Sunday, September 23, 2012

အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကွင်းစ်ကောလိပ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံပွဲ(ရုပ်/သံ)အစအဆုံး



အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကွင်းစ်ကောလိပ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံပွဲ(ရုပ်/သံ)အစအဆုံး

Video..dvb livestation
 နယူးရောက်မြို့ မြန်မာမိသားစုများနှင့် တွေ့ ဆုံပွဲ အမှတ်တရ စကားများ....

-         ကြမ်းခင်းဈေး ၇ နှစ် နဲ့  ဈေးကွက်ဝင်ခဲ့ တဲ့  NLD -
တနင်္လာနေ့ ရောက်ရင် ဘယ်သူပါသွားပီလဲရယ်လို့ မေးရတဲ့  NLD
-         လူတန်းစား ၄ရ ပ်မှာ NLD က တော်တော် အောက်ဆုံးတန်းရောက်ခဲ့ ရပါတယ်
 -        ရထားတဲ့ အခွင့် အရေးကို မှန်ကန်စွာ အသုံးချပါ။ ကိုယ်အခွင့် အရေးဟာ သူတပါးအတွက် စိတ်အနှောက်အရှက် မဖြစ်ဘို့ တော့  လိုပါတယ်။

-         ကချင်မှာဖြစ်နေတဲ့  စစ်ပွဲညှိနှိုင်းဆွေးနွေးနေတာမှာ NLD မပါဘာဘူး။ NLDကအစိုးရ အဖွဲ့ အစည်းမဟုတ်တဲ့ အတွက်ပါ။ ပါမှအောင်မြင်မယ်ဆိုပီး လာခိုင်းရင်လဲ လုပ်မှာပါ။

-         ABSDF အဖွဲ့ ကလဲ နိုင်ငံရေးအဖွဲ့ ဖြစ်ပါတယ်။ စေတနာမှန်မှန်နဲ့  လုပ်သင့် တာတွေကို လုပ်ဘို့ ဘဲ လိုပါတယ်။ မတူကွဲပြာမှုတွေက နေရာတိုင်းမှာရှိပါတယ်။
 -        တိုက်ယူမှရမယ်ဆိုတဲ့ စိတ်တွေဟာ စစ်ဝါဒဆန်ပါတယ်။ ရန်လိုတဲ့ အပြုအမူတွေဟာ စိတ်က လာတာဖြစ်လို့ စိတ်တော်လှန်ရေးကိုအရင်လုပ်ကြပါ။

- ကျမက တပ်မတော်ကို မကြိုက်တာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကို မကြိုက်တာပါ။

 - အကြမ်းမဖက်တဲ့ နည်းဟာ ပိုကြာရင်ကြာမယ် ဒဏ်ရာဒဏ်ချက်နည်းပါတယ်။
 -        အကြမ်းဖက်တဲ့ နည်းက မြန်ရင်မြန်မယ် ဒဏ်ရာဒဏ်ချက်များမယ် ကုစားရတာကြာမယ်။
-         တိုင်းရင်သားများစည်းလုံးမှုအခြေအနေသိချင်ရင်ကိုယ့် အချင်းချင်းရောစည်းလုံးမှုရှိမရှိ မေးချင်ပါတယ်။
 -        ကယားပြည်နယ်ဟာလဲတိုးတက်မှုနည်ပါးနေပေမဲ့ စစ်တမ်းကောက်ယူသွားတာကတော့  အခြေအနေအရ လွိုင်ကော်မှာဘဲကောက်ယူသွားလို့  တိုးတက်မှုနှုန်းများပြာနေသလို ဖြစ်နေတာပါ။
 -        ဒီမိုကရေစီနိုင်ငံမှာနေပီးတော့  အဖွဲ့ ဝင်တွေက ပါတီခေါင်းဆောင်ကို မကြိုက်တာ မသိကြဘူုးလား။
 -        လွတ်လပ်စွာရေးသားပြောဆိုခွင့် တွေဟာ ဘယ်နေရာမှာအဆုံးသတ်သလဲဆိုတော့  သူတပါးရဲ့ လွတ်လပ်ခွင့် ကို ထိပါးလာရင်တော့  ဒီမိုကရေစီကို ချိုးဖောက်တာပါဘဲ။
 -        ရခိုင်အရေးနဲ့ ပတ်သက်ရင် ပါးရိုက်လို့ နားကိုက်မယ်ဆိုတာမျိုးရှိနေသ၍ ဘယ်တော့ မှ ပီးဆုံးမှာမဟုတ်ပါဘူး။
-         ကိုယ့် နိုင်ငံကို မကြောက်မရွံ့ ပြန်လာနိုင်ဘို့ ဘယ်သူက လုပ်ပေးနိုင်မလဲတဲ့ ။ ကိုယ့် ကိုယ် ကိုဘဲ အရင်မေးကြည့် ပါ။
-         ဒေါ်စုအနှစ်၂၀၀၀ အသက်ရှည်ပါစေတဲ့ ။ မများလွန်းဘူးလာဆိုတော့  လုပ်စရာတွေက အများကြီးရှိသေးတာတဲ့ ။
-         ဗမာအချင်းချင်းစည်းလုံးမှုရှိကြဘို့ တယောက်နဲ့ တယောက်ရန်မဖြစ်ကြဘို့ လိုပါတယ်။ တော်ကြာ ကလေးတွေက ဗမာယဉ်ကျေးမှုဆိုတာ ဒါလားဆိုပီးတော့  လန့် သွားလိမ့် မယ်။
 -        နိုင်ငံခြားသားခံယူထာတဲ့ ဗမာတွေအတွက် နှစ်နိုင်ငံသားခံယူဘို့ ဥပဒေနဲ့ ဆိုင်ပါတယ်။
-         တိုင်းရင်သားတွေနဲ့ ဆွေးနွေးပွဲများမှာ ပါဝင်ဘို့ ခိုင်းစေလာရင် ပါဝင်မှာပါ။အဆင်သင့် ပါဘဲ။
 -        အလုပ်လက်မဲ့ ကျဆင်းပပျောက်ရေးအတွက် ကော့် မှူးမြို့ နယ်မှာစတင်နေပါတယ်။
-         မြန်မာ့ ပညာရေးအတွက် ကိစ္စတွေမှာ အစိုးရက လုပ်ပါတယ်။ ကျမတို့ ကတော့  အစိုးရမဟုတ်တဲ့ အတွက် လုပ်လို့ မရသေးပါဘူး။ တတ်နိုင်သလောက်တော့ လုပ်နေပါတယ်။ အခမဲ့ ပညာရေးအတွက် ဆက်သွယ်အကြံပြုစေချင်ပါတယ်။

