နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသော်
Moe MaKa News, 31December 2012 —- နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသော ပထမဆုံးလ ဇန်န၀ါရီလ (၁) ရက်နေ့ကို `နှစ်ဆန်းတစ်ရက်နေ့´ ဟူ၍ ခေါ်ဝေါ်ကြသည်။ အချို့ကလည်း နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့်နေ့ဖြစ် သဖြင့် နှစ်သစ်ကူးနေ့ဟု ခေါ်ကြသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကို မင်္ဂလာရှိသော နေ့ ထူးနေ့မြတ်အဖြစ် နိုင်ငံတိုင်း၌ ယင်းနေ့ကို ကိုယ့်ဓလေ့နှင့် ကိုယ့်ယဉ်ကျေးမှုဖြင့် ကျင်းပကာ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ် ထားကြသည်။