Wednesday, November 28, 2012

ဒီမိုကရေစီခေတ်ဦးမြင်ကွင်းများ


ဒီမိုကရေစီခေတ်ဦးမြင်ကွင်းများ   PDF Print
Written by ဒေါက်တာ ခင်မောင်ညို   
Wednesday, 28 November 2012 11:12
AddThis Social Bookmark Button

thn-28-11-12-4''ဆရာ မနေ့က အိုဘားမားခဏလေး ရောက်လာတာ ဘာကြောင့် မြန်မာနိုင်ငံမှာ ဒီလောက်လှုပ်လှုပ် ရှားရှားဖြစ်သွားတာလဲ''
''အိုဘားမားကို လူတွေအများကြီး ကြိုဆိုတာကို ပြောတာလား''
''ဟုတ်ကဲ့ ဒါလည်းပါတာပေါ့ ဆရာ၊ စာနယ်ဇင်းတွေ၊ ရေဒီယိုတွေကလည်း အတော်လေး အသာပေး ဖော်ပြကြတယ်ဆရာ''

''ဟုတ်တယ်၊ အိုဘားမားက Impact လေ၊ ထူးခြားဖြစ်စဉ်ပေါ့၊ လူတွေ စိတ်ထဲရိုက်ခတ်ရင် သတင်းဖြစ်တယ်၊ နှစ် ၅၀ လောက် ရောက်မလာဘူးတဲ့ ဇာတ်ကားကြီး နိုင်ငံ တစ်နိုင်ငံရဲ့ သမ္မတရောက်လာတာ တကယ့်ကို စိတ်ဝင်စားကြတာပါပဲ''
''ဟုတ်ကဲ့ဆရာ''
''အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီစနစ်မှာ အတော်လေးနာမည်ရပါတယ်၊ ဒီစနစ်နဲ့ သူအောင်မြင်တယ်လို့ ဆိုနိုင်တယ်''
''ကျွန်တော်သိသလောက်တော့ အမေရိကန်နိုင်ငံမှာ လူဆိုးသူခိုးတွေလည်း အတော်များတယ်၊ နောက်ပြီး သမ္မတတွေ ကိုယ်တိုင်က စစ်ဆေးခံရတာတွေရှိတယ်။ လာဘ်စားမှုတွေလည်းရှိတယ်''
''မင်းပြောတာ မှန်ပါတယ်၊ အမေရိကန်မှာ သေနတ်ပေါတယ်၊ လူဆိုးတွေများပါတယ်၊ ဒါတွေကို ထိန်းသိမ်းတဲ့ ရဲအဖွဲ့တွေလည်း ကောင်းတယ်၊ လာဘ်စားတာတွေလည်းရှိတယ်၊ ဒါကို ဖော်ထုတ်အရေးယူတာတွေ အများကြီးပါ။
''ပွင့်လင်းမြင်သာလို့ တို့တတွေ သိရတဲ့ ကိစ္စတွေပါ။ သမ္မတ ဒါမှမဟုတ် တာဝန်ရှိသူတွေကိုလည်း စစ်ဆေးပိုင်ခွင့်တွေရှိတယ်။ ဥပမာ သမ္မတ နစ်ဆင်ဆိုရင် ဒီလိုစွပ်စွဲခံရလို့ ''၀န်ခံနုတ်ထွက်'' သွားရပါတယ်။
''သမ္မတကလင်တန်ကတော့ ၀န်ခံပေမယ့် မပြုတ်ပါဘူး။ သူ့သမ္မတအလုပ်နဲ့ မဆိုင်တဲ့ လူမှုရေးကိစ္စမို့လို့ ခွင့်လွှတ်တာပါပဲ။ အမေရိကန်မှာ ငွေကြေးအလွဲသုံးစားတွေ မှန်သမျှ ထောင်ကျပါတယ်။အမြတ်ခွန်ရှောင်လည်း ထောင်ကျပါတယ်။''
''ဟုတ်ကဲ့ဆရာ၊ နိုင်ငံတကာမှာ ရာဇ၀တ်မှုတွေ အများကြီးဆိုတာတော့ သဘောပေါက်ပါတယ်ဆရာ၊ ကျွန်တော်တို့ အခု အိုဘားမားလာတဲ့ ကိစ္စကို ဒီမိုကရေစီပေတံနဲ့ တိုင်းတာလား ဆရာ''
''ဒီလို ချစ်ကြည်ရေးခရီးဟာ ''ငြိမ်းချမ်းရေး'' ပေတံနဲ့ တိုင်းလေ့ ရှိပါတယ်။ အရင်က မြန်မာအမေရိကန် ဆက်ဆံရေးဟာ တစိမ်း (Stranger) အနေနဲ့ ရှိတယ်၊ ဒါက အဓိကကျတယ်လို့ ဆရာထင်ပါတယ်''
''ကျွန်တ်ေတို့ နိုင်ငံကို ပိတ်ဆို့ အရေးယူခဲ့တာတွေ ရှိခဲ့တယ်မဟုတ်လား''
