Tuesday, October 30, 2012

ဒေါ်လာ ၈၉ သန်းတန်ဖိုးရှိဆေးဝါးများ နိုင်ငံသုံးနိုင်ငံမှ မြန်မာသို့ တင်သွင်း


ဒေါ်လာ ၈၉ သန်းတန်ဖိုးရှိဆေးဝါးများ နိုင်ငံသုံးနိုင်ငံမှ မြန်မာသို့ တင်သွင်း 


ရန်ကုန် (မဇ္ဈိမ) . ၂၉ရက်နေ့ အောက်တိုဘာ ၂၀၁၂  —–  နိုင်ငံ သုံးနိုင်ငံမှ အမေရိကန် ၈၉ သန်းတန်ဖိုးရှိ ဆေးဝါးများကိုယခုနှစ်ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံသို့တင်သွင်းပြီးဖြစ်သည်ဟု ဆေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူက ပြော သည်။
“အိန္ဒိယကဆေးတွေ အများဆုံးဝင်ပါတယ်။ ဒုတိယက ထိုင်းနိုင်ငံ ထုတ် ဆေးတွေဖြစ်ပြီး တရုတ်ဆေးအဝင်ကတော့ တတိယနေရာ မှာရှိနေပါတယ်” ဟု ဦးစည်သူဝင်းက ပြောသည်။
မြန်မာနိုင်ငံသို့ အိန္ဒိယဆေးများ တင်သွင်းရာ တွင် လေကြောင်း ခရီးအနီးဆုံးတွင် ရှိနေခြင်း၊ တရုတ်ဆေးများထက် အရည် အသွေး ပိုကောင်းခြင်း စသည့်အချက်များသည် မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်သည့် အကြောင်း တစ်ချက်အနေဖြင့် ပါဝင်နေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်း တရားဝင်မထုတ်ပြန်ရန် တရုတ်အစိုးရက တောင်းဆိုထားကြောင်း


ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်း တရားဝင်မထုတ်ပြန်ရန် တရုတ်အစိုးရက တောင်းဆိုထားကြောင်း

(The Voice Weekly) ယခင်အစိုးရနှင့် ကေအိုင်အေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
7Day News Journal, 29 October 2012  —-   ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ရွှေလီ(တရုတ်-မြန်မာ နယ်စပ်)မြို့တွင် အောက်တိုဘာ၃၀-၃၁ရက်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ မြန်မာအစိုးရမီဒီယာများတွင် တရားဝင်သတင်းမထုတ်ပြန်ရန် တရုတ်အစိုးရမှ တောင်းဆိုထားကြောင်း
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌနှင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ယနေ့(အောက်တိုဘာ၂၉)နံနက်တွင် ပြောကြားသည်။

လက်ပံတောင်းမှာ လုံထိန်းနဲ့ ဒေသခံ ထိပ်တိုက်တွေ့


လက်ပံတောင်းမှာ လုံထိန်းနဲ့ ဒေသခံ ထိပ်တိုက်တွေ့ 

(ဓာတ်ပုံ - ဂျေပိုင်)
ဧရာဝတီဘလော့. ၂၉ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  မုံရွာခရိုင် လက်ပံတောင်းတောင်စီမံကိန်းဒေသ ဆည်တည်းရွာတွင် စနေနေ့ နံနက်ပိုင်းက ဒေသခံတချို့နှင့်   လုံထိန်းရဲတို့ ထိပ်တိုက်တွေ့ခဲ့ကြောင်း သိရသည်။
တရုတ်ကုမဏီဝန်ထမ်း နှစ်ဦးက ဒေသခံတို့၏ စိုက်ခင်းပေါ်သို့ စွန့်ပစ်မြေ သွားရောက်ပုံသည့်အတွက် ဒေသခံ ၄၀ ကျော်က  ၀ိုင်းဝန်း ကန့်ကွက်ကြရာမှ လုံထိန်းတို့ ရောက်လာပြီး ထိပ်တိုက်တွေ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ကြေးနီစီမံကိန်း တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆို စကားလုံးများကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရ


ကြေးနီစီမံကိန်း တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆို စကားလုံးများကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရ

Freedom News Group, 29 October 2012 —
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်၂၆ ရွာမှ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးညှိုနှိုင်း။
အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း ၂၆ ရွာမှ တစ်ရွာလျှင် ၂ ယောက်နှုန်းဖြင့် ကိုယ်စားတက်ရောက်လာသည့် ကျေးရွာသားများနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ တာဝန်ခံ ဦးမြင့်အောင်၊ ဦးပိုင် ကုမ္မဏီမှ လာများနှင့် တွေ့ဆုံပွဲတွင် ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆိုမိုက်ရိုင်းခက်ထန်သည်စကားလုံးများကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရ။

မြန်မာအစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်


မြန်မာအစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ် 

ကေအိုင်အေ စစ်သားတစ်ဦး
KNG News, 29 October 2012  —  ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် နယ်မြေနှင့် အနီးတ၀ိုက်တပ်များတွင် လတ်တလော အစိုးရတပ်နှင့် နှစ် ဖက်တပ်များသည် လက်နက်ကြီးများအသုံးပြု၍ အသီးသီး တပ်ချထား သောနေရာသို့ အပြန်အလှန် ပစ်ခတ်မှု များပြု လုပ်နေကြသည်။
မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၆ မိုင်အကွာရှိ အင်အား ၅၀ ကျော်ရှိသည့် လွယ်မောက် (Loi Mawk) မြန်မာအစိုးရတပ် ခလရ ၅၆ တပ်ကို KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်နိုင်


အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်နိုင် 

ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြီးခဲ့တဲ့ မတ်လအတွင်း ဆွေးနွေးခဲ့စဉ်က
DVB News, 29 October 2012  —  တရုတ်နိုင်ငံ ရွှေလီမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ တွေ့ဆုံကြ မယ့် ကေအိုင်အိုနဲ့အစိုးရ အကြား ဆွေးနွေးပွဲ အတွက် ဆွေးနွေးပွဲမှာပါဝင်မယ့် ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အမည်စာရင်းကို အစိုးရဘက်က၄ ရက်လောက်  ကြိုပေးပေမယ့် ကေအိုင်အို ဘက်က အောက်တိုဘာ ၂၉ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှ ပေးတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက   ဒီဗွီဘီကို ပြောပါတယ်။

ရခိုင် ပဋိပက္ခကြောင့် လူ နှစ်သောင်းနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားဟု ကုလသမဂ္ဂ ထုတ်ပြန်


ရခိုင် ပဋိပက္ခကြောင့် လူ နှစ်သောင်းနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားဟု ကုလသမဂ္ဂ ထုတ်ပြန် 

The Voice Weekly, 29 October 2012  —  ရန်ကုန် ၊ အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ် အတွင်း ထပ်မံဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသူ ဦးရေသည် အနည်းဆုံး လူဦးရေ နှစ်သောင်း နှစ်ထောင့် ငါးရာ ရှိသည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ခဲ့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ တွင် CNN သတင်းဌာန က ဖော်ပြသည်။

မြောက်ဦးမြို့နယ်တွင် ရခိုင်(၁)ဦးတိုက်ခိုက်ခံရ


မြောက်ဦးမြို့နယ်တွင် ရခိုင်(၁)ဦးတိုက်ခိုက်ခံရ


Arakan Times, 29 October 2012 —-  အောက်တိုဘာလ(၂၇)ရက်နေ့ ညနေ(၈)နာရီအချိန်တွင် မြောက်ဦးမြို့နယ်ရှိ ကျွဲတဲရွာ အလယ်ဈေး အုပ်စုနေ ဦးမောင်ကြီးမှာ သူ၏မိတ်ဆွေတစ်ချို့နှင့် ကွမ်းခြံတွင် အလုပ်လုပ်နေစဉ် ဘင်္ဂလီ(၂၀)ခန့်ပါသည့် အုပ်စုတစ်စုက ဝိုင်း၍တိုက်ခိုက်ခဲ့ကြောင်း သိရှိရပြီး ယင်း ဘင်္ဂလီအုပ်စု၏ တိုက်ခိုက်မှုကြောင့် ဦးမောင်ကြီးနှင့် အလုပ်လုပ်နေသူများမှာ ထွက်ပြေးလွတ်မြောက် ခဲ့သော်လည်း ဦးမောင်ကြီး၏ ခြေဖနှောင့်တွင် လှံဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။