၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၄)
မဇ္ဈိမသတင်းဌာန
|
တနင်္ဂနွေနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၃၄ မိနစ်
(အမှတ်စဉ် ၄) သမဂ္ဂများ၏ စုစည်းမှုနှင့် အလုပ်သမား အဖွဲ့အစည်းများ၏ ညီညွတ်မှု အင်အားများ
မြန်မာနိုင်ငံသည် အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ်မှ ခုန်ထွက်ရန် ကြိုးစားနေသကဲ့သို့ မြန်မာ့စီးပွားရေး ဦးမော့မှုနှင့်အတူ အလုပ်သမားများအကြား ရေပန်းစားလာနေသည့် သမဂ္ဂဖွဲ့စည်းမှုသည် လုပ်သားထု၏ ကျယ်ပြန့်မှု အတိုင်းအတာကို ပုံစံကောင်းကောင်းကျအောင် ပုံမဖော်နိုင် သေးပေ။ ဒီအဝန်းအဝိုင်းထဲက အလုပ်သမား လှုပ်ရှားမှုများသည် နိုင်ငံရေးဆန်ဆန် လှုပ်ရှား နေကြဆဲပင်။တစ်ကယ် ဖြစ်သင့်သည်က သူတို့လှုပ်ရှားမှုများသည် သူတို့ရှိနေသည့် အလယ်လတ် လူတန်းစားတွေ အတွက် ကိုယ်စားပြုသင့်သလို ဒီလူတန်းစားများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေးကို ဇောင်းတင် သင့်သည်။
ခွင့်ပြုချက်များအောက်တွင် လှုပ်ရှားနေရသည့် ထိုသူများ၏ အားထုတ်မှုများကလည်း သူတို့ သမဂ္ဂ အဖွဲ့ဝင်တွေ
အတွက် အနိမ့်ဆုံးလုပ်ခလစာရရှိရေးနှင့် တောင်းဆိုတိုက်ပွဲဝင်ခြင်းဖြစ်သလို တစ်ခါတလေ မှာလည်း အန္တရာယ်ရှိ
သည့် လုပ်ငန်းခွင်အခြေအနေနှင့် အချိန်ပိုခိုင်းစေမှုတွေအပေါ် တောင်းဆိုမှုများလည်း တွေ့ရသည်။
မြန်မာနိုင်ငံသည် နှစ်ပေါင်း အတန်ကြာအောင် အလုပ်သမားလှုပ်ရှားမှုတွေကို ကန့်သတ်ထားသော်လည်း ယနေ့မှာတော့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားမှုဟာ မကြာခဏ ဖြစ်ပေါ်လာခဲ့သည်။
သမ္မတ မတ်လမှာ လက်မှတ်ထိုးပြီး အတည်ပြုထုတ်ပြန်ခဲ့သည့် အလုပ်သမား ဥပဒေသစ်ကြောင့်လည်း ကန့်သတ် အခြေအနေ တစ်ခုခုအောက်တွင် လှုပ်ရှား နေကြရသော်လည်း အလုပ်သမား အခွင့်အရေး ဆိုင်ရာ စုပေါင်း
တောင်းဆိုများကို ခွင့်ပြုလာသည်ကို တွေ့မြင်ရသည်။ ဤလုပ်ဆောင်မှုများသည် ခေတ်သစ် အလုပ်သမား အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအတွက် လမ်းကြောင်းသစ်သဖွယ် ဖြစ်လာသည်။
အလုပ်သမား လှုပ်ရှားမှုအများစုသည် မြို့ပြအသိုင်းအဝန်းတွင်သာလှုပ်ရှား နေကြသည်ကို တွေ့ရပြီး ကုမ္ပဏီ အချို့၏ ထိန်းချုပ်မှုများကြောင့်လည်း ဒီအင်အားစုများ ကြီးထွားလာမှုကို ကန့်သတ်သကဲ့သို့ ဖြစ်နေဆဲပင်။
သို့သော် ထိုဖြစ်စဉ်များသည် အလုပ်ရှင်ကို ယှဉ်၍ အလုပ်သမားများ၏ အားကောင်းသော တောင်းဆို သံတွေဖြစ်
လာရန် လမ်းကြောင်း ပေးလာနေပြီး အလုပ်ရှင်များဘက်မှလည်း ထိုအသံကို အနိမ့်ဆုံးအဆင့် အသိအမှတ်ပြုပြီး
ဆွေးနွေးဖြေရှင်းခဲ့ရသည်။
မြန်မာတစ်နိုင်ငံလုံး အလုပ်သမားထု ပျံ့နှံ့နေထိုင်မှု ပထဝီအနေအထား အရရော တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်သည့် စီပွားရေး ဖွံ့ဖြိုးတိုးတက်များအတွက်တော့ လက်ရှိအခြေအနေသည် ကိုယ်စားမပြုနိုင် သေးဟု သုံးသပ်သူများ ရှိနေဆဲပင်။
