KIA နှင့် မြန်မာစစ်တပ်များ ဆဒုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား
သြဂုတ်လ (၁၂)ရက်
ပြီးခဲ့တဲ့
သြဂုတ်လ (၁၁)ရက်နေ့ နံနက်မှာ မြန်မာစစ်တပ် အမှတ်(၁၀၃)နဲ့ KIA အဖွဲ့တွေဟာ
ဆဒုံးမြို့နယ်ခွဲ၊ လုတောင်ကျေးရွာနှင့် စကားပါ ကျေးရွာကြားမှာ
တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။
``ဖြစ်တာက
နံနက်စောစောပိုင်းပေါ့။ အိပ်နေတုန်း သေနတ်သံတွေကြားတော့ ကလေးတွေလဲ
လန့်ပြီး ထငိုကြတာပေါ့။ ဘယ်သူမှလဲ အပြင်မထွက်ရဲဘူး။ နောက်မှသိတာက
စကားပါရွာနားမှာ ဖြစ်တာတဲ့။ စစ်လဲမြန်မြန်ပြီးစေချင်ပါပြီ။ မြန်မာစစ်တပ်က
KIA အလောင်း (၃)လောင်းနဲ့ သေနတ်တွေရယ် ၊ ဗုံးတွေရယ် ရသွားတယ်လို့ ``
လုတောင်ကျေးရွာနေ ဦးခါဂျာနွေက ပြောခဲ့ပါတယ်။
No comments:
Post a Comment