''ဟုတ်ပါတယ်၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့က မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူတာ ၁၀ ခုနှစ် တစ်စုလောက်ရှိခဲ့ပါတယ်။ ခုတော့ ဒါတွေအားလုံးကို ဖြေလျော့လိုက်ပါ ပြီ''
''အိုဘားမားလာတဲ့ အဓိက အကြောင်းရင်းက ချစ်ကြည်ရေးဆိုတာ သဘောပေါက်ပါတယ်ဆရာ၊ အခြားရည်ရွယ်ချက်တွေလည်း ရှိသေးမှာပေါ့''
''သူက အာဆီယံ ထိပ်သီးညီလာခံလာရင် ရောက်လာတာပါ။ ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယားက ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အဓိက ရည်ရွယ်တာဖြစ်တယ်၊ မြန်မာပြည်မှာ သူပြောတဲ မိန့်ခွန်းကို လေ့လာကြည့်ရင် ''ကျွန်တော်သမ္မတဖြစ်စဉ်က ပြောခဲ့ပါတယ်။ လူတွေကို ကြောက်ရွံ့ခြင်းတွေနဲ့ အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေကို ကျွန်တော် လက်ကမ်းတယ်။ သူတို့ရဲ့လက်သီး ဆုပ်တွေကို ဖြေချပြီး ကျွန်တော်တို့ ကမ်းတဲ့လက်ကို လက်တွဲတယ်ဆိုရင် ကျွန်တော် လက်တွဲမယ်လို့ ပြောတာပါ။ အခု ကျွန်တော်ကတိတည်ပါတယ်။ ကျွန်တော် ကတိအတွက်လာခဲ့တာပါ'' လို့ သူပြောခဲ့ပါတယ်။ ဒါကို ကြည့်ရင် သူ့ခရီးဟာ ချစ်ကြည်ရေးနဲ့ ဒီမိုကရေစီအတွက်လို့ ပြောနိုင်တယ်''
''ဟုတ်တယ်ဆရာ၊ သူက ဒီမိုကရေစီနဲ့ပတ်သက်ပြီး ပြောသွားတာ သဘောကျစရာ ကောင်းပါတယ်၊ အခု ကျွန်တော်တို့က တစ်နှစ်သား အစိုးရသစ်နဲ့ ကြုံတဲ့အခါ ဒီမိုကရေစီ  ဆိုတာကို နည်းနည်း သဘောပေါက်လာတယ်ဆရာ''
''ဟေ ဟုတ်လား၊မင်းနားလည်သလို ပြောပါဦး''
''ဒီမိုကရေစီမှာ မတူကွဲပြားတာ (Diversity) ဟာ အင်အားလို့ဆိုကြတယ်၊ အိုဘားမားက အမေရိကန် ပြည်ထောင်စုဆိုတာ တစ်ကမ္ဘာလုံးကလူတွေ ''ပြောင်းရွှေ့လာတဲ့ imm igrants တွေ'' နဲ့ တည်ထောင်ထားတာ၊ ဒီတော့ မတူကွဲပြားတာတွေ အများကြီးပါပဲ။ ဒါဟာ အင်အား ဒါကြောင့် အမေရိကန်ပြည်ထောင်စုဟာ အင်အားကောင်းတာလို့ ဆိုတယ်။
''မတူကွဲပြားတာကို အသုံးချတတ်လို့ပေါ့မဟုတ်လား''
''ဟုတ်ပါတယ်ဆရာ၊အိုဘားမား ကိုယ်တိုင်ကလည်း လူဖြူတစ်ဝက်၊ လူမည်းတစ်ဝက်၊ မတူကွဲပြားတယ်၊ အဲဒီကနေ သူအင်အားရှိလာလို့ ပြောသွားပါတယ်၊ ကျွန်တော့်တို့ နိုင်ငံလည်း ဒီလိုပါပဲ တိုင်းရင်းသား ၁၃၀ ကျော်ရှိတယ်ဆိုတော့ မတူကွဲပြားတာပေါ့ကွာ''
''မှန်တာပေါ့၊ ဒီလိုမတူတာတွေဟာ ရန်တွေဖြစ်၊ စစ်တွေဖြစ်နေကြရင် အင်အားမရှိပဲ၊ အင်အားချိနဲ့မှာပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပြီး ဆောင်ရွက်ရမှာ တိုးတက်မှာ၊ တို့နိုင်ငံက ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတစ်ခုအကြားမှာရှိတဲ့ တစ်ခုတည်းသော နိုင်ငံကွ''
''ဒါက ပထ၀ီနိုင်ငံရေးနဲ့ သက်ဆိုင်တယ်လို့ ဆိုမှာပေါ့နော်''

