Monday, February 4, 2013

မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲတစ်ရပ်ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း


မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲတစ်ရပ်ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း 


Moe MaKa News, 2February 2013  —– အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု ဖြစ်စေ ပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့ တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကို နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေ စိုက် ဖေါ်ဆောင်လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။ အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓါတ်ငွေ့ ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက် ဘက်ပိုင်း ယူနန်ပြည်နယ် မြို့တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ်တန်းကာ တည်ရှိလာတော့မယ်ဖြစ်ပါတယ်။ နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့  ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်း ကြောင်းအတိုင်း စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။

လွတ်လပ်မျှတမှု မရှိသေးတဲ့ တရားရေးမဏ္ဍိုင်


လွတ်လပ်မျှတမှု မရှိသေးတဲ့ တရားရေးမဏ္ဍိုင် 

Lady Justice
VOA News , 3February 2013  —- (မျက်မှောက်ရေးရာ/ဒီမိုကရေစီရေးရာ)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မတရားဖမ်းဆီးခြင်း ခံထားရတဲ့ ဒေါက်တာထွန်းအောင် အမှု၊ ပြစ်ဒဏ်၊ တရားစီရင်ရေး လုပ်ပုံလုပ်နည်း၊ ဆောင်ရွက်လုပ်ကိုင် ဆုံးဖြတ်ချက်ဆိုင်ရာများကို ဟောင်ကောင် (Hong Kong) အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ (Asian Human Rights Commission ) အကျိုးဆောင်ရှေ့ နေ ဦးမင်းလွင်ဦး နဲ့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။