Sunday, August 12, 2012

မြန်မာထိပ်တန်း ကုမ္ပဏီများပါဝင် လျှောက်ထားသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၀၀ ကျော် ဖွင့်ခွင့်ပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန စိစစ်နေ




မြန်မာထိပ်တန်း ကုမ္ပဏီများပါဝင် လျှောက်ထားသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၀၀ ကျော် ဖွင့်ခွင့်ပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန စိစစ်နေ  

Sunday, 12 August 2012 10:59
မြန်မာထိပ်တန်း နာမည်ကျော် ကုမ္ပဏီများဖြစ်သော မက်စ်မြန်မာ၊ ထူး၊ ရွှေတောင်၊ လွယ်ဟိန်းကုမ္ပဏီများ အပါအ၀င် စီးပွားရေးလုပ်ငန်းများ မှ လျှောက်ထားသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၂၉ ဆိုင်ကို ဖွင့်ခွင့် ပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ စိစစ်နေကြောင်း သတင်းရရှိသည်။ “ရောင်းချခွင့် လိုင်စင်ထုတ်ပေးနိုင်ဖို့ စိစစ်နေပါတယ်။ ရောင်းချလိုတဲ့နေရာတွေကို ပညာရှင်အရာထမ်း တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့တွေ ကွင်းဆင်းစစ်ဆေးနေပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ဖွင့်လှစ် ခွင့်ပေးသွားမှာပါ”ဟု  စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

မြန်မာတစ်နိုင်ငံလုံး၌ ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီဆိုင် ၃၉၆ ဆိုင်ရှိပြီး အသစ်ဖွင့်ခွင့်ပြုရန် စိစစ်နေသည့် အရောင်းဆိုင် ၅၂၉ ဆိုင်ကိုခွင့်ပြုလိုက်ပါက ပုဂ္ဂလိကစက်သုံးဆီ ဆိုင်ပေါင်း ၉၀၀ ကျော် ရှိလာမည်
အဆိုပါ ပုဂ္ဂလိကစက်သုံးဆီဆိုင်သစ်များ၊ သိုလှောင်ဖြန့်ဖြူးရေးစခန်းသစ်များ တည်ဆောက်လုပ်ကိုင် လိုသူများအနေဖြင့် မြေပိုင်ဆိုင်မှု အထောက်အထား၊ သက်ဆိုင်ရာပြည် နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ထောက်ခံချက်၊ စက်သုံးဆီရရှိနိုင်မည့် ကုမ္ပဏီအဖွဲ့အစည်း၏ ထောက်ခံချက်၊ စာချုပ်စာတမ်းစသည့် အထောက်အထား သုံးချက်ဖြင့် လျှောက်ထားရခြင်းဖြစ်ပြီး မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းနှင့် သတ္တုတွင်းဦးစီးဌာနတို့မှ စိစစ်ဖြစ်ကြောင်းနှင့် စက်သုံးဆီအရောင်းဆိုင်သစ်ဖွင့်လှစ်ရန် လိုအပ်ချက်များနှင့် ကိုက်ညီပါက စက်သုံးဆီ အမျိုးအစားအလိုက် သိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်များ ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရပါသည်။
စက်သုံးဆီသိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်ကို ယခင်က အစိုးရကသာ ထိန်းချုပ်ထားပြီး ၂၀၁၀ ပြည့် နှစ် ဇွန်လ ၁၀ ရက်နေ့မှ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထို သို့ ပုဂ္ဂလိကသို့လွှဲပြောင်း ရောင်းချခဲ့သော စက်သုံးဆီဆိုင် ၂၆၁ ဆိုင် အနက် လက်ရှိအချိန်ထိ ၂၅၆ ဆိုင် ဖွင့်လှစ်ရောင်းချနေပြီး အရောင်းဆိုင် ၁၄၀ ကို အသစ်ဖွင့်လှစ်ရောင်း ချခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ယခုအချိန် တွင် မြန်မာတစ်နိုင်ငံလုံး၌ ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီဆိုင် ၃၉၆ ဆိုင်ရှိပြီး အသစ်ဖွင့်ခွင့်ပြုရန် စိစစ်နေသည့် အရောင်းဆိုင် ၅၂၉ ဆိုင်ကိုခွင့်ပြုလိုက်ပါက ပုဂ္ဂလိကစက်သုံးဆီ ဆိုင်ပေါင်း ၉၀၀ ကျော် ရှိလာမည်ဖြစ်ပါသည်။
ယခုစက်သုံးဆီဆိုင်သစ် ၅၀၀ ကျော်အနက် အများစုမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်မည်ဟု သိရသည်။  
Comments 
 +1 #4 For people 2012-08-13 09:20
Myanmar customs need to use independent third party survey companies like Intertek SGS & inspectorate. We required every import & export petroleum products to inspect for quality & quantity survey. Such surveys calculated for Quantity on ship, free water, bunker survey, Draft survey, seal check on ship tank, shore tank out-turn before/after receiving, line holding quantity, sealing all shore outlet valve before operations and so on. All shore tanks must be calibrated by one of world leading survey company, and also be verified with remote radar on top of tank measuring 24 hours logging, all calibration points must be documented. There is no way to lose any single tax money for people if all parties agree on such survey result. This is just a brief procedures of BP, caltex, Exxon, Chevron. same for Gas pipe line survey too...Hope this will send right message to Officials.
 
+10 #3 Public Servant 2012-08-12 20:35
သေချာစစ်ရမှာက မြန်မာ့သဘာဝဓာတ်ငွေ့ condensate တွေ ဘယ်လောက်အမှန်အကန်နိုင်ငံခြား ထွက်သွားတယ်ဆိုတာကိုပဲ။ ပလက်ဖောင်းကထွက်သမျှ လက်ဝါးမရိုက်ပဲ မှန်မှန်ကန်ကန် ပြည်သူ့ငွေတွေကို ရရှိစေဘို့ သေချာ စီစစ်သင့်တယ်။
 
+27 #2 minhtetpaizin 2012-08-12 19:49
မစစ်လို့လဲမဖြစ်ပြန်ဘူးဗျ စစ်မှစားရမှာလေ ။ မကြာမကြာစစ်မှ မကြာမကြာစားရတာပေါ့ စဉ်ဆက်မပြတ်စစ်မှ စဉ်ဆက်မပြတ်စားရမှာ။
 
+46 #1 Zawtika 2012-08-12 11:31
စီစစ်မနေပါနဲ့ဗျာ..။
ခွင့်ပြုလိုက်ပါ။
အပင်ပန်းခံပီး လိုက်စစ် မနေပါနဲ့။
ခွင့်ပြုမိန့် တင်တုံးတော့ ဘောင်ဝင်အောင်လုပ်ပြမှာပေါ့။
လိုက်စစ်နေရင် စစ်တဲ့လူ အရူးဖြစ်မှာဘဲ။
ဒါမျိုးက ဟိုး ဖဆပလ ခေတ် ကတဲက ဖြစ်လာတာ...
တိုင်းပြည်ပြာပုံတိုးနေတာကိုဘဲကြည့်ကြတော့...
စောဖေက နောကျေ နေဘီ။

