင်မူ Chery ကားပေါင်း ၁၈ဝဝ ကျော်မျှ မောင်း နှင်သွားလာနေကြသော်လည်း ယခု သံသယဖြစ်နေကြသည့် မော်ဒယ် များမှာမူ ၄၁၄ စီးသာရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင်လည်း ကျောက်ဂွမ်းကို ၁၉၈၉ မှစတင်၍ တားမြစ်ခဲ့ပြီး၊ ကားများတွင် အသုံး မပြုရန် ကိုမူ ၁၉၉၅ ခုနှစ်တွင် တား မြစ်ခဲ့ကြောင်း သိရသည်။
''ဝူဟူး အခြေစိုက် Chery ကားစက်ရုံကလည်း စင်ကာပူကို ပို့တဲ့ကားတွေမှာ ကျောက်ဂွမ်းတွေ ပါမပါဆိုတာကို စစ်ဆေးနေပါ တယ်''ဟု ယင်းကားများကို တင် သွင်းသော ဗားတက်စ်ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဆင်ခိုင်ဘီက
စထရိတ်တိုင်းမ်စ်သတင်းစာသို့ ပြော ကြားခဲ့သည်။

သတင်းထောက်များအား ဇာဂနာဆဲ


သတင်းထောက်များအား ဇာဂနာဆဲ

From : Messenger
ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာ နိုင်အောင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအား စွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊ ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းသို့ သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း ဝန်းပိတ်ဆို့နေကြသည့်အတွက် ဒေါက်တာနိုင်အောင်နှင့် အဖွဲ့အား လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုခဲ့ခြင်းဖြစ်သည်။
''သူပြောတဲ့ အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့ ပြောတာ၊ ခင်ဗျား တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊...... ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်းထောက်တစ်ဦးက ပြောသည်။

''တကယ်တော့ သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာတွေက ပိတ်နေ တာကို အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့ ပြောရင်လည်း ရမှာပါ။ အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင် ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့ ကျွန်တော်မြင်တယ်။ မီဒီယာဘက်က တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့ ကြိုးစားကြတာပေါ့။ သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း ခုလိုပဲ ဖြစ်ခဲ့တာ'' ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။

''တို့သတင်းထောက်တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ အာရုံ စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း ရှိနိုင်ပါတယ်။ ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို အဆဲခံရတာတွေအ ထိတော့ မဖြစ်သင့်ဘူး။ အထူးသဖြင့် တစ်စုံတစ်ရာအ တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊ သူက လူကြီးပဲ၊ ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ ကိုသီဟက ပြော သည်။

ဇာဂနာကို ဘက်စုံ စွယ်စုံရ အနုပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြပြီး ၎င်း တက်ကျွမ်းသော စွယ်စုံအတတ်ပညာတွင် မိုက်ရိုင်းဆဲဆိုခြင်း၊ မယဉ်ကျေးခြင်း များလည်းပါဝင်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ခရီးစဉ်တုန်းကလည်း အင်္ဂလန်မှ မြန်မာများနှင့် ဇာဂနာ ပြဿနာ တက်ခဲ့ပြီး နောက်တခေါက် အင်္ဂလန်လာလျှင် ဝိုင်းထိုးကြရန် ကြေညာထားသည်။

ယနေ့ နေ့လည်း ၂ နာရီတွင် ကမ္ဘာပေါ်မှာ နိုင်ငံနဲ့လူမျိုးအတွက်စွန့်လွတ်စွန့်စားတော်လှန်ရေးလုပ်ရင်း သန်းကြွယ်သူဌေးဖြစ် သွားခဲ့တဲ့ အင်မတန်ထူးဆန်းတဲ့ လူသတ်ကောင် ဒေါက်တာနိုင်အောင် နှင့် ဒေါက်တာသောင်းထွန်း ဆိုတဲ့ လူနှစ်ယောက်
မြန်မာနိုင်ငံ ကိုရောက်ရှိလာပါပြီဖြစ်သည်။။

Myanmar Express

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၁) (၂) (၃)


ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၁) (၂) (၃) 

Thursday, 02 August 2012

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

နိုင်ငံတကာအမြင်မှာ မြန်မာနိုင်ငံဟာ ရှေးယခင်ကလို အနိုင်ကျင့်လို့ကောင်းတုန်း အချဉ်ဖမ်းလို့ကောင်းတုန်း နိုင်ငံတစ်ခုဘဲလို့ မြင်နေကြဆဲပဲနဲ့ တူပါတယ်။ သူခိုးက လူလိုဟစ် နေတာကိုတောင် ဝိုင်းဝန်းလက်ခုပ်တီး အားပေးနေကြပြန်ပါတယ်။ မြန်မာပြည်ဖွား သစ္စာမဲ့သူများကလည်း ငွေကြေးအတွက်၊ နေရာတစ်ခုအတွက် ထမင်းတလုတ်အတွက်နဲ့ ပြဿနာကို မီးခွက်ထွန်း ရှာချင်နေကြပါတယ်။ ဘင်္ဂလီအရေး ပေါ်လာတာဟာ လုပ်စားနေသူတို့အတွက်တော့ ထမင်းအိုးကြီးတစ်လုံး ထပ်ချက်ပေးထားသလိုပါပဲ။ မယုံမရှိပါနဲ့။

