Wednesday, November 28, 2012

“သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်အလက်တွေပါပဲ။ ဆက်လက် စောင့်ဖတ်ချင်ပါသေးတယ်။”


“သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်အလက်တွေပါပဲ။ ဆက်လက် စောင့်ဖတ်ချင်ပါသေးတယ်။” 

''အခုလက်ပံတောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက် ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင်တော့ဘူး'' ''အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။ အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿနာ တွေမဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမို ကရေစီခေတ်မှာ ပြန်ရှင်းရတာဆို တော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလို ချင်ချင်နဲ့ပေးထားတဲ့ ကတိ ကိုယ့် ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ''   ( ဒေါ်အောင်ဆန်းစုကြည်)  အေးချမ်းမွန်မှ ဗမါ ဆရါဝင်္န တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။ Photo From :google
‎''အခုလက်ပံတောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက် ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ
့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ကချင် ပြည်သူ များ၏ ဆန္ဒ KIO ကောက်ခံမည်


အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ကချင် ပြည်သူ များ၏ ဆန္ဒ KIO ကောက်ခံမည် 

KIO နှင့် အစိုးရ တို့၏ ရွှေလီ ဆွေးနွေးပွဲ မြင်ကွင်းပုံ (Photo - Min Zaw Oo)
ရွှေဟင်္သာသတင်းဌာန. ၂၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —   မြန်မာ အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ အကြား ယခု နိုဝင်ဘာ လအတွင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် တရုတ် နိုင်ငံ ရွှေလီ ဆွေးနွေးပွဲ အတွင်း ဦးအောင်မင်း ကမ်းလှမ်း ထားသည့် အပေါ် လက်ရှိ ကျင်းပ နေသည့် ဗဟို ကော်မီတီ အစည်းအဝေး ပြီးနောက် တဆက် တည်း၌ပင် ကချင် ပြည်သူ လူထု များ၏ အမြင်များ ကောက်ခံ သွားရန် ရှိသည်ဟု KIO ဗဟို ကော်မတီဝင် တစ်ဦးက ပြောပါသည်။

တရုတ်ဘက် သစ်မှောင်ခိုတင်ပို့မှု အာဏာပိုင်များအတွင်း မသမာမှုရှိဟု ဆို


ရုတ်ဘက် သစ်မှောင်ခိုတင်ပို့မှု အာဏာပိုင်များအတွင်း မသမာမှုရှိဟု ဆို 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- ယခုနှစ် ပွင့်လင်းရာသီ စတင်ချိန်မှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်နှင့် မဘိန်းနယ်တစ်ဝိုက်မှ သစ်မာများကို မန္တလေး – ဗန်းမော်ကားလမ်းမှ တဆင့် ဗန်းမော်မြို့ဖြတ်၍ တရုတ်နယ်စပ် လွယ်ဂျယ်ဘက်သို့ တရားမဝင်တင်ပို့နေမှုများ ကျယ်ပြန့် စွာ ဖြစ်ပေါ်နေကြောင်း ဗန်းမော်မြို့ခံများ အဆိုအရ သိရသည် ။

ထိုင်းနယ်စပ်အနီး ဈေးကြီးနှင့်အတူ လောင်းကစားဝိုင်းဖွင့်


ထိုင်းနယ်စပ်အနီး ဈေးကြီးနှင့်အတူ လောင်းကစားဝိုင်းဖွင့် 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —  သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်အနီး ယောင်ခါ နားယောင်းကျေးရွာဈေးဖွင့်ပွဲနှင့်အတူ လောင်းကစား ဝိုင်း လည်း ဖွင့်လှစ်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက် ပြောပါသည်။
“ နိုဝင်ဘာ ၁၅ ကနေ နိုဝင်ဘာ ၂၆ ရက်အထိ ၁၁ ရက် ပွဲကျင်းပ တယ်။ ဗမာပြည်က နာမည်ကြီးအဆိုတော်တွေ ၁၀ ယောက်ကျော် လာတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။