တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည် အဂတိလိုက်စားနေကြသော
ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူ အပြစ်ပေးမှု
မပြုခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်
ဥပဒေရေးရာကော်မတီက ၄င်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင်
တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်လာစေရန်နှင့် တရားဥပဒေစိုးမိုးမှု
အားကောင်းလာစေရန်အတွက် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့်
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တရားဥပဒေ စိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီတို့ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း
ဖော်ပြခဲ့သည်။
ယင်းသတင်းထုတ်ပြန်ချက်၌ ယနေ့ တရားစီရင်ရေးနယ်ပယ်တွင်
လာဘ်ပေးလာဘ်ယူမှုများနှင့် အဂတိလိုက်စားမှုများ လွှမ်းမိုးနေဆဲဖြစ်ကြောင်း
မီဒီယာများက ဝေဖန်ထောက်ပြလျက်ရှိကြောင်း၊ ထိုသို့ တရားစီရင်ရေးမဏ္ဍိုင်
တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည် အဂတိလိုက်စားနေကြသော ပုဂ္ဂိုလ်များ၊
အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူ အပြစ်ပေးမှု
မပြုခြင်းကြောင့်ဖြစ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်က လက်အောက်အရာထမ်း၊
အမှုထမ်းများကို အကာအကွယ်ပေးနေကြောင်း၊ အပြစ်ပေး အရေးယူမှုများရှိသည်ဟု
ပြောကြားနေသော်လည်း တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသည်ကို တွေ့ရကြောင်း
ဖော်ပြထားသည်။
မီဒီယာများကို တရားရုံးများက အပြင်းအထန် ဟန့်တားနေခြင်းသည်
ခေတ်နောက်ပြန်ဆွဲနေခြင်း ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှု
မရှိခြင်းလည်းဖြစ်ကြောင်း၊ တရားရုံးများကို အမှောင်ချကာ
အဂတိလိုက်စားမှုများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကြသည်ဟု
ယူဆနိုင်ကြောင်း...
|
သတင်းထုတ်ပြန်ချက်အရ မြို့နယ်-ခရိုင်တရားရုံးများတွင်
တရားစီရင်မှုများသည် ပွင့်လင်းမြင် သာမှု မရှိကြောင်း၊ တူညီသောအခြေအနေ၊
တူညီသောပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ချက်များသည်လည်း တူညီမှုမရှိကြောင်း၊
ဘက်လိုက်မှု၊ အဂတိလိုက်စားမှုများ အားကောင်းနေဆဲဖြစ်ကြောင်း၊ ထိရောက်သော
အရေးယူအပြစ်ပေးမှု စဉ်ဆက်မပြတ် မပြုလုပ်သမျ တရားစီရင်ရေးနယ်ပယ်တွင်
အဂတိလိုက်စားမှုများ လွှမ်းမိုးနေမည်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်
ထည့်သွင်းဖော်ပြထားပါသည်။
မီဒီယာများကို တရားရုံးများက အပြင်းအထန် ဟန့်တားနေခြင်းသည်
ခေတ်နောက်ပြန်ဆွဲနေခြင်း ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှု
မရှိခြင်းလည်းဖြစ်ကြောင်း၊ တရားရုံးများကို အမှောင်ချကာ
အဂတိလိုက်စားမှုများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကြသည်ဟု
ယူဆနိုင်ကြောင်း၊ တရားရုံးများသို့ မီဒီယာမ၀င်ရဆိုသော အမိန့်ညွှန်ကြားချက်
ရှိမည်ဟု မယုံကြည်ပါကြောင်း၊ ရှိခဲ့လျှင် ခေတ်စနစ်နှင့်အညီ အံမ၀င်တော့သော
