Friday, September 28, 2012

ပြည်တွင်းစစ် ရပ်ပစ်ပါ ရပ်ပစ်ပါ၊ ငြိမ်းချမ်းရေးသာ ပေးပါ၊ ပေးကြပါ




ပြည်တွင်းစစ် ရပ်ပစ်ပါ ရပ်ပစ်ပါ၊ ငြိမ်းချမ်းရေးသာ ပေးပါ၊ ပေးကြပါ 

မောင်သွေးသစ်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင်း ပြည်သူများက ဆန္ဒထုတ် ဖော် တောင်းဆိုမှု ဆောင်ရွက်နေစဉ်။
ဓာတ်ပုံ-ငြိမ်းမောင်
မြန်မာပြည်မြောက်ပိုင်း၊ ကချင် ပြည်နယ် ကျောက်စိမ်းနှင့် ရွှေများ ထွက် ရှိရာ ဖားကန့်မြို့နယ်အတွင်း အစိုးရတပ် များနှင့် ကေအိုင်အေတပ်များ စစ်မက် ဖြစ်ပွားနေမှု အနိဋ္ဌာရုံသတင်းဆိုးများကို ဂျာနယ်များမှတစ်ဆင့် ကြားသိနေရ သည်။
၎င်းပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
အကျိုးဆက် ကား နယ်မြေအေးချမ်းတည်ငြိမ်ခဲ့ သည်။ ငြိမ်းချမ်းရေးကာလ ၁၇ နှစ်အကြာ၊ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ အစပြု၍ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတို့၏ တစ်ကျော့ပြန် ပြည်တွင်းစစ်မီးသည် ဒေါ့ဖုန်းယန်မြို့နယ်၊ ၀ိုင်းမော်မြို့နယ်နှင့် တရုတ်-မြန်မာနယ်စပ်လွယ်ဂျယ်ဒေသ များသို့တိုင် စစ်မီးကူးစက်တောက် လောင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှု အကြိမ်ပေါင်းမှာ ၁,၇၀၀ ကျော်သွားပြီ ဟု သိရသည်။
ယခုနောက်ဆုံးသိရသည့် သတင်းဆိုး မှာ ယခုလ ၁၃ ရက်နေ့က ဖားကန့်မြို့ လယ်ကောင်ဟုဆိုရမည့် မော်ဝမ်း ရပ်ကွက်ကြီးအတွင်း အချင်းချင်း မှားယွင်းပစ်ခတ်မှုများကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ န၀မတန်းကျောင်းသူ 'မဂျာဆိုင်းအိန်' အမျိုးသမီးငယ်ကလေး ကျောင်းဆင်းချိန် ဆွပ်ငိုင်ရွာသို့အပြန် လမ်းပေါ်၌ ကျည်သင့်သေဆုံးခဲ့ရပြီး ဒေသခံခုနစ်ဦး အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိကြောင်း ပြည်တွင်းမီဒီယာ များနှင့် လေလှိုင်း သတင်းထုတ်လွှင့် ချက်များအရ ကြားသိရသောအခါ မိမိ တုန်လှုပ်ချောက်ချားမိသည်။
အဘယ်ကြောင့်ဆိုသော် မိမိနှင့် ဖားကန့် ပတ်သက်ခဲ့ဖူးသောကြောင့် ဖြစ် သည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း တွင် ဆရာချစ်စံဝင်းနှင့် မိမိတို့နှစ်ဦး ဖားကန့်မြို့နယ်အတွင်း ရပ်ကွက် ကိုးရပ် ကွက်နှင့် စာသင်ကျောင်းသုံးကျောင်းတို့ ၌ စာပေဟောပြောပွဲများ လှည့်လည် ဟောပြောခဲ့ဖူးသည်။
