Sunday, 12 August 2012 09:48 | |
အဆိုပါ ၁၈၅၀ ပြည့်နှစ်၊ တရားရေးအရာရှိများကို ကာကွယ်ခြင်း ဥပဒေသည် တရားရေးအရာရှိများသည် ဥပဒေကို ဆောင်ရွက်ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါက အဆိုပါ အပြုအမူအတွက် တရားရေးအရာရှိအား တရားမကြောင်းအရ တရားစွဲဆိုခြင်းမှ အကာအကွယ် ပေးထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဥပဒေသည် အင်္ဂလိပ်အစိုးရက လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ခန့်က ပြဋ္ဌာန်း ခဲ့သော ဥပဒေဖြစ်ခြင်း၊ နိုင်ငံသားတိုင်း တန်းတူခံစားခွင့်၊ လွတ်လပ်ခွင့် တရားမျှတခွင့်ကို ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁ (က)ကို ဆန့်ကျင်နေခြင်း၊ တရားရေးအရာရှိများကို အထူးအခွင့်အရေး ပေးထားသော ဥပဒေဖြစ်ခြင်း၊ ၎င်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့်အတွက် မူလကပင် ပျက်ပြယ်သော ဥပဒေဖြစ်နေခြင်း၊ တရားသူကြီးများကို အကာအကွယ်ပေးသော ပြဋ္ဌာန်းချက် ရာဇသတ်ကြီး ဥပဒေများတွင်လည်း ပါရှိနေခြင်း၊ လွတ်လပ်စွာ တရားစီရင်ရေးကို အကာအကွယ်ပေးရာ မရောက်ခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း ဦးသိန်းညွန့် က ပြောကြားခဲ့သည်။
ထို့နောက် ဦးသိန်းညွန့်က “နိုင် ငံတကာမူဖြစ်တဲ့ မြန်မာနိုင်ငံလက်မှတ် ထိုးထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပုဒ်မ ၃၀ ပါ ပါ တယ်။ အခုလို ဥပဒေရဲ့အထက်မှာ တရားသူကြီးတွေကို အကာအကွယ် ပေးရမယ်ဆိုတဲ့ ပုဒ်မတစ်ချက်မှ မပါပါဘူး။ နောက်တစ်ချက်က သဘော ရိုးဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဥပဒေ ပြဿနာ မဟုတ်ပါဘူး။ အချက်အလက် ပြဿနာပါ။ ပြစ်မှုဆိုင်ရာဥပဒေ မှာလည်း တရားသူကြီးတွေကို တရားစွဲမရအောင် အကာအကွယ်ယူထား ပြီးပါပြီ။ အဲဒီတော့ တရားမကြောင်းအရ တရားစွဲခွင့်ဆိုတာ ဒီနေ့နိုင်ငံတ ကာမှာ လူတိုင်းကျင့်သုံးနိုင်တဲ့ အခွင့် အရေးပါ။ ဒီနေ့ ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးမှာ တရားစီရင်ရေး နယ်ပယ်ဟာ မပြောင်းလဲဘဲ အဟောင်းထဲမှာပဲ လည်နေပါတယ်။ တရားရေး ယန္တရားကိုထိန်းကျောင်းဖို့ ပြည်သူ တွေကို လက်နက်အနေနဲ့ တရားမကြောင်းအရ စိန်ခေါ်နိုင်ဖို့လိုပါတယ်။ သဘောရိုး ဟုတ်မဟုတ်ဆိုတာ အဲဒီ အချိန်မှာ တရားမကြောင်း ကြားနာ လိုက်ရင် ပေါ်ပေါက်ပါတယ်။ အဲဒီ အချိန်မှာ ဒီနေ့ အကျင့်ပျက်နေတဲ့ တရားသူကြီး တော်တော်များများကို ထိန်းကျောင်းနိုင်ဖို့ အခွင့်အရေး ရလာပါမယ်။ ဒီဥပဒေဟာ ကျွန်တော် တို့နိုင်ငံကို ကျွန်ပြုခဲ့တဲ့ လူတွေက ဆွဲခဲ့တဲ့ကိုလိုနီဥပဒေပါ။ ဒီဥပဒေနဲ့ပတ်သက်တဲ့ ကျွန်တော်ရဲ့ ရပ်တည်ချက် ကို