Wednesday, December 19, 2012

ထားဝယ် စီးပွါးရေးဇုန် ဧရိယာ မြန်မာ လျှော့ချလိုဟု ထိုင်းသတင်းစာဆို


ထားဝယ် စီးပွါးရေးဇုန် ဧရိယာ မြန်မာ လျှော့ချလိုဟု ထိုင်းသတင်းစာဆို

မြန်မာသမ္မတဦးသိန်းစိန် နှင့်ထိုင်းဝန်ကြီးချုပ်YingluckShinawatraတို့ထားဝယ်အထူးစီးပွါးရေးဇုန်သို့ ၂ဝ၁၂ခုနှစ်၊ဒီဇင်ဘာလ၁၇ရက်နေ့ကသွားရောက်စဉ်အတွင်းအသေးစိတ် ဆွေးနွေးနေကြစဉ်။ (PHOTO:Yingluck Shinawatra / Facebook)
မဇ္ဈိမ သတင်းဌာန . ၁၉ရက်နေ့ ဒီဇင်ဘာ ၂၀၁၂  —-  မြန်မာအစိုးရ အနေဖြင့် ထားဝယ် အထူး စီးပွါးရေးဇုန်၏ ဧရိယာအား ၂၄ဝ.၅ စတုရန်း ကီလိုမီတာမှ ၁၅ဝ စတုရန်း ကီလိုမီတာသို့ လျှော့ချလိုကြောင်း အဆိုပြုခဲ့သဖြင့် ထိုင်းနိုင်ငံ အား စိုးရိမ်စေခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ဗုဒ္ဓဟူးနေ့က ရေးသား ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ထိုအဆိုပြုချက်အား ထိုင်းနိုင်ငံက တုံ့ပြန်ပြောဆိုရာတွင် ထိုင်းနိုင်ငံ အနေဖြင့် မူလက သတ်မှတ်ထားခဲ့ သည့် စီမံကိန်း ဧရိယာ အကျယ် အဝန်းအပေါ် အခြေခံ၍ ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စက်မှု စီမံကိန်းတို့နှင့် ပတ်သတ်၍ ‘ဖြစ်နိုင်ချေ ရှိမရှိ ကနဦး လေ့လာ အကဲဖြတ်မှု (feasibility study)’ ကို လုပ်ဆောင်နေခဲ့ပြီ ဖြစ်သည်ဟု ဆိုခဲ့ကြောင်း ထိုင်း ပို့ဆောင်ရေးဝန်ကြီး ချာချတ် စီတီပန် Chatchart Sithipan ကို ကိုးကား၍ ရေးသားထားခြင်း ဖြစ် သည်။

ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ၌ ပထမဆုံးအကြိမ် ကိုရီးယားနို့ကုမ္ပဏီနှင့် ပူးပေါင်းမည်


ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ၌ ပထမဆုံးအကြိမ် ကိုရီးယားနို့ကုမ္ပဏီနှင့် ပူးပေါင်းမည် 


Myitmakha Media Group, 19 December 2012  —-  ပုဂ္ဂလိကနို့စား နွားမွေးမြူရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ ချုပ်နှင့် ကိုရီးယားနွားနို့လုပ်ငန်းကော်မတီတို့မှ လာမည့် ၂၀၁၄ခုနှစ် မှစ၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း   မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။  

“တွင်ကျယ်လာတော့မည့် မြန်မာ့ရေဓါတ်ငွေ့လောင်စာစက်” မြန်မာ့စွမ်းအင်သစ်အဖွဲ့မှ သုတေသီအင်ဂျင်နီယာ ဦးကျော်ကျော်နှင့်တွေ့ဆုံခြင်း


“တွင်ကျယ်လာတော့မည့် မြန်မာ့ရေဓါတ်ငွေ့လောင်စာစက်” မြန်မာ့စွမ်းအင်သစ်အဖွဲ့မှ သုတေသီအင်ဂျင်နီယာ ဦးကျော်ကျော်နှင့်တွေ့ဆုံခြင်း


Myitmakha Media Group, 19 December 2012  —-
မြန်မာနိုင်ငံတွင် ရေဓာတ်ငွေ့ကို လောင်စာဆီနှင့် တွဲဖက်ကာ မီးစက် ၊ ကား ၊ ရထား ၊ သဘောင်္နှင့် စက်ယန္တရားများအား ဆီစားသက်သာစွာဖြင့် မောင်းနှင်နိုင်ရန် ၂၀၀၈ ခုနှစ် ကတည်းက စမ်းသပ် တီထွင်နေသော သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်နှင့် ၄င်း၏ စမ်းသပ်မှုရလာဒ် အကြောင်း မြန်မာ့စွမ်းအင်သစ်အဖွဲ့အကြောင်း၊ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းတင်ပြအပ်ပါသည်။

“အစိုးရထိန်းချုပ်နယ်မြေအတွင်း ကချင်ဒုက္ခသည် တစ်ရှိန်ထိုး မြင့်တက်နေ”


“အစိုးရထိန်းချုပ်နယ်မြေအတွင်း ကချင်ဒုက္ခသည် တစ်ရှိန်ထိုး မြင့်တက်နေ”


Popular News Journal, 19 December 2012  —-  ရန်ကုန်၊ ဒီဇင်ဘာ ၁၇
မပြီးဆုံးနိုင်သေးသည့် ကချင်ဒေသစစ်ပွဲကြောင့် အစိုးရထိန်းချုပ် နယ်မြေ အတွင်း၌ ဒုက္ခသည်ဦးရေ တစ်ရှိန်ထိုးမြင့်တက် လာနေကြောင်း ကချင်လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်နယ်အစိုးရ စာရင်းများ ၏ ဖော်ပြချက်အရ သိရသည်။
၂ဝ၁၁ ခုနှစ် ဇွန်လဆန်းမှ စကာ နှစ်ဖက်တိုက်ပွဲငယ်များ စတင်ဖြစ်ပွား ခဲ့သော အချိန်မှစ၍ ယခု ဒီဇင်ဘာလ ဒုတိယအပတ်အထိ နယ်မြေ လုံခြုံရေးအရ ရွှေ့ပြောင်းလာ သည့် ကချင်ဒေသခံတို့မှာ ကယ် ဆယ်ရေး စခန်း ၈၄ ခု တို့၌ ၃၂၂-၃၄ ဦးအထိရှိသွားပြီး ၂ဝ၁၂ ဖေဖော်ဝါရီ နောက် ဆုံးပတ်က ဒုက္ခသည် ၁၈၅၄၃ သာ ရှိကြောင်း ကချင်ပြည်နယ် လူမှုရေး ဝန်ကြီးဌာနက အတည်ပြုပေးခဲ့ သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။