ဘင်္ဂလီပြဿနာလား။ ရှင်းရှင်းလေးပါ။ ခိုးဝင်တယ်။ အဲဒီဒေသမှာ မူလနေထိုင်နေတဲ့ ရခိုင်လူမျိုးတွေကို စော်ကားတယ်။ လူသတ်တယ်။ မုဒိန်းကျင့်တယ်။ အဲဒီဘင်္ဂလီတွေကပဲ မူလဒေသခံ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း (Genocide) ဖြစ်လုနီးပါး သတ်ပစ်ပြီး ရခိုင်ပြည်နယ် နေရာလုယူဖို့ ကြံစည်တယ်။ မူဆလင်ဆိုတဲ့ ဘာသာရေးကို ဘန်းပြပြီး မူဆလင်တွေကိုပါ သူတို့နဲ့ ပါဝင်လာအောင်လုပ်တယ်။ အိန္ဒိယနယ်စပ်မှာလည်း ဒီအတိုင်းပဲ ဖြစ်နေတာပါ။ အိန္ဒိယမှာဆို ခိုးဝင်လာရင် မေးမြန်းစစ်ဆေးခြင်းမရှိ ပစ်တောင်သတ်ကြတာ မဟုတ်လား။

ဥပဒေမဲ့ ခိုးဝင်လာတာတွေကို ဘယ်နိုင်ငံမဆို သင့်ရာနည်းနဲ့ ဖြေရှင်းကြရမှာပါပဲ။ ဘယ်နိုင်ငံကမှ ကိုယ့်မြေကိုယ့်ရေ ကိုယ့်လူမျိုးကို အစော်ကားခံမှာ မဟုတ်ပါဘူး။ ပြဿနာကို ဖြေရှင်းတဲ့ အခါမှာတော့ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို ပါးစပ်နဲ့မဆန့်အော်ပြီး ငိုပြတယ်။ လိမ်လည်ပြီး နိုင်ငံတကာမှာ ဝိုင်းအော်ကြတယ်။ ဘင်္ဂလီတွေရဲ့ နယ်မြေလု လူသတ် မုဒိန်းကျင့် မီးရှို့ ရေထဲအဆိပ်ခတ် စသော အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ပြီးတော့ မူဆလင် ဘာသာရေးပြဿနာ၊ ဘင်္ဂလီ အခွင့်အရေးပြဿနာအဖြစ် ခေါင်းစဉ်ပြောင်းလဲ အော်နေကြတယ်။ ဘာလူ့အခွင့်ရေးမှ မဟုတ်ဘဲ နယ်မြေခိုးချင်တဲ့ ဘင်္ဂလီတွေရဲ့ အရေးပဲဆိုတာ ရှင်းနေတယ် မဟုတ်ပါလား။ တနည်းပြောရရင် လူ့အခွင့်အရေးမဟုတ်ပဲ အခွင့်အရေးသမားတွေရဲ့ အခွင့်အရေးရှာကြံမှုပဲ မဟုတ်ပါလား။
အိန္ဒိယ နယ်စပ်ရှိ တာဝန်ကျ အိန္ဒိယ စစ်သားများ
ဒါဆိုရင် ဒီလောက်ရှင်းတဲ့ ပြဿနာတစ်ခုမှာ ဖင်ကြားမီးညှပ်သလို မနေနိုင် မထိုင်နိုင်အောင် ပါဝင်လာတဲ့ သိက္ခာရှိပါတယ်ဆိုသော ကုလသမဂ္ဂ UN နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အချို့အာဆီယံနိုင်ငံတွေ မီဒီယာအချို့နဲ့ လူပုဂ္ဂိုလ်တွေဟာ ပြဿနာအကြောင်းရင်းကို ခြေခြေမြစ်မြစ် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အကြောင်းပြပြီး လုပ်စားချင်တာဖြစ်စေ၊ သဘောရိုးနဲ့ လုပ်ကိုင်သည်ဖြစ်စေ၊ သူတို့တတွေပါ ကျက်သရေတုံးတဲ့ အဆင့်ထဲ အလိုလို ပါဝင်သွားရ ပါတော့တယ်။ ဒီလူ ဒီအဖွဲ့အစည်းတွေဟာ ဘင်္ဂလီတွေရဲ့ သမိုင်းလိမ်တွေနဲ့ နယ်မြေခံတွေကို စော်ကားတာတွေ သူပုန်ထခဲ့တာတွေ ဘင်္ဂလီတွေရဲ့ ရည်ရွယ်ချက်တွေကို ဘာကြောင့် မသိချင်ယောင်ဆောင်ပြီး ဘာသာရေးနဲ့ လူ့အခွင့်အရေးကိုသာ အသံကျယ်ကျယ်နဲ့ ထအော်လာကြတာလည်းဆိုတာ အရင်မေးခွန်းထုတ်ချင်ပါတယ်။
ပထမဆုံးတစ်ခု ပြောပြထားချင်ပါတယ်။ ကုလသမဂ္ဂဆိုတဲ့ UN ဆိုတာ ဘာလည်း ဘာတွေလုပ်နေတာလည်း ဘယ်လိုဖွဲ့စည်းထားတာလည်း ဒါတွေ လူတိုင်းလိုပဲ နားလည်ကြပါတယ်။ ဒါပေမယ့် ကုလအဖွဲ့အမည်ခံပြီး အောက်မှာလုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေဟာ မှန်မှန် လုပ်နေကြရဲ့လားဆိုတာကိုတော့ ပြန်လည်ပြီး check, recheck, counter check’ လုပ်ဖို့ အရင်လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂဆိုတာ နိုင်ငံတိုင်းက အားကိုးရာလို့ သတ်မှတ်ထားကြပါတယ်။ သို့သော်လည်းပဲ ကုလသမဂ္ဂရဲ့ နာမည်ခံပြီး မဟုတ်တာ လုပ်တာတွေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ အချူပ်အခြာ အာဏာပိုင်းဆိုင်ရာကို ထိပါး နှောင့်ယှက်လာတာတွေကို ဘယ်နိုင်ငံကမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ဒုက္ခသည်တွေအား လက်ခံကူညီပေးနေတဲ့ နိုင်ငံတွေမှာတောင် UNHCR က တရားလွန် ဝင်ရောက်စွက်ဖက်လာရင် လက်မခံကြတော့ဘူး ဆိုတာလည်း UNHCR က ပုဂ္ဂိုလ်ကြီးများ နားလည်ကြမှာပါ။

