Friday, August 10, 2012

အထက်ပေါင်းလောင်း ဆည်ကြောင့်ဒေသခံ နစ်နာမှုရှိကြောင်း ကယန်းလူငယ်အဖွဲ့ ရှင်းလင်းပြောဆို


အထက်ပေါင်းလောင်း ဆည်ကြောင့်ဒေသခံ နစ်နာမှုရှိကြောင်း ကယန်းလူငယ်အဖွဲ့ ရှင်းလင်းပြောဆို 

သြဂုတ်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

၂၀၁၂ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက်မည်ဖြစ်သောသျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်မှ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရွာ ၂၃ရွာမှာ အန္တရာယ်ကြုံတွေ့နိုင်ပြီး နစ်နာမှုများရှိနေကြောင်း ကယန်းမျိုးဆက်သစ်လူငယ် -KNGY က မန္တလေးမြို့၌ ယနေ့ ပြောဆိုလိုက်သည်။

မန္တလေးမြို့ ၇၁လမ်း၊ လမ်း ၃၀ထောင့်၊ ယူနီဆမ်လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်ခဲ့သည့် KNGY ၏ သတင်းစာရှင်းလင်းပွဲ၌အထက်ပေါင်းလောင်းဆည် တည်ဆောက်ခြင်းကြောင့်ရွာ ၂၃ရွာမှ လူ ၈ထောင်ကျော် ပြောင်းရွှေ့ရန်ရှိသလိုမြေဧက ၆ထောင်ကျော် ပျက်စီးသွားနိုင်ကြောင်းယင်းစီမံကိန်းကိုစောင့်ကြည့်လေ့လာသည့် KNGY အတွင်းရေးမှူးခွန်းဘီထူးကရှင်းလင်းခဲ့သည်။
၎င်းအပြင် သူက“အစိုးရက ၀င်ရောက်ဆောင်ရွက်ပေးတာမျိုးမရှိဘူးဆိုရင် အဲဒီရေကာတာအနီးတ၀ိုက်မှာရှိတဲ့ ရွာ ၂၃ရွာကို စည်းရုံးပြီး ၀ိုင်းဝန်းလက်မှတ်ထိုးမှုတွေ၊ သပိတ်မှောက်တာတွေ ဆက်လုပ်သွားမယ်”ဟုကေအိုင်စီသို့ ပြောသည်။
ဒီမိုကရက်တစ်မြန်မာအသံ-DVB အပါအ၀င် ပြည်တွင်းသတင်းဂျာနယ်များဖြစ်သည့် Popular News ၊ Myanmar Independence, Sky Net,Shwe Mandalay စသည့်သတင်းဌာန ၁၃ဖွဲ့ တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် KNGY မှ ခွန်းဘီထူး၊ မူထွေးငယ်နှင့် ဒေသခံတဦးတို့ကရှင်းလင်းခဲ့ပြီးလာမည့်အပတ်တွင်၎င်းဆည်ကိစ္စနှင့်ပတ်သက်၍ သမ္မတရုံး အပါအ၀င် ရန်ကုန်ရှိသံရုံးများ၊ လျှပ်စစ်ဝန်ကြီးရုံး၊ လူ့အခွင့်အရေးကော်မရှင်ရုံးနှင့် သက်ဆိုင်ရာအစိုးရရုံးအချို့သို့အိတ်ဖွင့်ပေးစာတစ်စောင် ပေးသွားမည်ဟုသိရသည်။

