Sunday, April 7, 2013

နိုင်ငံတော်အဆင့် သတင်းများအား ပုဂ္ဂလိက သတင်းစာများ၊ သတင်းအေဂျင်စီများသို့ ရောင်းချမည်ဆိုသော ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ကို ၀ါရင့်သတင်းစာ ဆရာကြီးများ အပါအ၀င် ဂျာနယ်လစ်များ ဝေဖန်


နိုင်ငံတော်အဆင့် သတင်းများအား ပုဂ္ဂလိက သတင်းစာများ၊ သတင်းအေဂျင်စီများသို့ ရောင်းချမည်ဆိုသော ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ကို ၀ါရင့်သတင်းစာ ဆရာကြီးများ အပါအ၀င် ဂျာနယ်လစ်များ ဝေဖန်

AddThis Social Bookmark Button
4.7.1
ရန်ကုန်တိုင်းမ်ဂျာနယ်နှင့် The Voice Weekly ဂျာနယ်များတွင် သတင်းဖော်ပြထားစဉ်
နိုင်ငံတော်အဆင့် သတင်းများအား ပုဂ္ဂလိက သတင်းစာများသို့ လပေး (သို့မဟုတ်) နေ့အလိုက် ရောင်းချမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြား ခဲ့ပြီးနောက် ထိုအစီအစဉ်ကို လက်မခံနိုင်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများနှင့် ဂျာနယ်လစ်များ က ဝေဖန်ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က၂၀၁၃ ခုနှစ်ဧပြီလ ၂ ရက်တွင် ထုတ်ဝေခဲ့သည့် ရန်ကုန်တိုင်းမ် ဂျာနယ် (အတွဲ ၉၊ အ မှတ် ၁၄) တွင် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ ရောင်းချရန် ညှိနှိုင်းမှုများ ပြုလုပ်နေ သည်ဟု တရားဝင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြန်ကြားရေး ၀န်ကြီးဋ္ဌာနအနေဖြင့် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ လပေး(သို့ မဟုတ်)နေ့အလိုက်ရောင်းချနိုင်ရန် စီစဉ်နေပြီး ရောင်းချပေးမည့် အစီအစဉ်အား ဧပြီလ တတိယအပတ်အတွင်း ထုတ်ပြန်ပေးမည်ဟု ဦးရဲထွဋ်က ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ် တွင် ဖော်ပြခဲ့ပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတကာ ခေါင်းဆောင်များ တွေ့ဆုံကြသည့် နိုင်ငံတော်အဆင့် သတင်းများ၊ နိုင်ငံတော်သမ္မတ၏ ပြည်တွင်းပြည်ပ ခရီးစဉ်များ အပါအ၀င် အခြားသော နိုင်ငံတော်အဆင့် သတင်းများကို ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့သတင်းစဉ် အစရှိသော အစိုးရ သတင်းဌာနများကသာ ချုပ်ကိုင်ထားလျက် ရှိနေပါသည်။ ထို့အတူ အခြားသော ၀န်ကြီးဌာနများ၏ သတင်းများ အပါအ၀င် အစိုးရသတင်းများကို အစိုးရ သတင်းဌာနများကသာ ချုပ်ကိုင်ထားဆဲ ဖြစ်ပါသည်။
ပုဂ္ဂလိက သတင်းဌာနများက နိုင်ငံတော်အဆင့် သတင်းများကို လွတ်လပ်စွာ သတင်းရယူခွင့်ရှိရန် အတွက် ကြိုးပမ်းနေသည့်နည်းတူ အစိုးရ၀န်ကြီးဌာနများ အနေဖြင့်လည်း နိုင်ငံတကာရှိ အစိုးရ၀န်ကြီးဌာနများ နည်းတူ ၀န်ကြီးဌာနတစ်ခုချင်းစီ အလိုက် ၀က်ဘ်ဆိုက်များ၊ ပြောရေးဆိုခွင့်ရှိသူများ ထားရှိခြင်းအားဖြင့် သတင်းထုတ်ပြန်မှုများ ပြုလုပ်ရန် တိုက်တွန်းမှုများ ရှိနေချိန်တွင် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ ရောင်းချမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီးဦးရဲထွဋ်က ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် စုံစမ်းစစ်ဆေးမှု ရလဒ်အရ ပြည်တွင်း အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆပြီး လူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးလျက်ရှိ


မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် စုံစမ်းစစ်ဆေးမှု ရလဒ်အရ ပြည်တွင်း အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆပြီး လူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးလျက်ရှိ

AddThis Social Bookmark Button
matehtilararrest40people-april8
မိတ္ထီလာမြို့နယ် အတွင်းရှိ အင်းကုန်းကယ်ဆယ်ရေး စခန်းအတွင်းရှိ ဒုက္ခသည်များအား ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ၀ဏ္ဏ(မိတ္ထီလာ))
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှု ရလဒ်မှာ ပြီးဆုံးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနမှ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးမှ ဧပြီလ ၆ ရက်နေ့က Eleven Media သို့ ပြောကြားခဲ့သည်။
နှစ်ပတ်ကျော်ကြာ စုံစမ်းစစ်ဆေးချက်အရ ပြည်တွင်းအဖွဲ့အစည်း တစ်ခုမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆရပြီး လက်ရှိအချိန်ထိ ၎င်းအဖွဲ့အစည်း၏ ကွင်းဆက်ဟု ယူဆရသူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးနေပြီး ကွင်းဆက်များ ရှိနိုင်သဖြင့် စုံစမ်းလျက်ရှိကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက အတည်ပြု ပြောကြားသည်။
မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်အား ပြုလုပ်ခဲ့သည့် ပြည်တွင်းအဖွဲ့အစည်းအား တရားဝင်ထုတ်ပြန်ရန် စုံစမ်းစစ်ဆေးမှုများ လိုအပ်နေသေးကြောင်း၊ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။ "ဖြစ်စဉ်မှာ ဖမ်းဆီးထားတဲ့ လူတွေနဲ့ ကွင်းဆက်တွေကို ဆက်လက်စုံစမ်း ဖမ်းဆီးမှုတွေ ပြုလုပ်သွားပါမယ်။ ဥပဒေပိုင်းအရတော့ လက်ရှိ ဖွဲ့စည်းထားတဲ့ အရေးယူ ဆောင်ရွက်မှု အဖွဲ့ကနေပြီး စီရင်ချက် ချသွားမှာပါ" ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
မတ်လ ၂၀ ရက်နေ့က မိတ္ထီလာဈေးကြီးရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက် ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာမှ  ပုဒ်မ ၁၄၄ ထုတ်ပြန်ထိန်းသိမ်းခဲ့ရာတွင် အခြေအနေမှာ ပိုမိုဆိုးရွားမှုများ ဖြစ်ပေါ်လာသည့်အတွက် မတ်လ ၂၂ ရက်နေ့တွင်မူ အရေးပေါ်အခြေအနေ ကြေညာကာ တပ်အင်အား အသုံးပြု ထိန်းသိမ်းခဲ့ရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။