မိမိတို့ ဟောပြောခဲ့သည့် မော်မောင်း လယန်၊ ထောင်ပြို၊ ဗလခ၊ ရှရော်ခ၊ ရ၀မ် ကုန်း၊ ဆိုင်းဂျာဘွမ်၊ မော်ဝမ်း၊ မှော်စီစာ၊ လုံးခင်း၊ မျောက်ဖြူ၊ ကုလားမှော်၊ စဗျစ်ခူး၊ ဆိပ်မူ၊ မြို့မရပ် စသည့် ရပ်ကွက်များ မှာ ကျောက်စိမ်းလုပ်ငန်း၊ ရွှေလုပ်ငန်း များကို အမှီအခိုပြု၍ ကာယ၊ ဉာဏ အလုပ်သမားများနေထိုင်ရာ ရပ်ကွက် များ ဖြစ်သည်။
စာငတ်ပေငတ်အရပ်၌ နေထိုင်ကျင် လည် နေထိုင်ကြရသူများဖြစ်၍ ကြုံ တောင့်ကြုံခဲ စာပေဟောပြောပွဲကို ဒေသ ခံများ စိတ်ပါဝင်စား နားထောင်ကြ သည်။
စာပေဟောပြောပွဲ ကျင်းပရာ အရပ်တိုင်း၌ ကချင်တိုင်းရင်းသားများ ၏ ရိုးရာကကွက်များ၊ ခရစ်ယာန်အသင်း အဖွဲ့များမှ လူငယ်မောင်မယ်များက တေးသီချင်းသံသာများဖြင့် အခမ်း အနားကို စတင်ဖွင့်လှစ်လေ့ရှိသည်။
ဟောပြောပွဲပြီးချိန်မှာ ည ၁၂ နာရီ ကျော် ရာသီဥတုအလွန်အေးသော်ငြား စာပေပရိသတ်များက မပြို။ ငြိမ်းချမ်း ရေးရယူထားသော ကာလဖြစ်သဖြင့် လုံခြုံရေးအရ ဘေးအန္တရာယ်ကင်းစင် သည်။
ဟောပြောပွဲအတွင်းသို့ ကေအိုင် အေတပ်ဖွဲ့ဝင်များ လာရောက်နား ထောင်သည်ကို ပွဲခွင်အတော်များများ ၌ မိမိ မြင်တွေ့ရသည်။ ယခုအချိန်၌မူ မိမိတို့စာပေဟောပြော ပွဲများ ကျင်းပခဲ့ရာ အရပ်ဒေသအားလုံး စစ်မြေပြင် စစ်တလင်းကြီးဖြစ်ခဲ့ပြီ။
တေးသံသာများအစား သေနတ်သံများ ဆူညံနေသည်။ ဩဘာလက်ခုပ်သံများ နေရာ၌ လက်နက်ကြီးပစ်ခတ်သံများ မြည်ဟိန်းနေသည်။
စာပေပရိသတ် ဒေသခံများ၏ ပျော်ရွှင်၊ လန်းဆန်း၊ တက်ကြွ၊ ရယ်မောနေသော ရုပ်ပုံလွှာ များသည် ယခုအခါ၌ ထိတ်လန့်စိုးရွံ့ ကြောက်လန့်ချောက်ချားမှုများနှင့် ပူပန် ပွားနေကြသည်။
သေမင်းတမန်ကျည် ဆန်များ၌ မျက်စိပါရိုးမရှိ၊ လူတစ်ဦးချင်း ကို စိစစ်ရွေးချယ်ရိုး မရှိ။ လက်နက်ကြီး များကား ပို၍ ပို၍ ဆိုးသည်။
နေရာမရွေး တိုက်ပွဲများဖြစ်ပွားနေ သောကြောင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းဝင်းအတွင်းရှိ ယမ်းစိမ်း သိုလှောင်ရုံကြီးများဆီသို့ လက်နက်ကြီး ကျည်ကျ၊ မီးလောင်ပေါက်ကွဲမှုအရှိန် သည် လုံးခင်း၊ ဆိပ်မူနှင့် ဖားကန့်တစ် မြို့လုံးရှိ နေအိမ်အဆောက်အအုံများ ငလျင်ဒဏ်ခံရသည့်ပမာ ပြင်းပြင်း ထန်ထန်တုန်ခါခြင်း ခံလိုက်ရသည်။
ယခင်အချိန်က ကျောက်စိမ်းတူး ဖော်ရေးလုပ်ငန်းကို ညပိုင်း၌ပါ ဆက် လက်လုပ်ကိုင်လေ့ရှိရာ ကုမ္ပဏီပိုင်မီး စက်ကြီးများလည်ပတ်စေလျက် လျှပ်စစ် မီးများ ထိန်ထိန်လင်းလက်နေသော ဖားကန့်မြို့အသွင်အပြင်သည် အမှောင် ထုကြီးစိုးနေပြီ။ ဖားကန့်မြို့လယ်မှ စီးဆင်းနေသော ဥရုမြစ်ရေထဲတွင် စစ်ဘေးသင့် ဒေသခံတို့၏ သွေးစက် များ၊ စစ်ပြေးဒုက္ခသည်များ၏ မျက်ရည် ပူများ ရောထွေးစီးဆင်းလျက်နေသည် မှာ မည်မျှကြာရှည်ဦးမည် မသိရ။
