Saturday, September 15, 2012

“ရိုဟင်ဂျာအမည်ခံ ခိုးဝင်ဘင်္ဂလီများ စိမ့်ဝင်နေဆဲ”


“ရိုဟင်ဂျာအမည်ခံ ခိုးဝင်ဘင်္ဂလီများ စိမ့်ဝင်နေဆဲ”

ဒီကနေ့ (၁၄-၉-၂၀၁၂)ရက်နေ့မှ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊ ပေါက်တောရွာမှာ ခိုးဝင် ဘင်္ဂလီကုလား(၁၀)ယောက် ဖမ်းမိကြောင်း သိရပါတယ်။
အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသာတစ်ယောက်ကတွေ့လို့ သတင်းပို့ရာမှ ရွာဥက္ကဋ္ဌ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း၊ ပေါက်တောရွာဥက္ကဋ္ဌအိမ်မှာ ဖမ်းထားပြီး ကလေးမြို့ရဲစခန်းကို သတင်းပို့ရာ ရဲစခန်းမှ စက်လှေဖြင့် လာခေါ်ခြင်းဖြစ်ကြောင်း၊ တောင်အူရွာလှေဆိပ်မှာ ရဟန်းသံဃာများနှင့် ရွာသားများက စက်လှေဖြင့်လိုက်ကာ ဝန်းရံခဲ့ကြကြောင်း၊ လှေဆိပ်မှ ရွာသူ/ရွာသားများ နှင့် မြို့သူ/မြို့သားများ ဝိုင်းအုံလျက်ရှိရာ တစ်စုံတစ်ရာ အန္တရာယ်ပြုမည်စိုးသောကြောင့် သံဃာများနှင့် လူများ က စက်လှေတစ်စီးဖြင့် ရှေ့မှ ဦးဆောင်ခေါ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဒီကနေ့ ည(၇း၀၀)နာရီမှာ တောင်အူရွာမှ အချုပ်ကားဖြင့် တင်ခေါ်သွားကြကြောင်း၊ ကလေးမြို့ရဲစခန်းသို့ (၇း၂၀)နာရီမှာ ရောက်ရှိကြောင်း သိရပါတယ်။
ဘင်္ဂလီ(၁၀)ယောက်ဟာ ဆယ်ကျော်သက်အရွယ်များဖြစ်ကြပြီး ၎င်းတို့ကို လမ်းပြသူမှာ ကိုစိန်ဝင်း (ဗမာ/ဗုဒ္ဓ) မင်းကင်းနယ် တောင်တွင်းရွာမှာဖြစ်ကြောင်း၊ တမူးမှ ကလေးကို ဆိုင်ကယ်ဖြင့် ပို့ဆောင်ခ ငါးသိန်း ကျပ်ရပြီး၊ တမူးမှ မန္တလေးသို့ ပို့ဆောင်ခမှာ တစ်ယောက်လျှင်(၁၅)သိန်းရကြောင်း၊ ခါတိုင်းလိုပဲ အလွယ်တကူ ဖြတ်ကျော်လို့ရမယ်ထင်ပြီး အတင့်ရဲကာ ဖြတ်ကျော်လာလို့ ဖမ်းမိသွားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ELEVEN-ဂျာနယ်သတင်းထောက်နှင့် နယ်မြေခံသတင်းထောက်များလည်း လာရောက်သတင်းယူကြ ကြောင်း၊ ညကြီးမိုးချုပ်ဖြစ်နေလို့ ဆိုင်ကယ်မီးများဝိုင်းထိုးပေးထားတာတောင် ဓာတ်ပုံရိုက်ဖို့ အခက်အခဲရှိ ကြောင်း၊ ရဲစခန်းကလည်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်း သိရပါတယ်။
အခု ဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ (၂၇)ဦးအုပ်စုမှဖြစ်ပြီး ကျန်(၁၇)ဦး လွတ်မြောက်နေသေးကြောင်း၊ ဆင်ရွာမှာလည်း (၃၀)ဦး အုပ်စုရှိနေသေးကြောင်း၊ ညအခါ နှစ်ယောက်တစ်တွဲ လာရောက်ထမင်းတောင်းကြလို့ ရွာသူ/ရွာသားများက ရိပ်မိသွားကြခြင်းဖြစ်ကြောင်း၊ အင်းစိန်တံငါရွာမှာလည်း ဘင်္ဂလီများ ရောက်ရှိနေကြောင်း ကြားရလို့ နေသာဆရာတော် ဦးဓမ္မိကကိုယ်တိုင် လူလွှတ်ပြီး စုံစမ်းနေကြောင်း သိရပါတယ်။
ကလေးမြို့မှာ ဘင်္ဂလီတွေကို ခိုးသွင်းပေးနေတဲ့ ဒေသခံတစ်ဦးရှိနေပြီဖြစ်ကြောင်း၊ ယခု ဖမ်းမိသော ကိုစိန်ဝင်းဟာ ခေါင်းဆောင်မဟုတ်၊ လမ်းပြသာဖြစ်ကြောင်း၊ ဒေသခံခေါင်းဆောင်တစ်ဦးဦးဆိုတာကလည်း (ဗမာ/ဗုဒ္ဓ)ပင်ဖြစ်ကြောင်း၊ စုံစမ်းရှာဖွေဖမ်းဆီးဆဲဖြစ်လို့ အတိအကျ မသိရသေးကြောင်း၊ ရဲစခန်းကလည်း ၁၃.၉.၂၀၁၂.-ရက်နေ့က ကျင်းပထားတဲ့ ပူပူနွေးနွေး ရိုဟင်ဂျာရှုတ်ချပွဲကြောင့် ယခုလို ပြည်သူလူထု ပူးပေါင်း လာတာကို ကျေးဇူးအထူးတင်ကြောင်း သိရပါတယ်။
ဝန်ကြီးဦးခင်ရီ ခိုးဝင်ဘင်္ဂလီမတွေ့ရဟု ပြောဆိုထားသော်လည်း ကလေးမြို့သူ/မြို့သား ကလေးနယ် သူ/နယ်သားကတော့ အစုလိုက် အပြုံလိုက်ဖမ်းပြီး သက်သေပြတော့မှာ ဖြစ်ကြောင်းပါခင်ဗျာ။

