Sunday, October 14, 2012

OIC မည်သည့်ပုံစံဖြင့်လာလာဆန့်ကျင်မည်ဟုစစ်တွေခေါင်းဆောင်များကဦးထွေးလှအားပြောကြား


OIC မည်သည့်ပုံစံဖြင့်လာလာဆန့်ကျင်မည်ဟုစစ်တွေခေါင်းဆောင်များကဦးထွေးလှအားပြောကြား


Moe MaKa News, 14 October 2012  —- OICနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင်ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှနှင့် စစ်တွေမြို့မှဦးဆောင်ဦးရွက်ပြုသူအချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင်အလွတ်သဘောတွေ့ဆုံကြရာတွင်၊ OIC က အသွင်တစ်မျိုးမျိုးဖြင့်ဝင်လာမှုကို ဆက်လက်ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်းတွေ့ဆုံခဲ့သူများကပြောကြားခဲ့သည်ဟုယင်း
အစည်းအဝေးပြုလုပ်ရာနေရာတွင်ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြားသည်။
OIC စစ်တွေမြို့တွင်ရုံးဖွင့်မည်ဆိုသည်မှာမဟုတ်ကြောင်းနောက်ဆုံးထုတ် Voice ဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့်အင်တာဗျူးကိုပြသရင်း ဦးထွေးလှကဒီကဒေသခံများ၏ စကားသံကိုကြားချင်သောကြောင့် ယခုလိုတွေ့ဆုံရသည်ဟု ရှင်းလင်းပြောကြားပြီးနောက်၊ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ) ၊ဦးထွန်းကျော် (အင်းပေါက်ဝကုမ္ပဏီ)၊ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း) ၊ဦးအောင်မြကျော် (ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်ဒေသခံလုပ်ငန်းရှင်တစ်ဦးတို့ဝင်ရောက်ဆွေးနွေးခဲ့ကြသည်
ဟုအဆိုပါအမည်မဖော်လိုသူကပြောကြားသည်။
ပြည်ထောင်စုအဆင့်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူဒေါက်တာအေးမောင်ကစစ်တွေမှာသာမဟုတ်၊
ရန်ကုန်မှာထားလျှင်လည်းဆန့်ကျင်ရမည်ဖြစ်ကြောင်း၊မြန်မာပြည်သူတစ်ရပ်လုံးအားနစ်လုဆဲဆဲနွံတွင်းထဲမှ
ဆွဲထုတ်ရမည်ဖြစ်ကြောင်းဆွေးနွေးသွားသည်။
အခုမြန်မာနိုင်ငံဒေသအသီးသီးမှာ OIC ရုံးစိုက်မှာ ကိုကန့်ကွက်ဆန္ဒပြနေကြခြင်းသည် အစိုးရကခြေလှမ်းမှားတစ်လှမ်းကျွံနေသည် ကိုခြေပြန်နှုတ်ခွင့်သာအောင်ပြည်သူများက၀ိုင်းဝန်းဆန္ဒပြနေကြခြင်းဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် ဆန့်ကျင်ကန့်ကွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည့် အလားအလာရှိနေကြောင်း ၄င်းကပြောကြားသွားသည်။

ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ

 

ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ 


Arakan Times, 14 October 2012  —  ကျော်နီမော်ကျေးရွာရှိ စရဖရုံးအား ဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသော အကျဉ်းသားထွန်းဝင်း(ခေါ်) ဂျော်မာလာဒိန် အသက်-၃၉နှစ် အဘ-သန်းအောင် သည် ထောင်မှူးတင်စိုးနှင့်ပူးပေါင်းကာ ထောင်ပြင်ပတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သတင်းရရှိသည်။
ယင်းနှစ်ကြီးတရားခံသည်ရခိုင်ပြည်ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှဘင်္ဂလီမူဆလင်တစ်ဦးဖြစ်ပြီး
 ပြစ်ဒဏ်ကျခံနေရစဉ် ထောင်မှူးဦးတင်စိုးနှင့်ပေါင်းကာ ထောင်ပြင်ပ၌အရပ်ဝတ်ဖြင့် ထောင်ခြံဝန်းအတွင်း အုတ်လုပ်ငန်းကို လုပ်ကိုင်နေကြောင်း၊ ကျောက်နီမော် ဘင်္ဂလီများထံသို့ ကျောက်ဖြူမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ အစရှိသော လောင်စာဆီများ၊ ဆန်၊ ဆီ၊ ဆား စသော စားသောက်ကုန်ပစ္စည်းများကို တင်ပို့လျှက်ရှိပြီး ရရှိသော အမြတ်ငွေများကို ထောင်းမှူးဦးတင်စိုးအား ရာခိုင်နှုန်းအလိုက်ခွဲဝေပေးကြောင်း သိရှိရသည်။
“သူအဲဒီလို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အဲဒီဂျော်မာလာဒိန်ရဲ့ ဇနီးဒေါ်ခင်ခင်နိုင်ကနေ လိုအပ်တဲ့ ငွေကြေးတွေကို ပေးပို့ပါတယ်၊ ပြီးတော့ ကျော်နီမော်ကနေထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေဖြစ်တဲ့ငါးတွေကို ကျောက်ဖြူကိုတင်ပို့ပြီးတော့ 
 ထောင်မှူးတင်စိုးနဲ့အတူ ထောင်အပြင်ကိုထွက်ကာအရပ်ဝတ်တွေဝတ်ပြီးတော့ ကျောက်ဖြူမြို့အတွင်းမှာ 
 ရောင်းချစီးပွားရှာနေတာကို ကျနော်တို့တွေ့နေရပါတယ်”ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောသည်။