အရပ်ဒေသပေါင်းစုံမှ ဖားကန့်မြို့သို့ လာရောက်စီးပွားရှာ၊ စီးပွားဖြစ်ထွန်း လျက်ရှိသောကြောင့် လူဦးရေ နှစ်သိန်း ကျော်ရှိရာမှ ယခုဖားကန့်မြို့၌ လူဦးရေ နှစ်သောင်းခန့်သာ ရှိနေတော့သည်။
စစ်ဘေးဒဏ်ကြောင့် စစ်ပြေးဒုက္ခ သည် တစ်သိန်းကျော်တို့သည် ဖားကန့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းများထဲ၌ ခိုလှုံနေရပြီး ဒုက္ခသည်စခန်း ၄၀ ၌ သောင်တင်နေ သည်။ ထိုဒုက္ခသည်များအတွက် ရိက္ခာ နှင့် ဆေးဝါးအကူအညီများ အထူးလိုအပ် လျက်ရှိနေသည်။
လူမှုရေးအဖွဲ့အစည်း များနှင့် ကယ်ဆယ်ရေးအသင်းများက ငွေကြေး၊ ရိက္ခာ၊ ဆေးဝါးများ ၀ိုင်းကူ ထောက်ပံ့နေသော်ငြား လုံလောက်မှုမရှိ သေးဟု သိရသည်။
စာသင်ကျောင်းများ ပိတ်ထားရ သဖြင့် လူငယ်များ၏ အနာဂတ်ပညာ ရေးအတွက် ရတက်မအေးစရာ၊ ကျောက်တူးဖော်ရေးလုပ်ငန်းများ လုံးဝ ရပ်ဆိုင်းထားရသဖြင့် ကျောက်တူးဖော် ရေးလုပ်ငန်းများအပေါ် မှီခိုအားထားနေ ရသည့် မိသားစု၏ ရေရှည်စားဝတ်နေ ရေး ပြဿနာ။
ဘာသာရေး၊ သာသနာရေးနှင့် ရိုးရာ ဓလေ့ပွဲတော်များကို ရာသီကာလနှင့် အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မြဲဖြစ်သော ဖားကန့်မြို့ကလေး သည် လူခြောက်၊ မြို့ခြောက် အနေ အထားမှသည် (မပြောကောင်း မဆိုကောင်း) 'မြို့ပျောက်ကလေး'ဖြစ် သွားလေရော့မလားဟု တွေးတောပူပန် ရင်းမှ မိမိတို့ စာပေဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ မော်ဝမ်းရပ်ကွက်ကို မျက်စိ ထဲ၌ ကွက်ကွက်ကွင်းကွင်း မြင်ယောင် နေမိပါတော့သည်။
န၀မတန်းကျောင်းသူကလေး 'မဂျာ ဆိုင်းအိန်' ကျည်သင့်သေဆုံးခဲ့ရာ မော်ဝမ်းရပ်သည် အိမ်ခြေ ၄၀၀ ကျော် ရှိသည်။ ဈေးဆိုင်ကနားများဖြင့် အလွန် စည်ကားသည်။ မြို့မဈေးကြီးရှိသည်။ လွတ်လပ်ရေးကျောက်တိုင်နှင့် အားကစားကွင်းရှိသည်။ စစ်ဗျူဟာရုံး နှင့် ရဲစခန်းအပါအ၀င်ရုံးပေါင်းစုံရှိသည်။ မော်ဝမ်းရပ်ကွက် အလယ်၌ မနိမ့်လွန်း၊ မမြင့်လွန်းသော တောင်တစ်တောင်ရှိ သည်။
ထိုတောင်ပေါ်၌ ကျိုက်ထီးရိုးပုံတူ စေတီတစ်ဆူကို တည်ထားကိုးကွယ် လျက်ရှိသည်။ တောင်အောက်ခြေ ကျောက်လိုဏ်ဂူထဲ၌ 'ကျောက်လိုဏ်ဂူ ဘုန်းတော်ကြီးကျောင်း'နှင့် အကြောင်း အရာ ဘာသာရပ်စုံလင်သော သာသနာ့ လင်းရောင်ခြည် စာကြည့်တိုက်လည်း ရှိသည်။
