Friday, January 25, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမည်  
Wednesday, 23 January 2013 22:40
AddThis Social Bookmark Button
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီ၏ ရန်ကုန်ရုံး Admin မန်နေဂျာ ဦးမြင့်သိန်းက ဇန်န၀ါရီ ၂၄ ရက်တွင် Eleven Media Group သို့ တရားဝင်ပြောကြား လိုက်သည်။
နိုင်ငံတော်အစိုးရမှ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်း မပြုဘဲ ဖျက်သိမ်းပါက တရားဥပဒေ လမ်းကြောင်းဖြင့်သာ ဖြေရှင်းမည်ဖြစ်ပြီး အစိုးရသို့မဟုတ် ကြားခံကုမ္ပဏီ မည်သည့်အဖွဲ့အစည်းကို တရားစွဲဆိုမည်ဆိုသည်ကိုမူ စာချုပ်အား အသေးစိတ်လေ့ လာပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် Hawaii ကို ရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည် Hawaii ကို ရောက်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နဲ့ တောင်ကိုရီးယားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ်။ (ဇန်နဝါရီ ၂၄၊ ၂၀၁၃)
VOA News, 24 January 2013  —-  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Hawaii ပြည်နယ်မှာ ကျင်းပတဲ့ Rotary ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် ကြာသပတေးနေ့က Hawaii ပြည်နယ် Honolulu မြို့တော်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီမှာ သတင်း ယူဖို့အတွက် VOA  ဝိုင်းတော်သား ကိုသိန်းထိုက်ဦး လည်း ရောက်နေ တာကြောင့်  ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်အစီအစဉ်တွေကို သိရဖို့ မစုမြတ်မွန်က ကိုသိန်းထိုက်ဦးကို ဆက်သွယ်မေးထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။