မပြောင်းပါဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူပါမယ်”ဟု ပြောကြားခဲ့သည်။ ထို့နောက် လွှတ်တော်၏ အဆုံးအဖြတ်ခံယူရာ ထောက်ခံမဲ ၁၂၁၊ ကန့်ကွက်မဲ ၂၁၄၊ ကြားနေမဲ ၃၃ မဲရရှိသည့်အတွက် ဥပဒေကြမ်း အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက “ယနေ့မြန်မာ နိုင်ငံကို တရားဥပဒေစိုးမိုးမှု အနိမ့်ကျဆုံး နိုင်ငံများစာရင်းမှာ ကမ္ဘာက ထည့်သွင်းထားပါတယ်။ တရားစီရင် ရေးမဏ္ဍိုင်ဟာ အဂတိတရားများ ဖုံး လွှမ်းနေဆဲဖြစ်ကြောင်း ပြည်တွင်း ပြည်ပမှာလည်းပဲ ကျယ်လောင်စွာဝေဖန် အော်ဟစ်နေကြပါတယ်။ ယိမ်းယိုင် တိမ်းစောင်းနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို လွှတ်တော်သက်တမ်းတစ်ခု သို့မဟုတ် နှစ်ခု သတ်မှတ်ကာလ တစ်ခုအတွင်းမှာ ဖြောင့်မတ်ကြံ့ခိုင် လာဖို့ဆိုလို့ရှိရင်တော့ ဆောင်ရွက်နိုင်မည့် နည်းလမ်းများထဲက လက်တွေ့ကျမယ့် နည်းလမ်းသုံးခုကို အကြံ ပြုတင်ပြလိုပါတယ်။ ပထမနည်း လမ်း တရားလွှတ်တော် အဆင့်ဆင့် မှာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်ထောင်စုတရားလွှတ် တော်ချုပ်တို့ရှိပါတယ်။ အဲဒီလိုရှိတဲ့ အထဲမှာ မြို့နယ်အဆင့် တရားသူကြီး၊ တရားရေးအရာရှိ တာဝန်ထမ်း ဆောင်ပြီးမှ သတ်မှတ်တဲ့နှစ်ကာလ ပြည့်မှ ခရိုင်အဆင့် ထမ်းဆောင်ရပါတယ်။ ခရိုင်အဆင့်မှာ သတ်မှတ်တဲ့ နှစ်ကာလပြည့်မှ ပြည်နယ်၊ တိုင်းအဆင့်ကို ဆက်လက်ထမ်းဆောင် ရပါတယ်။ ၎င်းအဆင့်မှာ သတ်မှတ်တဲ့ နှစ်ကာလပြည့်မှ ပြည်ထောင်စု အဆင့်သို့ ဆက်လက် ထမ်းဆောင် နိုင်ခွင့်ရှိကြောင်းကိုလည်းပဲ လေ့လာ တွေ့ရှိရပါတယ်။ တစ်နည်းအားဖြင့် တရားစီရင်ရေးနယ်ပယ်ရဲ့ ၀င်ပေါက် ပိုက်လိုင်းအတွင်း ရောက်ရှိမှ ဆက်လက် တက်ရောက်နိုင်ခြင်းမျိုး ဖြစ်ပြီးတော့မှ အပြင်ပုဂ္ဂိုလ်များ ၀င်ခွင့်လုံးဝမရှိသည့် အနေအထားမျိုးဖြစ်တာကို တွေ့ရပါတယ်။ အမှန်မှာတရား သူကြီး၊ တရားရေးအရာရှိ လုပ်သက် က အဓိကမဟုတ်ပါ။ ဖြောင့်မတ်မှန် ကန်မှု၊ လူထုအပေါ် မေတ္တာထားရန်သည်သာ ပဓာနဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တရားလွှတ်တော်အဆင့် များမှာ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံ တဲ့ ပြင်ပဥပဒေပညာရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းတဲ့နည်းလမ်းက ပထမနည်းလမ်းဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းအနေနဲ့ အမျိုးစစ်မှ အမျိုးချစ်တတ်သည်ဆိုတဲ့ ဆိုရိုးအတိုင်း ပြည်သူ့ကိုယ်စားလှယ်များဟာ ပြည်သူ့အကျိုးစီးပွား ဘက်ကနေပြီးတော့ မှ ရပ်တည် ကာကွယ်ပေးရပါတယ်။ ပြည်သူ့မျက်နှာကို ကြည့်နေရပါတယ်။ ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒကို နားဆင်ဖြည့်ဆည်းပေးရပါတယ်။ ဘာကြောင့်ဆိုတော့ ပြည်သူ့ကိုယ်စား လှယ်များဖြစ်နေသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးချစ်တတ်စေရန်၊ ပြည်သူ့အကျိုးစီးပွားဘက် က ရပ်တည်တတ်စေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု တရားလွှတ်တော် အဆင့်တို့ကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပြင်ဆင် ဖွဲ့စည်းပေးသင့်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီး အရှေ့အနောက်ဂျာမနီ နှစ်နိုင်ငံပြန်လည် ပေါင်းစည်းစအချိန်မှာ တရားဥပဒေစိုးမိုးမှု လွန်စွာအားနည်းခဲ့တာကြောင့် ဂျာမနီအစိုးရကနေပြီးတော့မှ ပြည်သူ့ဆန္ဒစစ်တမ်း ကောက်ယူခဲ့ပါတယ်။ ပြည်သူ့ဆန္ဒ အရ ကွန်မြူနစ်စနစ်အောက်မှာ၊ တစ်ပါတီစနစ်အောက်မှာ လေ့ကျင့်ဖွဲ့စည်း ထားခဲ့ကြတဲ့ တရားသူကြီးများ၊ တရားရေး နယ်ပယ်က၀န်ထမ်းများကို အငြိမ်းစားပေးပြီးတော့မှ တာဝန်က ရပ်နားစေခဲ့ပါတယ်။ ဒီမိုကရေစီစနစ် တရားသူကြီးများဖြင့် ပြင်ဆင်ဖွဲ့စည်း ပေးတဲ့အခါမှာ တရားစီရင်ရေးစနစ် က တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဒီကနေ့ ဂျာမနီနိုင်ငံဟာ ကမ္ဘာပေါ်မှာ တရားဥပဒေစိုးမိုးမှု အကောင်းဆုံး နိုင်ငံများအနက် ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်ပါတယ်။ နမူနာယူသင့်ပါတယ်”ဟု အစီရင်ခံစာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ |
ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Sunday, August 12, 2012
ဥပဒေအထက်ရောက်ရှိနေသော တရားသူကြီးများကို တရားစွဲဆိုနိုင်မည့် ဥပဒေကြမ်း အတည်မဖြစ်၊ အကျင့်ပျက်တရားသူကြီးများအား ဖယ်ရှားပြီး တရားလွှတ်တော်ကို သီလ၊သမာဓိ၊ပညာပြည့်ဝသော ပြင်ပပညာရှင်များနှင့် ပြင်ဆင်ဖွဲ့စည်းရန် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အစီရင်ခံစာတင်သွင်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
အခုအချိန်ကတော့ ရွာလို့ကောင်းတုန်းပေါ့ ဟဲဟဲ ရွာထားဦးပေါ့..
မိုးတိတ်သွားရင်တော့ မင်းတို့ဒုက္ခကောင်းကောင်းကြီးတွေ့မှာပါ...
မဖြစ်စလောက် နှစ်ပဲခြောက်ပြားလစာ၊ နုံချာစုတ်ပြတ်နေတဲ့တရားရုံးတွေ၊ အုပ်ချုပ်ရေးရဲ့ ဖိနှိပ်ပြီး မမြင်ရတဲ့ ဖိအားပေးမှုတွေ ကြောင့် တရားစီရင်ရေးကြီး ပျက်သုန်းခဲ့ရတာပါ။
ကောင်းပြီဘယ်လိုပြင်ရမလဲ လူတွေလဲယုံနဲ့ရော ကောင်းသွားမှာလား
ကာစတန်တို့ ထောက်လှမ်းရေးတို့ အမြစ်မကျန်လဲလိုက်တော့ရော
နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်လိုပါဘဲ ဖြစ်မနေဘူးလား
အမှန်တော့ပြင်ရမှာ စီမံခန့်ခွဲမှုစနစ် နဲ့လုပ်ငန်းလည်ပတ်မှုစနစ် တွေ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး ခေတ်ပြောင်းနေတဲ့အချိန်မှာ