"စုံစမ်းရန်"

၀၉-၄၉၂၃၈၃၉၇

၀၉-၂၄၅၀၁၆၃

၀၉-၄၇၀၇၂၉၉၇

၀၉-၄၇၀၇၂၁၄၇

၀၉-၄၀၀၄၅၈၁၉၉

အရှင် ၀ီရသူ

ကလေးတွင် ဘင်္ဂါလီ ၁၀ ဦးနှင့် မြန်မာ တစ်ဦး တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီး


ကလေးတွင် ဘင်္ဂါလီ ၁၀ ဦးနှင့် မြန်မာ တစ်ဦး တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီး


ဖမ်းမိလာသော ဘင်္ဂါလီ (၁၀)ဦးနှင့် မြန်မာ တစ်ဦးအား စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဦကျေးရွာသို့ ခေါ်ဆောင်လာစဉ်။ 
ကလေးတွင် ဘင်္ဂါလီ ၁၀ ဦးနှင့် မြန်မာ တစ်ဦး တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီး
Posted By Kotun wai on Friday, 14 September 2012 အချိန် 21:22

ဖမ်းမိလာသော ဘင်္ဂါလီ (၁၀)ဦးနှင့် မြန်မာ တစ်ဦးအား တောင်ဦကျေးရွာသို့ ခေါ်ဆောင်လာစဉ်။ ရန်ကုန်၊ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နှင့် ၁၅ မိုင်ခန့် အကွာ နတ်ချောင်း အနီး အနောက်ပေါက်တော ကျေးရွှာ လေသာဆောင် ရေနံမော်တွင် တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး ၁၀ ဦးနှင့် မြန်မာလူမျိုးတစ်ဦးကို ယ နေ့ နံနက် ၁၁နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့က ဖမ်းဆီးခဲ့ပြီး ကလေးမြို့နယ် ရဲတပ်ဖွဲ့ စခန်းက လွဲပြောင်
းလိုက် ပြီဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းက အတည်ပြု ပြောကြားသည်။
အဆိုပါ ဖမ်းဆီး ထားသူများကို စစ်ဆေးရာ ၄င်းတို့သည် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လာသူများ ဖြစ်သည်ဟု ဝန်ခံထားကြောင်း၊ ယခု ကလေးမြို့ပေါ်သို့ ယူဆောင်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါ ကျေးရွှာ အုပ်ချုပ် ရေးမှူး၏ ညီဖြစ်သူ ဦးမျိုးညွှန့်က ဆိုသည်။
အလားတူ ရခိုင်ပြည်နယ်တွင်လည်း ဘင်္ဂါလားဒေခ်ျ့ နယ်စပ်မှ ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုးများကို သုံးကြိမ် ဖမ်းဆီးမိပြီး လူဦးရေ နှစ်ရာခန့် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။
The Voice Weekly
ဓါတ်ပုံ လွင်မိုးအောင်

ကလေးတွင် ဘင်္ဂါလီ ၁၀ ဦးနှင့် မြန်မာ တစ်ဦး တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီး

