Monday, September 10, 2012

ဘင်္ဂလီအရေး တွေးမိသမျှ - အပိုင်း (၃)



ဘင်္ဂလီအရေး တွေးမိသမျှ - အပိုင်း (၃)  
Wednesday, 13 June 2012 11:53  
 
 ဘင်္ဂလီလူမျိုးများ မီးရှို့မှုကြောင့် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်များ မီးလောင်ကျွမ်းနေပုံ
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
နောက်တစ်ခု သဘောပေါက်စေချင်တာက ဘူးသီးတောင်၊ မောင်တောနယ်စပ်က တဘက်ကနေ ဝင်လာတဲ့ ဘင်္ဂလီတွေနဲ့ မြန်မာပြည်တွင်းမှာ ဘိုးဘွားမိဘ လက်ထက်ကတည်းနေလို့ ပေါက်ဖွား ကြီးပြင်းလာတဲ့ မွတ်ဆလင်ဘာသာ ကိုးကွယ်သူတွေ ဟိန္ဒူဘာသာဝင်တွေ ဆစ်ခ်တွေ ပန်ချာဘီနဲ့ ဂေါ်ရခါးတွေဟာ မတူညီကြပါဘူး။ ပြည်တွင်းက ကုလားအမျိုးသားတွေဟာ မြန်မာပြည်ကို မြန်မာတွေအတိုင်းပဲ ချစ်ကြတယ်။ မြန်မာစိတ်ရှိတယ်။ မြန်မာလို တွေးခေါ်ကြတယ်။ ပြည်ပမှာဆိုရင် တစ်ခြားနိုင်ငံသားတွေနဲ့ မြန်မာတွေ တစ်ခုခုချိတ်စောင်းမိရင် မြန်မာဆိုတဲ့အသိနဲ့ မြန်မာဘက်ကနေ ပါတဲ့သူတွေပါ။ အစွန်းရောက် ဘာသာရေး အတွေးအခေါ်ရှိသူ တချို့ကတော့ ချွင်းချက်ပါပဲ။ မူဆလင်တွေကတော့ ဘာသာရေးသာ တူညီတယ် လူမျိုးမတူဘူး ဆိုတာလည်း သတိပြုမိစေချင်ပါတယ်။

ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် ဆန္ဒပြသူ အစ္စလမ် ဘာသာဝင်များကို ကိုမြအေး လာရောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ပြောဆိုနေပုံ

ကိုမြအေး ထောက်ပြ ပြောဆိုခဲ့တာကလည်း အတော်ကောင်းပါတယ်။ အမှန်ပါပဲ။ ပြည်တွင်းက မူဆလင်အမျိုးသားများ သတိပြုသင့်ပါတယ်။ အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေးလို ဖန်တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ်တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့ အစွန်းရောက်တဲ့သူများ ရှိပါတယ်။ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြော ချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင်အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင် တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေးကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်းတင်ရမှာပဲ။

ရိုဟင်ဂျာအစား ဘင်္ဂလီလူမျိုး ဒါမှမဟုတ် ဘင်္ဂလီကုလားမျိုးလို့ သုံးသင့်တာကလွဲလို့ လေးစားလောက်တဲ့ ပြတ်သားတဲ့ အတွေးနဲ့အပြော ဖြစ်ပါတယ်။ တချို့မြန်မာတွေတောင်မှ ဒီလိုမပြတ်သားပဲ အီးယောင်ဝါးလုပ်ပြီး ပြောနေကြတာပါ။ ဘင်္ဂလီအရေးဖြစ်ပြီး မူဆလင်ဘာသာရေး မဟုတ်ပါဘူး။ ဘင်္ဂလီကိစ္စဟာ ရှုထောင့်မျိုးစုံကနေ ကြည့်ပြီးမှ ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကိစ္စတစ်ခုပါ။ ဘင်္ဂလီတွေဟာ မူဆလင်ဘာသာရေးကို ဘန်းပြပြီး ပြည်တွင်းက အစွန်းရောက် မူဆလင်တချို့နဲ့ အဆက်အစပ် လုပ်လာတဲ့သဘော တွေ့နေရပါတယ်။ ဘာသာရေးဆက်စပ်မူလုပ်ပြီး ညီအစ်ကိုဖွဲ့လို့ လူမျိုးရေးကို ကျူးကျော်လာချင်တဲ့ သဘောပါ။ ရခိုင်နယ်စပ် အရေးကိစ္စတွေမှာ အစိုးရရဲ့ပေါ်လစီဟာ ပြတ်သားမူမရှိပဲ မှားယွင်းနေခဲ့ပါတယ်။ လိုတစ်မျိုး၊ မလိုတစ်မျိုး ဖြစ်နေပြီး ရခိုင်တိုင်းရင်းသားတွေအပေါ် တချို့သော အစိုးရအဖွဲ့ဝင်တွေဟာ သဘောထား မမှန်ခဲ့တာတွေဟာလည်း အမှားတွေပါပဲ။

