Tuesday, November 27, 2012

လက်ပန်းတောင်းတောင်စီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ


လက်ပန်းတောင်းတောင်စီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ 


The Voice Weekly , 27 November 2012  —  မန္တလေး၊ နိုဝင်ဘာ ၂၆
ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။

မြန်မာကို Burma ဟု နောက်နောင် မခေါ်တော့ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးဆို


မြန်မာကို Burma ဟု နောက်နောင် မခေါ်တော့ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးဆို 


ရန်ကုန် (မဇ္ဈိမ) . ၂၇ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —   အမေရိကန် ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအား အင်္ဂလိပ်လို Burma ဟု နှုတ်ကျိုးနေ၍ခေါ်ရခြင်းဖြစ်ပြီး နောက်နောင် မခေါ်တော့မည့်အကြောင်း ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံလိုက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံသွားမည်ဟုလည်း ကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပါနတ်တာ က ဆိုသည်။

အနောက်ကမ္ဘာနဲ့ အစ္စလမ်လောကသားတို့ ရခိုင်အရေးမှာ ဘာလို့ တစ်သံတည်း ထွက်ကြသလဲ


အနောက်ကမ္ဘာနဲ့ အစ္စလမ်လောကသားတို့ ရခိုင်အရေးမှာ ဘာလို့ တစ်သံတည်း ထွက်ကြသလဲ 


Moe MaKa News, 27 November 2012  —
၂၅ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ ဘာသာပြန်ဆောင်းပါး ]
(Photo – မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ရှိ ဒုက္ခသည်များက အလှူရှင်များအား အပြန်တွင် လှမ်းငေးနေကြပုံ)
(Fuadi Pitsuwan ရေးသား၍ ကျော်ဇောဦး ဘာသာပြန်သည်။ ရှုမြင်သုံးသပ်ချက် ရပ်တည်ချက်တို့မှာ မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။)

အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျိုး ပူးပေါင်းခွင့်ရပြီ


အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျိုး ပူးပေါင်းခွင့်ရပြီ 


DVB News, 27 November 2012  —  အသစ်ပြဌာန်းလိုက်တဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အကြံဥာဏ်ရယူပြီး ပူးပေါင်းဆောင် ရွက်ကြရတော့မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ထွက်ပေါ်လာတဲ့အတွက် လွှတ်တော်၊ လွှတ်တော်ရေးရာကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ပိုပြီး လုပ်သာကိုင်သာ ရှိလာကြတော့မှာ ဖြစ်ပါတယ်။

ဒိန်းမတ် ကုန်သွယ်ဝန်ကြီး မြန်မာပြည် လာမည်


ဒိန်းမတ် ကုန်သွယ်ဝန်ကြီး မြန်မာပြည် လာမည် 

Denmark's Minister for Trade and Investment Pia Olsen Dyhr (Adrian Wyld / THE CANADIAN PRESS)
မဇ္ဈိမ သတင်းဌာန .၂၇ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-   ဒိန်းမတ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး သည် ဒီဇင်ဘာလ ၃ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိ လာမည်ဖြစ် သည်။

ရခိုင်ပဋိပက္ခ ကုလသမဂ္ဂ စိုးရိမ်ပူပန်


ရခိုင်ပဋိပက္ခ ကုလသမဂ္ဂ စိုးရိမ်ပူပန် 


ရခိုင်ပြည်နယ်ရမ်းဗြဲမြို့တွင်အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့စဉ်
DVB News, 27 November 2012  —-  ကုလသမဂ္ဂက မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားက အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုလိုက်သလို အာဏာပိုင်တချို့က လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ အစီရင်ခံချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ALD စည်းရုံးရေးခရီးစဉ်တွင် ရခိုင်ပြည်နယ်ရှိ ဒေသခံများနှင့် အခြေအနေအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း


ALD စည်းရုံးရေးခရီးစဉ်တွင် ရခိုင်ပြည်နယ်ရှိ ဒေသခံများနှင့် အခြေအနေအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း 


Arakan Times, 27 November 2012  —  နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ၂၆ ရက်နေ့ထိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရခိုင်ပြည်အတွင်း မြို့နယ်၊ ကျေးရွာများရှိ ဒေသခံများနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ပါတီ၏စည်းရုံးရေးခရီးစဉ်တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။