အလားတူပင်လောင်းမြို့နယ်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်အမတ်ခွန်းမောင်သောင်းကလက်ရှိအထက်ပေါင်းလောင်းဆည်တည်ဆောက်ချိန်တွင် အစိုးရဘက်ကလုပ်ဆောင်ပေးမှုများ၊ ကတိပေးမှုများအပေါ်ဒေသခံများ၏ မေးမြန်းထားမှုများနှင့်အတူအိတ်ဖွင့်ပေးစာကိုလည်းတပြိုင်နက် ပေးပို့သွားရန်ရှိကြောင်းခွန်းဘီထူးကပြောသည်။
အထက်ပေါင်းလောင်းဆည်ဒေသရှိကျေးရွာများသည် အစိုးရနှင့် တာဝန်ရှိ အဖွဲ့အစည်းများမှယခုနှစ်အတွင်းဆည်ပိတ်ရေး၊ မပိတ်ရေးသတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် ရေနစ်မြှုပ်ဧရိယာကျရောက်သောလယ်ယာမြေများကိုဒေသခံများကမစိုက်ပျိုးရဲကြသလိုသက်ဆိုင်ရာတာဝန်ရှိများကလည်း ယနေ့အထိ တာဝန်ယူဖြေရှင်းမပေးသေးကြောင်းဇူလိုင်လ၌ KNGY က ပြောသည်။
၂၀၀၄-၂၀၀၅ခုနှစ်မှစ၍ အထက်ပေါင်းလောင်းဆည်ဆောက်လုပ်ရန် ဆွီဇလန်နိုင်ငံရှိအေအက်ဖ် ကိုလင်ကို (AF Colenco) ကုမ္ပဏီကိုငှားရမ်း၍ ကြီးကြပ်စေခဲ့ပြီးလန်ဒန်အခြေစိုက် မဲလ်ကွမ်နှင့် လုပ်ဖော်ကိုင်ဖက် MDA အဖွဲ့နှင့် တရုတ်နိုင်ငံ၊ ယူနန်အကြီးစားစက်မှုပစ္စည်းများ ပြည်ပတင်ပို့ရေးကုမ္ပဏီ-YMECတို့ကစီမံကိန်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်ဟု ၂၀၁၁ခုနှစ်၊ဇွန်လထုတ် KYNGအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတရုတ်ကုမ္ပဏီများ၏ ငွေကြေးနှင့် တည်ဆောက်ရေးအကူအညီပံ့ပိုးမှုဖြင့် မန္တလေးတိုင်း၊ပျဉ်းမနားမြို့နယ်တွင် ပေါင်းလောင်းမြစ်အောက်ဖက်ဆည်ကို၂၀၀၅ခုနှစ်၊ မတ်လတွင် တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ စာရင်းတင်ပြမှုဂယက်



စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ စာရင်းတင်ပြမှုဂယက်

သမ္မတ ဦးသိန်းစိန်
သမ္မတ ဦးသိန်းစိန်က အာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြတဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများရဲ့ ပိုင်ဆိုင်မှု ပစ္စည်းစာရင်းတွေကောက်ယူဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင်ဝန်ကြီးများဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဦးတင်ထွဋ်တို့လို စီးပွားရေးသောင်းကျန်းတဲ့ ၀န်ကြီးဟောင်းအချို့ရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကိုလည်း လက်ညှိုးထိုးပြကြပါတယ်။ ပိုင်ဆိုင်မှုပစ္စည်းဆိုရာမှာ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဟူ၍ ရှိပြန်ရာ စာရင်းကောက်ယူရန် အချိန်တိုတောင်းလွန်းလှသဖြင့် အဲဒီစာရင်းတွေ မှန်ကန်မှုရှိနိုင်ပါ့မလားဆိုတဲ့ သံသယတွေရှိလာကြ ပါတယ်။ ယခင် (လယ်ဆည်) ၀န်ကြီးဟောင်း ဦးမြင့်အောင်တို့အိမ်တွေမှာ ရွှေချောင်းများ သိမ်းထားသလို နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာငွေစာရင်းတွေလည်း ရှိတယ်လို့ သတင်းတွေရှိခဲ့ပါတယ်။ ဒါတွေဟာ နိုင်ငံတော်ရဲ့ သယံဇာတပစ္စည်းများကို ဈေးပေါပေါနဲ့ ရောင်းချလို့ရတဲ့ငွေတွေအပေါ် အဂတိလိုက်စားမှုနဲ့ ရယူထားတာတွေပါ။ ယခင်ဝန်ကြီးတွေခေတ်မှာတော့ မုန့်ပုံးထဲမှာ ရွှေချောင်းတွေထည့်ပြီး လက်ဆောင်ပေး ကန်တော့တဲ့ခေတ် ရှိခဲ့ဖူးပါတယ်။ နောက်တော့ ရွှေအစား စိန်ကိုလက်ဆောင်ပေးတဲ့ ခေတ်လည်း ဖြစ်လာဖူးပါတယ်။ လူကြီးတွေဆီ ၀င်ထွက်သွားတဲ့အခါမှာ အထုပ်ကြီးကြီးနဲ့လာရင် မကြိုက်ကြဘူးလို့ ကုန်သည်ကြီးတွေ အသိုင်းအ၀ိုင်းကဆိုပါတယ်။ လူကြီးကတော်များကတော့ ဗိုလ်ချုပ်ဈေးရှိ ပါတိတ်ဆိုင်တွေနဲ့ မြေနီကုန်းမှာရှိတဲ့ မခင်အေးစတိုးဆိုင်တွေနဲ့ ချိတ်ထားပြီး လာကန်တော့တဲ့ ခြင်းတောင်းများ၊ အရက်များ၊ အဝတ်အထည်များကို ပြန်သွင်းခြင်းဖြင့် ငွေသားပြန်ဖော်ကြတယ်လို့ သိရပါတယ်။ တချို့ကန်ထရိုက်တွေကတော့ တိုက်ခန်းသော့ကို လက်ဆောင်အဖြစ်ပေးကြပါတယ်။ အဂတိလိုက်စားမှုကျူးလွန်ရာမှာ တစ်ချိန်က ကတော်မိန်းမများကို ကြားခံထားကြသလို တစ်ခါတစ်ရံမှာတော့ ကိုယ်ရေးအရာရှိများကို ကြားခံထားကြပါတယ်။ တစ်ခါတစ်ရံမှာ သား၊ သမီးတွေကို ကြားခံလူအဖြစ် တာဝန်ပေးလုပ်ခိုင်းတယ်လို့လည်း သိရပါတယ်။ အဲ့ဒီ ပိုင်ဆိုင်မှုပစ္စည်းစာရင်းတွေကို ထုတ်ပြန်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ ချမ်းသာကြွယ်ဝမှုတွေကို တွေ့ရှိရမှာဖြစ်ပြီး ၀န်ကြီးတွေရဲ့လစာနဲ့ အနှစ် (၁၀၀) စုဆောင်းတဲ့တိုင် အဲ့ဒီ ငွေကြေးတွေ ပြည့်မီမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ ဝန်ကြီး ဦးအောင်သောင်း မိသားစုဆိုရင် အပတ်စဉ် ဖဲဝိုင်း ရှိကြပြီး သားသမီးများက အပြိုင်အဆိုင် သူုတို့ရဲ့ ပိုင်ဆိုင်မှုများကို ဖဲဝိုင်းမှာ ကြွားလုံးထုတ်ပြီး ငွေဖြုန်းတီးကြပါတယ်။
VIP လို့ခေါ်တဲ့ ဝန်ကြီးတွေနဲ့ တပ်မတော်အရာရှိကြီးများရဲ့ တချို့အဂတိလိုက်စားတဲ့နည်းတွေကတော့ လုပ်ငန်းရှယ်ယာပါဝင်မှုအနေနဲ့ ကုမ္ပဏီများ၊ Super Market များ၊ ဟိုတယ်များနဲ့ ကာရာအိုကေဆိုင်များမှာ နာမည်ခံယုံနဲ့ အမြတ်ရှယ်ယာပါခွဲဝေရရှိတယ်လို့ သိရပါတယ်။ အမှန်တကယ်တော့ လွတ်လပ်မှုရှိပြီး လွှမ်းမိုးမှု မရှိတဲ့ သီးခြား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသင့်ပြီး နိုင်ငံတော် မျက်နှာ တစ်ခုတည်းသာကြည့်ကာ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကလည်း လက်အောက်က စာရင်း မတင်ခင် သမ္မတရဲ့ ပိုင်ဆိုင်မှု စာရင်းကို ဦးစွာ ကြေငြာသင့်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ ဒါမှ ပြည်သူလူထုက ယုံကြည်မှု ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ နအဖ အစိုးရခေတ်က ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအနေနဲ့ ဝန်ကြီးများနှင့် တိုင်းမှူးများရဲ့ တိုက်တာ အဆောက်အဦးများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခဲ့လို့ ထောက်လှမ်ရေးကို အငြိုးကြီးခဲ့ပါတယ်။ ထောက်လှမ်ရေးရဲ့ ပိုင်ဆိုင်မှုကိုလည်း လျှို့ဝှက်ထားလို့ မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ယခု သမ္မတရဲ့ ထုတ်ပြန်တဲ့ ဇူလိုင် ၂၆ရက်စွဲပါ အမိန့်ကြေငြာချက်ကြောင့် အဂတိလိုက်စားမှု နာမည်ဆိုးထွက်နေတဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းလိုမျိုး ဝန်ကြီးများက ကျေနပ်မှု မရှိကြကြောင်း အစိုးရရုံးနဲ့ နီးစပ်သူများဆီမှ သိရှိရကြောင်း စည်းလုံခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ဖော်ပြလိုက်ရပါတယ်။

လှိုင်သာယာ(၁) ထိပ်တွင် မြေအောက်ဂတ်စ်ပိုက်လိုင်းပေါက်၍အသေးစား မီးလောင်မှုဖြစ်ပွား


လှိုင်သာယာ(၁) ထိပ်တွင် မြေအောက်ဂတ်စ်ပိုက်လိုင်းပေါက်၍အသေးစား မီးလောင်မှုဖြစ်ပွား


 
 
 
 
 
 