မြန်မာနိုင်ငံ၏ စက်သုံးဆီကဏ္ဍမှ ယခုဘဏ္ဍာရေးနှစ်၏ သုံးလအတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်း ၂၉၆၂၁ ကျော်ရရှိ၊ MIC ခွင့်ပြုချက်ဖြင့် BOT ကုမ္ပဏီများမှ စက်သုံးဆီအား အခွန်လွတ်နှင့် များစွာ တင်သွင်းနေ၍ ရရှိမည့် အခွန်များနစ်နာ


မြန်မာနိုင်ငံ၏ စက်သုံးဆီကဏ္ဍမှ ယခုဘဏ္ဍာရေးနှစ်၏ သုံးလအတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်း ၂၉၆၂၁ ကျော်ရရှိ၊ MIC ခွင့်ပြုချက်ဖြင့် BOT ကုမ္ပဏီများမှ စက်သုံးဆီအား အခွန်လွတ်နှင့် များစွာ တင်သွင်းနေ၍ ရရှိမည့် အခွန်များနစ်နာ  

Sunday, 12 August 2012 10:54
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် က စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းမှ  အခွန်အရပ်ရပ် စုစုပေါင်း ကျပ်၈၄၀၃၃ သန်းကျော် ရရှိပြီး ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဇွန်လကုန်အထိ သုံးလအတွင်း ကုန်သွယ်လုပ်ငန်းခွန် စုစုပေါင်းကျပ်သန်း ၂၉၆၂၁ ကျော် ရရှိထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းရှိန်က အမျိုးသားလွှတ်တော် အစည်းအဝေး ၂၃ ရက်မြောက်နေ့ ဖြစ်သော သြဂုတ်လ ၉ ရက်နေ့ တွင် ပြောကြားခဲ့သည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါက်တာတင်ရွှေ၏ “ပုဂ္ဂလိက စက်သုံးဆီဆိုင် ၃၉၁ ဆိုင်ဖွင့်လှစ်၍ ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အတွက် အခွန်မည်မျှ ထမ်းဆောင်နိုင်ခဲ့သည်ကို သိရှိလိုခြင်း “မေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဦးဝင်းရှိန်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တစ်ဦးချင်းပုဂ္ဂိုလ်များ အား ပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင် ၃၉၁ ဆိုင်ဖွင့်လှစ်ခွင့်ပေးထား ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၌ ရောင်းချမှုအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ပြည်ပမှတင်သွင်းရာတွင် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် စက်သုံးဆီအရောင်းဆိုင်များ၏ ၀င်ငွေခွန်စသည်ဖြင့် အခွန်အရပ်ရပ်မှာ စုစုပေါင်းကျပ် ၄၁၂၁၆ ဒသမ ၆၂၈ သန်း ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

BOT နဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို လုပ်နေတဲ့ ကုမ္ပဏီအများစုက စက်သုံးဆီဆိုင်ဖွင့်ထားတဲ့ ကုမ္ပဏီတွေ ဆိုတော့ တကယ်လုပ်ငန်းသုံးတာလည်း ပါနိုင်ပေမယ့် တစ်ဖက်မှာ ပြန်ရောင်းတာမျိုး ရှိ၊ မရှိ မသိနိုင်ဘူး။ သတိပြုတာ နိုင်ငံပိုအကျိုးရှိပါတယ်  .  .  .
ယင်းအပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်ကလည်း စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းမှ အခွန်အရပ်ရပ် စုစုပေါင်းကျပ် ၈၄၀၃၃ ဒသမ ၂၁၆ သန်းရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယခု ၂၀၁၂-၂၀၁၃ဘဏ္ဍာရေး နှစ်တွင် ဧပြီလမှ ဇွန်လကုန်အထိ သုံးလအတွင်းစက်သုံးဆီရောင်းဝယ် ရေးလုပ်ငန်းမှ ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ပြည်ပမှ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန် နှစ်ရပ်ပေါင်း မှာ ကျပ် ၂၉၆၂၁ ဒသမ ၃၆၈ သန်း ရရှိထားကြောင်း၊ ယခုဘဏ္ဍာရေးနှစ် အတွက် ၀င်ငွေခွန်မှာမူ ကြေညာလွှာ တင်သွင်းဆဲ ကာလဖြစ်သည့်အတွက် စည်းကြပ်ကောက်ခံနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်က ပြည်ပမှ စက်သုံးဆီတင်သွင်းမှုမှာ အမေရိ ကန်ဒေါ်လာ ၁၄၆၂ ဒသမ ၉၅၄ သန်း ပမာဏရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၁၈၂၄ ဒသမ ၅၀ သန်းဖိုး တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တင်သွင်းသည့် တန်ဖိုးမှာ နှစ် ဆကွာဟမှုမရှိသော်လည်း ကောက်ခံရရှိသည့် အခွန်ငွေမှာ နှစ်ဆအထိ ပင်မြင့်တက်လာကြောင်း၊ ထို့အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က စက်သုံးဆီလုပ်ငန်းမှ အခွန်ပေးဆောင်ကြမှု များစွာနည်းပါးခဲ့သည်မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမည်သာ ဖြစ်သည်ဟုလည်း သွင်းကုန်လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။
ထိုသို့ ကွာဟရခြင်းမှာ နိုင်ငံပိုင်လုပ်ငန်းများအား BOT စနစ်ဖြင့် ကုမ္ပဏီကြီးများက လုပ်ကိုင်ရာတွင်  လုပ်ငန်း အကောင်အထည်ဖော်ရာတွင် အသုံးပြုမည့်ခေါင်းစဉ်ဖြင့် စက်သုံးဆီများအား အခွန်လွတ်ဖြင့် တင်သွင်းခဲ့ကြမှုမှာ အဓိကပါဝင်ကြောင်း၊ ထိုသို့ တင်သွင်းခွင့်ပေးရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ခွင့်ပြုထားကြောင်း သိရသည်။
MIC အနေဖြင့် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလက ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအနေ ဖြင့် ဥပဒေပါ သက်သာခွင့်အရ စက်သုံးဆီအား အခွန်လွတ်ဖြင့် တင်သွင်း ခွင့်ပြုပေးခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလက ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု ဥပဒေအခန်း (၇)၊ ပုဒ်မ ၁၃၊(ဇ)တွင်မူ စက်ကိရိယာပစ္စည်းများ တင်သွင်းအသုံးပြုခြင်းသာပါဝင်ပြီး စက်သုံးဆီ မပါဝင်ကြောင်း၊ အဆိုပါ ပုဒ်မ ၁၃(ဇ)တွင် “သတ်မှတ်ထားသည့် ကနဦးရင်းနှီးမြှုပ်နှံမှု ကာလအတွင်း ပြည်တွင်းမှ မရရှိနိုင်သည့် အမှန်တကယ် အသုံးပြုရန်လိုအပ်၍ ပြည်ပမှတင်သွင်းသော စက်ပစ္စည်း၊ စက်အရန်ပစ္စည်း၊ စက်ကိရိယာ၊ စက်ကိရိယာအစိတ်အပိုင်း၊ လုပ်ငန်းသုံးပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေကင်းလွတ်ခွင့် သို့ မဟုတ်သက်သာခွင့်”ဟု သာ ဖော်ပြပါရှိကြောင်း ထုတ်ပြန်ထားသည်။
သြဂုတ်လ ၁၀ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအရလည်း ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ အခန်းတွင်လည်း ပြည်ပမှတင်သွင်း အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ ကိုသာ အဓိကအခွန်က င်းလွတ်ခွင့်ပေးမှုကို ဖော်ပြထားသည်။
“BOT နဲ့နိုင်ငံပိုင် လုပ်ငန်းတွေ ကိုလုပ်နေတဲ့ ကုမ္ပဏီအများစုက စက်သုံးဆီဆိုင်ဖွင့်ထားတဲ့ ကုမ္ပဏီတွေ ဆိုတော့ တကယ်လုပ်ငန်းသုံးတာလည်း ပါနိုင်ပေမယ့် တစ်ဖက်မှာ ပြန်ရောင်းတာမျိုးရှိ မရှိမသိနိုင်ဘူး။ သတိပြုတာနိုင်ငံပိုအကျိုးရှိပါတယ်” ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် ပြည်ပမှစက်သုံးဆီ တင်သွင်းမှုအပေါ် ဒီဇယ်နှင့် ဓာတ်ဆီ နှစ်မျိုးစလုံးအား ၁၀ ရာခိုင်နှုန်းသာ ကောက်ခံသည်။     
Comments 
 +1 #4 For people 2012-08-13 09:18
Myanmar customs need to use independent third party survey companies like Intertek SGS & inspectorate. We required every import & export petroleum products to inspect for quality & quantity survey. Such surveys calculated for Quantity on ship, free water, bunker survey, Draft survey, seal check on ship tank, shore tank out-turn before/after receiving, line holding quantity, sealing all shore outlet valve before operations and so on. All shore tanks must be calibrated by one of world leading survey company, and also be verified with remote radar on top of tank measuring 24 hours logging, all calibration points must be documented. There is no way to lose any single tax money for people if all parties agree on such survey result. This is just a brief procedures of BP, caltex, Exxon, Chevron. same for Gas pipe line survey too...Hope this will send right message to Officials.
 
