Wednesday, August 8, 2012

ရခိုင်ပြည်နယ်တင်းမာမှု အမေရိကန် စိုးရိမ်



ရခိုင်ပြည်နယ်တင်းမာမှု အမေရိကန် စိုးရိမ်

စစ်တွေမြို့နယ်၊ ဘောဒုဖ ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။
ကိုသားညွန့်ဦး
 ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူ အညီပေးနေတာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့အပေါ် စိုးရိမ်ပူပင်ကြောင်းနဲ့ အကူအညီတွေ ပြန်ပေးခွင့်ပြုဖို့ အမေရိကန်ပြည်ထောင်စုက ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ တွင်းမှာလည်း ရခိုင် ပြည်နယ်တွင်း အခြေအနေတွေကို ထိန်းထိန်း သိမ်းသိမ်းကိုင်တွယ်ကြပြီး အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော် ထုတ်အရေးယူဖို့ကိုလည်း တိုက်တွန်း သွား ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထား ပါတယ်။
မြန်မာနိုင်င၊ံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ စိုးရိမ်တကြီး ဆက်ပြီး စောင့်ကြည့်နေ တယ် လို့ အမေရိကန် ပြည်ထောင်စုက ပြောသွားတာပါ။ အထူးသဖြင့်တော့ ဘာသာရေးနဲ့ လူမျိုးရေးအရ ခွဲခြားမှုတွေ မရှိဖို့နဲ့ ပြဿနာတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ကြဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်း ဆောင်ရွက် သွားမှာဖြစ်တယ်လို့ မနေ့က အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Patrick Ventrell က ပြောသွားပါတယ်။
“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေကို ဆက်ပြီး စောင့် ကြည့်သွားပါမယ်။ အခြေအနေတွေကို ထိမ်းထိမ်းသိမ်းသိမ်းကိုင်တွယ်ဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နားလည်သည်းခံဖို့၊ ခွဲခြား ဆက်ဆံမှုတွေ မရှိစေဖို့နဲ့ ဘာသာရေး လွတ်လပ်မှုတွေ ရှိစေဖို့ ဆက်ပြီး တောင်းဆိုပါတယ်။ ဒါ့အပြင် ပြဿနာတွေကို ဖြစ်နိုင်သမျှ ငြိမ်းချမ်းစွာ အဖြေ ထုတ်နိုင်ဖို့ကိုလည်း မြန်မာအစိုးရကို အစဉ်တစိုက် တိုက်တွန်းနေပါတယ်။ အကြမ်း ဖက် မှုတွေမှာ တာဝန်ရှိသူတွေကို မှန်မှန်ကန်ကန် ဖော်ထုတ် အရေးယူသွားဖို့ လည်း တောင်းဆိုပါတယ်။”
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် အရေးပါတဲ့ လူသားချင်း စာနာ အကူအညီပေးမှုတွေ လုပ်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ရပ်ဖို့ ဘင်္ဂလားဒေ့ရှ် ဘက်က ဆောင်ရွက်တဲ့အ ပေါ် မှာလည်း စိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည် နယ် အတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာသူတွေ ရိုဟင်ဂျာတွေ၊ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် မှာရှိတဲ့ ဘင်္ဂလား ဒေသခံတွေကို လူသားချင်း အကူအညီတွေ ဆက်ပေးနိုင်ရေး အတွက် NGO တွေကို လုပ်ကိုင်ခွင့် ပေးဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထား ပါတယ်။
