Sunday, August 12, 2012

မြိတ်ခရိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်တွေကို အာဏာပိုင်စစ်ဆေး


မြိတ်ခရိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်တွေကို အာဏာပိုင်စစ်ဆေး 

2012-08-12
တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ (၁၁) ရက်နေ့က ဖွဲ့စည်းခဲ့ပြီးတဲ့နောက် မနေ့မနက်က ကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက လိုက်လံ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ အတွင်းရေးမှူး တာဝန်ယူထားသူ ကိုစိုးသင့်ထွန်းဟာ မနေ့ မနက်ပိုင်းက စစ်ဆေးမေးမြန်းခံခဲ့ရပြီး အလုပ်အမှုဆောင် တချို့ကိုလည်း လိုက်လံမေးမြန်းနေတယ်လို့ မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ကိုအုပ်စိုးထွန်းက အာအက်ဖ်အေကို ပြောပါတယ်။
မြိတ်ခရိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဟာ တက္ကသိုလ်အတွင်း လွတ်လပ်တဲ့ ကျောင်းသား လွတ်တော်တစ်ရပ် ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေးနဲ့ စစ်မှန်သော ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွေအတွက် ကျောင်းသားထု အကျိုးပြု လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ရင်ဆိုင် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့လည်း ကိုအုပ်စိုးထွန်းက ပြောပါတယ်။
မြိတ်ခရိုင်အတွင်းက တက္ကသိုလ်တွေဖြစ်တဲ့ နည်းပညာ တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်နဲ့ ၀ိဇ္ဖာသိပ္ပံ တက္ကသိုလ်တို့ ပူးပေါင်းပြီး မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ (၁၁) ရက်နေ့ စနေနေ့က အလုပ်အမှုဆောင် (၂၅) ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။