Monday, December 3, 2012

"ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းထုတ်ပြီ"


"ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းထုတ်ပြီ" 

သူ့အတွေး သူ့အမြင်

မုံရွာမှာ အမေပြောတဲ့ စကားတွေ
ကို နားထောင်ပြီး ပြန်ပြောချင်စိတ်
ဖြစ်လာလို့ပါ။ ကျွန်တော့်လို ပြည်သူ

တစ်ယောက်ပြောတဲ့စကားကို အမေလည်း နားထောင်ချင်မယ်ထင်ပါတယ်။
(ဒီစကားတွေ အမေ့ဆီရောက်ပါစေ။)
-------------------------------
ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။
*(လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာ .. ပြည်သူကို ပြောတာလား .. အစိုးရကို ပြောတာလားအမေ)

ရွှေသံလွင်ကုမ္ပဏီမှ တရားမ၀င်စက်သုံးဆီ တင်သွင်းမှုအပေါ် ကုန်ပစ္စည်းကိုသာ အကောက်ခွန်ဥပဒေအရ အရေးယူပြီး ကုမ္ပဏီကို အရေးယူထားခြင်းမရှိ၊ ဒဏ်ကြေးတပ်ရိုက်၍ ကုန်ပစ္စည်းကို ပြန်ထုတ်ပေးမည်ဟု အကောက်ခွန် တာဝန်ရှိသူ ပြောကြား


ရွှေသံလွင်ကုမ္ပဏီမှ တရားမ၀င်စက်သုံးဆီ တင်သွင်းမှုအပေါ် ကုန်ပစ္စည်းကိုသာ အကောက်ခွန်ဥပဒေအရ အရေးယူပြီး ကုမ္ပဏီကို အရေးယူထားခြင်းမရှိ၊ ဒဏ်ကြေးတပ်ရိုက်၍ ကုန်ပစ္စည်းကို ပြန်ထုတ်ပေးမည်ဟု အကောက်ခွန် တာဝန်ရှိသူ ပြောကြား   PDF Print
Sunday, 02 December 2012 09:56
AddThis Social Bookmark Button

လစဉ် စက်သုံးဆီတင်သွင်းနေသည့် သင်္ဘောတစ်စီးအား မော်လမြိုင် ဆီတင်ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားစဉ်

2ရွှေသံလွင်ကုမ္ပဏီမှ လိုင်စင်ပါ ပမာဏထက် စက်သုံးဆီများ တရားမ၀င် ပိုမိုတင်သွင်းမှုအပေါ် ကုမ္ပဏီအား အရေးယူထားခြင်း မရှိကြောင်း၊ ကုန်ပစ္စည်းများကိုသာ အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူထားသည်ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူထံမှ သတင်းရရှိသည်။

SSPP/SSA နှင့် အစိုးရတပ် ပြီးခဲ့သည့်လအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်


SSPP/SSA နှင့် အစိုးရတပ် ပြီးခဲ့သည့်လအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ် 

သျှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားရာ ဒေသဘက်တို့ အစိုးရတပ် မကြာခဏ ဦးတည်လာသော ကြောင့် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော် ကပြော သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA
“ကျနော်တို့အပစ်ရပ်တာ ၁ နှစ် နီးပါးရှိပြီ။ ဒါပေမယ့် မန္တလေး - လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းက ကနေ့အထိ အပစ်မရပ်ဘူးဆိုတဲ့အတိုင်းဘဲ။ အစိုးရတပ်က အင်အား ၂၀၀-၃၀၀ နဲ့ ကျနော်တို့ဆီ တမင်သက်သက်ကို  ဦးတည် လာတယ်။  အဲဒါကြောင့် တိုက်ပွဲဖြစ်ရတယ်။ အခု နိုဝင်ဘာ အတွင်းမှာဘဲ တိုက်ပွဲက ၁၀ ကျော်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမှ ၀င်ငွေ ဘင်္ဂလာက လစဉ် ကျေညာ၊ မြန်မာဘက်က တစ်ကြိမ်တစ်ခါမျှ ကျေညာခြင်း မရှိ


နယ်စပ်ကုန်သွယ်ရေးမှ ၀င်ငွေ ဘင်္ဂလာက လစဉ် ကျေညာ၊ မြန်မာဘက်က တစ်ကြိမ်တစ်ခါမျှ ကျေညာခြင်း မရှိ 

မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်း ဘင်္ဂလာဒေခ်ျ့ အကောက်ခွန်ဌာနဟာ မြန်မာနဲ့ ပြုလုပ်နေတဲ့ နယ်စပ် ကုန်သွယ်ရေးကနေ ရရှိတဲ့ အကောက်ခွန်ငွေကို လစဉ် စာရင်း အတိအကျ ပြုလုပ်ပြီး ထုတ်ပြန်ကျေညာ ပေမယ့် မြန်မာနိုင်ငံဘက်ကတော့ တစ်ကြိမ် တစ်ခါမှ ခုလို ထုတ်ပြန် ကျေညာတာ မရှိဘူးလို့ သိရပါတယ်။

အိန္ဒိယမှ ပလက်ဝ ဆိပ်ကမ်း စီမံကိန်းကို စတင်


အိန္ဒိယမှ ပလက်ဝ ဆိပ်ကမ်း စီမံကိန်းကို စတင် 

ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်သည့် ပလက်ဝ ဆိပ်ကမ်းကို ယခုအခါ အိန္ဒိယ ၀န်ထမ်များမှ  စတင် အကောင်အထည်ဖေါ် တည်ဆောက်နေပြီ ဖြစ်သည်။
“ စုစုပေါင်း အိန္ဒိယ နိုင်ငံသား ၁၀ ယောက်က စက်ကရိယာတွေကို အသုံးပြုပြီး မြေနေရာတွေကို စတင် ရှင်းလင်းနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပလက်ဝမြို့က ကုလားတန်မြစ် အနောက်ဘက်ကမ်း တည်ရှိ ပါတယ်။  အခု ဆိပ်ကမ်း တည်ဆောက်ရေး အတွက် မြေနေရာ ရှင်းလင်းနေတာ က အရှေ့ဘက် ကမ်းမှာ ဖြစ်ပါတယ်” ဟု ပလက်ဝ ဒေသခံ ရခိုင်အမျိုးသား တစ်ဦးက ပြောသည်။

UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲရှိ


UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲရှိ 

UWSA ဒုဥက္ကဌကျောက်ဝင်ကွမ်းဝပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP ဒုဥက္ကဌကျောက်ဝင်ကွမ်း လေဖြတ်ရောဂါခံစားနေရကြောင်း ၀ တပ်ဖွဲ့အရာရှိ များ သတင်းရပ်ကွက်ကဆိုပါသည်။

“ကျောက်ဝင်ကွမ်းဟာ ၀ တပ်ဖွဲ့ထဲမှာ သက်တမ်းရင့်တဲ့ သူ အတွေ့အကြုံများ တဲ့သူ တယောက်လို့ ပြောလဲရတယ်။ သူဟာ ကွန်မြူနစ်ခေတ်ကတည်းက ၀ တပ်ဖွဲ့ထဲမှာတာဝန်ထမ်းဆောင်လာခဲ့တဲ့ သူဘဲ” ဟု ၀ တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမှ အရာတဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။