Thursday, September 20, 2012

အမေရိကန်ပြည်ထောင်စုရဲ့ထောက်ခံမှု အရေးကြီးကြောင်း ဝန်ကြီး ဦးအောင်မင်းပြောကြား


အမေရိကန်ပြည်ထောင်စုရဲ့ထောက်ခံမှု အရေးကြီးကြောင်း ဝန်ကြီး ဦးအောင်မင်းပြောကြား 

RFA ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က (RFA) လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်တွင် မြန်မာနိုင်ငံ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (လယ်)နှင့် ဒေါက်တာကျော်ရင်လှိုင် (၀ဲ) တို့ကို လွတ်လပ်တဲ့အာရှအသံ ဥက္ကဌ Ms. Libby Liu နှင့်အတူ တွေ့ရစဉ်။
RFA News, 20September 2012  —-   အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်ကို ခေတ္တ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းဟာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေနဲ့ အခြားအရာရှိတွေအပြင် ဦးလှမောင်ရွှေ၊ ဦးကျော်ရင်လှိုင်၊ ဦးသီဟန်မျိုးညွှန့် စသူတို့ လိုက်ပါပြီး RFA လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်ကို စက်တင်ဘာလ ၂ဝ ရက်နေ့ မနက် (၇) နာရီက လာရောက် လည်ပတ်ခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်းက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ အမေရိကန်လွှတ်တော်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆုပေးပွဲကို မိမိတက်ရောက်ပြီး နိုင်ငံရေး ပုံဖော်ခွင့် ရရှိခဲ့တဲ့အတွက် အားရကျေနပ်မိကြောင်း၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ မိမိတို့နိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ အသိအမှတ်ပြု၊ ထောက်ခံ အားပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်း စသဖြင့် RFA ကိုပြောဆိုပါတယ်။
ဒါ့အပြင်ကချင်ပြည်နယ်က ပြဿနာတွေ ပြေလည်ဖို့လည်း ခြေတလှမ်းသာ ရှေ့တိုးဖို့ လိုတော့ကြောင်း ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

ရုရှား အမျိုး သမီး ပန့် ရောခ် ဂီတ အဖွဲ Pussy Riot လွတ်မြောက်ရေး ဒေါ်စု တောင်းဆို


ရုရှား အမျိုး သမီး ပန့် ရောခ် ဂီတ အဖွဲ Pussy Riot လွတ်မြောက်ရေး ဒေါ်စု တောင်းဆို 

Pussy Riot, Myanmar, Aung San Suu Kyi, Call for Release
Freedom News Group , 21September 2012  —- အမေရိကန် ပြည်ထောင်စု သို့   ရောက် ရှိ နေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် က ထောင်ဒဏ် ချမှတ် ခံထား ရသည့် ရုရှား အမျိုး သမီး ပန့် ရောခ် ဂီတ အဖွဲ့  ဖြစ်
သည့် ပူစီ ရိုင်းယတ် အဖွဲ့  ကို လွှတ်ပေး ရန် ဗလာဒီမာ  ပူတင် ဦးဆောင်သည့် ရုရှား အစိုးရ ကို
ယနေ့  တောင်းဆို လိုက်သည်။

နေအိမ် အကျယ် ချုပ် ဘ၀ ဖြင့် ၁၅ နှစ် ကျော်ကြာ နေ ထိုင် ခဲ့ ရသည့် ဒေါ်အောင်ဆန်း စုကြည်
က နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာ ခွင့် အဖွဲ့  (Amnesty International)  မှ ကျင်းပသည့်
Rights Generation တွင် ပြောကြား ခဲ့ ခြင်း ဖြစ်သည်။

အဖွဲ့  ၀င် သုံးဦး ပါသည့် ပူစီ ရိုင်းယတ် (Pussy Riot)  အဖွဲ့  သည် ကာသီဒရေလ် ဘုရား ရှိ ခိုး
ကျောင်း တွင်း ပူတင် ရှိ နေစဉ် ဘုရား ကျောင်း ပြင် ပ ဉ် နိုင်ငံ ရေး လှုံ ဆော်မှု သီချင်း များ သီ
ဆို မှု ဖြင့် ပြီး ခဲ့ သည့် လက ဆူ ပူ သောင်း ကျန်း မှု ရုရှား အစိုး ရ က ထောင် ဒဏ် ၂ နှစ် စီ ချမှတ်
ခဲ့ သည်။

