Friday, October 19, 2012

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ စစ်တပ် လေ့လာသူ အဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ စစ်တပ် လေ့လာသူ အဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း 

Freedom News Group, 19 October 2012  —  အာရှဒေသတွင်းရှိ  အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ယခုနှစ်တွင် မြန်မာ နိုင်ငံ က လေ့လာသူ အဖြစ် ပါ ၀င်ရန်
အမေရိကန် က ကမ်းလှမ်းထား သည် ဟု ရိုက်တာ သတင်း ဌာန က သီးသန့် ရရှိ
သည့် သတင်း တွင် ဖော်ပြထားသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်
စင်ကာပူ နိုင်ငံမှ  ကြည်း၊ ရေ၊ လေ စစ်သား များ နှင့် ခောတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာ
စစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။

ပစိဖိတ်စစ်နယ်ဝှမ်းသစ် (အပိုင်း-၁)

ပစိဖိတ်စစ်နယ်ဝှမ်းသစ် (အပိုင်း-၁) 

USS CarlVinsonDK၊        ၊ကြီးထွားလာနေသောတရုတ်နိုင်ငံအား တန်ပြန်ထိန်းညှိနိုင် ရန် ပဏာမလုပ်ငန်းများ
ကို အမေရိကန်ပြည်ထောင်စုနှင့်မဟာမိတ်များမှ စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။

ယခုလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဟီလာရီကလင်တန် (Hillary Clinton) နှင့်
ကာကွယ်ရေးဝန်ကြီး လီယွန်ပဲန်နက်တာ (Leon Panetta) တို့မှ သြစတြေးလျမှ ရောက်ရှိ
လာသော သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့အား တွေ့ဆုံရန်
ဆန်ဖရန်စစ္စကိုမြို့ (San Francisco) သို့သွားရောက်ခဲ့ကြသည်။

ပစိဖိတ် စစ်နယ်ဝှမ်း သစ် (အပိုင်း-၂)




ပစိဖိတ် စစ်နယ်ဝှမ်း သစ် (အပိုင်း-၂)


obama-gillard Photo Credit The AustralianDK၊         ၊အာရှတိုက်တွင် လမ်းဘေးလူမိုက် ဖြစ်လာသော တရုတ်အား တန်ပြန်ထိန်းညှိရန်
အတွက်သြစတြေးလျနိုင်ငံ ဒါဝင်မြို့ (Darwin) ရှိ စစ်အခြေစိုက်စခန်း တခုတွင် အမေရိကန် မရိန်း
တပ်များမှ အမြဲတမ်းအခြေစိုက်ရန်အတွက် အလှည့်ကျတပ်စွဲ တော့မည့် ကိစ္စအား အိုဘား
မားမှ သိပ်မကြာမီ၌ ကြေငြာတော့မည် ဖြစ်၏။

အိုဘားမားမှ အမေရိကန်သမ္မတအဖြစ်နှင့် လာမည့် (၂၀၁၁) နိုဝင်ဘာ (၁၇) ရက်နေ့တွင်
သြစတြေးလျနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ရန် စီစဉ်ထားပြီး ထိုစစ်ရေးကိစ္စအား
သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလဒ်နှင့် ပူးတွဲ၍ ကြေငြာရန် စီစဉ်ထားသည်။

ပစိဖိတ်စစ်နယ်ဝှမ်းသစ် (အပိုင်း-၃၊ ဇာတ်သိမ်း)



ပစိဖိတ်စစ်နယ်ဝှမ်းသစ် (အပိုင်း-၃၊ ဇာတ်သိမ်း) 


44-UESE-600x450DK ၊         ၊အမေရိကန်တပ်မတော်အနေနှင့် အာဖဂန်နစ္စတန်တွင် ပံ့ပိုးပေးရသည့် လေ့ကျင့်မှု
အတိုင်းအတာခန့်ရှိသော အခြားသော စစ်ရေးအရ လေ့ကျင့်မှုပေးခြင်းတရပ်အတွက် ပြင်ဆင်
ထားရန်လိုအပ်ပါသလား ?

(၂၀၁၁) စက်တင်ဘာ လဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော အာဖဂန်မြို့တော်ဖြစ်သည့် ကဘူးလ်မြို့
တွင်းရှိ အမေရိကန်သံရုံးအပါအဝင် အဓိကကျသော နေရာများစွာအား ထိုးဖောက်တိုက်ခိုက်
လာခဲ့သော အစ္စလာမ်ဘာသာရေး အစွန်းရောက် အကြမ်းဖက် တာလီဘန် မွတ်စလင် သူပုန်
များအား ချေမှူန်းရာတွင် အာဖဂန်ရဲတပ်ဖွဲ့နှင့် နိုင်ငံစုံတပ်များ (ISAF) တို့မှ နာရီ (၂၀) ခန့်
အချိန်ယူခဲ့ရသည်။ ထိုတာလီဘန်တိုက်ခိုက်မှုသည် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်လှ
ဟု အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရိုင်ယန်ခရော့ကာ (Ryan Crocker)
ဟုဆိုသော်လည်း၊ တာလီဘန်များသည် သတင်းထောက်လှမ်းရယူမှု အပိုင်းတွင် လုပ်ဆောင်နိုင်
ခဲ့သည်ဟု ISAF ၏တပ်မှူးချုပ်ဖြစ်သူ အမေရိကန်မရိန်းဗိုလ်ချုပ်ကြီး ဂျော်န်အယ်လဲန် (John Allen)
မှဆိုခဲ့သည်။