ညွှန်ကြားချက်သာ ဖြစ်ပါကြောင်း၊ တရားရုံးများတွင် မီဒီယာသတင်းထောက်များ
ထားရှိရန် စာနယ်ဇင်းကောင်စီသို့ တိုက်တွန်းသွားမည်ဖြစ်ကြောင်း
ဖော်ပြထားပါသည်။
လာဘ်ပေး လာဘ်ယူမှုသည် လွန်စွာသိမ်မွေ့လှသောကြောင့် လက်ပူးလက်ကြပ်
ဖမ်းဆီးဖော်ထုတ်ရန် ခက်ခဲကြောင်း၊ သို့ရာတွင် တရားစီရင်ရေးနယ်ပယ်မှ
အဂတိလိုက်စားမှု လွန်ကဲသော တရားရုံးများ၊ တရားသူကြီးများ၊
ဥပဒေအရာရှိများနှင့် တရားရုံးဝန်ထမ်းများ၏ သတင်းသည် ပြည်သူကြားတွင်
စဉ်ဆက်မပြတ် ထွက်ပေါ်လျက်ရှိကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်
ဖြောင့်မတ်ကြံ့ခိုင်လာစေရန်နှင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန်
တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီတို့ ချိတ်ဆက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သတင်းထုတ်ပြန်ချက်က ဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာ ကော်မတီကို ဥက္ကဋ္ဌသူရဦးအောင်ကိုနှင့်
အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားပြီး တရားဥပဒေ စိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ
အဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၄ ဦး ဖြင့် ဖွဲ့စည်းထားသည်။ |
အခုတော့မျက်နှာပြောင်ကြောင်းပါသိပြီမို့လား
ဘုရားမှတ်မနေကြနဲ့ နာဂစ်ကိစ္စ ကတည်းကဖွတ်ထွက်ပြီးသား
ဒါတောင်..ငါ့..ကိုယ်ကျင့်တရားက "လာဘ်ပေးလာဘ်ယူ"ခြင်းပဲ ဆိုရင်တော့ ရှိစေတော့...........
ခင်ဗျား က ဝန်ကြီးတွေကို ပညာတတ် ထင်နေတာလား။
ဟာသပဲဗျာ။ အဲဗျ သူခိုး ပညာတော. ဘယ်သူမှလိုက်မမှီအောင်တတ်ပါတယ်။ ဆောရီး ဆောရီး
တကယ်တမ်းသာအရေးယူရမယ်ဆို တရားသူကြိးချုပ်၊ရှေနေချုပ်ကအစ ရုံးပြာတာ အဆုံးအကုန်ပါပြီးတရားစီရင်ရေးမဏ္ဍိုင် ကြီးပါပျောက်သွား မှာပါ။
အကုန်လုံး ဒမြ တွေပါ တရားရေး ဝန်ထမ်းတွေက
ထန်ကိုင်တွယ်သင့်တယ်
First, change and reform the laws that are not appropriate.
Second, found a special investigation unit for corruption and enforce the law. Nobody should be above the law.
Third, found the internal affair unit to investigate those law enforcers who didn't arrest bad people (bad judges, bad attorney) for corruption.
Fourth, increase the pay rates, benefits and bonuses such as free housing, more vacation days for those people (judges, attorneys, etc) who are honest, loyal and hard-working.
Fifth, give severe punishment for those people who didn't follow the rule of law.
"လာဘ်ပေး လာဘ်ယူမှုသည် လွန်စွာသိမ်မွေ့လှသောကြောင့် လက်ပူးလက်ကြပ် ဖမ်းဆီးဖော်ထုတ်ရန် ခက်ခဲကြောင်း"
No one is above the law.
There is no excuse for corruption.
our connection is WIRELESS
our country girl is CLOTHLESS(X)
our futures is HOPELESS
our salary is VERYLESS
our Government+ is SHAMELESS!!!!!!!!!!!!
