Monday, September 10, 2012

၂၃၇ ဧကကျော်ရှိသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခကျပ် ၇၄၀၀၀ ကျော်ဖြင့် Mother Industrial ကုမ္ပဏီလီမိတက်သို့ စက်မှုဝန်ကြီးဌာနမှ တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေး


၂၃၇ ဧကကျော်ရှိသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခကျပ် ၇၄၀၀၀ ကျော်ဖြင့် Mother Industrial ကုမ္ပဏီလီမိတက်သို့ စက်မှုဝန်ကြီးဌာနမှ တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေး  
Monday, 10 September 2012 01:36
စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့သော တညင်းကုန်းအုတ်စက်ရုံအား စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်
၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ပါ အချက်များအရ သိရသည်။
ချထားပေးရာတွင် တင်ဒါခေါ်ကာ ယှဉ်ပြိုင်ဆွဲယူရသည့် စနစ်မျိုးဖြင့် မဟုတ်ကြောင်း၊ လက်ရှိ အဆိုပါ အုတ်စက်ရုံအနီး တစ်ဧက မြေငှားရမ်းခမှာ ဂိုဒေါင်အပါဆိုပါက လမ်းမကြီး မျက်နှာစာတန်းမှာ တစ်လလျှင် ကျပ် ၁၆ သိန်းကျော်မှ သိန်း ၂၀ အထိရှိပြီး ဂိုထောင်မပါမြေသီးသန့်ဆိုပါက ကျပ်ရှစ်သိန်းမှ ကိုးသိန်းအကြားဈေးရှိသည်ဟု သိရှိရသည်။
၂၃၇ ဧကကျော်ကျယ်ဝန်းသည့် အုတ်စက်ရုံအတွက် ၀န်ကြီးဌာနမှရရှိမည့် မြေငှားရမ်းခနှုန်းမှာ ရှိသင့်သည်ထက် အဆမတန် နည်းပါးနေပြီး တင်ဒါခေါ်သည့် စနစ်ကိုသာ ကျင့်သုံးခဲ့ပါက ယခုထက်ပို၍ ငှားရမ်းခရရှိနိုင်မည်ဖြစ်သည်။
အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ တညင်းကုန်း အုတ်စက်ရုံနှင့် Mother Industrial ကုမ္ပဏီလီမိတက်တို့မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Mother Industrial ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မြတ်တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တညင်းကုန်းအုတ်စက်ရုံအား ငှားရမ်းရာတွင် စက်ရုံနှင့် မြေနေရာ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ယာဉ်နှင့် ယန္တရားများပါ ပါဝင်ပြီး မြေငှားရမ်းခ တစ်ဧက တစ်လလျှင် ကျပ် ၇၄၀၀၀ ကျော်ဖြင့်ငှားရမ်းခွင့်ကို ၁၅ နှစ်အထိ နှစ်ရှည်ခွင့်ပြုခဲ့သည်။
၁၅နှစ်အကြာတွင် သက်တမ်းကုန်ဆုံးမည်ဆိုသော်လည်း ဆက်လက်သက်တမ်းတိုးခွင့်ကို တစ်ကြိမ်လျှင် ၅ နှစ်ဖြင့် သုံးကြိမ်အထိ တိုးခွင့်ပြုထားသဖြင့် စုစုပေါင်းနှစ် ၃၀ အထိ နှစ်ရှည်ငှားရမ်းသည့် အနေအထားဖြစ်ကြောင်း သိရှိရသည်။
Mother Industrial ကုမ္ပဏီလီမိတက်အနေဖြင့် အုတ်စက်ရုံလုပ်ငန်းအပြင် ကျယ်ဝန်းသည့် မြေဧရိယာပေါ်တွင် အခြားလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ပြီး ယခုအခါ အဆောက်အအုံသစ်များ စတင်တည်ဆောက်ရန်စီစဉ်နေသည်ဟု စက်ရုံဝန်ထမ်း များက ပြောကြားခဲ့သည်။
တညင်းကုန်းအုတ်စက်ရုံရှိ ၀န်ထမ်းတစ်ဦးက''တင်ဒါမခေါ်ဘူး။ ဒီအတိုင်းပေးတာ။ အခု ပြည်ထောင်စု ၀န်ကြီးအသစ်လက်ထက်မှာ မဟုတ်ဘူးနော်။ အရင်ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရှိတဲ့အချိန် သြဂုတ်လ ၂၄ ရက်နေ့မှာ စာချုပ်ကြတာ။ စက်ရုံ၊ ယာဉ်ယန္တရား၊ ဆက်သွယ်ရေးပစ္စည်း အစုံနဲ့ စက်ရုံမြေဧက ၂၃၇ ဒသမ ၆၂၉ ဧကပါ ပါတယ်။ တစ်ဧကကို ကျပ် ၇၄၀၀၀ ကျော်ပဲ တစ်လ ငှားရမ်းခပေးရတာပေါ့။ ဒီတော့ နိုင်ငံတော်ကရမယ့် မြေငှားခကလည်း မဖြစ်စလောက်ပဲရတယ်''ဟု ဆိုသည်။
တညင်းကုန်းအုတ်စက်ရုံမှ ၀န်ထမ်းတစ်ဦးကလည်း ''နိုင်ငံတော်သမ္မတကြီးက ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို အားပေးရမယ်ဆိုတဲ့ စကားလုံးအပေါ်မှာ လက်တစ်လုံးခြား လုပ်တယ်လို့ မြင်တယ်။ တင်ဒါမခေါ်တာကအစ ထင်သာမြင်သာမရှိဘူးဆိုတာ ပေါ်လွင်နေတာပဲ''ဟု သုံးသပ်ခဲ့သည်။
နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုးရှိစွာဆောင်ရွက်နိုင်မှု ရှိ/မရှိကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က စိစစ်သွားမည်ဖြစ်ပြီး  စိစစ်တွေ့ရှိသည့် အကျိုးကျေးဇူးများနှင့် အားနည်းချက်များကို သုံးသပ်တင် ပြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။
''စစ်သင့်တယ်။ ဘယ်လောက်ထိ ဒီလိုနည်းတွေနဲ့ လွှဲပြောင်းပြီးပြီလဲ၊ နိုင်ငံနဲ့ဝန်ထမ်းတွေ ဘယ်လောက်နစ်နာခဲ့ပြီလဲပါ စစ်သင့်တယ်။ အခုက တကယ်စက်ရုံလိုချင်တာထက် မြေကို ဦးထားမယ်၊ အခြား စီးပွားရေးလုပ်မယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာရင် ပေါင်းလုပ်မယ်ဆိုတာ ပိုများပါတယ်။ နိုင်ငံပိုင်တွေကို ပုဂ္ဂလိကပိုင်လွှဲတဲ့အခါ ပိုင်ရှင်အမည်မပြောင်းရလို့ပါတယ်။ ပြောင်းတာတွေရော ဘယ်လောက်ရှိပြီလဲပါ စစ်သင့်တယ်''ဟု လည်းလေ့ လာသူတစ်ဦးက ပြောသည်။