မြန်မာစကားနဲ့ ပြောရရင်တော့ သူကြီးနဲ့ပေါင်းပြီး ဆယ်အိမ်ခေါင်းကို ဘာထင်တယ် ညာထင်တယ် ဆိုတာမျိုးကို လက်မခံကြတာပါ။ ရခိုင်ဒေသမှာ ရခိုင်တိုင်းရင်းသားတွေက UN နဲ့ NGO တွေကို လက်မခံဘူး ဆိုတာဟာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများရဲ့ နှစ်ပေါင်းများစွာ ကတည်းက ခံစားလာခဲ့ရတဲ့ ရင်ထဲက မျိုသိပ်နေခဲ့ရတဲ့ ခံစားချက်တွေကြောင့် ဆိုတာကို အရင်သဘောပေါက်အောင် ကြိုးစားစေချင်ပါတယ်။ ဘယ်သူတွေရဲ့ တိုက်တွန်းချက်ကြောင့်မှ မဟုတ်ပါဘူး။ UNHCR ရဲ့ ဒုက္ခသည်စောင့်ရှောက်မူမျိုးဟာ ရခိုင်ဒေသအတွင်းက ဘင်္ဂလီတွေအတွက် အကျုံးမဝင်ဘူးလို့ မဟာမင်းကြီးက ဆိုခဲ့တာဟာ ဘင်္ဂလီတွေဆိုတာ ဒုက္ခသည်တွေ မဟုတ်ပါဘူး၊ ခိုးဝင်အခြေချလာတဲ့ ဘင်္ဂလားဒေသက သူတွေပါလို့ ဝန်ခံသွားခဲ့တာလားလို့တောင် ထင်မြင် ယူဆမိပါတယ်။ ဘင်္ဂလီတွေ လက်ခံဖြေရှင်းဖို့ကိစ္စဟာ UN နဲ့မဆိုင်ဘူးဆိုရင် ရခိုင်ဘူးသီးတောင် မောင်တောဒေသမှာ UNHCR ထားဖို့တောင် မလိုပါဘူး။ တခြားနိုင်ငံတကာနဲ့ မြန်မာပြည်ရဲ့ အချို့နေရာတွေမှာ UNHCR က လုပ်ကိုင်ဆောင်ရွက်ပေးနေတာကို အသိအမှတ်ပြုနိုင်ပေမယ့် ရခိုင်တိုင်းရင်းသားတွေရဲ့ မြေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမှာတော့ ဘင်္ဂလီအရေးကိုသာ ဦးစားပေး လုပ်ကိုင်ပေးနေကြတာ ကြာပါပြီ။ ယခု UN, INGO ဝန်ထမ်းတွေကို အစိုးရက ဖမ်းပြီး ဥပဒေနဲ့ စီရင်နေရတာကိုက သူတို့ရဲ့ မသမာမူတွေကို သက်သေပြနေတာပါ။

