Tuesday, February 19, 2013

လူတော်လူကောင်းပြဿနာနှင့် ဟီလရီကလင်တန်၏သင်္ခန်းစာ


လူတော်လူကောင်းပြဿနာနှင့် ဟီလရီကလင်တန်၏သင်္ခန်းစာ

by Bo K Nyein on Monday, February 18, 2013 at 9:44pm ·
ဒါဒီ မစ္ဇိမဂျာနယ် မှာ အပတ်ပါတဲ့ ဆောင်းပါးပါ
ရှေးဦးစွာစာရေးသူဟာ Classical Liberalism ကိုလက်ခံယုံကြည်သူ ၊ Social Liberalism ကိုလက်မခံသူမို့ သမ္မတကလင်တန်ကို မဲပေးခဲ့သူမဟုတ်ပါ။ ထို့ကြောင့် ဟီလရီ ကိုလည်းကြိုက်သူမဟုတ်ပါဟု ရှေးဦးစွာ ကြိုတင်ဝန်ခံပါရစေ။
သမ္မတကလင်တန် အိမ်ဖြူတော်တွင် အလုပ်သင်သူငယ်မနှင့်ရှုပ်ခဲ့စဉ်ကလည်း သမ္မတရာထူးကို မရိုသေသူ အဖြစ်ရွံမုန်းခဲ့ပါသည်။ သို့သော် သမ္မတကလင်တန် အပြီး တက်လာသော သမ္မတဘုရ် နှင့် သမ္မတအို ဘားမားတို့နှင့် ယှဉ်လိုက်သောအခါ သမ္မတကလင်တန်၏ လုပ်ဆောင်မှုများသည် များစွာခြားနားနေသည် ကိုတွေ့မြင်ရပါသည်။ အကြောင်းမှာ အမေရိကန်စနစ် သည် တဦးချင်းဦးစားပေးမှု (Individualism) ကို အားပေးသောစနစ်ဖြစ်၍ အတွေ့အကြုံ အရေအချင်းထက် ၊ Charisma ဟုခေါ်သော လူကြိုက်များမှု ၊ လူထု ကိုဆွဲဆောင်နိုင်မှု အပေါ်အခြေခံ၍ ရွေးချယ်ခြင်းဖြစ်ခြင်းကြောင့် ၊ သမ္မတအများစု သည် ရေထဲကန်ချ ခံရ သည်ပမာ အလုပ်တာဝန်ထမ်းဆောင်ရင်း အလုပ်ကသင်ပေးခြင်းကိုခံကြရပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။