၎င်းတရားခံဂျော်မာလာဒိန်အား ထောင်မကျမီအချိန်အတွင်း သံတွဲမြို့ အာမီဆတ်အဖွဲ့မှ

မြန်မာ ၃ ဦး ယာဘားဆေးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ

မြန်မာ ၃ ဦး ယာဘားဆေးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ 


နိရဉ္စရာသတင်းဌာန. ၁၄ရက်နေ့ အောက်တိုဘာ ၂၀၁၂  — ယာဘားဆေးပြား ၄၀၀၈၈ နှင့် အတူ  မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာ တာဝန်ရှိ သူ များပြောသည်။
သူတို့သည် အဆိုပါ ယာဘား ဆေးပြားများကို ဘုတ်တစ်စီးဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်သို့ တင်သွင်းလာစဉ် နတ်မြစ်အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
“ လျို့ဝှက် သတင်းအရ တက်ကနက်မြို့နယ် နာဆီယာ ပါရာ အနီးက နတ်မြစ်အတွင်း ဘုတ် တစ်စီးပေါ် ကို တက်ရောက် ရှာဖွေစဉ်မှာ ယာဘားဆေပြား ၄၀၀၈၈ နဲ့ အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိ ပါတယ်” ဟု တက်ကနက် အခြေစိုက် ဘီဂျီဘီ တပ်ရပ် အမှတ် (၄၂) မှ ဗိုလ်မှူး အမ်းဒီ ဆိုင်ဖူးလ် ရာဟမန်က ပြောသည်။
သူတို့ကို ယခုအခါ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဟု ဆိုသည်။

ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး



ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး


Arakan Times, 14 October 2012  —  ယနေ့ အောက်တိုဘာလ (၁၄)ရက် စစ်တွေမြို့ ဂြစ်ဖက်ဘုန်းကြီးကျောင်းတွင် ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစော၊ ရဟန်းပျိုသမဂ္ဂမှ ရဟန်းတော်များ၊ စစ်တွေမြို့ မြို့မိ၊ မြို့ဖများနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လူပေါင်း (၁၀၀)ကျော်ခန့် တက်ရောက်လာကြပြီး နေ့လည် (၁)နာရီခွဲတွင် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
“အခမ်းအနား ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ရသင့်၊ ရထိုက်တဲ့အရာတွေကို ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတထံမှာ တောင်းဆိုသွားဖို့အတွက် ဖြစ်ပါတယ်။ အဓိက ကျနော်တို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေလိုချင်တဲ့ အချက်(၅)ချက်ကို တောင်းဆို ထားပါ တယ်”ဟု စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။
အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာဦးလှစော၊ ယခင်ကျောင်းသားသမဂ္ဂ တည်ထောင်ခဲ့ သော အတွေ့အကြုံရှိ ၀ါရင့်ပုဂ္ဂိုလ်များနှင့် မြို့မိ၊ မြို့ဖများက အကြံအဥာဏ်များပေးအပ် ပြောကြားပြီး ရခိုင်ကျောင်းသား သမဂ္ဂမှ အောက်ပါအချက်(၅)ချက်အား နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံမှာ OIC ရုံး စိုက်ခွင့်မပြုထားကြောင်း ကြေညာထား


မြန်မာနိုင်ငံမှာ OIC ရုံး စိုက်ခွင့်မပြုထားကြောင်း ကြေညာထား


ဧရာဝတီဘလော့. ၁၄ရက်နေ့ အောက်တိုဘာ ၂၀၁၂  —- မြန်မာပြည်သူအများက လိုလားမှု မရှိသော အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ခေါ် ( Organization of Islamic Cooperation) ၏ မြန်မာနိုင်ငံရုံးစိုက်ခွင့်ကို မြန်မာအစိုးရ အနေဖြင့် ခွင့်ပြုမှု ရှိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး ၏ ( မှူးဇော် ဖေ့စ်ဘုတ်စာမျက်နှာ) မှာ ယနေ့ ညနေပိုင်း က ဖော်ပြထားပါတယ်။
အောက်တွင် သူ၏ ဖေ့စ်ဘုတ်တွင် သမ္မတရုံး ၏ ကြေညာချက်အား ဖော်ပြထားတာ ကို ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်
by Hmuu Zaw on Sunday, October 14, 2012 at 5:02pm ·

၁။  မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရဟန်းသံဃာများ အပါအဝင် ပြည်သူ အများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။