တရားရေးက လိုက်မပြောင်းဘူးပြောတယ် တရားစီရင်ရေးဆိုတာ
ဥပဒေပြုရေးလွှတ်တော်က ပြဌာန်းတဲ့ဥပဒေတွေ တည်ဆဲဥပဒေတွေ ကိုဘဲ လိုက်နာကျင့်သုံးနေရတာလေ။ ပြင်ချင်
တိုင်း ကိုယ်သဘောနဲ့ကိုယ်ပြင်လို့မှ မရတာ ။ ဒီသဘောတရား
လောက်တော့ မီဒီယာသမားအမည်ခံတွေသိသင့်တာပေါ့။ တည်ဆဲဥပဒေကို လိုက်နာပြီးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ
အများကြီး။ သူတို့ကိုလဲဝေဖန်ဦးလေ၊။ ပြည်သူတွေကြားမှာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ သေနတ်ကိုင်အပြာဝတ်တွေကြတော့
ဂျာနယ်ကြီးတွေက မထောက်ပြရဘူးမှတ်လား။ ဘယ်ထောက်ရဲမလဲ ကြောက်ရတာကို တရားရေးက အရေးယူရင်
ကြာတယ်လေ။ ပြည်ထဲရေးက ညစ်ရင်(ရှေးတုံးက ပြည်ထဲရေး
ဦးကျော်ငြိမ်းဆို သတင်းစာ ရိုက်ခါနီးမှာ ရှာဖွေဝါရမ်းပြပြီး စာခုံမှောက်ပစ်ပြီး ညစ်တယ် ဥပဒေနဲ့ ညီတော့ သတင်းစာတိုက်က ဘာမှ လုပ်မရဘူးလေ) ဘာမှပြန်မလုပ်နိုင်တာ
ိသိတော့ မထောက်ပြရဲတဲ့သဘောပေါ့။
ဂျာနယ်ကြီးတစ်စောင်ဆိုရင် သူတို့ အမှုရုံးဖူးလို့ တရားရုံးတွေကို
ပစ်မှတ်ထားပြီး အစဉ်တစိုက်ကို တိုက်ခိုက်နေတာ မီဒီယာတလွဲအသုံးချနေတာတွေဘဲလေ။ တော်ပြီဗျာ အဖျက်ခံရမဲ့
ကော်မန့်ကို ရေးတာရှည်သွားပြီး
ပြည်သူတွေကတော့ အော်နေကြဘီ....ချီးထုပ်လွှတ်တော်တဲ့
ခင်ဗျားပြောတော့ ပြည်သူ့အသံ လွှတ်တော်အသံ ဆို...
ပြောရင်းနဲ့ကို တင်းလာဘီဗျာ....
ခွေးသူတောင်းစား ကြံ့ဖွတ်တွေ ----ချီးတင်မှပဲ...
ကြာတော့မခံနိုင်တော့ဘူး.....အမြဲတမ်းညစ်နေတာပဲ ..
လူကမွေး ခွေးချေးပါတဲ့ကောင်တွေ....သောက်ရှက်လဲတစ်စက်မှမရှိဘူး....
မင်းတို့ ဆရာ့ဆရာကြီး မောင်ခင်ညွန့်ဘယ်လိုဇာတ်သိမ်းသွားလဲဆိုတာ မသိကြဘူးလား... မင်းတို့အလှည့်ကျ သေဒဏ်ပါပေးခံရမယ် ...
တော်တော်မိုက်လုံးကြီးတဲ့ ဖွတ်ကျားတွေ(ဖွတ်တောင်သိက္ခာကျတယ် နှိုင်းရတာ)...သူများအမှားကိုလဲ သင်ခန်းစာမယူ...ကိုယ်တိုင်မှားနေတာလဲ မပြုပြင် ..အေးလုပ်ထားပေါ့ကွာ.....မင်းတို့လဲသေရင် ဘာမှယူမသွားနိုင်ပါဘူး.....
စာဖတ်သူများခင်ဗျား ရိုင်းသွားရင်ခွင့်လွှတ်ကြပါ...
ကျွန်တော်တို့နိုင်ငံမှာက အွန်လိုင်းမှာပဲ ပေါက်ကွဲခွင့်ရှိလို့ပါ..လူ့အခွင့်ရေးဆိုတာ ဘယ်လိုတောင် စာလုံးပေါင်းရမှန်းမသိသေးဘူး..
နောက်တစ်ခု .. အစိုးရအဖွဲ့ဝင်တွေ ပိုင်ဆိုင်မှု ကြေငြာဘို့ အဆိုကိုလဲ ကန့်ကွက်လိုက်ကြသေးတယ်..။ ဒီလူတွေ ပြည်သူအကျိုးကို ကောင်းကောင်းဖျက်ဆီးပစ်မယ့်သူတွေပဲ..။ လွှတ်တော်ထဲမှာကို မရှိသင့်တော့ဘူး ..။
ဥပဒေအထက်တွင် ရောက်ရှိနေသူများကို အရေးမယူနိုင်သရွေ့
ဘယ်တော့မှ (ဘယ်တော့မှ) ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာမည်မဟုတ်။
ကြံဖွတ်တွေရဲ့ သဘောကို နားလည်လို့ရတဲ့ အဆိုတခုပါ..
