Tuesday, January 1, 2013

သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်သစ်ကူးအမှာ


သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်သစ်ကူးအမှာ 

မြန်မာသမ္မတဦးသိန်းစိန် မြန်မာပြည်သူတွေကို နှစ်သစ်ကူး မိန့်ခွန်းပြောကြားနေစဉ်။ သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး
VOA News, 1January 2013  —-  ၂၀၁၃  ခုနှစ်ရဲ့အစ နှစ်သစ်ကူးတဲ့ ဒီနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က တနိုင်ငံလုံး အတွက် နှစ်သစ်ကူး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ နှစ်သစ်ကူး ဆုတောင်းနဲ့အတူ သူ့အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို ပြည်သူတွေက နားလည်ပေးပြီး လက်တွဲပါဝင်ဖို့အတွက် အဓိက ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ရေဒီယိုကနေ တနိုင်ငံလုံးကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်သားများကိုယ်စားပြောကြားလိုပါတယ်

တပ်မတော်သားများကိုယ်စားပြောကြားလိုပါတယ် 

ကျွန်တော်ဟာ စာရေးဆရာမဟုတ်သလို စာရေးဖို့ဝါသနာပါသူလဲ မဟုတ်ပါဘူး။ ဒါပေမယ့် ယခု ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ တိုးမြှင့်ဖြစ်ပွားလာနေမှုနဲ့ပတ်သက်ပြီး မီဒီယာလောကသား တဖြစ်လဲ နိုင်ငံရေး အသွေး အရောင် ပါသူများ၊ အထူးသဖြင့် ယခင်ခေတ်အဆက်ဆက်အစိုးရအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်သူများ၊ မီဒီယာရဲ့ ကျင့်ဝတ်သိက္ခာဖြစ်တဲ့ ဘက်လိုက်ရေးသားမှုမပြုရန်ဆိုတဲ့အချက်ကိုဖီလာဆန့်ကျင်နေတဲ့ မီဒီယာနဲ့ မီဒီယာ သမားအချို့ရဲ့ရေးသားဖော်ပြမှု ပြောကြားမှုတွေဟာ သိပ်ကိုအန္တရာယ်များလာတယ်လို့ယူဆတဲ့ အတွက်ရယ်၊ တပ်မတော် သားများနဲ့မိသားစုတွေအပေါ် ပြည်သူတစ်ရပ်လုံးက အထင်အမြင်မလွဲမှားစေချင် တာရယ်ကြောင့် ရယ်၊ တပ်မတော်သားမိသားစုများရဲ့ခံစားချက်ကို ကိုယ်စားဖွင့်ဟလိုတာကြောင့် ယခုလိုစာရေး ဖြစ်ခဲ့ပါတယ်။

တရုတ် နဲ့ အလုပ်လုပ်တဲ့အခါ မြန်မာအကျိုးအမြတ်ပိုသာပါတယ်ဟုဆိုလာသည့် ပြည်ခိုင်ဖြိုးဒုဥက္ကဌဦးဌေးဦး နှင့် တွေ့ဆုံခြင်း


တရုတ်နဲ့အလုပ်လုပ်တဲ့အခါ မြန်မာအကျိုးအမြတ်ပိုသာပါတယ်ဟုဆိုလာသည့်

 ပြည်ခိုင်ဖြိုးဒုဥက္ကဌဦးဌေးဦး နှင့် တွေ့ဆုံခြင်း



၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင်က ယနေ့ထိမြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေ သည့်တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကြားရှိအပြန်အလှန်ဆက်ဆံရေး၊  ရင်းနှီးမြှုပ်နှံမှုများအရမြန်မာနိုင်ငံ  နှင့် တရုတ်နှစ်နိုင်ငံမည်သည့်နိုင်ငံ က အကျိုးအမြတ်ပိုမိုရရှိသည်နှင့် နည်းပညာပိုင်းအရတရုတ်နိုင်ငံ  အနေဖြင့် နည်းပညာနှင့် ငွေကြေး  အကြောင်းပြ၍ မြန်မာ့အသံဇာတ  များအားရယူနေခြင်းရှိမရှိစသည်  ကိစ္စရပ်များနှင့် ပတ်သက်၍ Hot News သတင်းထောက်က ပြည် ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်နိုင်ငံသားများမူလအခွင့် အရေးနှင့် ဒီမိုကရေစီရေးကော် မတီဥက္ကဋ္ဌဦးဌေးဦးအား ရန်ကုန် မြို့ရှိပြည်ခိုင်ဖြိုးပါတီဌာနချုပ်၌ တွေ့ဆုံ၍ မေးမြန်းဖြစ်ခဲ့ပါသည်။

ကေအိုင်အေရှင်သန်နိုင်ပါ့မလား ?


ကေအိုင်အေရှင်သန်နိုင်ပါ့မလား ?

ကေအိုင်အေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲပြင်းထန် လာနေပြီး မြေပြင်တိုက်ပွဲကနေ ဒီဇင်ဘာလမှာ လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်တဲ့အထိ ပြင်းထန်လာခဲ့တာတွေ့လာရပါတယ်။ ဦးသိန်းစိန်ကိုသမတ အဖြစ် ရွေးကောက်တင်မြှောက် လိုက်ပြီးနောက် ကချင်ကတိုက်ပွဲတွေရပ်ဖို့စစ်တပ်ကိုလူသိရှင်ကြားအမိန့်ပေးခဲ့ပေမဲ့ဗိုလ်ချုပ်မင်းအောင်လှိုင်က မနာခံဘဲဆက်တိုက်မြဲတိုက်နေတဲ့အခါ သမ္မတအမိန့်ကို ရှေ့တန်းက ရဲဘော်တွေမသိကြသေးလို့ပါ၊

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။