-         နှစ်နိုင်ငံနိုင်ငံသားခံယူဘို့ ကိစ္စကလွှတ်တော်ကဆုံးဖြတ်ရမှာပါ။ နှစ်နိုင်ငံသားဖြစ်ခွင့်  မပေးတဲ့ နိုင်ငံတွေလဲ အများကြီးရှိနေပါတယ်။
-         ဗမာတွေ ဗမာစကား တိုင်းရင်းသားတွေ တိုင်းရင်းသားဘာသာစကားကို မမေ့ ကြပါနဲ့ ။
-         ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဘို့ ဆိုတာက လွှတ်တော်ထဲမှာ မဲ၇၅ % ကျော်မှရမယ်။ တပ်မတော်က ၂၅%ပါဝင်နေတော့  အနည်းဆုံး တယောက်ပါဝင်လာဘို့  လိုပါတယ်။ တပ်မတော်သားတွေအနေနဲ့ ကလဲ ဘယ်အပိုင်းတွေဟာပြင်ဘို့ လိုမယ်ဆိုတာမြင်လာဘို့  မြန်မြန်မြင်လာရင်တော့  ပါကောင်းမှာပေါ့ ။

-         ဒေါ်စု သမ္မတဖြစ်နိုင်ပါမလားဆိုတော့  ဖွဲ့ စည်းပုံအရတော့  မဖြစ်ပါဘူး။ ဒါပေမဲ့  ပြည်သူ လူထုရဲ့ အပေါ်မူတည်ပါတယ်။သမ္မတလုပ်ဘို့ ကမ်းလှမ်းလာ၇င်ပြည်သူက တောင်းဆိုလာရင် နိုင်ငံရေး
လုပ်နေတဲ့ လူဘဲ လုပ်ရဲရမှာပေါ့ ။
 -        ပြည်တော်ပြန်နိုင်ငံရေးသမားတွေ နိုင်ငံရေးလုပ်တဲ့ နေရာမှာ နိုင်ငံရေးဆိုတာလုပ်စားဘို့  မဟုတ်ပါဘူးဆိုတာ ပြောခြင်ပါတယ်။(
(Chit Aung Hla Patrick)
 

ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ်


ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ် 

မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့ တမန်တော် မိုဟာမက် ကို သရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ တသိန်း ဆုပေးမယ်လို့ ပါကစ္စတန် အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။
ပါကစ္စတန် ညွန့်ပေါင်း အစိုးရမှာ မီးရထား ဝန်ကြီး တာဝန်ထမ်းဆောင် နေတဲ့ ဂူလမ် အာမက် ဘီလား က တာလီဘန် နဲ့ အဲလ်ခိုင်းဒါး အဖွဲ့ဝင်တွေကို လည်း သူ့အခေါ်အရ မွန်မြတ်တဲ့ အလုပ်မှာ ပူးပေါင်းပါဝင် ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

သူက နောက်အလားတူ ရုပ်ရှင်ဇာတ်လမ်းမျိုး ရိုက်သူရှိရင်လည်း အဲဒီလူကို သတ်နိုင်ရင် နောက်ထပ် ဒေါ်လာ တသိန်း ပေးမယ်လို့ ဆိုပါတယ်။