''သမ္မတကလင်တန်ကတော့ ၀န်ခံပေမယ့် မပြုတ်ပါဘူး။ သူ့သမ္မတအလုပ်နဲ့ မဆိုင်တဲ့ လူမှုရေးကိစ္စမို့လို့ ခွင့်လွှတ်တာပါပဲ။ အမေရိကန်မှာ ငွေကြေးအလွဲသုံးစားတွေ မှန်သမျှ ထောင်ကျပါတယ်။အမြတ်ခွန်ရှောင်လည်း ထောင်ကျပါတယ်........
''နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး အားလုံးနဲ့ဆိုင်တယ်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ရှိရမယ်၊ မိတ်ကောင်းဆွေကောင်းတွေလည်း ရှိဖို့လိုတယ်''
''မိတ်ဆွေကောင်းရှိရင်တော့ အစော်ကားခံရမှု နည်းပါးတာပေါ့နော်ဆရာ''
''အေးကွ၊ ရပ်ထဲရွာထဲနေရင် ဟန်ကိုယ်ဖို့ဆိုတာ ရှိရတယ်လေ၊ အပေါင်းအသင်းလည်းဆန့်မှ နိုင်ငံရေးမှာတော့ Power Balance  လို့ ခေါ်ပါတယ်၊ ခုခေတ်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဆက်ဆံရေးဟာ Lose/ Win  ကိုပဲ သွားနေကြမယ်၊ သူလည်း အကျိုးရှိကိုယ်လည်း အကျိုးရှိတဲ့ ဆက်ဆံမှုပဲ''
''အိုဘားမားက အမျိုးသားရင်ကြားစေ့ရေးကိုလည်း ပြောသွားသေးတယ်မဟုတ်လားဆရာ''
''ဒါကလည်း အရေးကြီးတယ်၊ ရခိုင်မှာဖြစ်နေတဲ့ အရေးကိစ္စ၊ ကချင် မှာဖြစ်နေတဲ့ စစ်ပွဲတွေ အင်အားနည်းစေတာပဲ၊အမျိုးသားရင်ကြားစေ့ရေးဟာ တကယ်အရေးပါတယ်၊ တို့တစ်တွေ သမိုင်းကိုကြည့်ရင် စစ်တွေနဲ့ပဲ ဖြတ်သန်းကြတယ်၊ ဒါကြောင့် စစ်တွေရှိနေတဲ့နေရာ ဘယ်မှာမှမတိုးတက်ဘူး''
''စစ်တွေနဲ့ ငြိမ်းချမ်းရေးဘယ်ဟာ ရွေးမယ်ပေါ့''
''ဟုတ်ကဲ့ဆရာ၊ ကျွန်တော်တို့ မြန်မာတွေရော၊ တက္ကသိုလ်ရဲ့ ဂုဏ်ပါမြင့်လိုက်သလို ဖြစ်နေပါတယ်၊ တန်ဘိုးကိုနားလည်ဖို့ အရေးအကြီးဆုံးပါ''
''တန်ဘိုးရှိတဲ့ နိုင်ငံသားတွေ ဖြစ်အောင် ကြိုးစားပါစို့လို့''

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။