၂၀၁၂ ခုနှစ်အတွင်း ထိပ်တန်း အဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၈)
မဇ္ဈိမသတင်းဌာန
|
အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၂ မိနစ်
(အမှတ် ၈) မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတို့ ညှိုးလျော် ပျောက်ကွယ်ခဲ့ပြီ
စီးပွါးရေးနှင့် အခြား ပိတ်ဆို့အရေးယူမှုပုံစံတို့ ဆိုသည်မှာ ရှေးဟောင်း
ခေါမခေတ် ပယ်ရီကယ် (Pericles) ကပင် ရှိခဲ့သည်။ မူဝါဒ
ရေးဆွဲသူတို့ကလည်းကောင်း၊ မကြာခဏပင် လူထုအမြင် သဘောထားများအရလည်းကောင်း
ထိုပိတ်ဆို့အရေးယူမှု ဆိုသည်ကို အနည်းဆုံး ခေတ်ဟောင်းတုန်းက
စစ်ပွဲအကြိုခင်းကျင်းခဲ့သည့် ပဏာမ
ပြကွက်အဖြစ် သုံးသော နည်းဗျူဟာတခုအဖြစ် မှတ်ယူကြသည်။ ယနေ့ခေတ်တွင်တော့ တကယ် ထမတိုက်ရုံသာ ကျန်သည့် အခြားရွေးချယ်စရာအဖြစ် ရှုမြင်ကြသည်။
နည်းဗျူဟာပဲဖြစ်ဖြစ်၊ မဟာဗျူဟာအရပဲဖြစ်ဖြစ် ပိတ်ဆို့အရေးယူမှုဆိုသည်မှာ တူတလက် ဆိုသည်ထက် Leatherman မှ ထုတ်လုပ်ရောင်းချသော ဒါး၊ ပလိုင်ယာ စသည့် ကိရိယာစုံ ပါသော ပစ္စည်းလေးထက် ဘာမှမပိုပါ။ ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်ဘက်အ÷zFtYo?wားစေရန်၊ မိမိ၏သန္နိဋ္ဌာန်ကို ပြသရန်၊ (ပို၍ပင် စစ်သွေးကြွနေသော လူထုအား တခုခုလုပ်နေပါပြီဟု ပြသရန်) ပြည်တွင်းနိုင်ငံရေး အကြောင်းအချက်အရ ပြုလုပ်ရခြင်း၊ ထိရောက်
ဟန့်တားမှုအဖြစ်၊ အမူအကျင့် ပြောင်းလဲစေရန် အတင်းအကြပ် လိုက်နာစေခြင်း၊ ပြုလုပ်စေခြင်း စသည်တို့တွင် အသုံးပြုသည်။
အနောက်နိုင်ငံ အများအပြားက မြန်မာစစ်အစိုးရနှင့် သူတို့၏ စီးပွါးရေးအဆောက် အအုံအပေါ် နှစ်ပေါင်းများစွာပင် ဒုတိယအကြောင်းအချက်ဖြင့် ပိတ်ဆို့အရေးယူမှုများကို ချမှတ်ထားခဲ့ကြသည်။
ပိတ်ဆို့ အရေးယူမှုမှန်သမျှ ဘယ်တော့မှ အလုပ်မဖြစ်ဆိုသည်မှာ မှားယွင်းသော အယူအဆသာ ဖြစ်သည်။ အချို့သော အကြောင်းအချက်များအောက်တွင် အလုပ်ဖြစ်ခဲ့ အလုပ်ဖြစ်နေသည်သာ ဖြစ်သည်။ သို့သော်
မြန်မာနိုင်ငံအပေါ် ထိုသို့ ပိတ်ဆို့အရေးယူမှု ပြုလုပ်သင့်သလားဆိုသည်မှာမူ နောက်ထပ်မေးခွန်းတခုသာ
ဖြစ်သည်။ အမြင်အမျိုးမျိုး ရှိသူများက မိမိတို့၏ အခိုင်အမာအဆိုများကို ပြင်းပြင်းထန်ထန် တင်ပြကြမည်သာဖြစ်သည်။
ထိုသို့ ဆွေးနွေးငြင်းခုံ တင်ပြသူအားလုံးသည် အသန့်ရှင်း အစင်ကြယ်ဆုံးသော စေ့ဆော်မှုဖြင့် တင်ပြကြခြင်း မဟုတ်သည်ကတော့ ရှောင်လွှဲ၍မရနိုင်ပါ။ `အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှု´ ကို တင်ပြကြသူများက
ငွေကြေးကို မျှော်ကိုးပြောကြသည် ဆိုတာကတော့ အတော်လေး ရှင်းပါသည်။ ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ထားရှိရန် ပြောဆိုသူများကမူ ထိုသို့ပြုလုပ်ခြင်းဖြင့် အရာရာ ရှေ့ဆက်တိုးနိုင်လိမ့်မည်ဟု သူတို့၏ တင်းမာခက်ထန်
သာ သဘောထား ရပ်တည်ချက်တို့ဖြင့် ပြောကြားကြခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ ၂၀၁၂ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှု အားလုံးနီးပါးကို ရုပ်သိမ်း လိုက်ခြင်းကြောင့်
ဆွေးနွေးငြင်းခုံတင်ပြမှု အများအပြား အဆိုပြုချက်များအဖြစ်သာ ဇာတ်သိမ်းသွားခဲ့ကြသည်။ (လက်နက်၊ ခရိုနီတို့ကို ဆက်လက် ပိတ်ဆို့ထားသည်။)
ပိတ်ဆို့အရေးယူမှု လိုလားသူများက ယခုကဲ့သို့ ရုပ်သိမ်းလိုက်ခြင်းကို စစ်အစိုးရ ပြောင်းလဲလာခြင်းအတွက် ဆုချခြင်းဟု မှတ်ယူကြမည်ဖြစ်သလို ပိတ်ဆို့အရေးယူမှု ဆန့်ကျင်ကန့်ကွက်သူများကလည်း ထိုသို့ပိတ်ဆို့
အရေးယူခြင်း အလုပ်မဖြစ် အချည်းနှီးသာ ဖြစ်ခြင်းကို နှောင်းမှ အသိအမှတ်ပြုခြင်းဖြစ်သည်ဟု မြင်ကြမည်။
တချိန်တည်းတွင် တချို့လည်း တရုတ်ကြီး ဘာလုပ်မလဲ စောင့်ကြည့်နေကြလိမ့်မည်။ သို့သော် မြန်မာနိုင်ငံသား အများစုအတွက်တော့ ဤကိစ္စများသည်သူတို့အတွက် အရေးမကြီးးပါ။ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းလိုက်ခြင်းဖြင့် စီးပွါးရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အလားအလာကောင်းများ ပေါ်ထွက်လာစေမည်ကိုသာ စိတ်ဝင်စားပါသည်။

No comments:
Post a Comment