Thursday, February 28, 2013

မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ


မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ 

အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner
VOA News,  28February 2013  —-  မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့  မြန်မာစစ်တပ်ပိုင်းနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တိုးတက်ဖို့အတွက်  နိုင်ငံရေး နဲ့ စီးပွားရေးအပြင်၊ လူ့အခွင့်အရေး  အခြေခိုင်ဖို့ အမေရိကန်က လိုလားတဲ့အကြောင်း အမေရိကန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။  မနေ့က အမေရိကန် အောက်လွှတ်တော်မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ ကြားနာစစ်ဆေးပွဲမှာ အမေရိကန် ထိပ်ပိုင်းခေါင်းဆောင်တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်သိင်္ခက တင်ပြပေးထားပါတယ်။

ပြည့်ဝထွန်းကားတဲ့ လူ့အခွင့်အရေး ရရှိဖို့


ပြည့်ဝထွန်းကားတဲ့ လူ့အခွင့်အရေး ရရှိဖို့ 

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomas Ojea Quintana ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ပြေးဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃)
VOA News, 27February 2013  —-  (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြည့်ဝ ထွန်းကား တဲ့ နိုင်ငံတခုအဖြစ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံအသိအမှတ်ပြုလာဖို့အတွက် စစ်တပ်ရဲ့  အမှုအကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်လေ့ လာခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomás Ojea Quintana က ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးအ တွက် ဒေသခံ အာဏာ ပိုင်တွေဖက်က ဘာမှလုပ်ကိုင်ဆောင်ရွက်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ဦးကျော်ဇံသာ က  မစ္စတာကင်တားနားနဲ့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

၁၃ နှစ်ကျော်ကြာမှ စစ်တပ်က သိမ်းထားသော လယ်မြေများကို လယ်သမားများ ပြန်လည်ငှားရမ်း လုပ်ကိုင်ခွင့်ရ




၁၃ နှစ်ကျော်ကြာမှ စစ်တပ်က သိမ်းထားသော လယ်မြေများကို လယ်သမားများ ပြန်လည်ငှားရမ်း လုပ်ကိုင်ခွင့်ရ 


နိရဉ္စရာသတင်းဌာန. ၂၈ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —  ၁၃ နှစ်ကျော်ကြာ စစ်တပ်က သိမ်းပိုက်ထားပြီး လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရခဲ့သော လယ်မြေများကို ပိုင်ရှင် လယ်သမားများ အနေဖြင့် ယခုနှစ်တွင် ပြန်လည် ဌားရမ်း လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သတင်း  ရရှိသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နေပူခံ၊ ပေါင်းဇား စသည့် ကျေးရွာများမှ လယ်ဧက ၁၀၀၀ ကျော်ကို ၂၀၀၀ ခုနှစ်က သိမ်းယူသွားခဲ့သည်။

လယ်မြေများကို သိမ်းယူသွားပြီးနောက် ရသေ့တောင်မြို့မှ စီးပွားရေး သမား ဦးစောအောင်သိန်းအား ဌားရမ်း လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး လယ်သမားများအား လယ်ပေါ်သို့ တက်ရောက်ခွင့်ကို တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားခဲ့သည်။

ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး




ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး

တူးဖေါ်ထားသော ရှေးခေတ်လှေကြီးကို တွေ့ရစဉ် ( ဓါတ်ပုံ- Wassama Doja from The Dailystar)
နိရဉ္စရာသတင်းဌာန. ၂၈ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —  သဲသောင်ပြင်တွင် နစ်မြုပ်နေသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသမှ ရှေးခေတ် ရခိုင်လှေကြီးကို အောင်မြင်စွာ ဖေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင်ရှေးခေတ်လှေကြီးကို ဒုတိယ အကြိမ်မြောက် ပြန် လည်တူး ဖေါ်ရာတွင် နောက်ဆုံးအဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနက ပြောသည်။

မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်


မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
VOA News, 28February 2013  —-  မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေဖက်က ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆိုလိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

နော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မယ်


နော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မယ် 


ရွှေတြိဂံဒေသတွင် ဖမ်းမိခဲ့သော မူးယစ်ရာဇာနော်ခမ်း နှင့် ၎င်း၏ လက်ထောက် ၃ ဦးတို့ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင်  မနက်ဖြန် ဆေးထိုးပြီး ကွပ်မျက်မည်ဖြစ်ကြောင်း တရုတ်တရားရုံးတခုကို ကိုးကားပြီး ဆင်ဟွာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
၎င်းတို့ကို တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုဖြင့် သေဒဏ် ပေးရန် စီရင်ချက်ချထားပြီးဖြစ်ကြောင်း၊ လက်ထောက် ၃ ဦးမှာ ထိုင်းနိုင်ငံမှ Hsang Kham, နိုင်ငံမဲ့ဖြစ်သူ Yi Lai, လာအိုလူမျိုး Zha Xika တို့ ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ရေးသား ဖော်ပြထားသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။