မြန်မာစစ်တပ်နဲ့ ညှိနှိုင်းဖို့ အမေရိကန်ကို တိုက်တွန်း


မြန်မာစစ်တပ်နဲ့ ညှိနှိုင်းဖို့ အမေရိကန်ကို တိုက်တွန်း 

တိုင်းရင်းသားဒေသ များတွင် အပစ်အခတ်ရပ်စဲရန် သဘောတူပါက အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာ့ တပ်မတော်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် စတင် စဉ်းစားသင့်ကြောင်း CSIS က တိုက်တွန်းထားသည် (ဓာတ်ပုံ- Reuters)
ဧရာဝတီသတင်းဌာန. ၁၄ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-  မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီးတိုးမြှင့် ဆောင်ရွက်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့ တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက် သင့်တယ်၊ တရုတ်နိုင်ငံနဲ့ ပူးတွဲဆောင်ရွက် သင့်တယ်၊ ပြီးတော့ မြန်မာနိုင်ငံ အပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ် အရေးယူမှု တွေကိုလည်း လျှော့ချသင့်တယ်လို့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က တိုက်တွန်းလိုက်ပါတယ်။
CSIS က တာဝန်ရှိသူတွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု တွေကို လေ့လာစူးစမ်းဖို့ အတွက် သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး
ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ အစီရင်ခံ တင်ပြခဲ့တာပါ။
“မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှုအား စစ်တပ်က ဆက်လက်ပံ့ပိုး၍ တိုင်းရင်းသားဒေသ များတွင် အပစ်အခတ်ရပ်စဲရန် သဘောတူပါက အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့တပ်မတော်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများပြုလုပ်ရန် စတင် စဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာစစ်တပ်အရာရှိများအား ရွေးချယ်၍ အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးအထောက်အကူ အစီအစဉ်ဖြစ်သော နိုင်ငံတကာ စစ်ရေးပညာနှင့် သင်တန်း (International Military Education and Training) အစီအစဉ်တွင်ပါဝင်စေပြီး နိုင်ငံတွင်းရှိ ကာကွယ်ရေးစစ်တက္ကသိုလ်များတွင် တက်ရောက်ခွင့် ပေးသင့်ပါသည်” လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ CSIS ရဲ့ ခရီးစဉ်အစီရင်ခံစာထဲမှာ ရေးသားထားပါ တယ်။
ဒါ့ပြင် ဒီလအတွင်း ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့အခါမှာလည်း တွေ့ဆုံဖို့ သမ္မတ ဘားရက် အိုဘားမားကို တိုက်တွန်းထားပါသေးတယ်။ မြန်မာပြည်က သွင်းကုန်တွေတားမြစ်ထားတာကို လျှော့ချသင့်တယ်၊ ပြီးတော့ တချိန်တည်းမှာလည်း နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့တွေက မြန်မာနိုင်ငံအပေါ် ထောက်ပံ့တဲ့အစီအစဉ်တွေကို ပံ့ပိုးရမယ်လို့ CSIS က ဆိုပါတယ်။