ငွေကြေးဥစ္စာကုန်ခမ်းသွားရင်ရှာလို့ရတယ်
ပညာမရှိရင်ရှာလို့ရတယ်
အကျင့်စာရိတ္တပျက်စီးရင်ကျန်တာတွေအကုန်
ပျက်စီးတယ်၊
ဒါကြောင့် အစိုးရဟာ မိမိကိုယ်ကို Clean government
လို့ပြောရင်ဒီလိုတိုင်းပြည်အတွက်အရေးကြီးလှတဲ့
တရားစီရင်ရေးမှာအကျင့်စာရိတ္တပျက်စီးနေတဲ့ဝန်ထမ်း
ကြီးငယ်အားလုံးကို အရှေ့ဂျာမဏီနိုင်ငံပြန်လည်ထူ
ထောင်တုန်းကလုပ်သလိုမျိုးအားလုံးမြေလှန်ရှင်းပစ်
ပြီး အသစ်တွေနဲ့အစားထိုးမှရလိမ့်မယ်
အခုက အနာကိုအပြင်ကနေဘဲဆေးထည့်ပြီးအတွင်း
မှာလှိုက်စားနေတဲ့ပိုးကောင်တွေကိုမွေးထားသလို
အစိုးရအတွက်လည်းအန္တရာယ်ကြီးတယ်၊ပြည်သူ
အတွက်လည်းအကျိုးယုတ်ယ်၊ဒါကြောင့်အစိုးရက
ပြတ်ပြတ်သားသားကိုင်တွယ်ဘို့အရေးကြီးတဲ့အချိန်
ရောက်နေပြီ၊
ဒီလိုမပြတ်မသားလုပ်နေရင်အစိုးရသက်တမ်းအဆက်
ဆက်သာကုန်သွားမယ်ဘာမှပြောင်းလဲမှာမဟုတ်ဘူး
အစိုးရလဲလေဘဲရှိမယ်လို့အပြောခံရတာဘဲအဖတ်တင်မယ်၊
တကယ်လုပ်နိုင်တဲ့သတ္တိမရှိရင်လေမကျယ်ပါနဲ့လို့
အစိုးရကိုပြောချင်ပါတယ်၊မဟုတ်ရင်တော့အစိုးရပါ
အထင်သေးခံရပြီး၊ခက်ခက်ခဲခဲရထားတဲ့ပြည်သူ့
ယုံကြည်မှုတွေဆုံးရူံးသွားလိမ့်မယ်...
ပိုင်ဆိုင်မှု့တွေကို တရားဝင် မကြေငြာရဲကတည်းက သူခိုးတွေဆိုတာ ထင်ရှားနေပြီလေဗျာ တက်ညီလက်ညီ ဝိုင်းပြီးကန့်ကွက်လိုက်ကြတာ ထိုသူတွေက တိုင်းပြည်အတွက် အလုပ်လုပ်ကြမတဲ့ ဖြစ်နိုင်ပါ့မလား
သူခိုးဆိုတာ ဘယ်သူ့ဆီကခိုးခိုး သူခိုးပဲ
အဲလို ခိုးလို့ရတာတွေနဲ့ တိုက်ပုံကြီးတွေဝတ် ခမ်းခမ်းနားနား အလှုအတန်းတွေလုပ်လို့လည်း ကိုယ့်နောက်ပါမယ်လို့ ထင်သလား သံသရာမှာ ခံစရာရှိရင် ထောက်ပံ့ကျွေးမွေးခံစားရသူတွေက လာပြီးကယ်လို့မရသလို ကိုယ်စားခံကြမည်လည်းမဟုတ် ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်နဲ့သွားကြရမှာ
ကျတ်သရေမင်္ဂလာဆိုတာ လူ့ကိုယ်ကျင့်တရားနဲ့မှရတယ်
လူသိမခံနိုင်တဲ့ မတရားနည်းနဲ့ ရထားတာတွေနဲ့ အတင်းလုပ်ယူလို့ရတာမဟုတ်ဘူး
လက်ရှိဝန်ထမ်းတွေကို ခေတ်ကာလ လူနေမှု့စရိတ်နဲ့ကိုက်ညီမဲ့ လစာခံစားခွင့်တွေ တွက်ချက်ပေးဖို့လိုပါတယ် အဲဒီလိုပေးပြီးကာမှ ဆက်ပြီးအကျင့်ပျက်ရင် နယ်ပြောင်း ရာထူးလျှော့ချ အထူးသတိပေး စတာတွေ ဘာတစ်ခုမှမလုပ်ပဲ ချက်ချင်းထုတ်ပယ်ပစ်ပါ သတင်းစာမှာဓါတ်ပုံနဲ့တကွ လူသိရှင်ကြားကြေငြာပစ်ပါ (လဘ်စားမှု့နည်းပါးတဲ့ စင်ကာပူမှာ အဲဒီလိုလုပ်ပါတယ်)အရှက်သိက္ခါနဲ့ပြန်လည် ထိန်းကျောင်းတဲ့နည်းပါ