အဲဒီ နိုင်ငံတွေမှာ လွတ်လပ်စွာ ပြောခွင့်၊ ထုတ်ဖော်ခွင့် ရှိတာကို သူသိကြောင်း၊ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ တမန်တော်ကို စော်ကားတာကို တားမြစ်တဲ့ ဥပဒေမျိုးလည်း ရှိဖို့လိုကြောင်းနဲ့ အဲဒီလို မရှိရင် နောင်အနာဂတ် မှာအကြီးအကျယ် အန္တရာယ် ရှိလာ နိုင်တယ် လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် ပါကစ္စတန် ဝန်ကြီးချုပ် ရဲ့ ပြောခွင့်ရသူကတော့ မစ္စတာ ဘီလားရဲ့ ပြောကြားချက်တွေနဲ့ သူတို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာဌာန)

ဆုငွေပေးမယ်ပြောတဲ့ ပါကစ္စတန်ဝန်ကြီး ဘီလား
http://feeds.feedburner.com/thithtoolwin/yIWV

အစ္စလာမ်ကိုစော်ကားသည့်ရုပ်ရှင်ရိုက်ကူးသူအားသတ်ဖြတ်နိုင်ပါက ဆုငွေချီးမြှင့်မည်ဟု ပါကစ္စတန်ဝန်ကြီးကြေညာ။


အစ္စလာမ်ကိုစော်ကားသည့်ရုပ်ရှင်ရိုက်ကူးသူအားသတ်ဖြတ်နိုင်ပါက ဆုငွေချီးမြှင့်မည်ဟု ပါကစ္စတန်ဝန်ကြီးကြေညာ။ 

 ပါကစ္စတန်ပြည်ထောင်မီးရထားဝန်ကြီး Ghulam Ahmed Bilour က အစ္စလာမ်ဘာသာကိုစော်ကားသော ရုပ်ရှင်ရိုက်ကူးသူ ကယ်လီဖိုးနီးယားအခြေစိုက် အီဂျစ်လူမျိုး အ သက်(၅၅)နှစ်အရွယ်ရှိ Nakoula Basseley Nakoulaအားသတ်ဖြတ်နိုင်သူအားဆုငွေဒေါ်လာတသိန်းချီးမြှင့်ဟုသတင်းစာရှင်းလင်းပွဲတွင်ကြေငြာခဲ့သည်။
Bilourမှအယ်ကိုင်ဒါအဖွဲ့နှင့်တာလီဘန်အဖွဲ့တို့အားလည်းမိမိ၏ကြေညာညာချက်အပေါ်အမျိုးဘာသာအတွက်ဆောင်ရွက်ကြရန်ကိုလည်းဖိတ်ခေါ်လိုက်သည်။

 မြင့်မြတ်သည့်ပရော့ဖိတ်ကို စော်ကားသူအားသတ်ဖြတ်နိုင်သူကို ပေးအပ်မည့်ဆုငွေဒေါ်လာတသိန်းသည်မိမိ၏ ကိုယ်ပိုင်ငွေဖြင့်ပေးအပ်ဂုဏ်ပြုမည်ကြောင်း ပြောဆိုခဲ့သည်။
မီးရထားဝန်ကြီးရဲ့ပြောဆိုချက်သည်သူ၏ကိုယ်ပိုင်သဘောထားအမြင်ဖြစ်ပြီးပါကစ္စတန်အစိုးရရဲ့သဘောထားမဟုတ်သည့်အပြင် ထောက်ခံမှုမရှိကြောင်းကို ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ  Raja Pervez Ashrafမှ အေအက်ပီသတင်းဌာနသို့ တရားဝင် ကြားခဲ့သည်။
ပါကစ္စတန်ပြည်သူပါတီမှ ဆီးနိတ်အမတ် Rubina Khalid က " ကျမတို့အနေနဲ့ မည်သည့်ပါတီကမှ ဘာသာရေးလှုပ်ရှားရေး ဖေါ်ဆောင်တာကိုမတွေ့မြင်ရပါဘူး"လို့မီးရထားဝန်ကြီးBilourအား မေးခွန်းထုတ်လိုက်ပြီး Bilour ၏ကြေညာချက်မထောက်ခံသည့် အပြင် ကန့်ကွက်ဆန့်ကျင်ကြောင်း အယ်ဂျာဇီးယား သတင်း ဌာနရဲ့ဆက်သွယ်မေးမြန်းချက်ကိုဖြေကြားခဲ့သည်။

မီးရထားဝန်ကြီး Bilou က ပါကစ္စတန်ပြည်သူများအား မြင့်မြတ်သောပရောဖိတ်အားချစ်ကြ၊ ပရောဖိတ်အားစော်ကားသူကိုအပစ်ပေးကြဖို့ပြည်သူတွေအစ္စလာမ်မာဘတ်ရှိပါလီမန်အဆောက်အဦးကိုချီတက်ကြဖို့ မနေ့က လှုံဆော်တိုက်တွန်းလိုက်သည်။


aung pan

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။