Thursday, January 3, 2013

"ရွှေ" မလေးတွေ ပြည့်တန်ဆာ လုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)

"ရွှေ" မလေးတွေ ပြည့်တန်ဆာ လုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး) 


“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။

ထိုင်းက မြန်မာ အလုပ်သမားတွေ သတ်မှတ်အနိမ့်ဆုံးလစာ ရနိုင်ခြေနည်း


ထိုင်းက မြန်မာ အလုပ်သမားတွေ သတ်မှတ်အနိမ့်ဆုံးလစာ ရနိုင်ခြေနည်း 

ထိုင်းနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသည်တွေလာလေ့ရှိရာ ပန်ငခရိုင်က ဈေးချိုချိုနှင့်ခိုင်းနိုင်သော မြန်မာ ဆောက်လုပ်ရေးအလုပ်သမားများ။
VOA News, 2January 2013   —–  ၂၀၁၃ ခု၊ ဇန်နဝါရီလ တစ်ရက်နေ့ကစလို့ ထိုင်းနိုင်ငံတဝှမ်းလုံးက အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လစာ တစ်ရက်ကို ဘတ်ငွေ ၃၀၀ ရရှိရမယ်လို့ ထိုင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဖို့ အခြေအနေနည်းတယ်လို့ မဟီဒေါတက္ကသိုလ်က ရွှေ့ပြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူက ပြောလိုက်ပါတယ်။

