Thursday, February 14, 2013

လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး


လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး 

လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး  (၁) အာဝါသမစ္ဆရိယ  မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)  (၂) ကုလမစ္ဆရိယ  ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။ (ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး)   (၃) လာဘမစ္ဆရိယ  စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက်သာ နေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)  (၄) ၀ဏမစ္ဆရိယ  သူတစ်ပါး၏ လှပသော အဆင်းဂုဏ် မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း။ (သူများရဲ့ ကောင်းဂုဏ်ကို မချီးမွမ်းနိုင်တာ၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက် ပြောတာမျိုး)  (၅) ဓမ္မ စ္ဆရိယ  စာပေပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိ သိသလို သူတစ်ပါးအား မသိစေလိုခြင်း တို့ဖြစ်ကြလေသည်။ (ကိုယ်သိသလို သူများကို မသိစေချင်တာ၊ မတတ်စေချင်တာမျိုး)  ဒီ (၅)မျိုးကို လက်ခံထားရင် ကိုယ်တိုးတက်မယ့်ဂုဏ် မတိုးတက်ပါဘူး… ကိုယ်ရမယ့်ဟာတွေ ကိုယ်ဖြစ်လာမယ့် အရာတွေဟာ လမ်းပိတ်လိုက်သလို ဖြစ်သွားပါတယ်.. ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိဘူးတဲ့…. သူများနားမထောင်ဘူးပေါ့… ဖြစ်ရာဘဝကိုလိုက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်တဲ့… သူတစ်ပါးရဲ့ အကူအညီကိုလဲ မရတတ်ဘူးတဲ့…. အကုသိုလ်ကြီးလွန်းရင် အရမ်းသနားတတ်တဲ့သူ၊ အရမ်းပေးကမ်းတတ်တဲ့သူ၊ အရမ်းစာနာတတ်တဲ့သူနဲ့ တွေ့ရင်တောင် အဲ့ဒီလူအပေါ် သနားချင်စိတ်တွေ.. ပေးကမ်းချင်စိတ်တွေ.. စာနာချင်စိတ်တွေ…ကူညီချင်စိတ်တွေ ပျောက်သွားပါတယ်။  သူတစ်ပါးကြီးပွားပျော်ရွှင်တာကို၊ သူတစ်ပါးတို့ ချစ်ခင်ကြင်နာတာကို အန္တရယ်ပြုသည်အထိ ဝန်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊ သံသရာဆိုးကျိုးများကို သိလိုပါသည်ဟု မေးလျောက်ရာ ဗုဒ္ဓက မစ္ဆရိယသမားအတွက် လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ။ ကူညီစောင့်မမည့်သူလည်း မရှိ။   သံသရာဆိုးကျိုးကား ငရဲ၊ တိရစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက်ရပြီး ထိုဘုံများမှလွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘဝသို့ ရောက်ရသည်။ အမြဲလိုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတတ်သည်။ ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်ပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု ဖြေကြားခဲ့ပေသည်။  ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)   (ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” စာအုပ်မှ ဖြစ်ပါသည်။ အင်မတန်ကောင်းသော စာအုပ်ဖြစ်၍ ကိုယ်တိုင်မဖြစ်မနေ ဝယ်ဖတ်ကြည့် စေချင်ပါသည်)   နှလုံးသားအာဟာရ
(၁)     အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမ
ျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)

ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ်


ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ် 

ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ် ရန်ကုန်၊ ဖေဖော်ဝါရီ ၇ လက်ရှိ မောင်းနှင်နေသည့် မြန်မာအက္ခရာနံပါတ် ကားများအား အင်္ဂလိပ်အက္ခရာသို့ပြောင်း ရန်စီစဉ်နေပြီဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။ “စည်းကမ်းမဲ့ မောင်းနေတဲ့ ယာဉ်တွေကို ဖမ်းဖို့အတွက် တပ်မယ့်စက်တွေက မြန်မာအက္ခရာကို မသိဘူး။ ဒါကြောင့် အင်္ဂလိပ် အက္ခရာပြောင်းဖို့ လုပ်ရတာ” ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။

ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး


ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး 

ဦးအောင်ကျော်ဇော
သျှမ်းသံတော်ဆင့်သတင်းဌာန.  ၁၃ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —-
 တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး )
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀ဝ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
မေး – စစ်တပ်တွင်း သူရဘွဲ့တွေ ချီးမြှင့်တဲ့ အခြေအနေ အရင်ပြောပေးပါဦး။

NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး


ဦး ခင်မောင်ဆွေ အင်တာဗျူး

NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး
နွယ်နီစန်း                                                                                    The Politics Journal 14.FEB. 2013
မေး။      ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့လုပ်ကိုင်နိုင်စွမ်း ယှဉ်ပြိုင်နိုင်စွမ်းတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။
ဖြေ။       ။ ၂၀၁၅ အတွက်ဆိုအခု ပါတီတွေက (၅၀) ကျော်သွားပြီ။ (၅၄) ပါတီရှိသွားပြီ။ နောက်ထပ် လည်း တိုးဖို့ရာ ရှိနေပါသေးတယ်။ မသကာပြောမယ်ဆိုရင် ပါတီလေးငါးဆယ်ခုလောက်တော့တိုးရင်တိုးနေဦးမှာပါ။ ပါတီတွေအများကြီး ဖြစ်လာမှာပါ။ ၂၀၁၅ ပွဲကတော့ ပြည်သူတွေမျက်စိလည်မယ့်ပွဲလို့ပြောရမှာပေါ့။ အင်အားကြီးပါတီကတော့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီပေါ့။ ကျန်တဲ့ပါတီတွေက သူတို့လောက်အရှိန်အ၀ါမကြီးပေမယ့်လို့ အချို့ပါတီတွေက စည်းရုံးရေးအင် အားကောင်းတယ်။ အချို့ပါတီတွေက နိုင်ငံရေးသိက္ခာရှိခဲ့ကြတယ်။ တချို့ပါတီတွေက နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ပါတီမျိုးကျတော့ နိုင်ငံရေးဥပဓိရုပ်ကောင်းတာပေါ့။ အဲဒါတွေထည့်တွက်မယ်ဆိုရင် မှန်မှန်ကန်ကန်သွားမယ်ဆိုရင်တော့ ပြည်မမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ကအဓိကပြိုင်ဖက်ဖြစ်မှာပေါ့။ ကျန်တဲ့ပါတီတွေလဲ သူတို့အင်သူတို့အားပေါ့လေ။ စည်းရုံးရေးကောင်းတဲ့နယ်မြေတွေမှာ ရနိုင်တဲ့အနေအထားရှိပါတယ်။ ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေက နံပါတ်(၁) ပေါ့လေ။ ရာခိုင်နှုန်း ၈၀၊၉၀ တော့ရမှာပေါ့။ ကျန်တဲ့ပါတီဘယ်ပါတီမဆို တိုင်းရင်းသားပါတီတွေကိုကျော်တက် ပြီးတော့ land-slide နိုင်သွားဖို့တော့မဖြစ်နိုင်ပါဘူး။ ဥပမာဆိုပါစို့- ရှမ်းမှာဆိုရင် ရှမ်း(၃) ပါတီရှိတယ်လေ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။