၎င်းတောင်ခြေမျက်နှာချင်းဆိုင်၌ 'ဆွေဆွေရတနာခန်းမဆောင်'ကြီးရှိ သည်။ ခံ့ညားထည်ဝါ သန့်ရှင်းသပ်ရပ် ပြီး မော်ဝမ်း၏ ကျက်သရေဆောင် အဆောက်အအုံကြီးဖြစ်သည်။ မိမိတို့အဖွဲ့ ဖားကန့်သို့လာစဉ် စာပေ ဟောပြောပွဲ ကျင်းပရေးကော်မတီဝင် များက ဆွေဆွေရတနာခန်းမရှေ့မှ နေ၍ ခရီးဦးကြို မိတ်ဆက်ပွဲပြုသည်။ စာပေ ဟောပြောပွဲကိုလည်း ၎င်းခန်းမ၌ပင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ မိမိတို့ပြန်တော့လည်း ၎င်းခန်းမ၌ပင် နှုတ်ဆက်ပွဲစီစဉ်သည်။
ယခုအခါ ထိုဆွေဆွေရတနာခန်းမ ကြီးသည်လည်း စစ်ဘေးစစ်ဒဏ်သင့်ခဲ့ ပြီလော။ ကြိုဆိုရေးအဖွဲ့ဝင်များလည်း ဘေးအန္တရာယ်ကင်းရှင်းပါ၏လော။ မိမိတို့ ခြေကျင်လျှောက်လှမ်းခဲ့ရာ မော်ဝမ်းရပ် လမ်းမကြီးသည်လည်း အမြောက်ဆန်၊ လက်နက်ကြီး ကျည်ဆန် တို့ ကျရောက်ပေါက်ကွဲပြီး ချိုင့်ကျင်း ကြီးများ ဖြစ်နေပြီလော။
မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ နှစ်မြွှာနှစ်ခြမ်းပမာ ပူးတွဲလာခဲ့သော ပြည်တွင်းစစ်မီးသည် လွတ်လပ်ရေးရပြီး ၆၄ နှစ်အကြာ.... ကချင်ပြည်နယ် တစ်ခွင်တစ်ပြင်(ဖားကန့်)၌ အရှိန် အဟုန်ပြင်းစွာ တောက်လောင်လျက်ရှိ နေဆဲအဖြစ်ကို အဘယ်သူတို့က အဘယ်သို့သောပုံစံဖြင့် ငြှိမ်းသတ်ပေး ပါမည်နည်း။
ယနေ့မြန်မာနိုင်ငံအနေဖြင့် အဓိက ထား ဖြေရှင်းရမည့် ပြဿနာများအနက် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးကိစ္စသည် အလွန်အရေးကြီး သည်။ အဓိကကျသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက စက် တင်ဘာလ ၂၁ ရက်နေ့ကို 'အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့'ဟု သတ်မှတ်ပြီး နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးကို တပ်ဆင်ထားခဲ့ပြီး 'မငြိမ်းချမ်းခြင်း၏ သားကောင်များ'အတွက် ခေါင်းလောင်း ထိုး ဆုမွန်တောင်းခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးက ရည်ရွယ်ချက်ကောင်းမွန်စွာ ဦးတည် သော ထိုခေါင်းလောင်းထိုးသံ၊ ဆုတောင်းသံများ အပါအ၀င် စက်တင် ဘာလ ၂၁ ရက်၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့နှင့် နယ်မြို့ကြီးများ၌ စစ်ပွဲများ အမြန်ဆုံး ရပ်စဲပစ်ရေး ဆန္ဒဖော်ထုတ်သံ၊ ဆုတောင်းသံများသည် မြန်မာနိုင်ငံရှိ စစ်မက်ဖြစ်ပွားနေသော ဒေသများသို့ တိုင် ကြားသိနိုင်ပြီး အကျိုးသက်ရောက် မှု ထိထိရောက်ရောက်ရှိစေကြောင်း (လျှပ်တစ်ပြက်ဂျာနယ်၊ အတွဲ(၃)၊ မတ် ၂၀၁၂ ထုတ်တွင်) မိမိရေးဖွဲ့ခဲ့ဖူးသော 'နွေဦးငြိမ်းချမ်းရေးခေါင်းလောင်းသံချို' ကဗျာဖြင့် ထပ်လောင်းဆုမွန်ကောင်း တောင်းလိုက်ပါသည်။
"နွေဦးငြိမ်းချမ်းရေး ခေါင်းလောင်းသံချို"