+8 #3 Public Servant 2012-08-12 20:44
Quoting ကျောင်းသားကြီး:
BP တို့  Shell တို့  Calltex တို့ ကို ပေးဝင်လိုက်ပါ။ ပြီးအ ခွန်ပဲကောက်။
အဲဒါအကောင်းဆုံးပဲ။ အခွန်ကို ဖြတ်အုပ်နေတာ အခွန်ဦးစီးပဲဆိုတာ မသိလေရော့သလား... :-x
 
+19 #2 ကျောင်းသားကြီး 2012-08-12 15:49
BP တို့  Shell တို့  Calltex တို့ ကို ပေးဝင်လိုက်ပါ။ ပြီးအ ခွန်ပဲကောက်။ ဓါတ်ဆီ ဒီဇယ်ကိုအခွန်လျော့တာက နိုင်ငံတိုင်းလုပ်သင့်တယ်။ ဘာလို့ လဲဆို အဲဒါက မရှိမဖြစ် စားသုံးကုန်လိုပဲ။ အခွန်တိုးကောက်ရင် အဲဒီအခွန်ကို တကယ်ပေးရတာက စားသုံးသူ ၀ယ်ယူသူတွေပဲ အဲဒီဆီဈေးတက်ရင် သယ်ယူပို့ ဆောင်ခဈေးတက်မယ်။ အခြားကုန်ဈေးနှုန်းတွေလိုက်တက်မယ် ဒါဆက်စပ်နေတယ် ဒါကြောင့် ဓါတ်ဆီ ဒီဇယ်ဆီတွေကို နိုင်ငံတော်တော်များများက မရှိမဖြစ် ပစ္စည်းအဖြစ် အခွန်လျော့ကြတယ။် ဇိမ်ခံပစ္စည်းလိုဟာမျိုးကျတော့ အခွန်မတရားတင်ကြတယ်။ ဒါမှန်တယ်။
 
+28 #1 Zawtika 2012-08-12 12:14
...... တစ်ဖက်မှာ ပြန်ရောင်းတာမျိုး ရှိ မရှိ မသိနိုင်ဘူး။............ ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။
အမယ် သိရက်သားနဲ့ ...ဖုံးဖုံး ဖိဖိ လုပ်နေတယ်...

လယ်ယာရေနစ်မြုပ်မှု အဆိုးဆုံး ကြုံနေရသည့် ဒေသများမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ် ဖြစ်ပြီး မိုးခေါင်၍ စိုက်ပျိုးရန် အခက်ခဲဆုံး ဒေသများမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်းသိရ




လယ်ယာရေနစ်မြုပ်မှု အဆိုးဆုံး ကြုံနေရသည့် ဒေသများမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ် ဖြစ်ပြီး မိုးခေါင်၍ စိုက်ပျိုးရန် အခက်ခဲဆုံး ဒေသများမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်းသိရ  