တကယ်တော့ ပြည်မပြည်တွင်းနေ မူဆလင်အမျိုးသားတွေနဲ့ ဘင်္ဂလီတွေ ချိတ်ဆက်ပေးခဲ့ကြတဲ့အထဲမှာ  တပ်မတော်လူမိုက်ကြီး ဗိုလ်မောင်ဦးတောင် ပါပါတယ်။ ဒါတွေကို ဒီနေ့ဦးသိန်းစိန်အစိုးရအဖွဲ့ အီးယောင်ဝါး လုပ်မနေပဲ တိကျပြတ်သားတဲ့ ဥပဒေပြဌာန်းမူတွေ၊ ကာကွယ်စောင့်ရှောက်မူတွေ ဥပဒေစိုးမိုးမူ ရှိစေရေး ဆောင်ရွက်မူတွေ နယ်စပ်လုံခြုံရေး ဆောင်ရွက်မူတွေကို လုပ်ကြဖို့သင့်ပါတယ်။ ဥပဒေစိုးမိုးရေးမှာ ဒေသအခြေစိုက် တပ်ရင်းတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးဖို့ ဘူးသီးတောင်၊ မောင်တောဒေသအတွက် လိုအပ်နေပါတယ်။

ရန်ကုန်မြို့ရှိ တခြမ်းဗဲ့ ဗလီ

တဆက်တည်းမှာ ပြည်တွင်းမှာရှိတဲ့ မူဆလင်ဘာသာဝင်များကို အသိပေးချင်တာကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး အစွန်းမရောက်ဖို့နဲ့ ဘာသာရေးအရ သွေးထိုးမူကို လက်မခံဖို့ပဲ ဖြစ်ပါတယ်။ အစွန်းမရောက်သရွေ့ ထိပါးမစော်ကားသရွေ့ မိမိတို့ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်တာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင်တွေကို စတင် မစော်ကားခဲ့ဖူးပါဘူး။ ပြဿနာရှိခဲ့ရင်တောင် မေ့မေ့ပျောက်ပျောက် ထားခဲ့ကြတယ်ဆိုတာ မြန်မာအကြောင်း နားလည်တဲ့သူတိုင်း သိကြပါတယ်။ ပြဿနာကို စချင်တာက အစွန်းရောက် မူဆလင် တချို့တော့ ရှိနေပါတယ်။ မြန်မာမကို ယူနိုင်ရင် ငွေထောက်ပံ့မယ် တစ်ပြည်လုံး မူဆလင်ဖြစ်ရမယ် စသဖြင့် လုပ်နေတာတွေ၊ အဓမ္မ ဘာသာထဲ ဝင်ခိုင်းတာတွေ အခြားဘာသာဝင်တွေရဲ့ ကိုးကွယ်ရာကို နင်းခိုင်းပြီးမှ ဘာသာရေး သွပ်သွင်းမှုတွေ လုပ်တာမျိုးတွေဟာ ကိုယ်တွေ့ရော အခြား အထောက်အထားတွေရော ရှိနေပါတယ်။ ဆရာဦးဆန်းလွင်ကိုယ်တိုင် ဟောပြောပြထားတွေကိုလည်း နားထောင်ဖတ်ရှု နိုင်ပါတယ်။ ဒီတော့ ဘာသာရေးအရရော လူမျိုးရေးအရရော အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေချင်ရင် အစွန်းရောက်မူဆလင်များကို အခြား မူဆလင်ဘာသာဝင်များ အနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်းသင့်ပါတယ်။ အရှင်ဝီရသူကလည်း ဒီလို တိုက်တွန်းထားခဲ့ပါတယ်။ ထို့ကြောင့် မူဆလင်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသော အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံ့ရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။

