Sunday, March 17, 2013

လက်ပံတောင်းတောင်အနောက်ကလူ


လက်ပံတောင်းတောင်အနောက်ကလူ 

နေပူဖုံထူသော ချင်းတွင်း အနောက်ခြမ်း၊ မတ်လအတွင်း တစ်ရက်။ ဆန္ဒပြနည်းပေါင်းစုံဖြင့် နာမည်ကျော်သော ဆည်တည်းရွာအနီး အိမ်တစ်အိမ်သည် မိုဘိုင်းလ်များ၊ တက်ဘလက်များ၊ ကင်မရာများဖြင့် အလုပ်များလျက် ရှိသည်။ ထိုတိုက်ခံ နှစ်ထပ်အိမ်အနောက်ဘက်တွင် Sky Net ဂြိုလ်တုလိုင်းကို တပ်ဆင်ထားရာ တစ်ကမ္ဘာလုံးနှင့် တိုက်ရိုက်ချိတ်ဆက် ထားသကဲ့သို့ဖြစ်သည်။ ထိုရွာသည် လက်ပံတောင်း အနီးတစ်ဝိုက်တွင် ရှားရှားပါးပါး လျှပ်စစ်မီးရသော ကျေးရွာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် မုံရွာမြို့ မရောက်မီ နှစ်နာရီခန့် အလိုတွင် ထိုအိမ်အောက်ထပ်မှ လူတစ်ဦး ဖုန်းတစ်လုံးဖြင့် အောက်ပါအတိုင်း ခပ်သွက်သွက် ညွှန်ကြားလျက်ရှိသည်။
"ဦးသိန်းကိုပြောထား။ ဒေသခံက အော်သင့်ရင် အော်ပေးလိုက်။ တောင်ပေါ် မှာ ဖုန်းဘယ်သူ ကိုင်ထားလဲ။ ဆိုင်းဘုတ်တွေ ပြီးသွားပြီလား တကယ်လို့ အဲဒီဘက်ကို ဒေါ်စုလမ်းကြောင်း မတော်တဆ ဖြတ်ရင် လူထုကိုကြွေးကြော်သံ တင်ပေးလိုက်၊ ပုဒ်မ ၁၄၄ ရုပ်ဖို့၊ သံဃာတွေကို မီးလောင်ဗုံး တရားခံဖော်ထုတ်ဖို့၊ ကော်မရှင်အလို မရှိ၊ စီမံကိန်းရုပ်သိမ်းရေး .... ဒါပဲ တင်ပေးလိုက်" "ရွှေညဝါကို ဆည်တည်းကို ရွှေ့ထား"၊ "အဖြူ လေးယောက်ကို တောင်ပေါ်က ပြန်ဆွဲ ချခဲ့တော့" စသည်တို့ဖြစ်သည်။
ယင်းကဲ့သို့ဖုန်းဖြင့် ညွှန်ကြား နေသူသည် ထိုဒေသဇာတိ မဟုတ်ဘဲ ရန်ကုန်မှလာသူ တစ်ဦးဖြစ်ပြီး ၄င်းနှင့် အတူ အနည်းဆုံးငါးဦးမှ ၁၀ ဦးခန့် ပါလာကြကာ ထိုဒေသတစ်ဝိုက်တွင် ယမန် နှစ် အတွင်းကပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆည်တည်းရွာ ဒေသခံ တစ်ဦးက ပြောပြသည်။

တရုတ်အစိုးရသစ် ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများ



တရုတ်အစိုးရသစ် ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများ 

ခေါင်းဆောင်သစ်တွေ အပြောင်းအလဲ ဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ အစိုးရ ဝန်ကြီး အဖွဲ့ဝင်တွေကို စနေနေ့က ရွေးချယ်ခဲ့ပါတယ်။ နှစ်ပတ်လည် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်မှာ ကန့်ကွက်မဲမရှိ ခေါင်းဆောင်သစ်တွေ၊ အစိုးရ အဖွဲ့ဝင်သစ်တွေကို မဲခွဲရွေးချယ် ဆုံးဖြတ်ခဲ့ကြတာပါ။ နောင် ၁၀ နှစ်ကြာ တရုတ်နိုင်ငံကို ခေါင်းဆောင်သွားမယ့် သမ္မတသစ် ရှီကျင်ပင်းနဲ့ ဝန်ကြီးချုပ် လီခွန့်ချောင်းတို့အနေနဲ့ ပြည်တွင်း ပြည်ပက စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရမှာပါ၊ ဒီတော့ ဘယ်လို စိန်ခေါ်မှု ကြီးကြီးမားမားရှိနေသလဲ ဒီစိန်ခေါ်မှုကြီးတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားသင့်သလဲ ဆိုတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။