Sunday, 12 August 2012 10:35
7452 မိုးများ၍ လယ်ယာမြေ ရေနစ်မြုပ်သည့် ဒေသများထဲတွင် လက်ရှိ၌ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် အဆိုးဆုံးဖြစ်ကြောင်း၊ မိုးခေါင်၍ စိုက်ပျိုးရန် အခက်ခဲဆုံး ဒေသများမှာ မန္တလေးနှင့် စစ်ကိုင်း တိုင်းတို့ဖြစ်ကြောင်း လယ်ယာစိုက် ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ သိရှိရသည်။
လက်ရှိတွင် ရေကြီးနစ်မြုပ်သည့် ဧရိယာများအား စာရင်းကောက်ယူ ပြုစုလျှက်ရှိကြောင်း မကြာမီ မိုးများ ၍ရေနစ်မြုပ်ခဲ့သည့် စာရင်းရရှိမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာ ၀န်ရှိသူများက ပြောကြားခဲ့သည်။
“စာရင်းကတော့ ပြုစုနေတယ်။ အခု ရေနစ်မြုပ်မှုအများဆုံး ဖြစ်ပေါ်နေတာက ဧရာဝတီနဲ့ ကရင်ပြည်နယ်ပါ။ မိုးခေါင်တာကတော့ စစ်ကိုင်းနဲ့ မန္တလေးက အခေါင်ဆုံးပါ”ဟု လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
7452a
ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း၌ လယ်ဧကများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို သြဂုတ်လ ဒုတိယအပတ်က တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီးနှင့် က ရင်ပြည်နယ်အပြင် ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး၌လည်း မိုးများ၍ လယ်မြေရေနစ်မြုပ်မှု ဖြစ်ပေါ်လျှက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ အိမ်မဲ၊ လေးမျက်နှာ၊ သာပေါင်း အပါအ၀င် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများစုတွင် ရေနစ်မြုပ်မှုကာ ဆုံးရှုံးမှုရှိနေကြောင်း သိရသည်။
“ရေက နေရာအနှံ့နစ်နေတာပဲ။ ဘယ်လောက်နစ်မြုပ်မှု ရှိသလဲ ဆိုရင် ဥပမာ-လေးမျက်နှာမြို့နယ် ဆိုပါတော့။ လက်ရှိမှာ စိုက်ဧက ၅၀၀၀၀ ကျော်ရှိတယ်။ ကျေးရွာအုပ် စု ၄၁ အုပ်စုရှိတာ အုပ်စု ၂၀ လောက် က လယ်မြေတွေ ရေမြုပ်တယ်။ ဒီလို ပဲ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်းနဲ့ တခြားမြို့နယ် အများစုက လယ်တွေရေနစ်၊ ကားလမ်းပေါ်ကျော် တဲ့အထိနစ်တာဆိုတော့ စပါးခင်းကတော့ ပြောမနေနဲ့။ ဒီနှစ်တော့ တောင်သူတွေ နှစ်ခါပဲပြန်စိုက်ရမလား။ ဒီ လိုပဲနစ်နေရင်တော့ ၀မ်းစာတောင် မမျှော်နဲ့တော့”ဟု လေးမျက်နှာမြို့ နယ်နှင့် ပုသိမ်မြို့နယ်အတွင်း လယ်မြေလုပ်ကိုင်နေသည့် တောင်သူကြီး တစ်ဦးက ပြောပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ညောင်လေးပင်၊ က၀မြို့နယ်များမှ လယ်ယာများ အများဆုံး ရေနစ်မြုပ်ခဲ့ကြောင်း၊ ဝေါမြို့နယ်တွင်လည်း ရေကြီးနစ်မြုပ်မှုကြောင့် တောင်သူများ ဆုံးရှုံးမှု ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ဒဂုံအရှေ့၊ ထန်းတပင်စသည်ဖြင့် မိုးစပါးစိုက်ဒေသများ ရေနစ်မြုပ်မှု အများဆုံးဖြစ်ပွားခဲ့ပြီး တောင်သူများဆုံးရှုံးမှု အချို့ရှိကြောင်းလည်း သိရသည်။
“ဧရာဝတီနဲ့ကရင်မှာ အများဆုံးနစ်မြုပ်တယ်။ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးမှာလည်း နစ်မြုပ်တာပဲ။ ဒီတော့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်း ဒေသကြီးသုံးခုကမြန်မာနိုင်ငံရဲ့အဓိက စပါးထွက်တဲ့ တိုင်းဒေသကြီးတွေ ဖြစ်နေတယ်။ ဒီရာသီဥတုအတိုင်း ဆက်သွားမယ်ဆိုရင် အထွက်လျော့မှာ သေချာတယ်။ တောင်သူတွေလည်း ၀မ်းစာလောက်ရဖို့တောင် တော်တော်လုပ်ယူရမယ့် ပုံစံဖြစ်နေတယ်။ ဒါပေမယ့် မိုးပါးသွားရင်တော့ လည်း အထွက်က သိပ်မထိခိုက်နိုင်ဘူး။ ဒါပေမယ့် တောင်သူတွေကတော့ တကယ်လို့ စပါးတွေပျက်သွားရင် ပြန်စိုက်ရမယ့်အတွက်တော့ ကြဲပြီး သွားသူတွေ၊ စိုက်ပြီးသားသူတွေကတော့ နှစ်ခါပြန်ကုန်မယ်။ သေချာ တာကတော့ တောင်သူတွေ ထိခိုက်နေတာပဲ”ဟု စပါးအထွက်လျော့ကျ နိုင်သည့်အပေါ် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
7452b
ဟင်္သာတမြို့နယ် တလုတ္ထော်တိုက်နယ် အင်းခ၀ါကျေးရွာတွင် လယ်ဧကများ ရေနစ်မြုပ်နေစဉ်
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယခုနှစ်မိုးဦးကျက စိုက်ပျိုးထားသည့် သီးနှံများမှာ မိုးထပ်မံ ရွာသွန်းခြင်း မရှိတော့ဘဲ မိုးခေါင်နေ၍ ဖြစ်ထွန်းမှုမရှိခဲ့ကြောင်း သိရသည်။
“စစ်ကိုင်း၊ မန္တလေးဒေသတွေ မှာ မုတ်သုံဝင်ဝင်ချင်း စိုက်ထားတဲ့ဟာတွေ နောက်မိုးကို မျှော်စိုက်ထားတဲ့ သီးနှံတွေမဖြစ်ထွန်းဘူး။ မိုးက ဆက်မရွာတော့လို့။ အခုမိုးမရွာလို့ လယ်ယာလုပ်ငန်းထဲလည်း မ၀င်နိုင်သေးဘူး။ ဒီအချိန်ဆို စစ်ကိုင်း မန္တလေး က ပုံမှန်အတိုင်းဆိုရင် မိုးရေတော်တော်ရနေပြီ။ လယ်ထဲဝင်ဖို့ ထွန်ဖို့ လုံလောက်နေပြီ။ အခုကတော့ ရေရအောင်ကို မရွာလို့ စိုက်ပျိုးဖို့ ခက်ခဲနေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူကြီးတစ်ဦးကလည်း ပြောပြခဲ့ပါသည်။
“မိုးက ရွာတဲ့နေရာ တအားရွာတယ်။ မရွာတဲ့နေရာ လုံးဝနီးပါးမရွာဘူး။ ဒီရာသီဥတုနဲ့ကတော့ ဒီနှစ် ကောက်ပဲသီးနှံအထွက်က စိုးရိမ်ရတယ်”ဟု မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိုးဆက်တိုက်ရွာသွန်းမှု မပြတ်ဘဲ လယ်ယာများရေလွှမ်းခံရသည့် ရက်ကြာရှည်မည်ဆိုပါက တောင်သူများမှာနှစ်ကြိမ် ပြန်စိုက်ရမည်ဖြစ်ပြီး စိုက်ပျိုးစရိတ်မှာ ပိုမိုကုန်ကျမည်ဖြစ်ကြောင်း၊ ထိုသို့ဆိုပါက တောင်သူ များအနေဖြင့် စိုက်ပျိုးစရိတ် မလုံလောက်သည့် အခက်အခဲ ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်း၊ ယခုအတိုင်း မိုး မပြတ်ဘဲ ဆက်တိုက် ရက်ရှည်ဆက်လက်ရွာသွန်းပါက ပိုမိုဆိုးရွားဖွယ်ရှိကြောင်း တောင်သူများက သုံးသပ်လျှက်ရှိသည်။      
Comments 
 
+1 #4 khanhlaing 2012-08-13 11:25
မိုးများ နှစ်တိုင်း ရေကြီးလို့ စိတ်ညစ်နေကြတယ် ကရင်ပြည်နယ်ကပါ .... ရေကြီးတော့ ကျောင်းတွေပိတ်၊ စပါးတွေသေ၊ လူတွေ ဒုက္ခ ရောက်ကြရတယ် ....
 
+10 #3 shiningstar 2012-08-12 23:54
ဟုတ်တယ်ဗျာ ..ကျွန်တော်လဲရွှေဘိုနယ်သားပါ......ကျွန်တော်တို့ရွာတွေမှာဆိုရင် မိုးမရွာလို့ ..တစ်ချို့နှစ်တွေဆို ဆန်တောင်ဝယ်စားနေရတယ်ဗျာ....ဆည်မြောင်းကလဲ ဆရာတော်ဦးညဏိဿရတရားထဲကလို ကိုးမြောင်းကရေမလာဘူး..တစ်မြောင်းကကောနေတယ်... ခုဆို သောက်ရေကန်ကလဲ ခန်းနေပြီဗျာ.....အ၀ီစိတွင်းကလဲ ရေချိုမထွက် ...ပေါ့ရင်ပေါ့ ...မပေါ့ရင် ငံတယ်.....
ကျေးလက်နေတောင်သူတွေရဲ့ဘ၀တွေကို တစ်ချက်လောက်ငဲ့ကြည့်ကြပါအုံးဗျာ....သမ္မတကြီးနဲ့တကွ တာဝန်ရှိ တာဝန်သိ လူကြီးမင်းများခင်ဗျား....
လျှပ်စစ်မီးဆိုတာ အိပ်မက်ထဲတောင် ထည့်မမက်ရဲ..လမ်းပန်းဆက်သွယ်ရေးကလဲ စုတ်ပြတ်...မိုးကခေါင်.... စားရတော့ ငါးပိချက်နဲ့ ပဲပြုတ်နေ့တိုင်းနီးပါးပါပဲဗျာ...
 