” သီချင်း မှာ ညစ်တီး ညစ် ပတ် တွေ ပါ လို့  လား … အစိုးရ ဆိုတာ ပြည်သူ က ဝေဖန် တာ ခံ နိုင်
ရမယ်။ လူ တိုင်း ဟာ လွတ် လပ် စွာ သီဆို ခွင့် ရှိရမယ်” ဟု တက်ရောက် လာသူများ ကို ပြောသည်။

နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာ ခွင့် အဖွဲ့  ၏  အစီအစဉ် တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား
စဉ်  ပူစီ ရိုင်းယတ် အဖွဲ့ မှာ အဖွဲ့  ခေါင်းဆောင် အဆိုတော် နာဒက်(ဇ)ဒါ တိုလိုကိုနီကို ဗာ ၏ ခင်ပွန်း
ဖြစ်သူ ၊ ရုရှား တင်ဆက်မှု နှင့်  အများ ပြည်သူ ကြား တင်ဆက်မှု အနု ပညာရှင် ပိုင်ယိုတာ ဗာဇီလောဗ်
လည်း ရှိ နေသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့  နံနက် အစော ပိုင်း National Endowment for Democracy
မှ ပေး အပ် ချီးမြှင့် သည့် ဆု ကို တက်ရောက် လက္ခံ ရယူ ခဲ့ သည်။ ထို အခမ်းအနား သို့  နိုင်ငံ ခြား ရေး
ဝန်ကြီး ဟောင်း မယ်ဒလင်း အောဘရိုက် လည်း တက်ရောက် ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် သည် သည် ၀ါရှင် တန် ဒီစီရှိ မြန်မာ မိသား စု များ နှင့် လည်း တွေ့ ဆုံ ခဲ့ ပြီး
သတင်း နှင့် စာနယ်ဇင်း ပညာ ပြ တိုက် Newseum ကို လည်း သွား ရောက် လည် ပတ် ခဲ့ သည်။


ဒေါ်အောင်ဆန်းစုကြည် ၏ သားကြီး ဖြစ်သူ ကိုမြင့်ဆန်းအောင် (အလက်ဇန္ဒား အဲရစ်) အား အသက် ၁၈ နှစ် အရွယ် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ လ ၁၀ ရက် နေ့ တွင် မိခင်ကိုယ် စာ နိုဘဲလ် ငြိမ်းချမ်းရေး ဆု တက်ရောက် လက္ခံ ရ ယူအပြီး
တွေ့ ရစဉ်။ ကိုမြင့်ဆန်းအောင် (အလက်ဇန္ဒား အဲရစ်) သည် အောက်စဖိုဒ့် Magadaleen College နှင့် Dragon School တို့  မှ ဘွဲ့  ရရှိ ခဲ့ ပြီးနောက် အမေရိကန် နိုင်သို့  ပြောင်း ရွှေ့  ပညာ သင်ကြား ခဲ့ သည်။ မိခင် ဖြစ်သူ
အမေရိကန် နိုင်ငံ သို့  လာရောက် လည်ပတ် စဉ် အတွင်း တွေ ဆုံ မည် ဖြစ်
သည်။

