Sunday, October 7, 2012

ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်


Saturday, October 6, 2012

ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်


Popular Myanmar News Journal

မကွေး၊အောက်တိုဘာ ၆ `ကမ္ဘောဇ`ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်းကလေးထံမှ ငွေထုပ်အား ဆိုင်ကယ် စီးယောကျားတစ်ဦးမှအောက်တိုဘာ ၄ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်းသိရသည်။

မကွေးမြို့ ဆုံရပ်(၁၃) လမ်းနေ အဘဦးဖိုးတာ၏သမီး မထက်ထက်ခိုင်(၂၅)နှစ်နှင့်သူငယ် ချင်းဖြစ်သူ အောင်စေတနာရပ် ဟိုက်ကလပ်ကဖီး အနီးနေအဘဦးခင်မောင်သန်း ၏ သမီး မခိုင်ရွှေရည်ဦးတို့(၂)ဦးသည်ငွေကျပ်(၁၅)သိန်းကို ရန်မျိုးအောင်ရပ်ပြည်တော်သာ လမ်းမ ပေါ်ရှိ `ကမ္ဘောဇ`ဘဏ်မှထုတ်ယူပြီး စူပါကပ်မော်တာဆိုင်ကယ် ရှေ့ခြင်း ထဲသို့ ထည့်၍ပြန် လာခဲ့ရာပြည်တော်သာလမ်းနှင့်သစ္စာလမ်းထောင့်အနီးတွင်ဆိုင်ကယ်စီးယောကျားတစ်ဦးကညာဘက်ခြမ်းမှ
ကပ်ပြီးရန်ကင်းဈေးဘယ်နားမှာလဲ`ဟုမေးယောင်ပြုကာ ဆိုင် ကယ်ရှေ့ခြင်း ထဲရှိ ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသောငွေထုတ်ကို နှိုက်ကာထွက်ပြေး သွားကြောင်း သိရ သည်။
ထိုသို့ လုယူ သွားသည့်အတွက်ပြည်တော်လမ်းအတိုင်းနောက်မှ လိုက်ကာအော်ဟစ်အ ကူညီတောင်းလိုက်သော်လည်း မမှီခဲ့ကြောင်း။ဗိုလ်ချုပ်လမ်းမအရောက်တွင်ယာဉ်ထိမ်းရဲမှကျော်လွန်သွားသောဆိုင်ကယ်စီးသူ၏ဦးထုပ်အရောင်အားအမှတ်အသားပြု၍ ရှေ့ဂိတ်(အာရှဓါတ်ပုံ)ရှိ ယာဉ်ထိမ်းသို့စက်ဖြင့် အကြောင်းကြားပေးသော်လည်း လမ်းခုလပ်တွင် ဦးထုပ်အားလွှင့်ပစ်ထားခဲ့ခြင်း ၊အပေါ်အင်္ကျီချွတ်ထားခဲ့ခြင်း များပြု၍ ဗိုလ်ချုပ်ကြေးရုပ် မြောက်ဘက်မှ ရုံးကြီးများဘက်သို့ချိုးကွေ့လွတ်
မြောက်သွားခဲ့သည်ဟု ယာဉ်ထိမ်းတစ်ဦး၏ပြောပြချက်အရသိရှိရသည်။

အဆိုပါဖြစ်စဉ်အားမြို့မအမှတ်(၁)ရဲစခန်းတွင် ပ/၂၄၀/၁၂ ပုဒ်မ(၃၈၂)ဖြင့်အမှုဖွင့် စုံးစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။

ဦးမင်း

စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို ၀င်စစ်ရာ ၂၁ ဆိုင် အခြင်အတွယ်မပြည့်ကြောင်း တွေ့


Saturday, October 6, 2012

စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို ၀င်စစ်ရာ ၂၁ ဆိုင် အခြင်အတွယ်မပြည့်ကြောင်း တွေ့

7Day News Journal

ရန်ကုန်၊ အောက်တိုဘာ-၆

စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စက်သုံးဆီအရောင်း
ဆိုင် ၂၃ အား အောက်တိုဘာ ၆ ရက်(ယနေ့) ရှောင်တခင်စစ်ဆေးရာ ဆိုင်ပေါင်း ၂၁ ဆိုင်ရှိ ပန့်များမှာ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်း မရှိဘဲလျော့နည်းနေသည်ကို တွေ့ရှိရကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိသည့် ဆိုင်ပိုင်ရှင်များထံသို့ တရားဝင်စာဖြင့် သတိပေးသွား
မည်ဖြစ်ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို ပြန်လည်သုံးသပ်သွားမည်ဟု
လည်း ကြေညာချက်တွင်ပါ ရှိသည်။
''တက္ကသိုလ်ရိပ်သာလမ်းက မြ၀တီဆိုင်မှာ ဆီထည့်တုန်းက ဂိတ်ကမတက်ဘူးလို့ ပြောတော့ ၀န်ထမ်းက ပြန်
ပြောတယ်။ တစ်သောင်းဖိုး ထည့်တာတောင် ဂိတ်က မတက်ဘူးလို့ ပြောတယ်။ အဲဒီကတည်းက အဲဒီဆိုင်မှာ တစ်ခါမှမထည့်တော့
ဘူး'' ဟု အငှားယာဉ်မောင်းသူကိုစန်းလင်းအောင်က ပြောသည်။
များသောအားဖြင့် ဓာတ်ဆီတစ်ဂါလန်တွင် ၄ ဒသမ ၅ လီတာရှိသော်လည်း မပြည့်သော ဆိုင်များ၌ လီတာဝက်ခန့်
လျော့သည်ကို တွေ့ရှိရကြောင်း ကိုစန်းလင်းအောင်က ပြောသည်။
သတ်မှတ်အခြင်အတွယ် မပြည့်မီသော ဆိုင် ၂၁ ဆိုင်ထဲတွင် နာမည်ကြီး ကုမ္ပဏီများက ဖွင့်ထားသော ဒဂုံမြို့သစ် မြောက်
ပိုင်းရှိ ထူးထရေးဒင်းကုမ္ပဏီ၊ တော်လှန်ရေးပန်းခြံရှေ့၊ ဦးဝိစာရလမ်းရှိ DENKO ကုမ္ပဏီ၊ တာမွေမြို့နယ်ရှိ မက်စ်မြန်မာကုမ္ပဏီ၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ နီလာရိုးမကုမ္ပဏီ၊ တောင်ဥက္ကလာပမြို့နယ် မင်္ဂလာလမ်းထောင့်နှင့် ရတနာလမ်းထောင့်ရှိ ရာဇာမင်းကုမ္ပဏီ၊
ကန်သာယာလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေတောင်ကုမ္ပဏီ၊ ရန်ကုန်-ပြည်လမ်း မင်္ဂလာဒုံမြို့နယ် ဧရာရွှေဝါကုမ္ပဏီ၊
ပန်းပင်ကြီးကြည့်မြင်တိုင်မြို့နယ်ရှိ Petro Green (ယုဇနကုမ္ပဏီ)၊ ဦးဝိစာရလမ်း ဒဂုံမြို့နယ်ရှိ လင်းလက်အောင် (မြ၀တီထရေးဒင်း)ကုမ္ပဏီတို့ ပါဝင်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။