+15 #2 myanmayatanar 2012-08-12 20:39
Online သုံးတဲ့သူတွေကလဲကွာ ဒီလိုမျိုး ရာသီဥတု သတင်းကိုတော့ ဘယ်သူမှ စိတ်ဝင်တစား comment မပေးကြဘူး။ ဒီရာသီဥတုကို စိတ်မ၀င်စားရင်တော့ မြန်မာတစ်နိုင်ငံသားလုံး ဒုက္ခရောက်ကြမှာပါပဲ။ သစ်တောဝန်ကြီးဌာကို သစ်မခုတ်ရ၊ သစ်ခုတ်ခွင့် မပေးရ ဥပဒေ သတ်မှတ်ပေးမှ ရတော့မယ်နဲ့တူတယ်။
 
+5 #1 Aung Zeya 2012-08-12 19:12
These are caused by decreasing forests.
This is a symptom of servere climate change & spoiled ecology.

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ







ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ  

Sunday, 12 August 2012 10:10
7451 ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀၀ ကျော် အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ မှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ ပူးပေါင်းကာ လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများအား လယ်ယာ သမ၀ါယမ အသင်းများဖွဲ့စည်းကာ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၉၈ ခုနှစ်မှစ၍ ဧရာရွှေဝါကုမ္ပဏီအား တည်ထောင်ကာ ဧရာဝ တီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်း၊ ရေနက်ကွင်းများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကစုစုပေါင်း  ၄၁၂၀၀ ကိုစိုက်ပျိုး၍ ရနိုင်သည့် လယ်ယာမြေများအဖြစ် မြေပြုပြင်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဧရာရွှေဝါကုမ္ပဏီရဲ့ အခုလုပ်ရပ်ကို ကြိုဆိုပါတယ်။ ကျန်တဲ့ ကုမ္ပဏီတွေအနေနဲ့ လည်း အခုလိုပဲ ပြန်ပေးကြစေချင်ပါတယ်။ Crony ပဲဖြစ်ဖြစ်၊ အရင်က ဘာတွေပဲအခွင့်အရေး ယူခဲ့ယူခဲ့ အခုလက်ရှိအချိန်မှာ ပြည်သူ့မျက်နှာကို ပြန်ကြည့်ကြစေချင်ပါတယ်။ လိုအပ်ချိန်မှာ ပြည်သူ့မျက်နှာပြန်ကြည့်တဲ့ ဘယ်သူ့ကိုမဆို ကြိုဆိုရမှာပါ  . . .
စိုက်ပျိုး၍မရနိုင်ဘဲ ငါးမွေးမြူရေးအနေဖြင့် ပိုမိုသင့်တော်သည့် မြေများအား ငါးမွေးကန်အဖြစ် ပြုပြင်ခဲ့ကြောင်း၊ အင်းအိုင် ဧရိယာများလည်း ပါဝင်ကြောင်း ဧရာရွှေဝါကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ဒါးကမြို့နယ်များ အတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများအား ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စိုက်ပျိုးနိုင်သည့် မြေဧက ၃၅၈၈၆ ဒသမ ၆၄ ဖော်ထုတ်ခဲ့ ကြောင်း၊ အင်းအိုင်ဧရိယာမှာ ၄၈၁၃ ဒသမ ၃၆ ဧကရှိကြောင်း၊ ငါးကန် ဧရိယာ ၁၂၀၅ ဒသမ ၅ ဧကကို ဖော် ထုတ်ခဲ့သည်ဟု နိုင်ငံတော်သို့ တရားဝင်တင်ပြချက်တွင် ဖော်ပြထားသည်။
7451a
ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ ခေတ်မီစံပြစက်မှု လယ်ယာစီးပွားရေးအဖြစ် လုပ်ကိုင်နေသည့်
ကုမ္ပဏီပိုင်လုပ်ကွက် တစ်ခုအား တွေ့ရစဉ်
အဆိုပါ လယ်မြေ၊ အင်းအိုင်၊ ငါးမွေးကန်များအားကုမ္ပဏီဖြင့် အကျိုးတူလုပ်ကိုင်ခဲ့သည့် ဒေသခံလယ် လုပ်သားများသို့ လယ်ယာသမ၀ါယမ အသင်းဖွဲ့စည်းကာ ခွဲဝေပေးရာတွင် အကယ်၍ သမ၀ါယမအသင်း ဖွဲ့စည်းမှုတွင် ပါဝင်လိုခြင်းမရှိသူများကိုလည်း ဆန္ဒအတိုင်း လုပ်ဆောင်ခွင့်ပေးထားကြောင်းလည်း သိရသည်။
ဧရာရွှေဝါကုမ္ပဏီအနေဖြင့် နိုင်ငံတော်မှ လုပ်ပိုင်ခွင့်လုပ်ကိုင်ခွင့် ရယူထားသည့် ဖော်ပြပါမြေများအား ဆက်လက် ဆောင်ရွက်တော့မည် မဟုတ်ကြောင်းကိုလည်း နိုင်ငံတော်သို့ တင်ပြချက်တွင် ထည့်သွင်းခဲ့သည်။
ဒေသခံတောင်သူများသို့ လယ်ယာမြေလုပ်ကိုင်ခွင့်များ ခွဲဝေပေးခဲ့မှုအပေါ် ဧရာရွှေဝါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “၁၉၉၈ ခုနှစ်မှာ ကုမ္ပဏီ စထောင်ပြီး ရေကြီးကွင်းရေနက်ကွင်း စပါးစိုက်မရတဲ့ မြေလွတ်မြေရိုင်းတွေကို ယန္တရားတွေသုံးပြီး စိုက်လို့ရ အောင်ပြုပြင်ခဲ့တယ်။ အခုဧက ၃၆၀၀၀ နီးပါးစိုက်လို့ရပြီ။ ဒီလို စိုက်လို့ရတဲ့လယ်အထိဖြစ်လာဖို့ ငွေ ရင်း၊ အချိန်၊ လုပ်အား အများကြီး စိုက်ထုတ်လုပ်ခဲ့တယ်။ လုံးဝရေပြင် ကြီးဖြစ်နေတဲ့ မြေလွတ်မြေရိုင်းတွေ ကို လယ်စိုက်လို့ရတဲ့အထိ လုပ်ခဲ့ ကြရတာပါ။ အခု အဲဒီလယ်ယာ မြေတွေကို ကျွန်တော်တို့ ကုမ္ပဏီနဲ့ အတူပူးပေါင်းပြီး ဖော်ထုတ်ခဲ့တဲ့ ဒေသခံလယ် လုပ်သားတွေကို ခွဲဝေပေးခဲ့တယ်။ လယ်ယာသမ၀ါယမဖွဲ့ပြီး လုပ်ပေးခဲ့တာ။ ကျွန်တော်တို့ ၀ယ် ထားတဲ့ မြေဧက ၁၀၀ ကလွဲပြီး ကျန်တာအကုန်လုံးကို ခွဲဝေလုပ်ကိုင်ခွင့် ပြုခဲ့တာ။ အဓိကအကြောင်းရင်း ဆို ရင်တော့ ကုမ္ပဏီရဲ့ မူလရည်ရွယ် ချက်ကိုက လယ်လုပ်ချင်တယ်၊ လုပ်နိုင်တဲ့အနေအထားလည်း ရှိတဲ့ လယ်လုပ်သားတွေကို လယ်လုပ်နိုင်အောင် စီစဉ်ပေးဖို့ပါ။ အခု လုပ်နိုင်လာတဲ့ အတွက် အကုန်လုံးခွဲဝေပေးခဲ့တာ။ တကယ်တော့ တောင်သူတွေက ကျွန်တော်တို့ အခုလိုခွဲဝေပေးတာ ထက် အရင်းစိုက်ထုတ်ပေး၊ သွင်းအားစုအတွက် စိုက်ထုတ်ပေးပြီး အကျိုးတူလုပ်တာကိုတောင် ပိုလိုလားတယ်။ သူတို့ကပြောတယ် လယ်ချည်းပဲ မပေးပါနဲ့တဲ့ အရင်းပါထပ်ပြီး စိုက်ထုတ်ပေးဖို့တောင် ပြောခဲ့ကြသေးတယ်။ ဒါပေမယ့် ကျွန်တော် တို့ကုမ္ပဏီအနေနဲ့လည်း လယ်မြေ ဒီလောက်အများကြီးကို အရင်းအများ ကြီးစိုက်ထုတ်ပြီး ဖော်ထုတ်ပေးခဲ့ ပြီးပြီ။ နှစ်နှစ်သုံးနှစ်ဆက်တိုက် အရှုံးခံပြီး တောင်သူတွေကို အရင်းစိုက် ထုတ်ပေးထားခဲ့တယ်။ တောင်သူတွေနှစ်နှစ် သုံးနှစ်ဆက်တိုက် ပြန်မဆပ်နိုင်လည်း ကုမ္ပဏီက စိုက်ထုတ် ခဲ့တာပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာ ဒီလို ဖော်ထုတ်ဖို့ နိုင်ငံတော်က လုပ်ကိုင်ခွင့်ပေးတော့ ကုမ္ပဏီပေါင်း ၃၀ကျော်လောက် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ ၄၊ ၅ ကုမ္ပဏီလောက် ပဲ ကျန်တော့တယ်။ ဘယ်သူမှ ရေ ရှည်တောင့်ခံပြီး မလုပ်နိုင်ခဲ့ကြဘူး။ အခုကျွန်တော်တို့ လယ်ယာမြေအ ဖြစ်ဖော်ထုတ်ပေးခဲ့ပြီ တောင်သူမှာ တော့ အရင်းလိုတယ်။ ဒါကိုတော့ နိုင်ငံတကာကပဲဖြစ်ဖြစ်၊ နိုင်ငံတော် ကပဲဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ငွေ ကြေးစိုက်ထုတ်ပေးရင်တော့ တောင်သူတွေအဆင်ပြေမှာပါ။ အခုရာသီဥတုက နှစ်နှစ်ဆက်တိုက် ဖျက်တော့ တောင်သူတွေလည်း ခက်ခဲတာပေါ့။ ကျွန်တော်တို့ကတော့ လယ်လုပ်သား တွေကို လယ်ခွဲဝေပေးခဲ့ပါပြီ။ ဒီလို စနစ်တကျခွဲဝေခဲ့တာကိုလည်း နိုင်ငံတော်ကို တရားဝင်တင်ပြခဲ့ပါပြီ။ ကျွန်တော်တို့ ကုမ္ပဏီကို ပေးအပ်ထားတဲ့ ဒီမြေတွေအတွက် လုပ်ကိုင်ခွင့်တွေကို နိုင်ငံတော်ကိုအပ်လိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။
တောင်သူများထံမှ လယ်ယာမြေ သိမ်းထားသည့် ပြဿနာများ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါပြဿနာအတွင်း ပါဝင်နေသည့် ကုမ္ပဏီများထဲမှ ကုမ္ပဏီကြီးအချို့မှာ လက်ငုတ်လက်ရင်း တောင်သူများဆိုပါက အကျိုးတူလုပ် ကိုင်နိုင်ရန် လုပ်ကွက်ပေးရန် စီစဉ် နေသည်ဟုလည်းသိရသည်။
မက်စ်မြန်မာအနေဖြင့်လည်း တောင်သူများစိတ်ဆန္ဒဖြင့်သာ လုပ်ကိုင်နေပြီး အကျိုးတူလယ်ယာ လုပ်ကိုင်ခြင်းမှာ တောင်သူများဘ၀ မြင့်တက်ရန်အတွက် လုပ်ကိုင်ခြင်းသာ ဖြစ်ကြောင်း၊ ထို့အတွက် တောင်သူများ ကျေနပ်မှ ဆက်လက်လုပ်ကိုင်မည်ဟု ပြောကြားထားခဲ့သည်။
“လောလောဆယ် ကုမ္ပဏီအချို့ ကစာရင်းလုပ်နေတယ်။ ဒါပြီးရင်တော့ အဲဒီစာရင်းလုပ်တဲ့ ကုမ္ပဏီလက် ရှိလုပ်ကိုင်နေတဲ့ လယ်ဧရိယာထဲမှာ အရင်က တကယ့် လက်ငုတ်လက်ရင်း လယ်လုပ်ခဲ့တဲ့ တောင်သူတွေဆိုရင် ဧကကွက်လယ်မြေတွေ ပြုပြင်ပေးပြီး အကျိုးတူ လုပ်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ ကြားရတယ်။ မျိုးပေးမယ်၊ ထွန်ယက်ပေးမယ်၊ အကျိုးတူ လုပ်မယ်။ တကယ့် လက်ငုတ်လက်ရင်း လုပ်ခဲ့တဲ့သူပဲ ဖြစ်ဖို့လိုတယ်လို့ သိရတယ်။ ဒါကြောင့် စာရင်းကောက် နေတာလို့ ပြောတယ်”ဟု ဒဂုံအရှေ့မြို့ နယ်မှ တောင်သူတစ်ဦးက ဆိုသည်။
ဇေကမ္ဘာကုမ္ပဏီမှ သိမ်းယူထားသည့် ရွှေနံ့သာကျေးရွာမှ လယ်မြေများ၌ ယခုနှစ်မိုးစပါးများကို တောင်သူများ ၀င်ရောက်စိုက်ပျိုးထားကြောင်း စုံစမ်းသိရှိရပါသည်။
ယခုနှစ် မိုးစပါးစိုက်ရာသီအစ မေလ ၁၀ ရက်နေ့၌ အဆိုပါလယ် ယာမြေများ၌ မိုးစပါးစိုက်ပျိုးခြင်း ကို တောင်သူများ စတင်ဆောင်ရွက်ခဲ့ပြီး၊ ယင်းအပေါ်၌ ဇေကမ္ဘာကုမ္ပဏီ မှထပ်မံထယ်ထွန်ခြင်း၊ မျိုးကြဲခြင်း များကိုဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်၍ ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့ တွင် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေး မှူးရုံး၌ လယ်သမား ၂၀၀ ကျော်က ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယခု လယ်ယာ သိမ်းယူထားသည်ဆိုသော ပြဿနာဖြင့် ပတ်သက်နေသည့် ကုမ္ပဏီများထဲတွင် ကုမ္ပဏီ အချို့မှာ အမှန်တကယ်အကုန်အကျခံကာ လယ်ယာမြေများကို ပြုပြင်ထားခြင်းဖြစ်ကြောင်း၊ အချို့မှာ လည်း ၀ယ်ယူထားပြီးဧကများ ပါဝင်ကြောင်း၊ ထိုသို့ အကုန်အကျခံ လုပ်ကိုင်ထားပြီးသည့် လယ်ယာများအား အားလုံးပြန်ပေးရန် မဖြစ်နိုင်သော်လည်း မတရားနည်းဖြင့် ရယူထားခြင်းရှိပါက တောင်သူများလုပ်သာ ကိုင်သာသည့် နည်းလမ်းများဖြင့် ပြန်ပေးရန်မူ လိုအပ်နေသည်။
“ဧရာရွှေဝါကုမ္ပဏီရဲ့ အခုလုပ်ရပ်ကို ကြိုဆိုပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေ အနေနဲ့လည်း အခုလိုပဲ ပြန်ပေးကြစေချင်ပါတယ်။ Crony ပဲ ဖြစ်ဖြစ်၊ အရင်က ဘာတွေပဲ အခွင့်အရေးယူခဲ့ယူခဲ့ အခုလက်ရှိအချိန်မှာ ပြည်သူ့မျက်နှာကို ပြန်ကြည့်ကြစေချင်ပါတယ်။ လိုအပ်ချိန်မှာ ပြည်သူ့မျက်နှာပြန်ကြည့်တဲ့ ဘယ်သူ့ကို မဆို ကြိုဆိုရမှာပါ။ ချမ်းသာတာ အပြစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရသင့်ရထိုက်တာ ကိုယူပြီး တိုင်းပြည်အတွက် မှန်မှန်ကန်ကန် အခွန်ပေးဆောင်ရင် ကိစ္စမရှိပါဘူး။ ဆင်းရဲ ချမ်းသာဆိုတာ ရှိနေမှာပါ။ ဒါပေမယ့် မတရားအခွင့် အရေးယူပြီး မတရားတဲ့ နည်းလမ်းတွေနဲ့ ချမ်းသာတာ၊ မတရားသဖြင့် ခံရပြီး ဆင်းရဲကြရတာက ပြဿနာပါ”ဟု Weekly Eleven News Journal  ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောပါသည်။
Comments 