“မြန်မာအစိုးရ၊ အတိုက်အခံခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေးနယ်ပယ်မှ ခေါင်းဆောင်တို့က အလေးထား ဆွေးနွေးကြသည်မှာ ၄င်းတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် အရေးပေါ်ဆောင်ရွက်စရာနှင့် ချက်ချင်း လက်ငင်း ဆောင်ရွက်စရာများ ရှိနေသည်ဆိုသည့် အချက်ဖြစ်သည်” လို့ CSIS က ပြောပါတယ်။
“မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကို အားပေးအားမြှောက်ပြုရန်နှင့် ပံ့ပိုးရန် အရေးပါသည့် (သမိုင်းဝင် ဖြစ်ကောင်း ဖြစ်နိုင်သည့်) အခွင့်အလမ်းများရှိနေသည်ကို အမေရိကန်ပြည်ထောင်စုအနေနှင့် နားလည်သဘောပေါက်သင့်ပါသည်။ ထို့ပြင် ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့အပေါ်တွင် အမှန်တကယ် ခြိမ်းခြောက်မှုများ ရှိနေသည်ကိုလည်း နားလည်သဘောပေါက်သင့်ပါသည်” လို့လည်း CSIS က ဆိုပါသေးတယ်။
မြန်မာပြည်မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတာကို CSIS က လက်ခံပေမယ့် အခုလို ပြုပြင်ပြောင်းလဲမှု တွေလုပ်ဖို့ဖြစ်လာတဲ့ အရင်းခံအကြောင်းရင်းက မြန်မာစစ်ခေါင်းဆောင်တွေ တရုတ်အပေါ် မှီခိုလွန်းအားကြီးလို့ ဆိုတာကိုတော့ ငြင်းချက်ထုတ်ပါတယ်။ ဒါ့ပြင် အမေရိကန်အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ မူဝါဒတခုကို ချမှတ်မယ်ဆိုရင် တရုတ်အစိုးရရဲ့  စိုးရိမ်မှုတွေကို သက်သာရာရစေနိုင်တယ်လို့လည်း CSIS က ပြောပါတယ်။
“CSIS နှင့် တွေ့ဆုံခဲ့သည့် အဖွဲ့များက အစဉ်အလာ အိမ်နီးချင်းနိုင်ငံတခုအဖြစ် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အလေး အနက်ထား ဆွေးနွေးခဲ့ကြသည့် အပြင် အမေရိကန်ပြည်ထောင်စုအနေနှင့် တရုတ်နိုင်ငံအပေါ် လုံးဝအနိုင်အ ရှုံး (Zero-Sum) မူဝါဒများ ချမှတ်မှုမှ ရှောင်ရှားရန်ကိုလည်း တိုက်တွန်းခဲ့ကြသည်” လို့ CSIS ရဲ့ အစီရင်ခံစာထဲမှာ ရေးထားပါတယ်။
“ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးကာလ အတွင်းရှိခဲ့သော တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ လက်ဝါးကြီးအုပ်လု နီးပါး အခြေအနေ၊ စစ်လက်နက်ပစ္စည်းများ ရောင်းချမှုနှင့် ၂ နိုင်ငံကုန်သွယ်မှု အနေအထားများအောက်တွင် မြန်မာနိုင်ငံက ရုတ်တရက်ဆိုသလို ယခုကဲ့သို့ အမေရိကန်ပြည်ထောင်စုနှင့် နွေးထွေးသည့် ဆက်ဆံရေး ရှိနေသည့်အပေါ် တရုတ်နိုင်ငံက သံသယရှိနေမည်သာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက သြဇာလွှမ်းမိုးမှုရရန် ကြိုးပမ်းလာနိုင်သည့် အပေါ်တွင်လည်း စိုးရိမ်ကြောင့်ကြမှုများ ရှိနေပေလိမ့်သည်” လို့ CSIS အစီရင်ခံစာက ဆိုပါတယ်။