ထုတ်ပယ်ခံရသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှု့တွေကိုစစ်ဆေးပြီး နိုင်ငံတော်ပိုင်သိမ်းဖို့လိုပါတယ် တချီကောင်းခိုးပြီး ကျန်းမာရေးအကြောင်းပြ အထုပ်ပိုက် ထွတ်သွားသူတွေ မနည်းတွေ့နေရလို့ပါ အများစုက ငတ်လို့ခိုးတာမဟုတ်ပဲ ဆွေစဉ်မျိုးဆက် သန်းကြွယ်သူဋ္ဌေးဖြစ်ဖို့ ခိုးနေကြတာ
"လုပ်ငန်းကျွမ်းကျင်လို့ အစားထိုးစရာ အခြေအနေမပေးလို့" ဆိုတဲ့မဟုတ်တဲ့ ဆင်ခြေတွေမပေးပါနဲ့ မတက်တဲ့သူကို သင်ပေးလို့ရပါတယ် ကျွမ်းကျင်လာအောင် လေ့ကျင့်ပေးလို့ရတယ် လူတိုင်းမွေးကတည်းက ဘာမှတက်လာတာမဟုတ်ဘူး သန်း၆၀လောက်ရှိတဲ့ လူထုထဲက ကိုယ်ကျင့်တရား စာရိတ္တကောင်းသူတွေကို အများကြီး ဆွဲထုတ်နိုင်ပါတယ်
ကျွန်တော်တို့တိုင်းပြည်ကို အဖက်ဖက်က ပြန်လည်ထူထောင်ကြမယ်ဆိုရင် အရင်ကလို ပျော့တိပျော့ဖက် ပုံစံမျိုးတွေနဲ့ ဆက်သွားလို့မရပါဘူး
ပြည်သူ့ ဝန်ထမ်းဆိုတဲ့လူတွေက သူတို့ လာဘ်စားနေ၊ခိုးနေတာအပြစ်လုံးဝမရှိပါ
နိုင်ငံတော်ကလစာလုံလောက်မပေးတာ နိုင်ငံတော်အပြစ်ပါဆိုတော့
ဒီလူတွေခိုးလို့ လာဘ်စားလို့ ရတဲ့လုပ်ငန်းကဝန်ထမ်းတွေမဟုတ်တာလုပ်တာလဲအပြစ်မရှိဘူးပေါ့
ဒီလိုအရှက်မရှိတဲ့လူတွေများသထက်များလာလို့ လည်း
နိုင်ငံတကာအဆင့်မြန်မာပိုင်လုပ်ငန်းရယ်လို့ တခုတောင်လက်ညိုးထိုးပြစရာမရှိ
သူတို့ သူခိုးပိုင်၊သူခိုးဝန်ထမ်းများနဲ့ ဖွဲ့ ထားတဲ့လုပ်ငန်းတွေ
နိုင်ငံတကာလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်လို့ မရမှန်းသိနေတော့
ရင်းနှီးမြုတ်နှံမှုဥပဒေအလုပ်မဖြစ်အောင်ရေးကြပြန်ရော
တကယ့်ကိုကိုယ်ကျင့်တရားပျက်စီးငြင်းငါးပါးဆိုက်နေတဲ့
လူပျက်အစိုးရ နဲ့ ပြည်တွင်း လူပျက်မဟာလုပ်ငန်းရှင်တွေ ပါဘဲ
ပြည်တွင်း လူပျက်မဟာလုပ်ငန်းရှင်တွေ ရဲ့အကျိုးစီးပွားကာကွယ်ပေးမဲ့
ရင်းနှီးမြုတ်နှံမှုဥပဒေလည်ဘယ်နှနှစ်ကြာမှအတည်ပြုနိုင်မှာပါလိမ့်
နောက်ထပ်အနှစ်(၅၀)များကြာအုံးမလား
............တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာ ကော်မတီကို ဥက္ကဋ္ဌသူရဦးအောင်ကိုနှင့် အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားပြီး တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၄ ဦး ဖြင့် ဖွဲ့စည်းထားသည်။............