+2 #11 v@ccine 2012-08-13 12:05
မတရားတဲ့ နည်းလမ်းတွေနဲ့ ရထားတဲ့ လယ်မြေတွေ အကုန်ပြန်ပေးလိုက်စေချင်တယ်...
ခရိုနီတွေ လယ်ဧက တစ်သိန်းလက်လွှတ်လိုက်လို့ နစ်နာရတာထက် လယ်သမားတစ်ယောက် ၁ဧကအသိမ်းခံရတာ
ပိုနစ်နာတယ်...
ကိုဆင်ကြီးတို့ နည်းနည်းတော့ ဝိတ်လျှော့ကြပါဦး...
ခင်ဗျားတို့ ကျွဲလောက်ထိပိန်သွားမှာ မဟုတ်ပါဘူး...
 
+7 #10 sans 2012-08-13 10:58
ဧရာရွေဝါကုမ္ပဏီ ဦးတေဇ ရဲ့  လုပ်ရပ် ကို တကယ်လေးစားပါတယ်။ တကယ်တော့နိုင်ငံတခု ချမ်းသာတယ်ဆိုတာ အခြေခံလူတန်းစားဖြစ်တဲ့အလုပ်သမားနဲ့တောင်သူလယ်သမားနဲ့ အောက်ခြေလူတန်းစားတွေ ချမ်းသာမှ နိုင်ငံချမ်းသာတာပါ။တခြားကုမ္ပဏီတွေလဲ ဒီိလိုလုပ်ပေးသင့်တယ်။Max ဦးဇော်ဇော် ရဲ့ လုပ်၇ပ်ကလည်း လေးစားလောက်ပါတယ်။တကယ်လို အပ်တဲ့တောင်သူတွေ ကိုအကူအညီပေးတာ လေးစားလောက်ပါတယ်။လုပ်ငန်းအဆင်ပြေဘို့ ကအရင်းအနှီးဆိုတာလည်း လိုအပ်တယ်လေ။
 
+12 #9 shiningstar 2012-08-12 23:02
Quoting KO KYAW - BUTALIN:
အခုလုပ်ရပ်ဟာ ခရိုနီတွေမှာလည်းအသဲနဲ့ ဆိုတာသက်သေပြတာပါ။ ထောက်ခံပါတယ်။ သာဓု သာဓု သာဓု
ကိုယ့်လူတို့ရေ သာဓုခေါ်မစောနဲ့အုံ့းဗျ...စုံစမ်းရေးကော်မရှင်ဖွဲလို့ အချိန်မှီလွတ်အောင်ပြေးတာလားမသိဘူး.....ပြန်ပေးတာက ဧက ၄၀၀၀၀ ကကျော် ..ဟီးဟီး မပေးတာက ပိုများနေမယ်ထင်တယ်နော်.....
ရွှေဟိန်းထက် (၀င်းနိုင်)ကလဲပါလာပြန်ဘီလား..... သူဆိုရင်ကျွန်တော်တို့ နယ်ဘက်ကပါ....ဒီလူလဲ မလွယ်ဘူး ကျောက်စိမ်းနဲ့ချမ်းသာလာပြီး ...ဟိုလူကြီးနဲ့ပေါင်း ဒီလူကြီးနဲ့ပေါင်း..ခရိုနီ လက်သစ်လုပ်နေတာ....၀န်ထမ်းကြတော့ လစာမတောက်တခေါက်ပေးတဲ့လူ....EMG ရေများများရေးပေးဗျာ ... ပုလဲဘက်မှာလဲ ကြံ့ဖွတ်နဲ့ပေါင်းပြီး ဆေးရုံလေးလှူသလိုလို ကားမှတ်တိုင်နားနေဆောင်လှူသလိုလိုနဲ့ သူ့မြေတွေချည်း ဖြစ်ကုန်ဘီ ....
 
+26 #8 မောင်ထင် 2012-08-12 20:26
ဒီလိုပဲ ပြေရာပြေကြောင်း ဖြစ်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ဦးတေဇ ၊။
 
+27 #7 padauk 2012-08-12 18:05
Quote:
လယ်ယာရေနစ်မြုပ်မှု အဆိုးဆုံး ကြုံနေရသည့် ဒေသများမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ် ဖြစ်ပြီး မိုးခေါင်၍ စိုက်ပျိုးရန် အခက်ခဲဆုံး ဒေသများမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်းသိရ
Quote:
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ဦးရေ ၆၀ ဖြင့် ဖွဲ့စည်း
အောင်သက်မန်းနဲ့တေဇတွဲကိုင်တဲ့ကုမ္ပဏီကတော့ အချိန်မီလွတ်အောင်ပြေးပါပြီခင်ဗျ။

တေဇ ။ ။ ကိုမန်းရေ... ရေကြီးမိုးခေါင်တော့စီးပွားရေးအရတွက်ခြေမကိုက်လှသေးဘူးဗျ။

အောင်သက်မန်း ။ ။ အဖေကလည်းပြောနေတယ်၊ စုံစမ်းရေးကော်မရှင် ဟန်ပြလေးမဖွဲ့မဖြစ်ဖွဲ့ရတော့မယ်တဲ့။ အခြေအနေအေးဆေးမှ ပြန်သိမ်းမယ်။ ခြံထဲကကြက်ပဲဟာ...နော်..ကိုတေ

