Saturday, July 28, 2012

၂၀၁၅ ရွေးကောက်ပွဲနှင့် ကြံခိုင်ရေးပါတီ

၂၀၁၅ ရွေးကောက်ပွဲနှင့် ကြံခိုင်ရေးပါတီ 

 အင်တာနက် သတင်းတွေ၊ FB တွေမှာ အင်တာနက်သုံးသူ အချင်းချင်း ပြောပုံ ဆိုပုံတွေကို သေချာ ဆန်းစစ်ကြည့်၇င်တော့ ၂၀၁၅ မှာ ကြံခိုင်ရေး ပါတီ မျက်နှာပန်း လှမှာ မဟုတ်ပါဘူး၊ သမ္မတ ဦးသိန်းစိန် က လွတ်လပ်ရေးရပြီးေ နာက်ပိုင်းမှာ ပြည်သူတွေ အချစ်ခံရဆုံး၊ အကြိုက်နှစ်သက်ဆုံး သမ္မတ ဖြစ်နေပေမဲ့  ကြံခိုင်ရေး ပါတီကတော့ ခုချိန်ထိ အဆဲခံနေရတုန်းပါ။ ခုလဲကြည့်ပါ အင်တာနက် သတင်းတွေအရ ဦးအောင်သိန်းလင်း နဲ့ တရုတ်မီဒီယာတစ်ခု အင်တာဗျူးကို ဖတ်ပြီး ဦးအောင်သိန်းလင်းကိုရော၊ြ့ကံခိုင်ရေး ပါတီကိုရော ဝေဖန်နေကြပြီ။ သမ္မတ ကြီး ဘာကြောင့် ပြည်သူတွေ ချစ်ခင်ခံရသလဲ၊ နိုင်ငံတကာက လေးစားရသလဲ၊  သူ့ လို စိတ်မွေး။ သူပြောတဲ့ အတိုင်း အောက်ခြေ က အုပ်ချုပ်ေ၇း အဖွဲ့ အစည်းတွေက  လိုက်လုပ်၊ ရင်တော့ ပြည်သူတွေရဲ့  ကြည်ဖြူမှု့ ပြန်ရနိုင်ပါတယ်။ ခုတိုင်း ဆက်သွားရင်တော့  ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲလို မဲတွေက NLD ပါတီ ဆီ ရောက်သွားပါလိမ့်မယ်။
 
အောက်ကတော့ ဦးအောင်သိန်းလင်း သတင်းပါ။
 
ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန် 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းအနေဖြင့် Southern Weekend (China)သို့ အမှန်တကယ် ပြောကြားခြင်း ရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် အချက်သုံးချက်ပါရှိပြီး ၎င်းတို့မှာ (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက်များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ်များတွင်လည်းကောင်း ဖော်ပြလျက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါသည်။ (၂) အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။ (၃) ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ၊ မရှိ ကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်များအပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်'' တို့ဖြစ်ကြသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။