တကယ်တော့ ဘင်္ဂလီတွေဟာ ပြည်တွင်းမှာသာ မဟုတ်ပဲ ပြည်ပမှာတောင် ရိုဟင်ဂျာလူမျိုး မြန်မာတိုင်းရင်းသားဆိုပြီး လိမ်လည်နေတာပါ။ မြန်မာစိတ်ရှိတဲ့ မြန်မာမူဆလင် မိတ်ဆွေတွေက လက်မခံကြောင်း၊ မိမိတို့နဲ့ လူမျိုးမတူကြောင်း ပြောပြရှာပါတယ်။ တချို့ကျတော့လည်း ဘာသာတူတာကို အကြောင်းပြုလို့ ဒုက္ခသည်အဖြစ် နေထိုင်ခွင့်လျှောက်ရာမှာ ရန်ကုန်မြို့တွင်း နေထိုင် မွေးဖွားကြီးပြင်းခဲ့ပါလျက် ရိုဟင်ဂျာပါဆိုပြီး ဒုက္ခသည်ယောင်ဆောင်တဲ့သူ တချို့တော့ ချွင်းချက်ပါ။ အဲဒီတော့ ဖေါ်ပြခဲ့တဲ့ အချက်အလက်များကို ပြန်ပြီးစုစည်း နိဂုံးချုပ်ရရင် ဘင်္ဂလီပြဿနာသည် ယခင်ကပင် ဖြစ်ပေါ်ဖို့ တည်ရှိနေသော အကြောင်းများကြောင့်၎င်း၊ လတ်တလော ဘီဘီစီပြဿနာကောင်နှင့် လူမဆန်စွာ မုဒိန်းကျင့် လူသတ်မူတို့ကြောင့်၎င်း ဖြစ်ပေါ်လာခဲ့ရာ ဖြစ်ပါတယ်။ အစိုးရကို၎င်း၊ အဖွဲ့အစည်းတစ်ခုခုကို၎င်း စနစ်တကျ ပြဿနာဖန်တီးနေတာပါလို့ ရေးနေ ပြောနေတာတွေ၊ အာအက်ဖ်အေက လန်ကျုတ်လုပ် ဗျူးတာတွေကသာ ပြဿနာကြီးထွားလာဖို့ ဖန်တီးနေခြင်းနဲ့ ပြည်သူလူထုကို အထင်အမြင်မှားစေဖို့ အာရုံလမ်းလွှဲဖို့ လုပ်နေတာတွေဖြစ်ကြောင်း နားလည်သဘောပေါက်ကြရမှာ ဖြစ်ပါတယ်။ ယခုပြဿနာဟာ မူလရှိထားတဲ့ ဘင်္ဂလီလူမျိုး ပြဿနာအပေါ် အခြေခံနေပါတယ်။ မူဆလင်ဘာသာဝင်တွေ ဖြစ်သော်လည်း မူဆလင် ဘာသာရေးပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်တွင်းက မူဆလင်တွေကို ဘာသာရေးတူညီမူနဲ့ ဆွဲသွင်းနိုင်သလို ပြည်တွင်းက မူဆလင်အစွန်းရောက်များကလည်း ပါဝင်ပတ်သက်လာနိုင်တဲ့အတွက် ပြည်တွင်းက မူဆလင်ခေါင်းဆောင်ပိုင်းက ကိုမြအေးနည်းတူ ဝိုင်းဝန်း ထိန်းသိမ်းကြရပါလိမ့်မယ်

[IMG]/images/photos2/dr%20wakar%20uddin%20dr.%20mohamed%20younus%20with%20mr.%20harn%20yawnghwe%20at%20the%20rohingya%20convention.jpg[/IMG]Rohingya Solidarity Organization (RSO) ဥက္ကဋ္ဌ ဖြစ်သူ Dr. Muhammad Yunus (ရပ်နေသူ)နဲ့ Arakan Rohingya Union (ARU) မှ Director General ဒေါက်တာ ၀ါကာအူဒင်း Wakar Uddin တို့ကို ဘင်္ဂလီ ညီလာခံတွင် တွေ့ရပုံ