ဒီအတွက် သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ဆိုပါတယ်။ မကြာခင်ကလည်းပဲ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မွတ်ဆလင် လူမှု အသိုင်းအ၀ိုင်းဆိုင်ရာ အထူးကိုယ် စား လှယ် Farah Pandith ဟာလည်း ဇူလိုင်လ၂၈ ရက်ကနေ သြဂုတ်လ တစ်ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက် ခဲ့ပြီး ရိုဟင်ဂျာတွေ အပါအ၀င် အခြား ဘာသာရေးနဲ့ လူမျိုးစုအဖွဲ့တွေ၊ မြန်မာနိုင်ငံက မွတ်ဆလင်အသိုင်းအ၀ိုင်းတွေ၊ ဒါ့အပြင် အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
ကုလသမဂ္ဂဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းက ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း တောက်လျှောက် တောင်းဆိုနေတာပါ။ မနေ့က ကုလ သတင်းစာ ရှင်းလင်းပွဲ မှာလည်း တရားဥပဒေစိုးမိုးရေးအတွက် ပွင့်လင်းတဲ့ စုံစမ်းမှုတွေလုပ်ဖို့ တိုက်တွန်းထားတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က ပြောသွားပါတယ်။
“ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ Mr.Vijay Nambiar ရော၊ လူ့ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Navi Pillay ကပါ တောင်းဆိုထားပါ တယ်။ အစိုးရ အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန် ဆောင် ရွက်နေ တယ်၊ သမ္မတကိုယ်တိုင်ကလည်း ဒီကိစ္စကို သိမ်သိမ်မွေ့မွေ့ ကိုင်တွယ် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြောနေ ပေမယ့်လို့လည်း ဒီကြေကွဲစရာ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ် သွားဖို့ ကိုတော့ မစ္စတာ Nambiar က အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
ဒီ စုံစမ်းစစ်ဆေးမှုဟာလည်း တာဝန်ခံ တာဝန်ယူမှုတွေ ရှိဖို့လိုသလို တရားဥပဒေစိုးမိုးရေးကိုလည်း ပေါ်လွင်စေရမယ်လို့ သူက ပြောထားပါတယ်။”
အခုလို တောင်းဆိုထားပေမယ့်လည်း မြန်မာဘက်က ရခိုင်ပြည်နယ်အရေး အစိုးရ သတင်း ထုတ်ပြန်ရေး တာဝန်ရှိသူက တော့ အခု ရခိုင်ပြည်အရေးကိစ္စဟာ ပြည်နယ်အရေးသာ ဖြစ်ပြီးတော့ သီးခြား စုံစမ်းစစ်ဆေးမှုတွေ လုပ်စရာလောက် အထိ မလိုအပ်ပါဘူးလို့ တုံ့ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနားရဲ့ တောင်းဆိုချက် အပေါ်မှာ တုံ့ပြန်ခဲ့တာပါ။ ဒါပေမယ့် လည်း မစ္စတာကင်တာနား မြန်မာနိုင်ငံက ပြန်ပြီး နောက်တရက်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်ဘက်မှာ မငြိမ်မ သက် မှုတွေ ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရှိ စက်ပစ္စည်း/ယန္တရားများအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်



မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရှိ စက်ပစ္စည်း/ယန္တရားများအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်  

သြဂုတ် (၉)
From: Eleven Media Group
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် Capital in kind စနစ်ဖြင့် တင်သွင်းခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်း/ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။သြဂုတ်လ ၈ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး၏ ဆုံးဖြတ်ချက် အရထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း (ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)နှင့် အဖွဲ့ဝင်များဖြစ်သော ဦးဇော်မင်း(ပြည်ထောင်စုဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီး ဌာန)၊ ဦးလှထွန်း(ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့သည်။ လက်ရှိတွင် လုပ်ငန်းများ ရပ်ဆိုင်းထား၍ မည်သည့်အချိန်တွင် ပြန်လည်စတင်လုပ်ဆောင်ရမည်ကို မသိရှိရ သောကြောင့် ထိုသို့ ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် CPI ကုမ္ပဏီတို့ MOU ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လတွင် လုပ်ငန်း စတင်အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံ တော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ မိမိတို့ အစိုးရသက်တမ်းကာလအတွင်း ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Posted in: သတင်း

မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်များ ရန်စ






မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်များ ရန်စ  

သြဂုတ် (၉)
from:
နိရဉ္စရာ 
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအား မွတ်ဆလင်များက တိုက်ခိုက် မည့်လိုလို ရန်စမူများ ပြုလုပ်လာသဖြင့် စစ်တပ်က အချိန်မှီ လာရောက်ပြီး အခြေအနေကို ထိန်းသိမ်း လိုက်ရသည်ဟု သတင်း ရရှိသည်။ရန်စသည့် အပြုအမူများကို ပြုလုပ်သူ မွတ်ဆလင် ကျေးရွာသားများမှာ ပုရိန် (မွတ်ဆလင်) ရွာမှ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ ရွာအနီးမှာ ပုရိန် ကုလားရွာဆိုတာ ရှိပါတယ်။ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိပါမယ်။ ကျွန်တော်တို့ရွာက အိမ်ခြေ ၅၀ ကျော်လောက်ဘဲ ရှိပါတယ်။

အဲဒီရွာက မွတ်ဆလင် ဘင်္ဂလီ ၂၀ – ၃၀ ခန့်က ကျွန်တော်တို့ ရွာဘုန်းကြီးကျောင်းကို လာဝိုင်းသလိုလို ဟိုနားက တစ်ယောက် ဒီနားကတစ်ယောက် လူရောင်ပြပြီး တက်လာပါတယ်။

ဆရာတော်က ချက်ချင်း မြောက်ဦးမြို့ကို ဖုံးဆက်ပြီး အကြောင်းကြားလိုက်တော့ အဲဒီက ရခိုင်တွေ ဆင်းလိုက်လာတော့ ရွာထဲကို ပြန်ပြေးသွားကြပါတယ်” ဟု ပြောသည်။

ကျောက်တွင်းကုန်းနားတွင် ပရိန်ကုန်းဆိုပြီး ရခိုင်ကျေးရွာ တစ်ရွာရှိပြီး အဆိုပါ ကျေးရွာ(၂) ခုစလုံးမှာ ရွာငယ်များ ဖြစ်ကြကြောင်း သိရသည်။

၎င်းသတင်း ဖြစ်ပေါ်ပြီးနောက် မြောက်ဦး အခြေစိုက် တပ်ရင်းများမှ စစ်သားများ လိုက်ပါပြီး အခြေအနေကို ၀င်ထိန်းသိမ်းခဲ့ရကြောင်း သူက ဆက်ပြောသည်။

“ အခုက အဲဒီ မွတ်ဆလင်ရွာကို စစ်သားတွေက လုံခြုံရေး ယူပေးထားပါတယ်။ သူတို့က အလိုလိုနေရင်း  ရန်စနေတော့ ကျွန်တော်တို့ကလည်း သိပ်သည်းမခံချင်တာနဲ့ ပြဿနာက နောက်တက်လာနိုင်ပါတယ်။

ကျွန်တော်တို့ ရွာသားတွေကို ခြောက်သလိုလို လှန့်သလိုလို လုပ်နေပါတယ်။ ဒီနယ်က ရခိုင်တွေ အများကြီး နေရာ ဖြစ်ပါတယ်။

 သွားလုပ်ရင် ကျွန်တော်တို့ကိုဘဲ မကောင်း ပြောကြလိမ့်မယ်။ ရန်စတာက အဲဒီမွတ်ဆလင် ဘင်္ဂလီတွေ ဖြစ်ကြပါတယ်” ဟု သူက ဆက်ပြောသည်။
စစ်တပ်က ရောက်ရှိလာသဖြင့် အခြေအနေမှာ ယခု အခါ တည်ငြိမ်နေသော်လည်း စစ်တပ် မရှိပါက ပြဿနာ ပေါ်ပေါက်နိုင်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

အဖြစ်အပျက်မှာ ယမန်နေ့ နေ့လည် ၃ နာရီခန့်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း  ကျေးရွာသားက ပြောကြားသည်။

ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း မြောက်ဦးမြို့ပေါ်မှ နိုင်ငံရေး သမားများကလည်း အတည်ပြု ပြောကြားသည်။