ဘဏ္ဍာရေးအကူအညီ ကန့်သတ်မှု ဖြေလျှော့ရေး အမေရိကန်အောက်လွှတ်တော် ထောက်ခံ


ဘဏ္ဍာရေးအကူအညီ ကန့်သတ်မှု ဖြေလျှော့ရေး အမေရိကန်အောက်လွှတ်တော် ထောက်ခံ 


RFA News, 20September 2012  —-  မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးအကူအညီ တားဆီးကန့်သတ်ထားမှု ဖြေလျှော့ပေးရေး ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကတဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး အကူအညီ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
အမေရိကန်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ ရွှေတံဆိပ်ဆုကို ဗုဒ္ဓဟူးနေ့က အပ်နှင်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာပဲ ဘဏ္ဍာရေး အကူအညီ တားဆီး ကန့်သတ်ထားမှု ဖြေလျှော့ပေးရေး အစီအစဉ်ကို အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေ မူကြမ်းကို ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုရဦးမှာပါ။
လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံအပေါ် ငွေကြေးချေးငှားမှုကို ဥပဒေအရ အမေရိကန်အစိုးရက ဗီတိုအာဏာနဲ့ ပယ်ချဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ငွေချေးခွင့် မရသေးခင်အတွင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဘဏ်တွေအပေါ် တင်ရှိနေတဲ့ ကြွေးမြီတွေကို မြန်မာနိုင်ငံက အကျေအလည် ပြန်ဆပ်ရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်ထံ ပြန်လည်ပေးပို့


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်ထံ ပြန်လည်ပေးပို့ 

Photo: Pyithu Hluttaw နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် အဆောက်အဦး
RFA News, 20September 2012  —-  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း (FDI) ကို ပြင်ဆင် ဖြည့်စွက်ဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ထံ ပြန်လည် ပေးပို့လိုက်တယ်လို့ အေပီ သတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဥာဏစိုးက အခုလို ပြောပါတယ်။
“သမ္မတကြီး အခုပြန်ပို့တဲ့ ပြင်ဆင်ချက်တွေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် သင့်တော်တဲ့ အချက်တွေဆိုရင် ကျွန်တော်တို့ လွှတ်တော်ကလည်း ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ အခုက လွှတ်တော် ကျင်းပနေတဲ့အချိန် မဟုတ်သေးတဲ့ အခါကျတော့ ကျင်းပတဲ့ အောက်တိုဘာ ဒုတိယပတ်လောက်ကျမှပဲ ဘယ်အချက်တွေဆိုတာ ကျွန်တော်တို့ သိရှိရမှာပါ”
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂ ပတ်လောက်က လွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုပေးဖို့ ပေးပို့ခဲ့ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကလည်း အခုမူကြမ်းဟာ ပြင်ဆင်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့လည်း ထောက်ပြတယ်လို့ အေပီသတင်းက ဆိုပါတယ်။