ပြည်တွင်းမှာ ဘာသာတရားအားလုံး ဘယ်ဘာသာတရားကိုမျှ ထိပါးပုတ်ခတ် စော်ကားတာတွေမလုပ်ပဲ ညီညွတ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ဖို့ အဆုံးအမပေးရန် ဘာသာရေးခေါင်းဆောင်တိုင်းမှာ တာဝန်ရှိပါတယ်။ မီဒီယာတွေ အနေနဲ့လည်း မလိုလားအပ်တဲ့ အင်တာဗျူးတွေ ဆောင်းပါးတွေ ပါဝင်မလာစေရေးအတွက် စီစီစစ်စစ် လုပ်ကြသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီတခါ ပြည်သူလူထုကို လိမ်လည် လှည့်ဖျားလာသူတွေဟာ မီဒီယာတချို့ဖြစ်လို့ပါပဲ။ နိဂုံးချုပ်မှာ အထူး တိုက်တွန်းချင်တာကတော့ နှစ်ချက်ရှိပါတယ်။ အစိုးရအနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူးအလေးပေး ဆောင်ရွက်ဖို့ပါ။ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ရှိပြီး စည်းလုံးလို့ အင်အားတောင့်တင်းနေရင် ဘယ်တရုတ်နိုင်ငံ ကုလားနိုင်ငံကိုမှ ကြောက်နေဒူးထောက်နေဖို့ အကြောင်းမရှိပါဘူး။ တိုင်းရင်းသားများရဲ့ ယုံကြည်မူကို မတည်ဆောင်နိုင်တဲ့ ဗိုလ်သန်းရွှေရဲ့ အားနည်းချက်တွေ အမှားတွေကိုလည်း လက်ရှိမှာ အမြန်ဆုံး ပြုပြင်စေလိုပါတယ်။ နောက်တချက်ကတော့ အစ္စလာမ်ဘာသာ ဘာသာရေးခေါင်းဆောင်များကလည်း  ဘင်္ဂလီအရေးကိစ္စသည် ဘာသာအရေးမဟုတ်ပဲ ဘင်္ဂလီလူမျိုးရေးသာဖြစ်ကြောင်းကို ပြည်တွင်းနေမူဆလင်တို့အား အသိပေးထားရန်နှင့် ကိုမြအေးလို ပြတ်ပြတ်သားသား ထုတ်ဖေါ်ကြေညာ ရပ်တည်ပေးဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နှင့် NLD ဥက္ကဌတို့အား ပူးတွဲ ဆု ပေးစေလို


သမ္မတ ဦးသိန်းစိန်နှင့် NLD ဥက္ကဌတို့အား ပူးတွဲ ဆု ပေးစေလို 

အမျိုးသားပြန်လည် သင့်မြတ်ရေးဆုအား သမ္မတဦးသိန်းစိန်နှင့် NLDအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့အား ပေးအပ်ရန် ဦးဥာဏ်ဝင်းနှင့်ဆွေးနွေးခဲ့ပါတယ်။
ဟားဗတ်တက္ကသိုလ် (Schlor) များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Tran Nhan Tong Academy မှ ကိုယ်စားလှယ် Mr.Dam Duc Anh ဟာ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား လာရောက်တွေ့ဆုံပြီး Tran Nhan Tong Reconciliation prize,2012 အား သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပေးအပ်မည့် အကြောင်း လာရောက်ဆွေးနွေးခဲ့ပါတယ်။
Mr.Dam Duc Anh က ယခု ပေးအပ်မည့်ဆုသည် နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုနှင့် ကွာခြားကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းလုပ်၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးအား အဆိုပါဆုကို ပေးအပ်ရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ရှင်းပြခဲ့ပါတယ်တဲ့
Tran Nhan Tong Reconciliationဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ (၂၁)ရက်၊ ၂၀၁၂တွင် အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ အမှတ် ၂၀, Quincy လမ်းရှိ Harvard Faculty Club တွင်ကျင်းပမည်ဖြစ်ပါတယ်။
Tran Nhan Tong Academy ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတွင်းနှင့် နိုင်ငံများကြား စေ့စပ်ညှိနှိုင်းဆောင် ရွက် ခြင်းဖြင့် လူမှုဘ၀တိုးတက်မြင့်မားရေးနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်စေရေးဖြစ် သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါဆုကို လက်ခံမည်၊ လက်မခံမည်ကို အတည်မပြုသေးပါ။