၂၀၁၁ ရန်ကုန်အကယ်ဒမီနဲ့ မတ္တရာလွင်ပြင်


၂၀၁၁ ရန်ကုန်အကယ်ဒမီနဲ့ မတ္တရာလွင်ပြင်

နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ် အကယ်ဒမီ ဆုပေးပွဲ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၁၈ ရက်နေ့ အောက်တိုဘာ ၂၀၁၂  —
မျှော်တလင့်လင့် ၂၀၁၁ ရန်ကုန် အကယ်ဒမီ
မစပ်စုတို့ရဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကြီးကတော့ ရန်ကုန်မှာ ကျင်းပနေရာကနေ နေပြည်တော်မှာကျင်းပ၊ အခုတခါတော့ နေပြည်တော်မှာ ကျင်းပရာကနေ တပတ်ပြန်လည်ပြီး ရန်ကုန်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီပေး ပွဲကြီးကို ရန်ကုန် သုဝဏ္ဏမိုးလုံ လေလုံ အားကစားရုံကြီးမှာ ပြန်လည် ကျင်းပတော့ မယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ကြေညာလိုက်ပါပြီ။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်တန့်ဖို့ ပြည်သူ့ညီလာခံက တောင်းဆို


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်တန့်ဖို့ ပြည်သူ့ညီလာခံက တောင်းဆို 


BBC News, 18 October 2012  — မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ခွင့်ရ ကုမ္ပဏီနဲ့ ဒေသခံတွေကြား စီမံကိန်း ရပ်တန့်ဖို့ ကိစ္စ အငြင်းပွား နေချိန်မှာ ဒေသခံတွေ ဘက်က လက်ပံတောင်း ပြည်သူ့ ညီလာခံ ဆိုပြီး လက်ပံတောင်း ဒေသခံတွေ ဦးဆောင်တဲ့ တွေ့ဆုံပွဲ တခုကို ကြာသပတေး နေ့က စပြီး မနက်ဖြန် အောက်တိုဘာ ၁၉ ရက်နေ့ထိ လက်ပံတောင်း တောင်ခြေက ဆည်းတည်း ရွာမှာ ကျင်းပနေပါတယ်။

ပုသိမ် တောင်သူ လယ်သမား သမဂ္ဂ ဖွဲ့


ပုသိမ် တောင်သူ လယ်သမား သမဂ္ဂ ဖွဲ့ 

ယမန်နေ့ကကျင်းပသောပုသိမ်မြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းသည့် အခမ်းအနား (ဓာတ်ပုံ – ဆလိုင်း ဟံသာစန်း / ဧရာဝတီ
ဧရာဝတီသတင်းဌာန. ၁၈ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  တောင်သူ လယ်သမားများ ၏ အရေးကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ ကျော် မှ တောင်သူလယ်သမားများ စုစည်း၍ ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ ကို ဖွဲ့စည်းလိုက်သည်။
ပုသိမ်မြို့နယ် ကြက်ပေါင် တိုက်နယ်၊ ကြက်ပေါင် ကျေးရွာ ပေါ်တော်မူ ဘုန်းကြီးကျောင်း၌ ယမန်နေ့က ကျင်းပသည့် သမဂ္ဂ ဖွဲ့စည်းခြင်း အခမ်းအနားသို့ ကျေးရွာ ၅၀ ကျော်မှ တောင်သူ လယ်သမား ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်၍ ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ အလုပ် အမှုဆောင် အဖွဲ့ဝင် ၄၆ ဦးကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ ဆေးခန်းကို လူတချို့ ဆန္ဒပြ


နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ ဆေးခန်းကို လူတချို့ ဆန္ဒပြ

RFAနယ်စည်းမခြားဆရာဝန်များအဖွဲ့AZG၏စစ်တွေမြို့ ဆေးခန်းရှေ့တွင် ဆန္ဒပြနေသူများကို၂၀၁၂ခုနှစ် အောက်တိုဘာလ၁၈ရက်နေ့က တွေ့ရစဉ်။
RFA News, 18 October 2012  —  ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ AZG ဆေးခန်း စစ်တွေမြို့ မှာ ဒီကနေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာကို မြို့ခံလူထု ၂၀ ကျော်က အဲဒီဆေးခန်းရှေ့မှာပဲ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒီဆေးခန်းကို ယာယီ ပိတ်ထားခဲ့ပြီး စစ်တွေမြို့ အမှတ်-၁၇၊ ကမ်းနားလမ်း၊ မိဇံရပ်ကွက်မှာ ရှုခင်းသာ အမည်နဲ့ ဒီကနေ့ မနက်ပိုင်းက ဆေးခန်း ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။