တေဇ ။ ။ O.K ကိုမန်း၊ သိုင်းကျူးဗျာ။ ရော့... ဟောဒီမှာ ကိုမန်းအဖေအတွက် ဇေ တစ်ပိုင်း
 
 +42 #6 KO KYAW - BUTALIN 2012-08-12 15:10
လွန်ခဲ့တဲ့တပတ်လောက်ကပဲ ဦးတေဇကြီးကျန်းမာပါစေလို့ ကျနော်ဆုတောင်းပေးခဲ့သေးသဗျ။ ဒါကြောင့်ပြောတာပေါ့ ကိုယ့်လူမျိုးချမ်းသာတာဘယ်မှရောက်တာမဟုတ်ဖူး။ ခရိုနီလည်းမြန်မာပဲဗျာ သူလည်းတိုင်းပြည်ချစ်စိတ်ရှိမှာပါပဲ။ သူတို့ ချမ်းသာတာကိုပြည်တွင်းမှာပဲရင်းနှီးမြုပ်နှံ ရသင့်ရထိုက်တဲ့အလုပ်သမားအခွင့်အရေးတွေပေး ကိုယ့်ရပ်ရွာဖွံ့ ဖြိုးရေးတွေမှာပါဝင်ပြီးဆောင်ရွက်ကြယင် သူတို့ ချမ်းသာတာငွေရင်းစုတဲ့သဘောသဖြစ်ပြီးအကျိုးစီးပွားကတိုင်းသူပြည်သားတွေကိုအကျိုးပြုတာပါပဲ။ မြန်မာတွေထဲမှာ ဦးတေဇလောက် ၀န်ထမ်းတွေကိုရက်ရက်ရောရောချီးမြှင့်တာရှားတယ်ဗျ။ ၀ံသာနုတွေ မျိုးချစ်စိတ်တွေအော်နေတဲ့သူတွေအနေနဲ့  အထူးသဖြင့် ကိုယ့်လူမျိုးတွေကြွယ်ဝချမ်းသာပြီး သူများနဲ့ ရင်ဘောင်တန်းနိုင်အောင်အားပေးအားမြှောက်ပြုသင့်ပါတယ်။ သူ့ ခေတ်သူ့ စနစ်အရ ခရိုနီဖြစ်ရတဲ့သူတွေကို ခရိုနီဆိုတိုင်း ဆန့် ကျင်နေယင် သူတို့ ရဲ့ ကြွယ်ဝချမ်းသာမှုတွေ ပြင်ပကိုရွှေ့ သွားယင်တိုင်းပြည်ပိုနစ်နာပါတယ်။ အခုလုပ်ရပ်ဟာ ခရိုနီတွေမှာလည်းအသဲနဲ့ ဆိုတာသက်သေပြတာပါ။ ထောက်ခံပါတယ်။ သာဓု သာဓု သာဓု
 
+53 #5 radar 2012-08-12 13:24
လူ့လောက အသက်ရှင်နေထိုင်မှု့တို့တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမှီသဟဲပြုလျှက်ရှိကြလေသည်
မိမိတို့နေစဉ်စားသုံးနေကြသော ထမင်းဖြစ်လာရန် စေတနာတို့ဖြင့် အားထုတ်လုပ်ကိုင်ကြရသော တောင်သူလယ်သမားတို့၏ ဘဝသည် ကြမ်းတမ်း၏ ချို့တဲ့နိမ့်ကျကြ၏
ဘယ်ခေတ်အခါကမှ ပြည့်စုံချမ်းသာနေကြသူများမဟုတ်ပေ
တောင်သူလယ်သမားတို့၏ ဘဝကို ကိုယ်ချင်းစာကြပါ နားလည်ပေးကြပါ
 
+54 #4 Rain 2012-08-12 12:48
“ဧရာရွှေဝါကုမ္ပဏီရဲ့ အခုလုပ်ရပ်ကို ကြိုဆိုပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေ အနေနဲ့လည်း အခုလိုပဲ ပြန်ပေးကြစေချင်ပါတယ်။ Crony ပဲ ဖြစ်ဖြစ်၊ အရင်က ဘာတွေပဲ အခွင့်အရေးယူခဲ့ယူခဲ့ အခုလက်ရှိအချိန်မှာ ပြည်သူ့မျက်နှာကို ပြန်ကြည့်ကြစေချင်ပါတယ်။ လိုအပ်ချိန်မှာ ပြည်သူ့မျက်နှာပြန်ကြည့်တဲ့ ဘယ်သူ့ကို မဆို ကြိုဆိုရမှာပါ။ ချမ်းသာတာ အပြစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရသင့်ရထိုက်တာ ကိုယူပြီး တိုင်းပြည်အတွက် မှန်မှန်ကန်ကန် အခွန်ပေးဆောင်ရင် ကိစ္စမရှိပါဘူး။ ဆင်းရဲ ချမ်းသာဆိုတာ ရှိနေမှာပါ။ ဒါပေမယ့် မတရားအခွင့် အရေးယူပြီး မတရားတဲ့ နည်းလမ်းတွေနဲ့ ချမ်းသာတာ၊ မတရားသဖြင့် ခံရပြီး ဆင်းရဲကြရတာက ပြဿနာပါ”ဟု Weekly Eleven News Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောပါသည်။
အယ်ချုပ်ကြီးရဲ့ မှတ်ချက်ဟာကျွန်တော်တို့ ပြည်သူအများစုရဲ့ အမြင်ကိုထင်ဟပ်ပါတယ်...
 
+74 #3 Margosa 2012-08-12 12:17
ကဲ ဦးခင်ရွှေရေ နမူနာနော် နမူနာ။ ပြည်သူ့ကိုယ်စားလှယ်အမည်ခံပြီး ပြည်သူကိုပြန်မကြည့်ရင်၊ တရားမျှတမှုကို မလေးစားရင်၊ ဘယ်လိုလူလို့သတ်မှတ်ရမလဲ။
 
+31 #2 Zawtika 2012-08-12 11:23
Weekly Eleven News Journal ရဲ့ အယ်ဒီတာချုပ် ရေ
ခင်ဗျားကတော့
Crony ပဲ ဖြစ်ဖြစ်၊ အရင်က ဘာတွေပဲ အခွင့်အရေးယူခဲ့ယူခဲ့ အခုလက်ရှိအချိန်မှာ ပြည်သူ့မျက်နှာကို ပြန်ကြည့်ကြစေချင်ပါတယ် လို့ပြောတယ်နော်။
ခင်ဗျားက Crony တွေကိုမှ ကိုယ်ချင်းမစာ တတ်တာ အဲသလိုပြောမှာပေါ့။။
ခရိုနီ ဖြစ်ဖို့ ဘယ်လောက်ခက်တယ်မှတ်သတုံး.. ဟင်
 
+35 #1 Zawtika 2012-08-12 11:11
သိပ်လဲ ၀မ်းသာလုံး ဆို့ မနေကြပါနဲ့
အလုပ်မဖြစ်တုံးမို့ ခဏ တဖြုတ် ပြန်ပေးတာဖြစ်နေအုံးမယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။