တကယ်တမ်းပြောရရင် မြန်မာနိုင်ငံမှာ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတာဟာ နိုင်ငံစီးပွားပျက်နေ တဲ့အပေါ် ဗိုလ်ချုပ်ကြီးတွေ မြင်လာကြတာရယ်၊ ပြီးတော့ “၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး” အပြီးမှာ နိုင်ငံကို သူတို့ ဆက်အုပ်ချုပ်လိုစိတ် မရှိတော့တာတွေရယ် ကြောင့်လို့ CSIS က အခိုင်အမာ ဆိုထားတာပါ။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ပရိယာယ်များသည့် နိုင်ငံရေး ကြိုးကိုင်ချယ်လှယ်သူဟု ဖော်ပြနေသည်များနှင့်ပတ် သက်၍ ၄င်းအနေနှင့် အာရပ်နွေဦးလှုပ်ရှားမှုများအပြီးတွင် နိုင်ငံအတွင်း ချောင်ချက်စကူး ပုံစံ ဆန္ဒပြမှုများ မဖြစ် ပေါ်စေရန်သော်လည်းကောင်း၊ တာဝန်မှ အနားယူပြီးနောက်တွင် ၄င်းမိသားစုနှင့် အနီးကပ် လုပ်ဖော်ကိုင်ဖက်များ၏ ပိုင်ဆိုင်မှုနှင့် အခွင့်အရေးများကို ဘေးမသီရန်မခ ဖြစ်စေရန်သော် လည်းကောင်း ရည်ရွယ်၍ အာဏာခွဲဝေမှုပြုလုပ် သွားခြင်းဖြစ်သည်ဟု အခြေအနေကို ဂဃနဏသိသော လေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြပါသည်” လို့ အစီရင်ခံစာထဲမှာ ရေးထားပါတယ်။ ရိုမေးနီးယားနိုင်ငံရဲ့ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ သမ္မတဖြစ်သူ နစ်ကိုးလိုင် ချောင်ချက်စကူး (Nicolae Ceausescu) ဟာ ၁၉၈၉ ခုနှစ်မှာ ဖြုတ်ချခံရပြီး ကွပ်မျက်ခံရသူပါ။
ဒါ့ပြင် “တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှလမ်းဆုံ” မှာရှိနေတဲ့ နိုင်ငံရဲ့ ပထဝီမဟာဗျူဟာမြောက် အနေအထားကို ကြည့်မယ်ဆိုရင် ဒဏ်ခတ်အရေးယူမှုတွေ မရှိတော့တဲ့ကာလမှာ မြန်မာပြည်ဟာ စီးပွားရေးအရတိုးတက်မှု အရှိန်အ ဟုန်နဲ့ ဖြစ်လာနိုင်တယ်၊ ဒါပေမယ့် ဆက်လက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားပဋိပက္ခတွေနဲ့ ရိုဟင်ဂျာပြဿနာ၊ ပြီးတော့ ကျွမ်းကျင်သူတွေနဲ့ အတွေ့အကြုံ အားနည်းတာတွေက ပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်နိုင်တယ်လို့လည်း CSIS က ပြောပါသေးတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ CSIS အစီရင်ခံစာထဲမှာ အခုလိုရေးသားထားပါတယ်။
“လွန်ခဲ့သော ၂ နှစ်ကဆိုလျှင် ‘ဖက်ဒရယ်ဝါဒ’ ဟူသော အယူအဆအား ညစ်ညမ်း၍ လက်ခံနိုင်ဖွယ်မရှိသော စကား လုံး (Dirty Word) အဖြစ် အစိုးရက မှတ်ယူခဲ့သည်။ ယခုကာလတွင်မှု ယင်းအယူအဆနှင့်ပတ်သက်၍ (အဓိပ္ပါယ်ဖွင့် ဆိုမှု မပြုသော်ငြား) အစိုးရတာဝန်ရှိသူများအကြား ပွင့်ပွင့်လင်းလင်း စတင် ပြောဆိုဆွေးနွေးနေကြပြီဖြစ်သည်။”