ပထွေးက ခေါင်းခါတာနဲ့ ၀ိုင်းပြီး ခါနေကြတဲ့ ကြံဖွတ်အမတ်တွေပါ..
2015 မှာ သူတို့ရူံးမှာသိနေတော့ ရွေးကောက်ပွဲကို အသွင်းပြောင်းဖို့ကြိုးစားနေကတည်းက သဘောပေါက်ပါတယ်..
ဘာတဲ့...
အချိုးကျ ရွေးကောက်ပွဲစနစ်တဲ့...
ရီစရာဘဲနော်...
ဥပဒေက မင်းတို့လက်ထဲမှာဘဲရှိတာပါ...
လုပ်ထားကြပါ..ကြံဖွတ်တွေ...........
ကျွန်တော်ဒီလိုတိုက်တွန်းတောင်းဆိုခဲ့ဖူးပါတယ်...
ကိုယ့်ဆရာတို့ အနေနဲ့ လွှတ်တော်မှာအဆိုတခုတက်လာပြီးမဲခွဲဆုံးဖြတ်ရတော့မယ်ဆိုရင်..ငါတို့ 
ပြီးထောက်ခံကြမယ်...အခြားပါတီကတင်သွင်းတဲ့အဆိုတွေဆို
ရင်တော့ပြည်သူတွေကိုအကျိုးပြုပြုမပြုပြု ဝိုင်းပြီးတော့ကန့် ကွက်ကြတာမျိုးမလုပ်ကြဖို့ တောင်းပန်ဖူးခဲ့ပါတယ်...
အခုတော့အားလုံးသိတော်မူကြတဲ့အတိုင်း...
ခုတလောလေးမှာပဲပြည်သူတွေကိုအကျိုးရှိစေမယ်လို့ ယုံကြည်ရတဲ့ အဆိုများဟာ မဲခွဲဆုံးဖြတ်ရမှာပြတ်ပြတ်သားသားရှုံးနိမ့်ခဲ့ရတယ်..
ဒါဟာဘာကိုဖော်ပြနေသလဲဆိုတော့...ကိုယ့်ဆရာတို့ ဟာ
ဘယ်လိုပဲကိုယ့်ကိုကိုယ် ပြည်သူကရွေးကောက်တင်မြှောက်ထား
တဲ့သူတွေပဲလို့ ဆိုနေဆိုနေ ပြည်သူတွေရဲ့ အကျိုးထက်ကိုယ့်ဆ
ရာတို့ ရဲ့ အကျိုး..ပထွေးတွေရဲ့ အကျိုးတွေကိုသာထမ်းဆောင်
နေကြတဲ့အတွက်...ကျွန်တော်ကတော့ကိုယ့်ဆရာတို့ ကို
ပြည်သူ့ ကိုယ်စားလှယ်ဆိုတဲ့အခေါ်အဝေါ်အစား...ပထွေးကိုယ်
စားလှယ်လို့ ပဲခေါ်လိုက်ချင်တော့တယ်...
ပြည်သူလူထုက ယုံကြည်ထောက်ခံအတည်ပြုသော အကျင့်သီလ သိက္ခါသမာဓိ ပညာထူးချွန်မှု့တို့သည် အခြေခံအဓိကကျသော အချက်အလက်များဖြစ်လို့ ထိုအချက်များနှင့်ပြည့်စုံညီညွတ်သော တရားရေးဝန်ထမ်းများ တရားသူကြီးများနှင့် ပြန်လည်ဖွဲ့စည်းသင့်ပါသည်
ကိလေသာ မကင်းသော လူသားအဖွဲ့အစည်းများကို အပြန်အလှန်စောင့်ကြည့် ထိမ်းကျောင်းသည့်စနစ်ဖြင့် ဖွဲ့စည်းမှသာ ကောင်းမွန်ပေလိမ့်မည်
ဖယ်ရှားပြီးရင် အကျင့်မပျက်တဲ့ တရားသူကြီးတွေ ခန္ဓာ နိမ့်ရင်နိမ့် ခန္ဓာမနိမ့်ရင် သီလနိမ့် လိမ့်မယ်။