ဤနေရာ မှ ကူးယူဖော်ပြပါသည်။

SINOPEC ရေနံကုမ္ပဏီကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး


SINOPEC ရေနံကုမ္ပဏီကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး

2012-09-10
ဆီနိုပက် (SINOPEC) တရုတ် ရေနံကုမ္ပဏီရဲ့ စည်းကမ်းမဲ့ မိုင်းခွဲမှုတွေ အပါအ၀င် ရေနံ စူးစမ်းရှာဖွေရေးကြောင့် မကွေးတိုင်းအတွင်းက မြိုနယ် (၄) ခုလောက်မှာ မြေပြိုမှု၊ လယ်ယာမြေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတယ်လို့ မကွေးမြို့ အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။
Photo courtesy of SINOPEC WEEKLY
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် ပူးပေါင်းပြီး မကွေးတိုင်းအတွင်း ရေနံ ရှာဖွေနေသော ဆီနိုပက်ကုမ္ပဏီ၏ ရေနံတွင်းတူးစင်တစ်ခု ဖြစ်ပါသည်။
ဆီနိုပက်ကုမ္ပဏီဟာ မြန်မာအစိုးရပိုင် (MOGE) မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ပူးပေါင်းပြီး မကွေးတိုင်းအတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ ရေနံ ရှာဖွေနေရာမှာ ပုံတောင်ပုံညာ တောင်တန်းရဲ့ တဖက်တချက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောနဲ့ ထီးလင်းမြို့တွေမှာ မနှစ်ကစလို့ မြေပြိုမှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရတယ်လို့ မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောပါတယ်။
အဲဒီဒေသတွေမှာ တွင်းတူးမှု၊ မိုင်းခွဲမှု၊ တိုင်းတာမှု စတဲ့ ရေနံရှာဖွေရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသား ကုမ္ပဏီဝန်ထမ်းတွေက ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ သစ်တောကြိုးဝိုင်းတွေနဲ့ လူနေရပ်ကွက်တွေပါမချန် ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လယ်ယာမြေတွေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့အတွက် ဆီနိုပက်ကုမ္ပဏီကို ဥပဒေအရ တရားစွဲဆိုပြီး လျော်ကြေး သတ်မှတ်တောင်းဆိုဖို့ ဒေသခံတွေက အထက်အာဏာပိုင်တွေထံ တင်ပြထားတယ်လို့လည်း သိရပါတယ်။
မကွေးမြို့အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။



အလွန်အကျွံ ခိုင်းစေမှုကြောင့် အလုပ်သမား ၆၀၀ ကျော်ဆန္ဒပြ


အလွန်အကျွံ ခိုင်းစေမှုကြောင့် အလုပ်သမား ၆၀၀ ကျော်ဆန္ဒပြ 

2012-09-10
ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အလုပ်ရှင်ရဲ့ အလွန်အကျွံ ခိုင်းစေမှုတွေကို မကျေနပ်တဲ့အတွက် တောင်းဆိုချက် ၁၀ ချက်နဲ့ စက်ရုံအတွင်းရော အပြင်မှာပါ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အစိုးရက အလုပ်ချိန် တစ်နေ့ (၈) နာရီ သတ်မှတ်လိုက်တဲ့နောက် အလုပ်ရှင်က တစ်နာရီအတွင်း ပြီးစီးရမယ့် ချုပ်ထည် သတ်မှတ်ချက်ကို မလျှော့ချဘဲ အဆမတန် ခိုင်းစေ နေတာကြောင့် အလုပ်သမားတွေဘက်က မခံမရပ်နိုင်ဖြစ်ပြီး အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။
"မနက် ၇ နာရီခွဲကနေ စတာလေ။ ၉၅ ယောက်။ အထဲထဲမှာလည်း လူတွေရှိသေးတယ်။ သူတို့က အပြင်ကို ထွက်ချင်တယ်။ ထွက်လို့မရဘူး။ ၄၅ မိနစ်ကို အထည် ၄၀-၄၅ ချုပ်ရတယ်။ အရင်တုန်းက မိနစ် ၆၀ ကိုမှ ၅၀-၄၅ ချုပ်ရတယ်။ ဒီအချက် တွေက အလုပ်သမားတွေအတွက် အရမ်းနစ်နာနေလို့ တောင်းဆိုတာ။ အလုပ်ရှင်က လိုက်လျောတယ်လို့ ဘာတစ်ခုမှ မပြောသေးဘူး။ အလုပ်သမားတွေကလည်း သူတို့တောင်းဆိုချက်တွေ မရသေးလို့ မဝင်နိုင်ဘူးတဲ့။ ဒီတောင်းဆိုချက် ၁၀ ချက်လုံး ရမှ အထဲထဲကို အလုပ်ပြန်ဆင်းနိုင်မယ်။ မရရင် မဆင်းဘူး"
ဒီကနေ့ ဆန္ဒပြပွဲမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ချုပ်ပေးဖို့၊ ရာထူးကြီးတဲ့ အလုပ်သမားတွေက ရာထူးငယ်တဲ့ အလုပ်သမားတွေအပေါ် ကြမ်းတမ်းမောက်မာစွာ မဆက်ဆံဖို့၊ အလုပ်သမား အချင်းချင်းကြား ခွဲခြားဆက်ဆံမှု မပြုလုပ်ဖို့၊ စက်ရုံတွင်းမှာ ဖိနပ်စီးခွင့်ပေးဖို့ စတဲ့ တောင်းဆိုချက်(၁၀) ကို အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ (၁၀) ချက်ထဲက အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ခလစာ တိုးမြှင့်ပေးဖို့ အချက်ကလွဲပြီး ကျန်တောင်းဆိုချက် အားလုံးကို လိုက်လျောပေးဖို့ အလုပ်ရှင်ဘက်က ညနေပိုင်းမှာ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။