Friday, October 26, 2012

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရပ်ဆိုင်းရေး NLD နှင့် ၈၈ တိုက်တွန်း


ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရပ်ဆိုင်းရေး NLD နှင့် ၈၈ တိုက်တွန်း 

ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော အမျိုးသမီးတဦးကို ၎င်း၏ ယာယီတဲ အပြင်ဘက်တွင် ၂၀၁၂ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့မြင်ရစဉ် (ဓာတ်ပုံ – Reuters)
ဧရာဝတီသတင်းဌာန. ၂၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ထပ်မံ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး ၈၈ မျိုးဆက် ကျောင်းသားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့က အသီးသီး တိုက်တွန်း မေတ္တာ ရပ်ခံစာများ ယနေ့ ထုတ်ပြန်လိုက်သည်။

အိဒ် ပွဲတော် မကျင်းပရန် မော်လဝီအသင်း သဘောတူ


အိဒ် ပွဲတော် မကျင်းပရန် မော်လဝီအသင်း သဘောတူ

ရန်ကုန်ရှိ ဗလီတခု မြင်ကွင်း (ဓာတ်ပုံ – Reuter)
ဧရာဝတီသတင်းဌာန. ၂၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီ အိဒ်ပွဲတော် ရပ်ဆိုင်းထားရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ဝင် အားလုံး တညီတညွတ်တည်း သဘောတူကြောင်းက ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် လိုက်သည်။

“အပြစ်မဲ့ ပြည်သူတွေ သေနေတာ ဝမ်းနည်းဖို့ ကောင်းတယ်”


“အပြစ်မဲ့ ပြည်သူတွေ သေနေတာ ဝမ်းနည်းဖို့ ကောင်းတယ်”

မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာ ကောင်စီ၏ တွဲဘက် အတွင်းရေးမှူးချုပ် (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၂၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-          ( အင်တာဗျူး)  လက်ရှိ ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိသည့် ဒေသများ တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ ဆက်လက် ကြီးထွားနေသည်။ ထိုအချိန်တွင် အစ္စလမ်ဘာသာရေး ခေါင်းဆောင်များက လာမည့် စနေနေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကိုရ်ဘာနီ အိဒ်ပွဲတော် မကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ ဆက်လက် ကူးစက်


ရခိုင်ပြည်နယ် ပဋိပက္ခ ဆက်လက် ကူးစက် 

ယနေ့မွန်းလွဲပိုင်းက ပေါက်တောရှိ ကျေးရွာတရွာ မီးလောင်မှု မြင်ကွင်း (ဓာတ်ပုံ – Thi Ha / Facebook)
ဧရာဝတီသတင်းဌာန. ၂၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —–  ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခသည် ယနေ့ တွင် ကျောက်တော်၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များသို့  ကူးစက်ပြန့်နှံ့သွားပြီး ပဋိပက္ခများအတွင်း စစ်တပ်မှ ပစ်ခတ် လူစုခွဲရာ သေဆုံးမှုတချို့ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများအရေး ဆန္ဒထုတ်ဖော်


ရခိုင်တိုင်းရင်းသားများအရေး ဆန္ဒထုတ်ဖော် 

ဓာတ်ပုံ-ဧရာဝတီ~
ဧရာဝတီဘလော့. ၂၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-
သတင်း မေစစ်ပိုင်~
အောက်တိုဘာ ၂၅၊ ၂၀၁၂ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများအမြန်ဆုံးငြိမ်းချမ်းစေရေး ဆုတောင်းပွဲနှင့် ဆန္ဒဖော်ထုတ်မှုတရပ်ကို ယနေ့ နေ့လည်၁နာရီမှ စတင်ကာ ဆူးလေဘုရားနှင့် မြို့တော်ခန်းမရှေု့တွင် ရခိုင်တိုင်းရင်းသားလူမျိုးများဦးဆောင် ပြုလုပ်ခဲ့သည်။

ရသေ့တောင် ညောင်ပင်ကြီးရွာပဋိပက္ခ (၂)ဦးသေဆုံး (၁၀)ဦးနှင့်အထက်ဒဏ်ရာရရှိ


ရသေ့တောင် ညောင်ပင်ကြီးရွာပဋိပက္ခ (၂)ဦးသေဆုံး (၁၀)ဦးနှင့်အထက်ဒဏ်ရာရရှိ 


Arakan Times, 25 October 2012  —-  အောက်တိုဘာလ(၂၅)ရက် ယနေ့ နံနက်(၉)နာရီခန့်က ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာပဋိပက္ခတွင် ရခိုင် (၂)ဦးသေဆုံးပြီး (၁၀)ကျော်ခန့် ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။
ညောင်ပင်ကြီးကျေးရွာ၌ ဘင်္ဂလီအင်အား တစ်ထောင်ကျော်နှင့် ဒေသခံ ရခိုင်(၅၀၀)ကျော်ခန့်ဖြင့် ပဋိပက္ခဖြစ်ပေါ်နေချိန်တွင် စစ်တပ်အင်အား (၁၀)ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
သေဆုံးသူနှစ်ဦးသည် ညောင်ပင်ကြီးကျေးရွာတွင်ပင် သေဆုံးခဲ့ရပြီး၊ ဒဏ်ရာ ရရှိသူများအား စစ်တွေဆေးရုံသို့ ပို့ဆောင်သွားကြောင်း သိရှိရသည်။

ကျောက်တော်မီးရှို့တိုက်ခိုက်မှု ရခိုင်(၃)ဦးနှင့် ဘင်္ဂလီ(၁)ဦးသေဆုံး


ကျာက်တော်မီးရှို့တိုက်ခိုက်မှု ရခိုင်(၃)ဦးနှင့် ဘင်္ဂလီ(၁)ဦးသေဆုံး 


Arakan Times, 25 October 2012 —- အောက်တိုဘာလ (၂၅)ရက်နေ့ ယနေ့နံနက်(၆)နာရီတွင် ကျောက်တော်မြို့ ပိုက်သည်ရွာမှ ဘင်္ဂလီများ စတင်ဖန်တီးလိုက်သော ပဋိပက္ခတွင် ဘင်္ဂလီ(၁)ဦးနှင့် ရခိုင်(၃)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ပိုက်သည်ရွာမှ ဘင်္ဂလီများ လူစုကာမီးရှို့ရန်ကြိုးပမ်းနေကြရာ ဒေသခံရခိုင်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြချိန်တွင် စစ်တပ်မှ သေနတ်ပစ်ခတ်၍ လူစုခွဲခဲ့ကြရကြောင်း သိရှိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။