KIA/KIO အဖွဲ့မှ နိုင်ငံတော်သမ္မတ ပြောကြားချက်များနှင့်ပက်သက်၍ သဘောတူညီမှုများ မရရှိသေး

KIA/KIO အဖွဲ့မှ နိုင်ငံတော်သမ္မတ ပြောကြားချက်များနှင့်ပက်သက်၍ သဘောတူညီမှုများ မရရှိသေး

12:14 PM  ကချင်နေ့စဉ်သတင်း  
သြဂုတ် (၉)
KIA ဗဟိုဌာနချုပ် (လိုင်ဇာ)မှာရှိတဲ့ လိုင်ဇာဟိုတယ် စတုတ္တထပ်မှာ ပြီးခဲ့တဲ့ သြဂုတ် (၇) ရက်နေ့က KIO ဥက္ကဌ ဦးဇောင်းဟားရား ဦးစီးပြီး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
နေ့လည်(၁)နာရီမှာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေးကို ကေအိုင်အေ ဗဟိုကော်မတီဝင်တွေနဲ့ တစ် ဘက် တရုတ်နိုင်ငံသား ကချင်လူမျိုးစုခေါင်းဆောင်တွေနဲ့ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက် ခဲ့တယ် လို့သိရှိရ ပါတယ်။
အစည်းအဝေးမှာ ကေအိုင်အေ/ကေအိုင်အိုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂထံသို့ နိုင်ငံတော် သမ္မတ ၏ ပြောကြားချက်တွေကို အယုံအကြည်မရှိကြောင်း ဦးဒွဲပီချာ က အောက်ပါအတိုင်း ဖတ်ကြားရှင်းလင်း အဆိုပြုခဲ့ပါတယ်။
“ ၂၀၁၂ ဇူလိုင်လ ၂၅ ရက် ကနေ သြဂုတ်လ (၅) ရက်နေ့အတွင်းမှာ မြန်မာနိုင်ငံကို ပြည်ပနဲ့ ကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားအရေးဆိုင်ရာ အဖွဲ့အစည်း ကိုယ်စား လှယ် တွေရောက်ရှိခဲ့ကြောင်း ၊ နိုင်ငံတော် သမ္မတနဲ့ တာဝန်ရှိသူတွေဟာ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆွေးနွေးခဲ့တာကိုလည်း တွေ့ရှိရ ကြောင်း၊ အဆိုပါ တွေ့ဆုံမှုတွေမှာ နိုင်ငံတော် သမ္မတက မိမိတို့ ကေအိုင်အို/ ကေအိုင်အေ နဲ့ပတ်သက်ပြီး ပြောကြား ချက်တွေ အများအပြားရှိကြောင်း ၊
နိုင်ငံတော် သမ္မတ ပြောကြားချက်တွေထဲက ‘ နိုင်ငံတော် အစိုးရဟာ တိုင်းရင်းသား အားလုံးပါဝင်တဲ့ ပင်လုံညီလာခံတစ်ရပ်ကို အမြန်ဆုံးပြုလုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း အသိပေးအကြောင်းကြားချက်တွေ ပြုလုပ်ပြီး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ နိုင်ငံတော်မှ သဘောထား ကြီးစွာနဲ့လိုက်လျောမှုပြုလုပ်ခဲ့ခြင်းတွေကြောင့် သဘောတူညီမှုများရရှိခဲ့ပြီး ဖြစ်သော်လည်း ကေအိုင်အေ / ကေအိုင်အို အဖွဲ့တွေဟာ နိုင်ငံတော်ရဲ့ လက်တွဲခေါ်ဆိုမှုတွေကို အကြိမ်ကြိမ် ငြင်းဆန်မှုတွေ ပြုလုပ်နေတဲ့ အတွက် ရရှိသင့် သည့်သဘောတူညီမှုများ မရရှိသေးကြောင်း ၊နိုင်ငံတော်အနေနဲ့ ကေအိုင်အို/ကေအိုင် အေ နဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းအရာတွေ  အဆိုပြုခဲ့ပါတယ်။
Posted in: သတင်း

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။