Monday, March 11, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ  

AddThis Social Bookmark Button
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး ချက်များအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက်များအား အကောင်အထည် ဖော်ဆောင်ရွက်စေလျက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ် လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေးနီစီမံကိန်းစာချုပ်အား ပြန်ပြင်ချုပ်ပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် စိစစ်တင်ပြထား


လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေးနီစီမံကိန်းစာချုပ်အား ပြန်ပြင်ချုပ်ပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် စိစစ်တင်ပြထား  

AddThis Social Bookmark Button
လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏  မတ်လ ၁၂ရက်နေ့၌ ထုတ်ပြန်သောအပြီးသတ်အစီရင် ခံစာတွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး စီမံကိန်းစာချုပ် အား ပြန်လည်ပြင်ဆင် ချုပ်ဆိုပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က စိစစ်တင်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီး ဆုံးသော ကြေးနီစီမံကိန်းတစ်ခုဖြစ်ပြီး ယင်းသို့ ကြီးမားသောလုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရှိသည်မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံစဉ် ဤအချက်ကို သုံးသပ်၍ အလေးထား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။   

ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား


ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မတ် ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီးတွင် နိုင်ငံရေးဝါဒ သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်လိုက်ရာ မူဝါဒ သဘောထားများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုံးဝမပါရှိပေ။
၂၀၁၂ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး အပါအ၀င် ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံးအကြိမ် ကျင်းပသော ညီလာခံအပြီး ထုတ်ပြန်သော မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မပါဝင်တော့ဘဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအုတ်မြတ်ခိုင်မာရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပေါ်တွင် အခြေခံသော ဖွံ့ဖြိုးတိုးတက်ရေးတို့ တည်ဆောက်မည်ဟူသော မူဝါဒများသာ ပါဝင်သည်။

ပြုပြင်ပြောင်းလဲရေးအခွင့်အလမ်း ဆုပ်ကိုင်ဖို့ ဒေါ်စုတိုက်တွန်း




ပြုပြင်ပြောင်းလဲရေးအခွင့်အလမ်း ဆုပ်ကိုင်ဖို့ ဒေါ်စုတိုက်တွန်း 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညီလာခံတွင်း မိန့်ခွန်းပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
VOA News, 10March 2013  —-   မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို လက်မလွှတ်ကြဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံနောက်ဆုံးနေ့မှာ ပါတီဝင်တွေကို ပြောကြားခဲ့ပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဆက်ပြီးသွားရမယ့်ခရီးလမ်းက ခက်ခဲပါလိမ့်မယ်။ အရင်တုန်းက အခက်အခဲမျိုး မဟုတ်ဘဲနဲ့ မတူတဲ့အခက်အခဲတွေ ဆိုပေမဲ့ ပိုပြီးတော့ လွယ်ကူမှာတော့မဟုတ်ပါဘူး။

ရခိုင် အမျိုးသားတွေ NLD မှာ ရွေးကောက်ခံရ


ရခိုင် အမျိုးသားတွေ NLD မှာ ရွေးကောက်ခံရ 

NLD ညီလာခံ ပထမနေ့မှာ တွေ့ရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ
BBC News, 11March 2013  —–  အခု ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ အင်န်အယ်လ်ဒီပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာတော့ ရခိုင်အမျိုးသားတွေကို ပါတီနာယကအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုအမှုဆောင်အဖွဲ့တွေကြားမှာ ထည့်သွင်း ရွေးချယ် တင်မြှောက်လာတာကို တွေ့ရပါတယ်။ ဒါဟာ ဘယ်လောက် ထူးခြားမှု ရှိပါသလဲ။
အခု ပြီးစီးသွားတဲ့ ညီလာခံမှာ ရခိုင်ပြည်နယ်က နယက တစ်ဦး၊ စီအီးစီထဲမှာ တစ်ဦးနဲ့ စီစီလေးဦး ရွှေးချယ် တင်မြှောက် ခံခဲ့ရတဲ့ အတွက် အရင်ကနဲ့ စာရင် ရခိုင်ကကိုယ်စားလှယ်တွေ ဗဟို ထိပ်ပိုင်း ခေါင်းဆောင် ပိုင်းမှာ ပါဝင်လာတဲ့ အတွက် ထူးခြားမူ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

NLD ဥက္ကဋ္ဌအဖြစ် ဒေါ်စုကိုရွေးချယ်


NLD ဥက္ကဋ္ဌအဖြစ် ဒေါ်စုကိုရွေးချယ် 
NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ။ (မတ်လ ၃ ရက်၊ ၂၀၁၃)။
VOA News, 10March 2013  —– အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒါဟာဖြင့် NLD မှာ ပါတီခေါင်းဆောင်ပိုင်း တာဝန်ယူမယ့်သူတွေကို ပါတီဝင်တွေက အဆင့်ဆင့် ရွေးချယ် တာဝန်ပေးတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ နှစ်ရက်ကြာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ ပါတီ ခေါင်းဆောင်တွေကို ရွေးချယ်ခဲ့တာ နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာတွေကို ကောက်နှုတ် စုစည်းပြီး ကိုကျော်ကျော် သိန်းက တင်ပြထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ စေတနာမှန်ဖို့ တိုက်တွန်း


ငြိမ်းချမ်းရေးဆွေးနွေးပွဲ စေတနာမှန်ဖို့ တိုက်တွန်း

မြန်မာအစိုးရနဲ့ KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတခု။ (ဖေဖော်ဝါရီ၊ ၂၀၁၃)။
VOA News, 10March 2013  —-  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အနည်းဆုံး အပစ်ရပ်ရေး သဘောတူညီမှု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောဆို လိုက်ပါတယ်။ လေ့လာသူအဖြစ်တက်ရောက်မယ့် UNFC ကိုယ်စားလှယ်အဖွဲ့ ကတော့ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားအရေးမှာ စေတနာမှန်မှန် သဘောထားကြီးကြီးနဲ့ လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာရောက်ရှိနေတဲ့ ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။