Sunday, August 12, 2012

"ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီးများ သံတွဲတွင်တွေ့"




"ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီးများ သံတွဲတွင်တွေ့" 

 သြဂုတ် (၁၂)
 ယနေ့မနက် ၈ နာရီခန့်ကသံတွဲမြို့နယ်ရှိ ပုဂံသံတွဲဟိုတယ်
ယခင် လူရည်ချွန်စခန်းအဟောင်းဘေးရှိ သဲသောင်ပြင်တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီး ၅ လုံး တွေ့
ရှိခဲ့ရကြောင်း သိရသည်။လင်းသာရွာမှအထွက် မြပြင်ရွာသို့အ၀င် စမ်းဦးဇောက်ရှိ သဲသောင်ပြင်တွင် လမ်းတည်ဆောက်ရန် BOT ယူထားသော နေလသစ္စာကုမ္ပဏီမှသဲကားသည်သဲကျုံးရင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏
 ပြောပြချက်အရ သိရသည်။
“မိုးကြီးက အတော်ရွာတော့ ပင်လယ်ရေလှိုင်းကြီးပြီး ဒီရေအထွက် သဲသောင် ပြန်ပေါ်လာတော့ သဲသောင်မှာ ချိုင့်နက်ဖြစ်ပြီး ပေါ်လာတာ”ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
တွေ့ရှိသော ဗုံးသီးများမှာ ဒုတိယကမ္ဘာစစ် လက်ကျန် ၂ လက်မ စိန်ပြောင်း ဗုံးသီး ၅ လုံးဖြစ်ကာ တပ်မ ၅၅ နှင့် တပ်မ ၅၆၆ တို့မှ ဗုံးကျွမ်းကျင်သူများသည် အခင်းဖြစ်ရာသို့ ချက်ချင်းရောက်ရှိလာပြီး ဗုံးသီးများ အား စစ်ဆေး၍ မနက် ၁၁ နာရီခန့်တွင် သယ်ဆောင်သွားကြကြောင်း ၄င်းက ထပ်လောင်းပြောသည်။

 PopularNews

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။