၂၀၁၂ ခုနှစ်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး မိန်းကလေး


၂၀၁၂ ခုနှစ်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး မိန်းကလေး 

၂၀၁၂ ခုနှစ်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး မိန်းကလေး ************************   ပြီးခဲ့တဲ့အောက်တိုဘာလက တာလီဘန်တွေက ခေါင်းကို သေနတ်နဲ့ပစ်ပြီး သတ်ဖို့ကြိုးစားခဲ့ပေမဲ့ အသက်မသေခဲ့သူ ပါကစ္စတန်နိုင်ငံက ၁၄ နှစ်သမီး မာလာလာ ယူဆွဖ်ဇိုင်ကို ၂၀၁၂ ခုနှစ်အတွင်း စိတ်ဝင်စားစရာ အကောင်းဆုံး ပုဂ္ဂိုလ် စာရင်းဝင်အဖြစ် CNN ရုပ်မြင်သံကြားပရိသတ်တွေက မဲပေး တင်သွင်းလိုက်ကြပါတယ်။  တာလီဘန်တွေပြောတဲ့ မာလာလာ ရဲ့အပြစ်ကတော့ ပညာသင်ကြားချင်တဲ့ အဖြစ်ပါ။  မိန်းကလေးတွေကို ပညာသင်ခွင့်မပြုတဲ့ တာလီဘန်တွေရဲ့ အစွန်းရောက် ၀ါဒတွေက မိန်းကလေးအများစုကို စာသင်ခန်းတွေနဲ့ ကင်းကွာစေခဲ့ပါတယ်။ စာသင်ခန်းကို သွားကြတဲ့ မိန်းကလေးတွေကို ခြိမ်းခြောက်တာ၊ သတ်ဖြတ်တာတွေ လုပ်နေချိန်မှာ မာလာလာ က ပွင့်ပွင့်လင်းလင်းပဲ မိန်းကလေးတွေ ပညာသင်ခွင့်ရဖို့ စည်းရုံးလှုံ့ဆော်ခဲ့သလို ရွယ်တူ မိန်းကလေးတွေကိုလည်း အားပေးတိုက်တွန်းခဲ့သူပါ။  ၂၀၁၂ ခုနှစ် အောက်တိုဘာလ မှာတော့ သူနဲ့အတူ ကျောင်းသူတွေ စီးနှင်းလာတဲ့ ကျောင်းကားကို တာလီဘန်တွေက လမ်းမှာတားဆီးခဲ့ပါတယ်။ အဲဒီနောက် ကားပေါ်တက်လာပြီး သူ့နာမယ်ကို ခေါ်ထုတ်ပြီးတဲ့နောက် ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ ကံကြီးပြီး ဒဏ်ရာပြင်းထန်ပေမဲ့ အသက်မသေခဲ့ပါဘူး။ ၃ ရက်ကြာ မေ့မျောသွားခဲ့ပြီး ခေါင်းနဲ့ လည်တိုင်ထဲဝင်သွားတဲ့ ကျည်တွေကို ပြန်ထုတ်နိုင်ခဲ့ပါတယ်။  တာလီဘန်တွေ လုပ်ကြံလို့ အသက်မသေခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးဟာ သူ့ရဲ့ရဲရင့်မှုကြောင့် ကမ္ဘာကျော်သွားခဲ့သလို မိန်းကလေးတွေရဲ့ ပညာသင်ခွင့်အပေါ် လူတွေပိုပြီး အလေးပေးပြောဆို လာကြပါတယ်။  နောက်ဆုံးအကြိမ် လုပ်ကြံတာ မခံရခင်ကတည်းက မာလာလာ ကို တာလီဘန်တွေက အကြိမ်ကြိမ် ခြိမ်းခြောက်တာ ပစ်ခတ်တာတွေ ရှိခဲ့တာပါ။ တကြိမ်မှာဆိုရင် သူ့အိမ်ကို ၀င်ပြီး စာအုပ်တွေကို သိမ်းယူဖျက်ဆီးခဲ့ပြီး အဲဒီအချိန်မှာ သူက ကုတင်အောက်မှာ ပုန်းအောင်းနေခဲ့ရတာပါ။ အဲဒီအချိန်က တာလီဘန်တွေက မိခဲ့ရင် သူ့ကို ခေါင်းဖြတ်သတ်နိုင်တဲ့ အတွက်လည်း အင်မတန်ကြောက်လန့်ခဲ့ရတယ်လို့ မာလာလာက ပြောပြပါတယ်။  တကယ်တော့ မာလာလာ ဟာ ၁၁ နှစ်သမီးအရွယ်ကတည်းက သူ့ဘလောက်က တဆင့် မိန်းကလေးတွေ ပညာသင်ကြားခွင့် အတွက် ရေးသားလှုံ့ဆော်ခဲ့သူပါ။  မာလာလာ က မိန်းကလေးတွေ ပညာသင်ကြားရေး ဆက်လက် လှုံ့ဆော်သွားမှာဖြစ်သလို ဒီဖြစ်ရပ်မှာ သူ့ကို ပုဂ္ဂိုလ်အနေနဲ့ ရှေ့တန်း မတင်ဘဲ ပညာသင်ကြားခွင့်ရရေးနဲ့ မိန်းကလေးအခွင့်အရေး ရရေးကို ရှေ့တန်းတင်ပေးကြဖို့ လာရောက်အားပေးကြသူတွေကို တိုက်တွန်းလိုက်ပါတယ်။  ကုလသမဂ္ဂကလည်း နိုဝင်ဘာလ ၁၀ ရက်နေ့ကို မာလာလာနေ့လို့ သတ်မှတ်လိုက်ပြီး ကမ္ဘာမှာ မိန်းကလေးတွေ ပညာသင်ခွင့်ရရေး ကြိုးပန်းမှုဖို့ တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂစာရင်းတွေအရ ကမ္ဘာမှာ မိန်းကလေး ၃၂ သန်းကျော်ဟာ ကျား-မ ခွဲခြားဆက်ဆံမှုကြောင့် ပညာသင်ခွင့်မရကြဘူးလို့ ဆိုပါတယ်။  ကိုရန်ကျမ်းစာမှာ မိန်းကလေးတွေ ပညာမသင်ရဆိုတဲ့ ပြဌာန်းချက် ဘယ်နေရာမှာပါသလဲ ပြောပါလို့ မာလာလာ က မနှစ်က မေးခွန်းထုတ်ခဲ့ သလို ... ကျမမှာ ကစားဖို့၊ သီချင်းဆိုဖို့၊ ဈေးသွားဖို့၊ ပြောဆိုဖို့ အခွင့်အရေးတွေ ရှိတယ်... လို့လည်း မာလာလာ က ပြောခဲ့တာပါ။  ခေါင်းကို ပစ်ခံရပြီးတဲ့နောက် ပါကစ္စတန်ဆေးရုံကနေ အင်္ဂလန်က ဆေးရုံကို ပို့ပြီး ခွဲစိတ်ကုသခဲ့ရပါတယ်။ ပြန်လည်နလံထူလာတဲ့ မာလာလာ ဟာ အခုအခါ ပြောနိုင် ဆိုနိုင် လမ်းရှောက်နေနိုင်ပြီဖြစ်ပေမဲ့ ထပ်ပြီး ခွဲစိတ်ကုသတာ ခံရအုန်းမယ်လို့ သိရပါတယ်။ တာလီဘန်တွေကလည်း သူအသက်ရှင်နေသမျှ သူ့ကိုသတ်ဖို့ ကြိုးစားနေအုန်းမှာပဲလို့ ကြေငြာလိုက်ပါတယ်။  မာလာလာ ကို ၂၀၁၂ ခုနှစ်အတွက် သမ္မတ အိုဘားမားပြီးရင် ဒုတိယ စိတ်ဝင်စားစရာ အကောင်းဆုံး လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။  ____________________________________ Reference and Credit to -MZ (Burma-Newselite) Posted By Admin Team[NOM] (email:newsofburma.myanmar@gmail.com)

************************
ပြီးခဲ့တဲ့အောက်တိုဘာလက တာလီဘန်တွေက ခေါင်းကို သေနတ်နဲ့ပစ်ပြီး သတ်ဖို့ကြိုးစားခဲ့ပေမဲ့ အသက်မသေခဲ့သူ ပါကစ္စတန်နိုင်ငံက ၁၄ နှစ်သမီး မာလာလာ ယူဆွဖ်ဇိုင်ကို ၂၀၁၂ ခုနှစ်အတွင်း စိတ်ဝင်စားစရာ အကောင်းဆုံး ပုဂ္ဂိုလ် စာရင်းဝင်အဖြစ် CNN ရုပ်မြင်သံကြားပရိသတ်တွေက မဲပေး တင်သွင်းလိုက်ကြပါတယ်။

!!....၂၀၁၂ အထင်ကရ ပြောစကားများ....!!


!!....၂၀၁၂ အထင်ကရ ပြောစကားများ....!! 

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။