Tuesday, March 12, 2013

နာဂသည် ချင်းမဟုတ်


နာဂသည် ချင်းမဟုတ် 

နာဂလူမျိုးကို ချင်းမျိုးနွယ်စု ၅၃ စုထဲတွင် ပါဝင်သည်ဟု အစိုးရက သတ်မှတ်ထားသည် (ဓာတ်ပုံ – blog.myanmarlife.com)
နာဂလူမျိုးများကို ချင်းလူမျိုးများထဲတွင် ထည့်သွင်းဖော်ပြမှုသည် တိုင်းရင်းသားစည်းလုံးညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
ယင်းကြေညာချက်သည် ဖေဖော်ဝါရီလ ၂၇ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွာငံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းကတိုင်းရင်းသား မျိုးနွယ်စု ၁၃၅  မျိုးနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က နာဂလူမျိုးကို ချင်းမျိုးနွယ်စု ၅၃ စုထဲတွင် ပါဝင်ကြောင်း ပြောကြားခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်သည်။

လက်ပံတောင်း အစီရင်ခံစာကို သဘောမတွေ့ကြ


လက်ပံတောင်း အစီရင်ခံစာကို သဘောမတွေ့ကြ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခေတ္တရပ်ဆိုင်း ထားသည်ကို မတ်လ၂ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသတ် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေသခံများအပါအ၀င် လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူများက ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။
လက်ပံတောင်းတောင် အပြီးသတ် အစီရင်ခံစာတွင် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ဦးတည်ထားပြီး ဒေသခံများ၏ သဘောထားဆန္ဒကို လျစ်လျူရှုထားသည့် အစီရင်ခံစာသာဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီဆောင်ရွက်နေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။

ဘဝ ပျောက်ဆုံးနေတဲ့ ကလေးများ


ဘဝ ပျောက်ဆုံးနေတဲ့ ကလေးများ 

တောင်သူလယ်သမားတွေ၊ ဆင်းရဲသားတွေရဲ့ ကလေးတွေထဲကနေ အိမ်ဖော်တွေ၊ စားပွဲထိုးတွေ ထွက်လာတာပါ (ဓာတ်ပုံ – Reuters)
နိုင်ငံရဲ့ အနာဂါတ်အကြောင်း၊ ကလေး ပြုစုစောင့်ရှောက်ရေး အကြောင်းတွေ ပြောတိုင်း ပြောတိုင်းမှာ ကျမစိတ်ကို အမြဲဝင်လာ နှောက်ယှက်တတ်တဲ့ ကိစ္စလေး တခု ရှိပါတယ်။ အဲဒီ အကြောင်းအရာဟာ ကျမကို အမြဲပဲ ခြောက်လှန့် နေခဲ့ပါတယ်။ အဲဒါဟာ ဘာလဲ ဆိုတော့ ကျမတို့ နိုင်ငံက လက်ဖက်ရည်ဆိုင်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ အိမ်တွေရဲ့ မီးဖိုချောင်မှာ၊ ဟိုမှာ..ဒီမှာ ဆိုသလို အမြဲတွေ့တွေ့နေရတတ်တဲ့ ကလေး အလုပ်သမားများ ရဲ့ ကိစ္စပါပဲ။ ကလေးတို့ရဲ့ အနာဂါတ်၊ ကလေးတို့ရဲ့ အခွင့်ရေးရယ်လို့ ကျမ ပြောတိုင်း ပြောတိုင်း မှာပဲ သူတို့ဟာ ကျမနဲ့ ဝေးတဲ့ တနေရာမှာ ကျန်နေရစ် ခဲ့သလိုပဲ စိတ်ထဲခံစားရပါတယ်။

လက်ပံတောင်းအရေး ဦးပိုင် ဘာပြောလဲ


လက်ပံတောင်းအရေး ဦးပိုင် ဘာပြောလဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အညီ လုပ် ငန်း ဖော်ဆောင်ရေး ကော်မတီရဲ့ ညွှန်ကြားမှုတွေကို ဦးပိုင်က လိုက်နာမှာ ဖြစ်တဲ့အကြောင်း မတ်လ ၁၂ ရက်နေ့စွဲနဲ့  ကြေညာချက် ထုတ်ပြန်မှုကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။ 
 
အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာဖော်ပြထားတဲ့အတိုင်း ပြန်လည်ဖော်ပြ လိုက်ပါ တယ်။  
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပေါ် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ သဘောထားထုတ်ပြန်ချက်

Google ဥက္ကဌ မြန်မာပြည်လာမည်

Google ဥက္ကဌ မြန်မာပြည်လာမည် 

From : http://golden-land-myanmar-mm.blogspot.com/2013/03/blog-post_2869.html#more
 ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည် ====================  အဲရစ်ရှမစ် (ဓာတ်ပုံ – Reuters)  အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့်  ဂူဂဲလ်၏ ဥက္ကဌ  မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။  ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထားသည့် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင်များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။  ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံမည်ဟု သိရသည်။  ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။  မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများတွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။  ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်းသေးသော်လည်း သတင်းမီဒီယာကို ပြင်းထန်စွာ နှိပ်ကွပ်သည့် မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းနည်းပညာကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါဝင်နေရာ ဂူဂဲလ်အနေဖြင့် မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနိုင်မည်ဖြစ်သည်။ ဧရာဝတီ
အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့် ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် မကြာ မီ မြန်မာပြည် လာရောက် လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီ သို့ ပြော ကြားသည်။
ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားေ သာ နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထား သည့် မြောက် ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရ အရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင် များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။ ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်း ထားေ သာ မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်း အရာရှိများ၊ အတိုက်အခံခေါင်းေ ဆာင် ဒေါ်ေ အာင် ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ ဆုံမည်ဟု သိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။