Thursday, January 10, 2013

အစိုးရဝန်ထမ်း လစာတိုးနိုင်ကြောင်း သမ္မတ အရိပ်အမြွက်ပြောကြား


အစိုးရဝန်ထမ်း လစာတိုးနိုင်ကြောင်း သမ္မတ အရိပ်အမြွက်ပြောကြား 


ရန်ကုန် (မဇ္ဈိမ) . ၁၀ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —-   အစိုးရဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ လာမည့်ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးနိုင်တော့မည့် အနေအထားရှိကြောင်း ပြည်ထောင်စု လွှတ်တော်သို့  ဇန်န၀ါရီလ ၁၀ ရက်နေ့က ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး သဝဏ်လွှာတွင် အရိပ်အမြွက် ထည့်သွင်း ပြောကြားသွားသည်။
ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သော လူမှုရေး ဆောင်ရွက်ချက်များအကြောင်း ပြောကြားရာတွင် သမ္မတက ယခုလို ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

ခရိုနီကြီးများ၏ အကူအညီနှင့် ပတ်သက်၍ ဒေါ်စု သဘောထား ထုတ်ဖော်


ခရိုနီကြီးများ၏ အကူအညီနှင့် ပတ်သက်၍ ဒေါ်စု သဘောထား ထုတ်ဖော် 

ပထမ အကြိမ် ပြည်သူလွတ်တော် ဆဌမပုံမှန်အစည်းအဝေး ပထမနေ့ အဖွဲချုပ် ဥက္ကဌ ကော့မူးမြိုနယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားနေစဉ်။ (ဓာတ်ပုံ - NLD)
ရန်ကုန် (မဇ္ဈိမ) .၁၀ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —-   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် NLD ၏ လူမှုရေး လုပ်ငန်းလုပ်ငန်းများကို ပံ့ပိုးနေသည်ဟုဆိုသည့် ခရိုနီများနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ထုတ်ဖော် ပြောကြားလိုက်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။