ဘာကြောင့် ဆူပူအကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ သူတွေကရော UNHCR ဝင်းထဲ ရောက်နေရရလည်း၊ ဘင်္ဂလီတွေက စတင်ပြီး ဒုတ်ကိုင် ဓါးကိုင်၊ ရခိုင်အိမ်တွေကို မီးရှို့လူသတ်နဲ့ မဲမဲထအောင် ဒီလောက် သောင်းကျန်းနေကြတာကို ဒီတာဝန်ရှိသူတွေက မမြင်ဘူးတဲ့လား။ ယခင်အတိတ်ကရော ခိုးဝင်အခြေချနေသူ ဘင်္ဂလီတွေက ရခိုင်ဒေသခံတွေကို အကြိမ်ကြိမ် စော်ကားပြီး လူသတ် မုဒိန်းကျင့်လုပ်နေတာ (Genocide) လူမျိုးတုန်းဖြစ်စဉ် ဖြစ်ပွားလုနီးနီး ရခိုင်ပြည်နယ် နေရာအား အပိုင်စီးဖို့ လုပ်နေတာတွေကို နားမလည်ခဲ့ကြဘူးလား။ ယခု မုဒိန်းကျင့် လူသတ်မူ မကျူးလွန်ခင် ကလေးကတင် မောင်းတော နစကဂိတ်နဲ့ မနီးမဝေးမှာတင် ကုလား (၃) ယောက်က ဓါးကိုယ်စီနဲ့ အပြေးလိုက်ပြီး မုဒိန်းကျင့် လူသတ်ခဲ့တာရော မသိလိုက်တာလား။ ကိုယ့်အလုပ်မဟုတ်လို့ မသိဘူးဆိုရင် ဘင်္ဂလီအရေး ကိစ္စကိုသာ ဦးစားပေးလုပ်နေတဲ့ ကုသသမဂ္ဂ အဖွဲ့သားတွေဟာ ရုံးဆက်ထိုင်ဖို့ မကောင်းတော့ပါဘူး။ မသိသေးရင်လည်း ဒီပြဿနာ ဘယ်လိုရှင်းမလဲဆိုတဲ့ ဆောင်းပါးနဲ့ လဝက ဝန်ထမ်းတစ်ဦးရဲ့ အတွေ့အကြုံ ဆောင်းပါးတွေကို ပေးထားတဲ့ လင့်အတိုင်း ပူးတွဲဖတ်ကြည့်ပြီး သုံးသပ်ကြဖို့ အကြံပြုပါတယ်။ http://arakantimes.net/burmese/index.php/2012-02-21-02-29-15/242-2012-06-27-12-31-
ဒုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်ထားသော ဘင်္ဂလီ လူမျိုးများ
ဒါဆိုရင် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို UN အဖွဲ့ကြီးနဲ့ UN အထွေထွေ အတွင်းရေးမှူးချုပ်မှာ တာဝန်ရှိပါတယ်။ ခိုးဝင်သူ ဘင်္ဂလီတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အကြိမ်ကြိမ်ပင် သတ်ဖြတ်ရန် ကြံစည်မူနဲ့ အကြမ်းဖက်မူများမှာ ကြံရာပါ သို့မဟုတ် အားပေးသူ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနိမ့်ဆုံးအဆင့် ကိုယ့်အဖွဲ့အစည်းအတွင်း ပြန်လည် စစ်ဆေးကြရပါမယ်။ UN ဆိုတဲ့ဝိတ်နဲ့ သက်ဆိုင်ရာ နိုင်ငံကိုသာ လက်ညှိုးထိုး အပြစ်တင်ပြနေလို့ မရပါဘူး။ ကိုယ့်ဌာနက တာဝန်ရှိသူတွေ ရုံးအဖွဲ့ဝင်တွေကိုလည်း ကုလသမဂ္ဂရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်မူ ရှိ မရှိ၊ မှန်မှန်ကန်ကန် ဟုတ်မဟုတ်ကို ပြန်လည်လို့ စစ်ဆေးသင့်ပါတယ်။ UN နဲ့ UN ရဲ့ မူဝါဒ လုပ်ပိုင်ခွင့်တွေကို လက်ခံပေမယ့် တာဝန်ယူ လုပ်ကိုင်နေသူတွေကိုတော့ လူသားတို့ရဲ့ အားသာချက် အားနည်းချက်များရှိတဲ့ သဘာဝအတိုင်း ပုံပြီး ယုံလို့မရတာကိုတော့ နားလည်နိုင်ကြပါလိမ့်မယ်။

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၂) 

Friday, 03 August 2012
ဘင်္ဂလီများနှင့် လုံခြုံရေး ယူထားသော နစက တပ်ဖွဲ့ဝင်များ
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၁) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။

လူ့အခွင့်အရေးကိုလည်း ကျွန်တော်တို့တွေက ကောင်းကောင်း နားလည်ကြပါတယ်။ မြန်မာပြည်သူပြည်သားတွေဟာ ပါးစပ်ပေါ်က သနားစာနာတတ်မူမျိုး မဟုတ်ပဲ ရင်ထဲ အသဲနှလုံးထဲကကို ဖြစ်ပေါ်လာတဲ့ စေတနာ ကြင်နာမူတွေနဲ့ ခွင့်လွှတ်စာနာတတ်တဲ့ လူမျိုးတွေပါ။ သနားအောင်ပြောရင် ကိုယ်ကအငတ်ခံပြီး ကျွေးတတ်တဲ့ လူမျိုးပါ။ လူကို လူလိုမြင်တတ်တဲ့ ဗြဟ္မစိုရ်တရားနဲ့ ကြည့်တတ်တဲ့ လူမျိုးပါ။ လူ့အခွင့်အရေးဆိုပြီး ထုတ်ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမယ့် ကျေးဇူးရှင်ကို ကျေးစွပ်တဲ့လုပ်ရပ်တွေ ခိုးဝင်နေထိုင်လာကြပြီး ဒေသခံတွေကို သတ်ဖြတ် မုဒိန်းကျင့် အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ ကျူးကျော်စော်ကားမူတွေကိုတော့ ဘယ်နိုင်ငံကမှ လက်ခံမှာ မဟုတ်သလို မြန်မာနိုင်ငံ အနေနဲ့လည်း လက်မခံနိုင်ပါဘူး။ လိုအပ်သလို ထိန်းသိမ်းအရေးယူမူတွေ လုပ်ကြရမှာပါပဲ။ အပြစ်လုပ်သူတွေကို ဖမ်းဆီးအရေးယူတာတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်တာ ခေါ်ပါသလား။ တကယ်တမ်း ရခိုင်ဒေသမှာ ဖြစ်ပေါ်ခဲ့တာဟာ ဘင်္ဂလီတွေ ခိုးဝင်နေထိုင်ပြီး သမိုင်းကြောင်းကို လိမ်လည်လို့ နေရာဒေသကို အပိုင်စီးဖို့ လုပ်တာက စတာပါပဲ။ နောက်ဆက်တွဲ ကုလားဆိုး၊ မူဂျာဟစ် သူပုန်ထတယ်။