အခက်အခဲတွေကျော်ဖြတ်ပြီး ပြည်သူ့အကျိုးအတွက် အောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေ။
အမှုရင်ဆိုင်ရတယ်ဆိုကတည်းက လူမှုရေး၊ စီးပွားရေး၊ စိတ်ကျန်းမာရေး အားလုံးထိခိုက်ကြပါတယ်။
ငွေကုန်လူပန်းမို့ တရားရုံးကမမျှတရင် ရေနစ်သူဝါးကူထိုးသလိုပါပဲ။
တခြားဌာနတွေမှာလာဘ်စားတာနဲ့ တရားရုံးမှာလာဘ်စားတာ တခါတလေ အကျိုးသက်ရောက်ပုံချင်း ကွာခြားလှပါတယ်။
အပြစ်ရှိသူတွေ လွတ်မြောက်ပြီး၊ အပြစ်မဲ့သူတွေ ထောင်ကျသွားတာမျိုးဆိုရင် ကြီးစွာသောထိခိုက်မှုပါပဲ။
တရားရုံးမှာ မတရားအမှုရှူံးကြရှာတဲ့ အမှုသည်တွေအတွက် ဒီပြုပြင်ပြောင်းလဲမှုကြီးက မဖြစ်မနေ လိုအပ်တယ်။
တစ်ဖက်ကလစာမလောက်တာနဲ့ တစ်ဖက်ကထိခိုက်နေတာကိုမပြုပြင်ပဲထားလို့ ဖြစ်ပါ့မလား။ တစ်နည်းနည်းနဲ့ ကြိုးစားပြုပြင်ကြရမှာပါ။
ပြီးတော့ ဝန်ထမ်းငယ်တွေကိုပဲ ရည်ရွယ်တာမဟုတ်ဘူးထင်တယ်။
ရာထူးကြီးလေ လာဘ်စားလေ၊ ပိုအရှောင်အတိမ်းကောင်းလေ၊ ပိုအန္တရာယ်ကြီးလေမို့
အဲဒီအဆင့်အထိ အရေးယူရမှာပါ။
ပြုပြင်ဖို့အချိန်ပေးခဲ့ပြီးလို့ ပြင်ဖို့တောင်နောက်ကျနေပြီထင်ပါတယ်။
တရားရုံးရောက်လာတဲ့ ပြည်သူတွေခမျာ အပူမီးတွေနဲ့ရောက်လာရတာပါ။
ဝန်ထမ်းတွေလစာမလောက်တာသနားရင်း ငွေများတရားနိုင်ဖြစ်နေတဲ့လောကထဲက မျက်ရည်ပေါက်ကြီးငယ်ကျရတဲ့ အမှုသည်တွေအတွက်လည်း တွေးပေးပါအုံးဗျာ။
ဒီ ကော်မတီနှစ်ခုကိုရော ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ပေးထားပါလဲ။ ဆွေတော်မျိုးတော်တွေကို စီရင်ဖို့ဆိုရင် ဘုရင့် ကျောက်စီဒါးကို ထုတ်သုံးရတယ်ဆိုတာ' ပေါင်ချိန်' ကား ကြည့်ဖူးသူတိုင်း သိမှာပါ။
သံရှံးလားတဲလူတိုင်းကို ဘာမဆိုင်ညာမဆိုင်နဲ....online ကျေးဆိုပြီးတော 5 dollars တောင်းနေတာတော.ဘယ်လိုပြောကြမှာလဲး...ဘယ်လိုအရေးယူပေးမှာလဲ.... ကိုယ်တွေပါမို.ရှယ်လိုက်တာပါ...
