Sunday, August 12, 2012

ဦးတေဇက လယ်မြေ ဧက လေးသောင်းနိုင်ငံတော်သို့ ပြန်အပ်




ဦးတေဇက လယ်မြေ ဧက လေးသောင်းနိုင်ငံတော်သို့ ပြန်အပ် 

Tay_Za_0099ဧရာရွှေဝါ ကုမ္ပဏီမှ ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာ ပိုင်သည့် ကုမ္ပဏီ အချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူလယ် ယာလုပ်ကွက်ပြန်ပေးရန်ရှိနေ ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများအား ပြုပြင်ထား သည့် လယ်မြေဧက ၄၀၀၀၀ကျော်အား ဒေသခံ တောင်သူများသို့ ခွဲ ဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏ မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော် သို့ တရားဝင်ပြန်လည် အပ်နှံခဲ့ ကြောင်း သတင်း ရရှိပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါ ကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူဦးတေဇမှ လက်မှတ် ရေးထိုးကာ တင်ပြခြဲ့ခင်းဖြစ်ပြီး ဧရာရွှေဝါ ကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့် ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုး တူပူးပေါင်းကာ လယ်ယာမြေဖော် ထုတ်လုပ်ကိုင်ခဲ့သည့် ဒေသခံ တောင်သူများအား လယ်ယာသမ၀ါ ယမအသင်းများ ဖွဲ့စည်းကာ ခွဲဝေ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။