အထည်ချုပ် လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ တစ်ဦးက “ပြည်တွင်းမှာ အလုပ်ရုံ ထူထောင်ဖို့ စဉ်းစားနေသူအတွက် သမဂ္ဂတွေ မရှိတဲ့နေရာ၊ ဒါမှမဟုတ် အားနည်းတဲ့ နေရာတွေကို ရွေးချယ်သင့်တယ်” ဟု
ပြောကြားထားသည်။ ဤပြောကြားချက်သည် တစ်ကယ်မှာတော့ အလုပ်သမား အခွင့်အရေး တက်ကြွတောင်းဆိုမှု
တွေကို အားနည်းအောင် ပြုသကဲ့သို့ ဖြစ်စေသည့် ဆင်ခြေတစ်ခု မဖြစ်သင့်ပေ။
ကမ္ဘာနှင့်အဝှမ်းတွင်လည်း အလုပ်သမား၊ အလုပ်ရှင် ပြဿနာက ကြီးထွား နေဆဲပင်။ ဒီအတွက် သင့်တင့်မျှတသော မူဘောင်များကို အစိုးရက ချမှတ်ပေးသင့်သည်။
အလုပ်ရှင်များဘက်က စီးပွားရေးအခွင့်အလမ်းနှင့် အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြခြင်း ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း အလုပ်သမားများနှင့် အလုပ်ရှင်များ၏ လိုအပ်ချက်ကို ကာယစွမ်းအား ထုတ်ကာ ရုန်းကန်
တည်ဆောက် ပေးနေသူတွေ ဖြစ်ကြသည်။ အလုပ်ရှင်၊ လုပ်သား နှစ်ဖက် လိုအပ်ချက် အားပြိုင်မှုကလည်း တူညီနိုင်ရန် ခဲယဉ်းသည်။
အလုပ်သမားများအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ် ပေးမည့် စနစ်တစ်ခု မရှိခဲ့သော် အလုပ်ရှင်များဘက်က လုပ်ခလစာဆိုသည့် ဝေါဟာရကို အနိမ့်ဆုံး ဝင်ငွေပေးပြီး ဝယ်ယူသွားမည်ပင်။
အလုပ်သမားတွေ အပိုင်းကတော့ ထိုအခြေအနေကို ရှောင်ရှားနိုင်ရန် သမဂ္ဂများကို အားကောင်းအောင် ကြိုးစား
ကာ သူတို့ရ၏စုစည်းမှု အားကောင်းလာအောင် မွေးမြူဖော်ဆောင်ရန်လိုအပ်သည်။
သမဂ္ဂများ အားကောင်းလာပါက အလုပ်သမားအခွင့်အရေး တောင်းဆိုမှုများ ပိုမိုထိရောက်အောင် ဖော်ဆောင် လာနိုင်မည်။ တစ်နည်း ပြောရလျှင် ရွှေငန်းလေးက ရွှေဥ ဥခြင်းပင်။ သို့သော်လည်း လုပ်သားတွေဘက်မှ သူတို့တွေ
သည် အလုပ်ရှင်၏ ခိုင်းဖတ်ဟု အမြဲမြင်နေတာမျိုးလည်း မဖြစ်သင့်ပါ။
စီးပွားရေး ပညာရှင်များ မျှော်လင့်ထားချက်ကတော့ မကြာတော့သည့်ကာလတွင် မြန်မာနိုင်ငံမှ ကုန်စည်များကို အခြားနိုင်ငံများမှ ဝယ်ယူမှုအားကောင်းလာမှာဖြစ်ပြီး စီးပွားရေး ဦးမော့လာမှာ ဖြစ်သလို လုပ်သား အတန်းအစား အသီးသီး၏ တစ်ဦးချင်းဝင်ငွေသည်လည်း မြင့်တက်လာရန်ရှိသည်ဟု ပြောဆိုထားသည်။
ဤသည်တို့ ဖြစ်လာနိုင်ရန် စီးပွားရေးတိုးတက်မှု ဦးအမော့ကို လုပ်ခလစာတိုးမြှင့် ပေးခြင်းနှင့်အတူ ရှေ့ဆင့်
နောက်ဆင့် တိုးတက်သွားသင့်သည်။ လုပ်ခလစာ မြင့်မားလာခြင်းသည် လုပ်ငန်းခွင် ကောင်းမွန်လာခြင်း မဟုတ်သေးပါ။ ထို့ကြောင့် အခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်ရန် ထိရောက်သည့် သမဂ္ဂစုဖွဲ့မှုများနှင့်
ရှေ့ဆက်ချီတက် သွားကြရ ဦးမည်။ “ရှေ့ဆက် လုပ်ဆောင်သွားရ ဦးမည်ပင်။”
No comments:
Post a Comment