-စကြ၀ဠာအနှံ့မှ

တစ်ခဲနက်စုဝေး
ဟစ်ကြွေးရောက်ရှိလာကြကုန်ပြီ။
-နှစ် ၆၀ ကျော်ကာလမှသည်
ယနေ့ကာလတိုင်အောင်
ခိုင်မာသော ယုံကြည်ချက်
လေးနက်သော ခံယူချက်
ကိုယ့်အဘိဓမ္မာနဲ့ကိုယ်
လက်နက်ကိုယ်စီ ကိုင်စွဲ
တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ဆင်
ပြောက်ကျားသေနင်္ဂဗျူဟာ ပြင်
တောင်စဉ် တောတန်း
ချိုင့်ဝှမ်းလွင်ပြင်ပြန့်တစ်လျှောက်
သွေးပေါက်ပေါက် ယိုစီးကျ
ဘ၀စတေး
အသက်ပေး၊ စွန့်လွှတ်အနစ်နာခံ
တော်လှန်ပုန်ကန်
အန်တု ရင်ဆိုင်ရဲ
ဒဏ်ရာရ၊ သေပွဲဝင်
သမိုင်းဖြစ်စဉ်တွေထဲက
ကျဆုံးသူ ရဲဘော်များရဲ့
ဝိညာဉ်များဆိုပါတကား...။
-အလို !
အသံတွေ ကြားနေရတယ်
အသံတွေ ကြားနေရတယ်
ဘာသာစကား ကွဲပြားမှု
သူ့လူမျိုးစု၊ ကိုယ့်လူမျိုးစု
ကိုယ်စားပြု စကား
အားလုံးကို ခြုံနားထောင်ကြည့်တော့
ဟော သိရပြီ !
ပြည်ထောင်စု တစ်ဝန်းမှာ
'ပြည်တွင်းငြိမ်းချမ်းရေး
ပြည်တွင်းငြိမ်းချမ်းရေး
မနှေးအမြန် ရယူကြ'။
'သွေးမြေကျ တိုက်ပွဲများ
သွေးမြေကျ တိုက်ပွဲများ
လုံးဝရပ်နားရေး
နှစ်ဦးနှစ်ဖက်ကျေအေးကြ'။
'ရှေးကအတိတ်ဆိုး
ချိုးငှက်ကူသံနဲ့ ပယ်ဖျောက်ကြ'။
'ရန်/ငါ မျဉ်းပြတ်
မေတ္တာဓာတ်နဲ့ အစားထိုးကြ'။
'တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေး
သွေးစည်းရေး
အရေးတော်ပုံ အောင်ရမည်
အောင်ရမည်' ။
'ပြည်နယ် ပြည်မ
မခွဲခြားရေး
အရေးတော်ပုံ အောင်ရမည်
အောင်ရမည်' ။
'၄၇ ပင်လုံအဓိဋ္ဌာန်
သမိုင်းသစ္စာ မှန်ရမည်
မှန်ရမည်' ။
- (၁၉၆၃)
ခြောက်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေး
ဟစ်ကြွေး တောင်းဆိုသံများထက်
