Monday, April 15, 2013

သင်္ကြန်ရေစိုသွားတဲ့ ဖုန်းကို အသက်ကယ်နည်း


သင်္ကြန်ရေစိုသွားတဲ့ ဖုန်းကို အသက်ကယ်နည်း

Tuesday, April 16, 2013

သင့်ဖုန်းဟာ ရေစိမ်ခံ၊ ရေစိုခံ ဖုန်းတစ်လုံး မဟုတ်ဘူး ဆိုရင် သင်္ကြန်ရက်တွေမှာ ဆက်သွယ်ဖို့ အတွက် ဖုန်းတစ်လုံး သယ်ဆောင်သွားရတာ အိမ်မက်ဆိုးကြီး တစ်ခုလို ဖြစ်နေနိုင်ပါတယ်။
တကယ်လို့များ အဲ့ဒီ အသက်တမျှ ကာကွယ်ဖို့ လိုတဲ့ သင့်ရဲ့ဖုန်း သင်္ကြန်ရေနဲ့ ထိတွေ့သွားလို့ စိတ်သောက ဖြစ်ရမလား။
ဒါဆိုရင် အောက်ပါ အဆင့်တွေအတိုင်း ဆောင်ရွက်ကြည့်နိုင်ပါတယ်။

00. အရမ်းကြီး အစိုးရိမ် မလွန်ပါနဲ့။ စက္ကန့်ပိုင်းလောက် ရေစိုတာကိုတော့ တန်ဖိုးကြီးဖုန်းတွေအားလုံးနီးပါးက ခံနိုင်ရည်ရှိပါတယ်။

01. ရေစိုသွားတဲ့ ဖုန်းကို ချက်ခြင်း ပိတ်လိုက်ပါ။

02. Battery, SIM card နဲ့ memory card တွေ  အကုန်ဖြုတ်ပါ။

03. သန့်ရှင်းခြောက်သွေ့တဲ့ အ၀တ်စနဲ့ ဖုန်းမျက်နှာပြင် ကိုယ်ထည်၊ KeyPad, ကျောဘက်၊ Simcard, Battery, Memory Card အစရှိတဲ့ ရေစိုနေသမျှ နေရာတွေကို သုတ်ပါ။
04. သဘာဝလေ၊ နေရောင်တို့ရှိတဲ့ နေရာမှာ ဖုန်းကို အခြောက်ခံပါ။ လေအေးစက်သုံးတဲ့အခန်း သို့မဟုတ် ကားထဲမှာ အခြောက်ခံနိုင်ပါတယ်။
ဒါပေမဲ့ အရမ်းကြီး ပူပြင်းတဲ့နေရာတွေမှာ မထားပါနဲ့။ Hair dryer ရှိမယ်ဆိုရင် ခပ်ပျော့ပျော့ အနွေးဓာတ်ကို ခပ်လှမ်းလှမ်းကနေ ပေးပါ။

05. Display screen ရဲ့ အတွင်းဘက် တွေ၊ Cover အတွင်းဘက်တွေမှာ ရေကျန်မကျန် စစ်ဆေးပါ။
Protector အတွင်းဘက်မှာရေ၀င်နေမယ် ဆိုရင်တော့ ခွာပစ်လိုက်ပါ။

06. Display မျက်နှာပြင်တွေကို နေရောင် အရမ်းပြင်းတဲ့နေရာမှာ မထားပါနဲ့။
 Dryer နဲ့လည်း တိုက်ရိုက် မမှုတ်မိပါစေနဲ့။ Display တွေဟာ အပူဒဏ်ကို ခံနိုင်စွမ်း သိပ်မရှိလို့ပါ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ် (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး)

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ် (ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး)
Thursday, 11 April 2013 22:41 သျှမ်းသံတော်ဆင့်
KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။

မေး - ပထမဆုံးမေးချင်တာက KIO နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးပွဲ ရက်ရွှေ့ရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။
ဖြေ - အခုလုပ်တဲ့ ဆွေးနွေးပွဲက ပိုအဆင့်မြင့်လာတယ် ဆိုလိုတာက တရုတ်အစိုးရပါလာတယ် ၊ ကြားအဖွဲ့အစည်းတွေပါ လာတယ်။ Stake Holder တွေက ၅ ဖွဲ့ ၆ ဖွဲ့ ဖြစ်လာတယ်။ Peace process မှာက Stake Holder တွေများလာတော့ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတာတွေလည်းရှိ လာ တာပေါ့။ ကောင်းတာကတော့ နှစ်ဘက်ဆွေးနွေးမှု         Legitimate ဖြစ်ဖို့အတွက် ပိုပြီးကောင်းသလို ညှိနှိုင်းရတဲ့အခါ အခြေခံအားဖြင့် တူညီမှုတွေရဖို့အတွက် ခက်ခဲလာတာပေါ့ ဗျာ။  ဒါကြောင့်မို့ ဧပြီလ ၆ ရက်နေ့မှာ ကျင်းပမဲ့ ဆွေးနွေးပွဲဟာ နောက်ကို ရွှေ့ရတဲ့သဘောဖြစ်လာတယ် ။

မေး - အခု KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့အဖွဲ့ ( Stake Holder )တွေရဲ့ အနေအထားကို သုံးသပ်ပေး ပါလား ။
ဖြေ - KIO အနေနဲ့ကတော့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က စပြီးသူ့ဘက်က ပြင်ဆင်မှုတွေအများကြီး လုပ် တယ် လောလော ဆယ် ကချင်ပြည်သူတွေအားလုံးက သူ့ကိုထောက်ခံတယ်။ ဒါပေမဲ့ရေရှည်ဖြစ်လာရင် ပြည်သူတွေသိပ်ဒုက္ခရောက်လာရင် နိုင်ငံရေးအဖွဲ့အနေနဲ့ ဒါမျိုးကို ရှောင်ကျဉ်တာက အကောင်းဆုံး ဖြစ်မယ်။ အဲဒီအောက်မှာပဲ ကေအိုင်အေက တဆင့်ပြီး တ ဆင့် လုပ်လာတာပေါ့။ အထူးသဖြင့် မတ်လ ၁၁ ရက်နေ့က စပြီးတော့ တပ်တွေကို ညွန်ကြားထားတာရှိတယ်။ သေနတ် သံ မမြည်စေဖို့ ခံစစ်ဆိုရင်တောင် တချို့ကိစ္စတွေမှာ အောက်ခြေချင်းညှိပြီးတော့ နေရာဖယ်ပေးဖို့အထိ ပြင်ဆင်ထားတယ် ။ မြစ်ကြီးနား - ဗန်းမော်ကားလမ်းက ကန်တော်ယန်တို့ ဘာတို့ဆိုရင်ဖယ်ပေးလိုက်တယ်။ အဲလိုပဲ တစ်ဘက်နဲ့တစ်ဘက် သိပ်တင်းမာနေတုန်းက တက်ပြီးယူထားတဲ့ နေရာတွေကို ဆုတ်ပေးလိုက်တယ်။ သူ့ဘက်ကတော့သိပ်မဆိုးဘူး ပျော့ပျော့ ပြောင်းပြောင်းနဲ့ သဘောထားရှိတယ် ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။