ရခိုင်ရွာ တစ်ရွာဖြစ်တဲ့ ကူတောင်ရွာမှာဆိုရင် ရွာကိုဘင်္ဂလီတွေက လာပြီးမီးရှို့ရန်စတယ်။ ပြန်ခုခံတော့ လူအင်အားနဲ့ ဝိုင်းပြီးတိုက်ခိုက်တယ်။ ဖမ်းမိတဲ့ ရခိုင်တိုင်းရင်းသားတွေကို ရက်ရက်စက်စက် ခုတ်ထစ် သတ်ဖြတ်ပစ်ကြတယ်။ ခုတ်ပိုင်း သတ်ဖြတ်ခံထားရတဲ့ ဓါတ်ပုံတွေကို တွေ့ကြမှာပါ။ ကျောက်နီမော် မုဒိန်းကျင့် လူသတ်မှုကိစ္စတောင် ဘီဘီစီသတင်းဌာနက ရခိုင်လူမျိုးပါဆိုပြီး ရခိုင်တိုင်းရင်းသားတို့ နေထိုင်ရာဒေသ မြေပုံပေါ်မှာ ဘင်္ဂလီတွေရဲ့ ဓါတ်ပုံကိုထည့်ကာ လိမ်လည်ထုတ်လွှင့်ချက် အကြောင်းခံက လောလောလတ်လတ် ဖြစ်နေတာကြောင့် ရခိုင်တိုင်းရင်းသားတို့ မခံမရပ်နိုင်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်သွားတာမို့ ပေါ်လွင်လာခဲ့ရတာပါ။ ဒီလတ်တလော အကြောင်းရင်းကြောင့်လည်း ရခိုင်နဲ့ဘင်္ဂလီအရေး ဖြစ်ပေါ်ခဲ့ရတာပါ။ သဘောမပေါက်တာက လူ့အခွင့်အရေးအော်နေတဲ့ လူပုဂ္ဂိုလ်အချို့နဲ့ အရေးအခင်း ကိစ္စတစ်ခုကိုပြပြီး နာမည်ယူချင် လုပ်စားချင်နေတဲ့ အဖွဲ့တွေပါ။