လေးနက်မှု အသွင်ဆောင်
နက်ရှိုင်းမှု သရုပ်သကန်
မျက်မှောက်နိုင်ငံရေး
သံတမန် အခင်းအကျင်းဟာ
အစဉ်အလာသစ်နဲ့ သမိုင်းကြောင်းကို
အပေါင်းလက္ခဏာ ဆောင်ရမယ်။
- ဒို့ကောင်းကင်ယံမှာ
ချိုးငှက်တွေ ပျံသန်းစေရမယ်။
-ပြည်သူအားလုံးလက်ထဲမှာ
သပြေခက်တွေ ဝှေ့ယမ်း
ငြိမ်းချမ်းရေး ပန်းငုံတွေ
ပေါင်းစုံ ဖူးပွင့်ဝေဆာ မွှေးရမယ်။
- ရဟန်းရှင်လူ
လူငယ်ကျောင်းသားများ
ဘိုးဘွားပြည်သူ
တိုင်းရင်းသားလူမျိုးပေါင်းစုံအားလုံး
ပြည်လုံးကျွတ်မျှ
'ငြိမ်းချမ်းရေး'အမျှပေးဝေသံ
နာခံ ကြားသိပြီးသကာလ
ပြည်တွင်းစစ်ကာလထဲက
တိုက်ပွဲကျ ၀ိညာဉ်အပေါင်း
ကောင်းရာသုဂတိလားစေကြောင်း
အကျွန်ုပ် ဆုတောင်း
ခေါင်းလောင်းသံချို
ထိုးလိုက်သပ.... ညယ်။

ထိုင်းနိုင်ငံ လူသတ်မှုတွင် မြန်မာအလုပ်သမား ၂ ဦးပါ အသတ်ခံရ




ထိုင်းနိုင်ငံ လူသတ်မှုတွင် မြန်မာအလုပ်သမား ၂ ဦးပါ အသတ်ခံရ 

ဖစ်ခ်ျပူရီမြို့ ထာ့ယန်းမြို့နယ် ကလတ်လူရွာထဲက ဆူဖတ်စပျစ်ခြံထဲမှာ အလုပ်ရှင် ဗိုလ်မှူးကြီး ဆူဖတ် လောဟပ်ဝပ်ထနက ထိုင်းလင်မယား ၂ ဦးကို သတ်ပြီး အလောင်းတွေကို မြန်မာအလုပ်သမား ၃ ဦးကို မြှုပ်နှံခိုင်းပုံနဲ့ မြေမြှုပ်ပေးသူ ၃ ဦးအနက် ၂ ဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ကျန်ရစ်တဲ့ မောင်ကုလားရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။----


မြန်မာအလုပ်သမားမောင်ကုလားက အခင်းဖြစ်ရာနေရာကို လိုက်လံပြသစဉ်(ဓာတ်ပုံ- thairath)

http://feeds.feedburner.com/thithtoolwin/yIWV

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။