DVB News, 14March 2013 —-
လက်ပန်းတောင်းတောင်
ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့
လက်ပန်းတောင်းဒေသ ကျေးရွာတွေက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ
စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို ဖတ်ကြဖို့ ရွာသားတွေကို
တိုက်တွန်းပြောဆိုပြီး အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း လုပ်ပေးဖို့
တာဝန်ယူတယ်လို့ ကတိပြုပါတယ်။
ဆည်တည်းရွာဟောင်းက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ကတိပြုခဲ့တာပါ။
“အစီရင်ခံစာထဲကအတိုင်းကို
အမေတာဝန်ခံတယ်။ နောက်ပြီးတော့ ဦးပိုင်ကုမ္ပဏီကရော၊ ၀မ်ပေါင်ကုမ္ပဏီကရော
ကတိက၀တ်ကို သူတို့ ကြေညာထားတယ်။ ဒီအတိုင်းမလုပ်ဘူးဆိုရင် အမေတာဝန်ယူတယ်။
အမေ့စကားရှိတယ်။ ဒီ အစီရင်ခံစာအတိုင်း မလုပ်ပေးလို့ရှိရင် အမေတာဝန်ယူမယ်။”
လက်ပန်းတောင်းတောင်
ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ
စီမံကိန်းလုပ်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေ၊
ဖျက်သိမ်းလိုက်ခြင်းအားဖြင့် ရရှိလာမယ့် အကျိုးဆက်တွေအကြောင်း ပြည့်စုံစွာ
ဖော်ပြထားပါတယ်။