မေးခွန်းတခု အရင်မေးလိုက်ချင်ပါတယ်။ ဘင်္ဂလီတွေဟာ သူတို့သမိုင်းကို ခိုးချကူးချလုပ်ထားတာကို (make - up history of their origin) ကို နားလည်သဘောပေါက်ပါသလား။ ဘင်္ဂလီလူမျိုးတဦးဖြစ်တဲ့ ဇော်မင်းထွန်းဆိုသူရေး စာအုပ်၊ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီထုတ် ရခိုင်ပြည်နှင့် ရိုဟင်ဂျာသမိုင်း အကျဉ်းချုပ်နှင့် ဒေါက်တာ ဝါကာအူဒင်း၏ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ဦးနှင့် အင်တာဗျူးချက်များတွင် ရိုဟင်ဂျာလူမျိုးများသည် သက္ကရာဇ် ရ၈၈ - ၈၁၀ မဟာတိုင်စန္ဒြားမင်းလက်ထက်တွင် အာရပ်ကုန်သည်များ မုန်တိုင်းမိ သဘောင်္ပျက်ရာမှ အခြေစိုက်နေထိုင်ရန် နေရာပေးခဲ့ရာမှ စသည်ဟု ရေးခဲ့ပြောခဲ့ပါတယ်။ ဘူးသီးတောင် မောင်တောသည် ဘင်္ဂလီများ ပိုင်ဆိုင်သော ဒေသဟုလည်း ဆိုပြန်ပါတယ်။ မဟာစန္ဒြား (၃၂ရ-၃၈၄) ထိ (၅ရ)နှစ်တိုင် ရခိုင်ပြည်မှာ အုပ်ချူပ်ခဲ့ပြီး သူတို့ပြောတဲ့အချိန်ဟာ ရခိုင်ရာဇဝင်သမိုင်းမှာ မင်းမရှိတဲ့ ကာလလောက်ဖြစ်ပါတယ်။ ထီးနန်းစိုက်ရာ နေရာက မြောက်ဦးမတိုင်ခင် ဝေသာလီ ကျောက်လှေကားမြို့ ဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရင် သူတို့လစ်ဟာနေတာက သူတို့ (အာရပ်ကုန်သည်) တွေက နေရပ်မပြန်ကြဘူးလား။ ပျက်တဲ့သဘောင်္က ဘယ်လောက်များနေလို့လဲ။ ဒီလောက်တောင် လူများအောင် ပေါက်ဖွားလာသလား။ ကမန်လူမျိုးတွေတောင် ဘာကြောင့် ဒီလောက်မများလာရသလဲ။ ရခိုင်ဘုရင်တွေ နေရာချပေးထားတာဆိုရင် မူလ ဒေသနေ လူမျိုးမဟုတ်တာ မသေချာဘူးလား။ ဘာကြောင့် အာရပ်နဲ့မတူပဲ ဘင်္ဂလားဒေသသားတွေနဲ့ အစစ တူနေရလဲ။ ယခင်က ပါဌိဘာသာနဲ့အခြားဘာသာစကား ပြောကြပြီး နောင်မှ ဘင်္ဂလီစကား၊ အာရေဗျစကားများ ပြောလာကြတာဆိုတာမျိုးအထိ များစွာ မေးခွန်းထုတ်စရာရှိသလို ခိုင်မာတဲ့သမိုင်းကြောင်းမဟုတ်ပဲ လုပ်ဇာတ်လမ်းတခုဆိုတာ ပေါ်လွင်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တာမွေ ၁၃၆ လမ်းက ဦးမျိုးအောင်ဆိုသူကလည်း နိုင်ငံတော်သမ္မတထံပေးစာမှာ သူတို့တတွေဟာ ဘူးသီးတောင် မောင်တော နတ်မြစ်တလျောက် အလုံးအရင်းနဲ့နေလာခဲ့ကြတယ် ဆိုပြန်ပါတယ်။ ဝေသာလီကနေ ဒီလောက်ဝေးတဲ့ ဒေသမှာတော့ ရခိုင်ဘုရင်က နေရာမချလောက်ပါဘူး။ ဘင်္ဂလားက အခြေခံလာတယ်ဆိုတာ ဖေါ်ပြလိုက်တာပါ။ မူလဇာတိကို ဖျောက်ပြီး မျိုးရိုးဇာတိဖေါ်ချင်တဲ့ နိုင်ငံတွေတောင် ရှိပါသေးတယ်။ ရန်ကုန်က အတုယူ တည်ဆောက်မယ်ဆိုတဲ့နိုင်ငံဆို မျက်နှာကြည့်တာနဲ့ ပေါက်ဖေါ်ကြီးဆိုတာသိပေမယ့် နဂါးမင်းသား ကပဲဆင်းလာသလို ပြောရင်အများကြီးရှိပါတယ်။ ရခိုင်ပြည်ဟာ ဘင်္ဂလားရဲ့ဒေသတခုလို့ ပြောင်းပြန်ရေးထားပေမယ့် ရခိုင်ဟာ ဘင်္ဂလားဒေသကိုပင် ဘီစီ ၃၃၂၅ ဒွါရာဝတီ( သံတွဲ )ခေတ်ထဲက ပိုင်ဆိုင်လာခဲ့ပြီး ၁၇ ရာစုအစပိုင်းလောက်ကျမှ မဂိုမင်းများနယ်ပယ်ထဲကို ရောက်ခဲ့ရတာပါ။ ခုနှစ်များစွာ ကွာလှပါတယ်။
မီးရှို့ရန်ကြံစည်နေသော ဘင်္ဂလီတစ်ဦးနှင့် အပေါင်းအပါများ
သဘောင်္ပျက်ပြီး ရောက်လာတဲ့ အာရပ်တွေဆိုတာ လိမ်နေတာပါလို့ ပါးစပ်က ထုတ်မပြောတောင် သူတို့ရဲ့မျက်ခွက် ဘာသာစကား သွေး အကုန်လုံးကို ကြည့်တာနဲ့ မျက်မြင်သိနိုင်ပါတယ်။ ခိုးဝင်လာသူတွေကို နိုင်ငံတိုင်းက လက်မခံကြဘူး ဆိုတာလည်း နားလည်ကြမှာပါ။ ဒုက္ခသည်ကို လက်ခံတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခိုးဝင်လာတာကို လက်မခံကြပါဘူး။ ရာဇဝတ်မှုတစ်ခုအဖြစ်တောင် ဥပဒေက သတ်မှတ်ထားပါတယ်။ ထောင်ချမယ်၊ ပြန်ပို့မယ်။ ဒုက္ခသည် လျှောက်ထားရင်လည်း အကျယ်ချုပ်သဘောနဲ့ ခံဝန်ချက်ယူပြီး နှစ်များစွာ စောင့်ဆိုင်းနေရပါတယ်။ အမေရိကန်လို DV ကံစမ်းမဲတောင် ဖေါက်နေတဲ့ နိုင်ငံကတော့ သူ့ဥပဒေက တမျိုးပါ။ ဒါတောင် နေထိုင်ခွင့်ပေးထားပေမယ့် ပြန်မောင်းမထုတ်ရုံ ထားတဲ့သူတွေ အခွင့်အရေး ဆုံးရှုံးနေတဲ့သူတွေ တပုံကြီးရှိနေပါတယ်။
ဒီတော့ ဒုက္ခသည်ဆိုင်ရာနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးမထားတဲ့ နိုင်ငံတွေကတော့ အခြေချနေထိုင်ဖို့ မပြောနဲ့ ခပ်တည်တည်နဲ့ဝင်လာပြီး over stay နဲ့တောင် နေထိုင်နေလို့ လုံးဝမရပါဘူး။ စင်္ကာပူလို နိုင်ငံမှာဆို ကြိမ်ဒဏ်ကြောင့် ဖင်တောင် စုတ်ပြတ်သတ်သွားပါလိမ့်မယ်။ ဒါကြောင့်လည်း နိုင်ငံခြားထွက်ပြီး ခိုလှုံဖို့လုပ်တဲ့ သူတွေဟာ ဒုက္ခသည်လက်ခံပါတယ်ဆိုတဲ့ နိုင်ငံတွေကိုပဲ ရွေးသွားကြတာပါ။ အခု မြန်မာပြည်က သစ္စာဖေါက် လူ့အခွင့်အရေး ပြောနေတဲ့သူတွေကို ကြည့်ပါ။ ဒုက္ခသည် လက်ခံတဲ့ နိုင်ငံတွေထဲမှာတောင် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးများမှာပဲ ရွေးပြီးနေချင်ကြတာပါ။ အခွင့်အရေး ကန့်သတ်ခံပုံခြင်းက မတူတာကြောင့် မဟုတ်လား။ ဂျပန်နဲ့ ဥရောပဆိုရင်တောင် ဥရောပကိုရွေးမယ်။ ဥရောပမှာတောင် နော်ဝေလို နိုင်ငံထက် ကနေဒါ၊ သြစီနဲ့အမေရိကန်လို နိုင်ငံရွေးမယ်။ လေယာဉ်ပေါ်မှာ ပတ်စပို့ကို စုတ်ဖြဲပစ်ပြီး အိမ်သာထဲချ ရေမျောပစ်လိုက်ပြီး နိုင်ငံမဲ့ပါလို့ မူလကျီသွန်ကီနဲ့ ဒုက္ခသည်လုပ်ချင်သူတွေလည်း ကနေဒါ၊ သြစတြေးလျလိုနိုင်ငံ မလုပ်ရဲပြန်ဘူး။ အမေရိကန် ဗြိတိန်လို နိုင်ငံမျိုးတွေကိုပဲ လုပ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေဟာ ဗီဇာကို အလွယ်တကူ မပေးကြပါဘူး။ အခု ထိုင်းနိုင်ငံတောင် လျှောက်လွှာဓါတ်ပုံတွေ တောင်းတာများလာသလို နိုင်ဂျီးရီးယားလို အာဖရိက နိုင်ငံသားများကိုဆိုရင် လျှောက်လွှာဓါတ်ပုံ ပိုတောင်းပါတယ်။ သူ့နိုင်ငံ သူ့ဥပဒေ သတ်မှတ်ချက် ရှိပါတယ်။