Comments 

+2 #11 zmpfeed 2012-09-10 14:20
ရန်ကုန်သားတွေလဲ KIA လို သေနတ်ကိုင်မှဖြစ်မယ် နို့ မို့ ဆိုအစိုးရက ဖိနပ်ချေးသုတ်ပြိး ပါးရိုက်နေတာ ခံနေရမှာပဲ.. ရန်ကုန်မှလဲမဟုတ်ပါဘူး.. တနိုင်ငံလုံး လက်ညှိုးထိုးရောင်းစားနေတာပါပဲ..
 
+5 #10 For people 2012-09-10 12:15
Quoting jarjar:
At least they could have been separated big land into smaller lots for other small/Medium industry owners. And advertise in all kinds of media. Let many lots go to highest bidders.
What does 113 Billions Kyats = $1.3 Billions US Dollar for loss state revenue over 30 years?
For Air force = 30 of F-117 Stealth Nighthawk fighter (42.6 Millions each)
http://en.wikipedia.org/wiki/F-117_Nighthawk
For Oil/GAS = 22 of brand new Super tanker ships ($ 58 millions each )
http://en.wikipedia.org/wiki/Oil_tanker
For Building = 1 of world tallest tower ($1.5 billions dollar)
http://en.wikipedia.org/wiki/Burj_Khalifa
And enough to feed 60 Millions people for 22 DAYS ($1 dollar for each person meal)
 
+5 #9 kinglakeshore 2012-09-10 11:59
ကိုယ့် ..မြန်မာအချင်းချင်း သက်သက်သာသာနဲ့ ရစေချင်လို့ဖြစ်မှာပါ
လူကြီးသူမလည်း လေးစားရိုသေကြတာပဲဟာ…
ခေတ်စားနေတဲ့ win-win-win situation ပေါ့ဗျာ.. :lol:
 
+21 #8 ငရဲသား 2012-09-10 11:32
ဒီသတင်းကိုဖတ်ကြည့်ပြီး တော်တော်တော့ တွေးသွားပါတယ်..။ ဒီကိစ္စကို အဂတိ ကင်းတယ်ဆိုတဲ့ အရင် ၀န်ကြီး သမ/မသိ ဆိုတာနဲ့ အဲဒီက ၀န်ထမ်းတွေ ရဲ့ ရေရှည်အနာဂတ်ကကော ဘယ်လိုရှိပါသလဲ..။
အစိုးရဆီက ငှားရမ်းထားတဲ့လုပ်ငန်းကို အကြောင်းပြပြီး မြေဧက ကျယ်ကြီးထဲမှာ အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ ကြိုးစားနေတဲ့ပုံစံက ထုံးစံလိုဖြစ်နေပါပြီ။ ခရိုနီအားလုံး ကျင့်သုံးနေတဲ့ ပေါ်လစီဖြစ်သလို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ နှာစေးလေ့ရှိတဲ့ ပုံစံလည်းဖြစ်ပါတယ်.။
Soft liner ဖြစ်ခဲ့ပြီး အဂတိကင်းတယ်လို့ ကြွေးကျော်ခဲ့ဖူးတဲ့ ယခင်စက်မှုဝန်ကြီးဦးစိုးသိန်းအနေနဲ့ ထိုကိစ္စကို ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်းနိုင်လိမ့်မယ်ထင်ပါတယ်..။
 
+6 #7 jarjar 2012-09-10 10:57
 
+18 #6 For people 2012-09-10 08:37
125 millions kyat x 12 month = 1.5 Billions Kyat
1.5 billions x 30 Year contract = 45 billions Kyat
Even Ministry of Health + Education don't get this budget whole year......