စီးပွားရေးတွေ ပွင့်လင်းမြင်သာဖို့ ဒေါ်စုပြော


စီးပွားရေးတွေ ပွင့်လင်းမြင်သာဖို့ ဒေါ်စုပြော 

တက်ကြွလှုပ်ရှားသူလူငယ်တွေနဲ့ ဒေါ်စုတွေ့ဆုံ
BBC New, 21September 2012 —-  မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာချိန်မှာ နိုင်ငံတကာ ကုမ္ပဏီကြီးတွေက ဝင်ရောက် လုပ်ကိုင်ဖို့ ဆန္ဒရှိနေကြသလို ဒေါ်အောင်ဆန်းစုကြည်က ဒီလို လာလုပ်ကြမယ့် လုပ်ငန်းတွေအနေနဲ့ ပွင့်လင်း မြင်သာမှု ရှိဖို့ လိုတယ်လို့ ပြောပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်တဲ့ Amnesty International အဖွဲ့ရဲ့ ဝါရှင်တန် ဒီစီရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခန်းအနားတစ်ခုမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ လူထုကို အကျိုးပြုဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတန်ဖိုးတွေ မြှင့်တင်နိုင်မှုကို အထောက်အကူဖြစ်ဖို့ ဆိုရင် အရင်ဆုံး ပွင့်လင်း မြင်သာမှု ရှိဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဝါရှင်တန်ဒီစီက Newseum သတင်းပြတိုက် ခန်းမမှာ ပြုလုပ်တဲ့ Amnesty International ရဲ့ ပွဲမှာ လူ ၆၀ဝ လောက် တက်ရောက်ကြပြီး အများဆုကတော့ လူငယ်နဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။
ဒီပွဲ နာမည် ကိုတော့ ‘လူ့အခွင့် အရေးမျိုးဆက်သစ်ကို စိတ်ခွန်အားတွေ ပေးနိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည်’ လို့ နာမည်ပေးထားတာပါ။ အမေရိကန်က မျိုးဆက်သစ်လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သူတို့ရဲ့ သူရဲကောင်းတို့ တွေ့ဆုံတဲ့ ပွဲလို့လည်း ဆိုနိုင်ပါတယ်။
”ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျစဉ်က သူလွတ်မြောက်ဖို့ နိုင်ငံတကာမှာ လှုပ်ရှားခဲ့ကြတဲ့ Amnesty International အဖွဲ့သားတွေက သူ့ကို တွေ့ချင်ကြတယ်။ နောက်ပြီး ဒေါ်စုက လူငယ်တွေအရေးနဲ့ ပညာရေးကို စိတ်ဝင်စားသူမို့ လူငယ်တွေနဲ့ အပြန်အလှန် စကားပြောနိုင်၊ မေးမြန်း နိုင်အောင် စီစဉ်ခဲ့တာပါ”လို့ Amnesty International အဖွဲ့ရဲ့ ဝါရှင်တန်ဒီစီ ရုံး ဒါရိုက်တာ မစ္စတာ Frank Jannuzi က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအဖွဲ့က ပေးအပ်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Ambassador of Conscience ဆု ရရှိဖူးသူလည်း ဖြစ်ပါတယ်။
ရရှားအဆိုတော်တွေ လွှတ်ပေးစေလို
အဲဒီပွဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ရုရှားမှာ အကျဉ်းကျနေတဲ့ မိန်းကလေး ပန့်ရော့ခ်ဂီတ အဖွဲ့ဝင် သုံးဦးထဲက တဦးရဲ့ ခင်ပွန်းနဲ့ သမီးငယ်က ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်း လက်ဆောင် လာပေးခဲ့ပါတယ်။
ဒီအဆိုတော် မိန်းကလေးတွေ အားလုံး အမြန်ဆုံး လွတ်စေချင်တဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အစိုးရတွေအနေနဲ့ သူတို့အပေါ် ဘယ်လို ဝေဖန်မှုမျိုးကိုမဆို လက်ခံနိုင်ဖို့ အဆင်သင့် ဖြစ်သင့်တယ်လို့လည်း သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းတွေ မေးကြပြီး သူ နေအိမ်အကျယ်ချုပ်ကျစဉ် အတွေ့အကြုံတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင်တွေ နဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို မေးကြပါတယ်။

သမ္မတ ဦးသိန်းစိန်ကို တရုတ်နိုင်ငံက ဒေါက်တာဘွဲ့ အပ်နှင်း


သမ္မတ ဦးသိန်းစိန်ကို တရုတ်နိုင်ငံက ဒေါက်တာဘွဲ့ အပ်နှင်း 

ဓာတ်ပုံ- MNTV
ဧရာဝတီဘလော့. ၂၁ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-   အမေရိကန် ပြည်ထောင်စုကို မသွားမီ ၃ ရက်တာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ကို စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်တခုက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ် ချီးမြင့်ခဲ့ပါတယ်။ 
အခုလို ပေးအပ်လိုက်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအစီ အစဉ်
ကြောင့် ဖြစ်တယ်လို့ Sky Net ရုပ်သံ သတင်းတခုမှာ ယမန်နေ့ညနေပိုင်းက ထုတ်လွှင့်သွားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က အခုလို တရုတ်နိုင်ငံက ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်တဲ့ အခမ်းအနားမှာ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့တာကိုလည်း Sky Net က ထုတ်လွှင့်ပြသွား ခဲ့ပါတယ်။
အခုဆိုရင် သမ္မတကြီးလည်း  ဒေါက်တာ ဦးသိန်းစိန် ဖြစ်သွားခဲ့ပါပြီ။
တချို့ ဝေဖန်သူတွေက မကြာသေးမီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခဲ့တာမို့ တရုတ်နိုင်ငံကလည်း အခုလို အပြိုင်အဆိုင်အားဖြင့် မြန်မာ သမ္မတ ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းတာဖြစ်တယ် လို့ ထောက်ပြပြောဆိုနေကြပါတယ်။
အိမ့်သံစဉ်

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။