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၃) 

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
လူကြီးရော ကလေးပါမကျန် ဒုတ်၊ ဓါး လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီများ

ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၂) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။

လူ့အခွင့်အရေးဆိုတာက အခြေခံ လူသားတိုင်းအတွက် ရှိသင့်တယ်လို့ အသိအမှတ်ပြုထားတာပါ။ နိုင်ငံတခုရဲ့အခြေခံဥပဒေနဲ့ နိုင်ငံတော်လုံခြုံရေးအပေါ်ကို သွားပြီး လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ် သုံးသပ်လို့ မရပါဘူး။ အခု မြန်မာပြည်က ပြဿနာဆိုတာ အစိုးရက ဘင်္ဂလီတွေကို မတရားလုပ်နေတာမဟုတ်ဘူး ဆိုတာ အခြေခံ သဘောပေါက်သင့်ပါတယ်။ ကြံစည်မှုရှိရှိ နယ်မြေဒေသ ထူထောင်ဖို့ လုပ်နေတဲ့ ကျူးကျော်စော်ကားသူ ဘင်္ဂလီတွေနဲ့ ဒေသခံတိုင်းရင်းသားရခိုင်တွေရဲ့ အရေးအခင်းတစ်ခုပါ။ ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်တာမဟုတ်လား။ ရခိုင်တိုင်းရင်းသားဘက်ကနေ ကြည့်ရမယ့် လူ့အခွင့်အရေး ရှုထောင့်တစ်ခုမဟုတ်ပါလား။ ဒါကိုပဲ ဘင်္ဂလီများဘက်မှနေ လူ့အခွင့်အရေးလို့ အော်နေတာဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အကြမ်းဖက်သောင်းကျန်းသူဖက်ကနေ အားပေးနေကြတာပါ။ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားရခိုင်များကို ဝိုင်းဝန်း စော်ကားနေကြတာနဲ့အတူတူပါပဲ။