 ရန်ကုန်တိုင်းဒေသကီးလိင်သာယာမြို့နယ် (၁)ထိပ်မှတ်တိုင် အနီးရှိ မြေအောက်ဂတ်စ်ပိုင်းလိုင်းမှ ဂတ်စ်ငွေများယိုစိမ့်ကာ အသေးစား မီးလောင်မတစ်ခုဖြစ်ပွားခဲ့ကောင်း သိရှိရသည်
အဆိုပါ မီးလောင်မမှာ ယနေ့သြဂုတ်လ (၉)ရက်နေ နေလည် (၁)နာရီ(၃ဝ)မိနစ်တွင်ဖြစ်ပွားခဲ့ကောင်း မီးလောင်မ ဖြစ်ပွားခဲသည်ကို တွေရှိခဲသည် မျက်မြင်သက်သေတစ်ဦးက ပြောသည်
အောက်ကဂတ်စ်က သံချေးစားပြီး ယိုနေတာ အပေါ်ကမီးနဲ တွေလိုပေါက်တာ မီးနဲမတွေရင်တော့ ဘာမှမဖြစ်ပါဘူးဒီနား မှာ ဝက်သားဒုတ်ထိုးဆိုင်ရှိတယ် အဲဒီက မီးမေးလို့’’ ဟု ရေပြည်သာ ဓာတ်ငွေဖြန်ဖြူးရေးစခန်းက  ကိုအောင်ကျော်က ပြောသည်
အဆိုပါ ဓာတ်ငွေပိုက်လိုင်းမှာ အင်းစိန်ရွာမသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံမှ ညောင်တုန်းရေနံမြေနှင့် ဆက်သွယ်ထားသော ပိုက်လိုင်းဖြစ်ကောင်းကိုလည်း ရေပြည်သာ ဓာတ်ငွေ့ဖြန်ဖြူးရေးစခန်းတာဝန်ရှိသူထံက သိရှိရသည်
အဆိုပါဝက်သားဒုတ်ထိုးသည်မှာ လမ်းမီးမေးရာမှ မြေကီး တွင် ဂတ်စ်များစိမ်ထွက်နေသည်အတွက် မီးလောင်ကျွမ်းမ အသေးစား ဖြစ်ပွားခဲခြင်းဖြစ်ပီး အဆိုပါဈေးသည်အား လမ်းဘေးမီးသတ်မဖြင့်စည်ပင် မှစစ်ဆေးရန်ခေါ်ဆောင်သွား ကောင်း ပတ်ဝန်းကျင်ရှိ ပြည်သူများထံက သိရှိရသည်
ကက်တရာလမ်းကို လှန်ပီးပြန်လည်ဖာထေးမည်ဖြစ်ပီး အပေါက် မှာ မည်သည်နေရာတွင် ရှိသည်ကို ခန်မှန်းမရသေးကောင်း ယခုအချိန်တွင် ပိုက်လိုင်းဘားကိုပိတ်လိုက်ပီဖြစ်ကောင်း   ရေပြည်သာဓာတ်ငွေ  ဖြန်ဖြူးရေးစခန်းမှ တာဝန်ရှိသူက ဆက် လက် ပြောကားခဲသည်
ကျွန်တော်တိုဒီမှာ ၂ နာရီလောက်က စတင်ပီး ရေဖြန်းတာ ပါ။ ဒီလိုဖြစ်တော့ အများပြည်သူတော့ ထိခိုက်တာပေါ့ စီအမ်ဂျီ ဌာနနဲ့ညှိပြီး ရေဖြန်းနေတာ ဂတ်စ်ကုန်သွားရင်တော့ ကျွန်တော်တိုအလုပ်ပြီးပီ’’ ဟု မီးသတ်ဗိုလ်ကီး ဦးမြင့်ဦးက ပြောသည်
ယခုပိုက်လိုင်းပေါက်ခြင်းသည် ဒုတိယအကိမ်ဖြစ်ပီးဇူလိုင်လ အတွင်းက ရွှေပြည်သာတံတားအဆင်း၌(၄) လက်မပိုက် တစ်ကိမ်ပေါက်ခဲ့သေးကောင်း အခင်းဖြစ်ပွားရာနေရာရှိ မီးသတ်ဗိုလ်ကြီး ဦးမြင့်ဦး ပြောသည်
ကျွန်တော်တို့ထမင်းစားနေရင်းလှမ်းမြင်လိုက်တာ ကျွန်တော် တိုလည်း သဲတွေရတွေနဲပက်သေးတယ်   နောက်မနိုင်တော့ဘူး နာရီဝက်လောက်နေတော့ မီးသတ်ကားတစ်စီး ရောက်လာ တယ် ကျွန်တော်ထင်တာတော့ မီးသတ်ကား(၅) စီးလောက်ရှိ မယ် ထင်တယ်’’ ဟု မီးလောင်မအား မျက်မြင်သက်သေ ကိုကျော်မိုးထွေး က ပြောသည်
နေလည် ၁း၃ဝ အချိန်မှ စတင် ရေဖြန်းခဲသော မီးသတ်ကား များမှာ ညနေ (၄)နာရီ အချိန်တွင် ပြန်လည်ထွက်ခွာ သွားခဲသည်

မြစ်မခမီဒီယာ

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။