“တိုင်းရင်းသားအင်အားစုများအပေါ် အတော်လေး စိတ်သဘောကောင်းထားရှိသည် ဆိုသည်ကို CSIS ကိုယ်စား လှယ်အဖွဲ့က အစိုးရ အဆင်မြင့်အရာရှိများထံမှ ကြားသိခဲ့ရသည်၊ သို့ရာတွင် လက်ရှိအနေအထား၌ အပစ်အခတ် ရပ်စဲရေးကိုသာ ၄င်းတို့ အများအပြားအာရုံစိုက်လျှက်ရှိသည်၊ ရေရှည်ဖြစ်တည်နေသော မတူကွဲပြားမှုများကို ဖြေရှင်း ရန်အတွက် အပစ်အခတ်ရပ်စဲရေးဖြင့် မလုံလောက်သည်ကို ယခင်ဖြစ်ရပ်များက ညွှန်ပြလျှက်ရှိသည်”
ပြည်တွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ကလည်း ပြုပြင်ပြောင်းလဲမှုတွေ အတွက် အထောက်အပံ့ ရဖို့နဲ့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ အပြောင်းအလဲတွေကို စနစ်တကျဖြစ်အောင် သေသေချာချာ ဆောင်ရွက်နိုင်ဖို့ အလွန်အရေးကြီးတဲ့ အကြောင်း၊ တချိန်တည်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းမကျတဲ့ ပြဌာန်းချက်တွေကို ပြောင်းလဲဖို့ စစ်တပ်ထဲမှာ ယုံကြည်မှု တည်ဆောက်ရမှာဖြစ်ကြောင်း CSIS ကို အလေးအနက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။
“လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းရရှိထားသော လွှတ်တော်နေရာအား စစ်တပ်က တဖြေးဖြေး လွှဲအပ်သွားမည့် အစီအစဉ်ကို ၄င်းတို့ မျှော်လင့်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအပါအဝင် အစိုးရတာဝန်ရှိသူများက ပြောကြသည်” ဟု အစီရင်ခံစာထဲမှာ ရေးထားပါတယ်။
“၁၉၉၈ ခုနှစ်၌ သမ္မတ ဆူဟာတိုအား ဖြုတ်ချလိုက်ပြီးနောက်ပိုင်း စစ်တပ်က လွှတ်တော်နေရာများမှ တဖြေးဖြေး စွန့်ခွာသွားသည့် အင်ဒိုနီးရှားနိုင်ငံပုံစံကို မြန်မာအစိုးရတာဝန်ရှိသူများက မကြာခဏ ကိုးကားကြပါသည်။ မြန်မာ နိုင်ငံတွင် လွှတ်တော်တွင်းရှိ စစ်တပ်ကိုယ်စားလှယ်များသည် အုပ်စုပုံစံဖြင့် အမြဲတမ်း မဲဆန္ဒပေးကြသည်မဟုတ်ဘဲ တခါတရံ၌ အတိုက်အခံဖက်မှ ထောက်ခံမဲပေးမှုများလည်း ရှိပါသည်။ မကြာသေးခင်က တင်သွင်းခဲ့သော လွှတ်တော် အမတ်များ မိမိတို့ ပိုင်ဆိုင်မှုစာရင်း ကြေငြာရမည်ဟူသည့် အဆိုကို စစ်တပ်ကိုယ်စားလှယ်အများအပြားက ထောက်ခံ မဲ ပေးခဲ့ကြသည်” လို့လည်း CSIS အစီရင်ခံစာက ဆိုပါသေးတယ်။
နိုင်ငံအမည်ကို အင်္ဂလိပ်လို Burma ကနေ Myanmar လို့ အရင်စစ်အစိုးရက ပြောင်းလိုက်တာနဲ့ပတ်သက်ပြီးတော့ လည်း ပြောင်းတဲ့ပုံစံကို သဘောမတူပေမယ့် “အနာဂတ် တချိန်ချိန်တွင် ပြည်သူလူထုက မပြောင်းသရွေ့ နိုင်ငံ အမည်အား Myanmar ဟု ခေါ်သင့်သည်” လို့ အတိုက်အခံ ခေါင်းဆောင်တွေက CSIS ကိုယ်စားလှယ်အဖွဲ့ကို ပြော လိုက်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