လူအခွင့်အရေးထက် အမျိုးသားရေးက ပိုအရေးကြီးတယ်လို့ မျိုးချစ်စိတ်ရှိသူ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ မြန်မာပြည်ဖွား မူဆလင်ဘာသာဝင်တွေက တောင်းဆိုကြတယ်။ ပါကစ္စတန်နိုင်ငံက တာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို မြန်မာပြည်ဖွား မူဆလင်တွေက လက်မခံဘဲ သွေးစည်းမှုကို ပြသခဲ့တယ်။ အဲ့ဒီ ခြိမ်းခြောက်မှုဖြစ်စဉ်ကို ကြည့်ရင် ဘင်္ဂလီ တချို့ဟာ အကြမ်းဖက် တာလီဘန်အဖွဲ့နှင့် ဆက်သွယ်မှုရှိတာ သက်သေပြနေတယ်။ ဘင်္ဂလီများက မူဆလင်ဘာသာဝင်များ ဖြစ်နေတာနဲ့ ဘင်္ဂလီတွေရဲ့ လူသတ် မုဒိန်းကျင့်လုပ်ရပ်ကို ဘာသာရေး ပြဿနာဖြစ်သွားအောင် ဝိုင်းဝန်းပြီး လိမ်လည် မျက်လှည့်ပြကြတယ်။ လူ့အခွင့်အရေး စကားလုံးသုံးပြီး ပြဿနာကို ပြောင်းလဲလိုက်ကြတယ်။ ဒါဆို ဘာသာရေးပြဿနာအဖြစ် ရှုမြင်အောင် လုပ်သူတွေ လူ့အခွင့်အရေးပါလို့ ရှုမြင်အောင်လုပ်သူ ပြောသူတွေဟာ တရားမျှတမှု မှန်ကန်မှု ရှိမရှိ ကိုယ့်ကိုကိုယ် အရင်ပြန်ဝေဖန် ဆန်းစစ်သင့်ပါတယ်။

မြန်မာနိုင်ငံထဲမှာ အတူတကွနေထိုင်နေတဲ့ တိုင်းရင်းသားများထဲမှာတောင်မှပဲ လူမျိုးစုမတူရင် ပြဿနာပိုကြီးတယ်။ အမြင်ပိုစောင်းပါတယ်။ မုဒိန်းကျင့် လူသတ်တဲ့ ပြဿနာဆိုတာဟာညွန်ကြားချက်နဲ့ အစီအမံလုပ်ပြီး ရခိုင်တွေအပေါ်မှာ ဘင်္ဂလီတချို့က စနစ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မူတွေပါ။ ယခင်ကလည်း ကျောက်ပန်းနုရွာဘက် လှိုဏ်ဂူတခုထဲမှာ လက်နက်ခဲယမ်းတွေသိမ်းဆည်းထားပြီး မြစ်ကြောင်းကနေ ဘင်္ဂလီတွေ ဝင်ရောက်လာတာဟာ ရခိုင်ဒေသခံတွေကို သတ်ဖြတ်ပြီး နယ်မြေသိမ်းဖို့ဆိုတာ လုံလောက်တဲ့အကြောင်းတစ်ခုမဟုတ်လား။ ဘင်္ဂလီတွေဘက် လိုက်အော်နေတဲ့ ဒေါက်တာဇာနည်ရဲ့ပြောခဲ့ဖူးတဲ့စကားလေးကိုပဲ သက်သေအဖြစ် လုံလောက်အောင် ဘင်္ဂလီအရေးတွေးမိသမျှဆောင်းပါးမှာ ဖေါ်ပြပေးခဲ့ပါတယ်။
တာလီဘန် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့
အကူအညီပေးတာကို လက်ခံပေမယ့် မမှန်မကန် မဟုတ်မတရားလုပ်နေတာတွေ လူထုနဲ့ နိုင်ငံတော်အပေါ် လူလည်ကျတာမျိုးတွေကိုတော့ ဖေါ်ထုတ်အရေးယူပစ်ရမှာပါပဲ။ အစ္စလာမ်နိုင်င်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်လို အင်ဂျီအိုတွေများစွာ လက်ခံထားတဲ့နိုင်ငံတောင် အင်ဂျီအိုအဖွဲ့ ၅၀၀၀နီးပါး ဖျက်ပစ်လိုက်ပြီး ကန့်သတ်ချက်တွေ ဥပဒေတွေ တိုးပြီးချုပ်ကိုင်ဖို့စီမံနေတယ်ဆိုရင် အင်ဂျီအိုဆိုတာ လက်ခံတိုင်းမကောင်းဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ အကြမ်းဖက်မူတွေဟာ မူဆလင်ဘာသာရေး အစွန်းရောက်တွေနဲ့ အင်ဂျီအိုဝန်ထမ်းတွေ ပါဝင်လှုံ့ဆော်လို့ဆိုတာကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်က ထုတ်ဖေါ်ဝန်ခံထားတာပါ။ ဘင်္ဂလီဒေသမှာလည်း မော်လဝီတွေဟာ အကြမ်းဖက်မူတွေကို အဓိကကြိုးကိုင်နေသူတွေဖြစ်လို့ ဘာသာရေးကို အတင်းလိုင်းသွင်း အော်ဟစ်ပေးနေကြတာပါ။ ဘင်္ဂလီနှင့် ရခိုင်တိုင်းရင်းသား အရေးအခင်းအတွင်း အင်ဂျီအိုတွေ ရုံးတင်စစ်ဆေးခြင်းခံနေရတာတွေဟာ ရခိုင်ဒေသမှာတာဝန်ယူနေတဲ့ အင်ဂျီအိုတွေမမှန်ဘူးဆိုတာကို သက်သေပြနေတာပါပဲ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။