SUPER THIEVES..........Should be IN CNN & BBC for world record corruption....
 
+22 #5 For people 2012-09-10 08:29
That's a great theft of 125 millions Kyat every month from government fund.
237 Acres x 600,000 Kyat (i.e.25% less than market price ) is 142 millions kyat. And minus 17 millions of what they paid is resulted in loss of 125 millions kyat.
We can hire thousands of nurses, doctors & teachers in undeveloped regions.
A democracy government can only be survived with tax & no corruptions.
No one can shout for better roads, hospitals, schools & universities without paying TAX. That's not to blame U THEIN SEIN. Blame on those all corrupted criminals.

Please investigate this case as showcase for crime against corruptions in our country. Be proud........Your people will always remember you in their heart.....
 
+73 #4 nga shwe 2012-09-10 07:43
သာမန်လူနေတဲ့တိုက်ခန်ကျဉ်းလေးငှားတာတောင် တလတစ်သိန်းကျော်ပေးနေရတဲ့ကာလမှာ
ဝင်ငွေရှာနိုင်တဲ့စက်ရုံမြေတစ်ဧက(၇၄၀၀၀)နဲ့ ငှားတယ်ဆိုတာ
လူမှန်ရင်ဘယ်လောက်မိုက်မိုက်ရိုင်းရိုင်း ပြောင်ကျကျခိုးတယ်ဆိုတာသိသာပါတယ်
တိုင်းပြည်အုပ်ချုပ်နေတဲ့သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီး ကို=ီး
ထင်တယ်လို့ ဆဲသလိုပါဘဲ
ပြည်ထဲရေးဝန်ကြီအနေနဲ့  ထိထိရောက်ရောက်အရေးယူဖို့ လိုပါတယ်
 
+75 #3 nga shwe 2012-09-10 07:31
ဒါသာမန်လာဘ်စားတာမဟုတ်ဘူး
တိုင်းပြည်ရဲ့ဝင်ငွေဘဏ္ဍာခိုးတာ
အစိုးရဝင်ငွေမရှိဘဲတိုင်းပြည်ဘယ်လိုတိုးတက်အောင်လုပ်မလဲ
စံပြအနေနဲ့  စစ်ဆေးအရေးယူပြီးသေဒဏ်ပေးသင့်ပါတယ်
ကပ်စတန်၊အခွန်ဦးစီးဌာနတွေလာဘ်ယူတာ တိုင်းပြည်ရဲ့ဝင်ငွေဘဏ္ဍာခိုးတာဖြစ်ပြီး
လူဝန်မှုကြီးကြပ်ရေးအဖွဲ့ လာဘ်ယူတာ တိုင်းပြည်ကို လူမျိုးခြားတယုတ်ကုလားတွေလက်ထဲရောင်းစားတာပါ
အရေးမယူဘဲမျက်ကွယ်ပြုထားရင် မကြာခင်
ရခိုင်ဟာ မွတ်ဆလင်ပြည်နယ်ဖြစ်ပြီး
တယုတ်နယ်စပ်ကနေမန္တလေးအထိ တယုတ်လက်အောက်ခံဖြစ်လာလိမ့်မယ်
မြန်မာနိုင်ငံထဲနေပြီး တယုတ်စကားတပ်မှအလုပ်ရမယ်ဆိုတာ သဘာဝလုံးဝမကျပါဘူး
ကာကွယ်ရေးဝန်ကြီးအသစ်အနေနဲ့တိုင်းပြည်ကာကွယ်တဲ့အနေနဲ့ ထိထိရောက်ရောက်အရေးယူဖို့ လိုပါတယ်
ဒီနှစ်နိုင်ငံနဲ့ စစ်တိုက်ဖို့ လိုအပ်လာရင်
လစာတပြားမှမယူဘဲ ပြန်လာပြီးစစ်တိုက်ဖို့ အဆင်သင့်ပါ
 
+15 #2 shyat_sayagyi 2012-09-10 07:08
ဒါ လာဘ်စားတာမဟုတ်ဘူးလေ…မေတ္တာဖြင့်ပေးကမ်းတာ… :o
 
+23 #1 Zawtika 2012-09-10 05:44
အကျင့် ပါနေလို့ပါ....
မြန်မာဆိုတော့လဲ ခက်သားဘဲ....
အစွဲအလန်း ကြီးတယ်လေ....

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။