အရေးမပါတဲ့ထောက်ခံစာတောင်းတာတွေ
ဒီဖေါင် Departure form လုပ်ခိုင်းတာတွေ
ဒီဖေါင်ဆိုရင်အစိုးရရတာငွေ ( ၂၀၀ )ကျပ်
လူတွေကုန်ကျတာနေ့တဝက်အချိန်နဲ့ 
သူတို့ အမျိုးအင်တာနက်ကဖေးမှာ၂၀၀၀ ကျပ်
တက်စီခပါထဲ့တွက်ရင်၆၀၀၀လောက်ကုန်တယ်
တန်ဖိုးရှိတဲ့အချိန်လည်းပုတ်သေးတယ်
လေဆိပ်မှာတခါထဲ လဝက=အစိုးရဝင်ငွေ ဆယ်ဆ(၂၀၀၀) ကျပ်တခါထည်းကောက်တာလည်းမဟုတ်
ဒီဖေါင်စံနစ်ဖျက်သိမ်းတာလည်းမလုပ်
ပြည်သူတွေအချိန်ကုန်ငွေကုန် စိတ်ဆင်းရဲအောင် တမင်လုပ်ထားတာတွေအများကြီး
ဘာတခုမှလည်းမပြင်သေးဘူး
ကျုပ်သားသမီးတွေလည်းခိုးစားတာလက်မခံနိုင်လို့ နိုင်ငံခြားမှာစိတ်ညစ်ခံပြီးလုပ်နေတာ
တန်ရာတန်ကြေးလုပ်ခလစာမရလို့ ကတော့ပြောင်းပြီးသားပဲ
အလုပ်လည်းပြောင်းတယ် နိုင်ငံလည်းပြောင်းတယ်
သူခိုးတော့အဖြစ်မခံဘူး
မြန်မာဝန်ထမ်းတွေကခိုးလည်ခိုးတယ်
ခိုးမရရင်လည်း ညစ်ပတ်သေးတယ်အမတန်ရွံစရာကောင်းတဲ့လူညစ်တွေ
နိုင်ငံတော်သမ္မတ ကိုယ်တိုင်ကအဂတိလိုက်စားမှုလုံးဝပပျောက်အောင်အရေးယူမယ်မပြောရဲရှာဘူး
ဝန်ထမ်းတွေလစာမလောက်တာအကြောင်းပြနေတယ်
ဒီဝန်ထမ်းသူခိုးတွေ ဘယ်သူကသေနတ်နဲ့ ချိန်ပြီးလုပ်ခိုင်းနေလိုလဲ
လစာမလောက်မှန်းသိရက်နဲ့ ဝင်လုပ်နေတာ ခိုးလို့ ရနေလို့ ဆိုတာရှင်းနေတာပဲ
ပြည်သူများ ၀န်ထမ်းမျာရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင် ၀န်ထမ်းပြည်သူတွေရဲ့ လစာကို သင့်တင့်အောင် တိုးမြှင့်ပေးပြီး
အဂတိလိုက်စားမှုများကိုလျှော့ချပြီးမှသာလျှင် ဆက်လက်ပြီး အဂတိလိုက်စားမှုများရှိနေသေးလျှင် အရေးယူသင့်သောသူကိုအပြည့်အ၀ဥပဒေနှင့်အညီ အရေးယူသင့်ပါတယ်။
ကျေးဇူးတင်ပါတယ်
ဒီနှစ်မတ်လလောက်မှာစစ်ကိုင်းမှာဖြစ်တာ ၁၂ဘီးကားနဲ့သစ်မာ ၃တန်ကျော်ကျော်မိတယ်.သစ်တောကတရားလိုလုပ်ပြီတရားရုံ့းကို
တင်တယ်ဒါပေမဲ့တရားရုံးမှာစစ်တော့တရားလို့တရားခံမလိုဘူးဘယ်
လောက်တတ်နိုင်လဲပဲမေးတယ်..နောက်ဆုံးတော့၆၅သိန်းနဲ့တည့်
သွားတယ်...မကြာခင်ကအဖြစ်ပျက်တခုကတော့အိန္ဒိယနယ်စပ်ကနေမူယစ်ဆေးဝါးကားအစိးလိုက်သွင်းတာ