ကြေးနီစီမံကိန်းရပ်ရန် ဆန္ဒပြသည့် ဝက်မှေးရွာသူတို့ကို ပြန်လွှတ်ပြီ



ကြေးနီစီမံကိန်းရပ်ရန် ဆန္ဒပြသည့် ဝက်မှေးရွာသူတို့ကို ပြန်လွှတ်ပြီ 

ဝက်မှေးရွာသူ/သားများအား NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နှင့်အတူ မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
မုံရွာ(မဇ္ဈိမ) .၁၄ရက်နေ့ စက်တင်ဘာ ၂၀၁၂  —–   မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ပေးရန်နှင့် သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ သုံးဦးကို မုံရွာ အကျဉ်းထောင်မှ သောကြာနေ့ညနေတွင် ပြန်လည်လွှတ်ပေးလိုက်ပြီဟု မုံရွာသို့ သွားရောက်သတင်းယူနေကြသည့် မဇ္ဈိမ သတင်းထောက်များက သတင်းပေးပို့သည်။
အဆိုပါ ဝက်မှေးရွာသူ သုံးဦးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မုံရွာ ဗကသ ကျောင်းသား အဖွဲ့ဝင်များ
နှင့် ဝက်မှေးရွာသူရွာသားများ၊ မုံရွာ NLD အဖွဲ့ဝင်များက ဝက်မှေးရွာသို့ ကားဖြင့် ပြန်လည်ပို့ဆောင်နေပြီဟုလည်း သတင်းထောက်များက သတင်းပေးပို့သည်။

စက်တင်ဘာ ၁ဝ ရက်နေ့တွင် ဆန္ဒဖော် ထုတ်သူ ၁၂ ဦးကို ဖမ်းဆီးခဲ့ပြီး  ယင်းနေ့ ညနေ ၄ နာရီတွင် ၉ ဦးကို
ပြန်လည်လွှတ်ပေးခဲ့သော်လည်း မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ ကျန်ရှိနေခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ဦးသန်းထိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးသောင်းစိန်တို့
တွေ့ဆုံဆွေးနွေးမှုအပြီး ကျန်ရှိနေသူများကို ထပ်မံလွှတ်ပေးလိုက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာသူတဦးဖြစ်သည့် ဝက်မှေးရွာသူ မစန်းစန်းလှ က “ကျွန်မတို့ကိုခွေးဆွဲသလို ဆွဲပြီး အချုပ်ခန်းထဲ ထည့်ထားကြတယ်၊ ပြီးတော့ ရဲမေတွေက အရမ်းကြမ်းတမ်းတာပဲ၊ ကျွန်မတို့ကို ကုတ်တယ်၊ ဆံပင်တွေ ဆောင့်ဆွဲတယ်၊ ကျွန်မတို့က ကယ်ကြပါ၊ ကယ်ကြပါလို့
အော်တယ်၊ နောက်တော့ ကျန်တဲ့ သုံးယောက်ကို ဘယ်ခေါ်သွားမှန်းမသိလိုက်ဘူး၊ ကျွန်မကိုတော့ ပြန်လွှတ်ပေး လိုက်တယ်” ဟု သူ၏ အကျဉ်းကျ အတွေ့အကြုံကို မဇ္ဈိမကို ပြောဆိုထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် စစ်ကိုင်းတိုင်း တာဝန်ရှိ အာဏာပိုင်များ တွေ့ဆုံမှုအတွင်း ကြေးနီ
တောင် စီမံကိန်း ရပ်ဆိုင်းရန်မှာ တိုင်းဒေသကြီးအစိုးရ၏ ဆုံးဖြတ်ချက်တခုတည်းနှင့် ဆုံးဖြတ်၍ မရကြောင်းလည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောဆိုထားသည်။

ကြေးနီတောင်စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ပေါင်းစပ် လုပ်ဆောင် သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် လက်ပံတောင်းတောင် ပတ်ဝန်းကျင်ရှိ စံပါယ်တောင်နှင့်
ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့်
ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်လျက် ရှိသည်။

မဇ္ဈိမသတင်းဌာန

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။