Wednesday, December 19, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မတိုင်မီ ထုတ်ပြန်မည် မြေဈေးကစားမှုမှာ ရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတား ဖြစ်နေသော်လည်း ဈေးကစားမှုအား ထိန်းချုပ်သည့် အချက်မပါဝင်ကြောင်း MIC တာဝန်ရှိသူပြောကြား


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မတိုင်မီ ထုတ်ပြန်မည် မြေဈေးကစားမှုမှာ ရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတား ဖြစ်နေသော်လည်း ဈေးကစားမှုအား ထိန်းချုပ်သည့် အချက်မပါဝင်ကြောင်း MIC တာဝန်ရှိသူပြောကြား  PDF  | Print |
AddThis Social Bookmark Button
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ မတိုင်မီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပသည့် မြန်မာ-ထိုင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေရဲ့ နည်းဥပဒေကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မတိုင်ခင် ထုတ်ပြန်ပါမယ်''ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါ နည်းဥပဒေတွင် မြေဈေးကစားမှုအား ထိန်းချုပ်သည့် အချက်များ ထည့်သွင်းမထားကြောင်း၊ မြေဈေးနှုန်းမှာ ဈေးကွက်တစ်ခုအနေဖြင့် တည်ရှိနေသည့်အတွက် အစိုးရအနေဖြင့်လည်း ဈေးနှုန်းသတ်မှတ်ပေးရန် မဖြစ်နိုင်သည့် အခြေအနေ ဖြစ်နေသည့်အတွက် မြေဈေးနှုန်း ထိန်းချုပ်သည့် အချက်ကို မထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
သို့သော် မြန်မာနိုင်ငံတွင် မြေဈေးကစားမှုကြောင့် မြေဈေးနှုန်းများ မြင့်တက်မှုမှာ ရင်းနှီးမြှုပ်နှံမှုများအပေါ် အဟန့်အတား ဖြစ်နေသည့်အချက်နှင့် ဈေးကစားမှုများကြောင့် မြေဈေးတက်သည်ဆိုသည့် အချက်မှာ မှန်ကန်ကြောင်းကို ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
''မြေဈေးမြင့်တက်တာက ရင်း နှီးမြှုပ်နှံမှုတွေအပေါ် အဟန့်အတား ဖြစ်နေတယ်ဆိုတာ ဟုတ်ပါတယ်။ အဓိက မြေဈေးတက်တာကတော့ Speculation ကြောင့်ပါ။ ဒါပေမယ့် မြေက  ဈေးကွက်တစ်ခုလို ဖြစ်နေတဲ့အတွက် အစိုးရအနေနဲ့လည်း ဈေးနှုန်း သတ်မှတ်ထိန်းချုပ်ပေးဖို့ ခက်တဲ့ အနေအထားဖြစ်နေတယ်။ အဲဒီလိုဆိုတော့ အခုနည်းဥပဒေမှာ မြေဈေးကစားတာကို ထိန်းချုပ်မယ့် အချက်တော့ မပါဝင်ဘူး''ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းရှင်များအနေဖြင့် စက်မှုဇုန်၊ စက်ရုံများ အပါအ၀င် အချက်အခြာကျသည့် နေရာများအား လုပ်ငန်းအကောင် အထည်ဖော်ရန်ထက် မြေဈေးကစားက အကျိုးအမြတ်ထုတ်ရန်အတွက် နေရာဦးအောင်ယူထားကာ ဈေးကစားသည့် အဆင့်သာရှိနေကြောင်း သိရသည်။
ထိုသို့ ဈေးကစားမှုကြောင့် စက်မှုဇုန် မြေဈေးနှုန်းများမှာ အစိုးရသစ် လက်ထက် နှစ်နှစ်အတွင်း၌ပင် ယခင်ကထက် သုံးဆမှ လေးဆအထိ မြင့်တက်သွားသည့် နေရာများပင် ရှိလာကြောင်း သိရသည်။
 

Comments 

+4 #2 nga shwe 2012-12-20 08:08
Quote:
ထိုသို့ ဈေးကစားမှုကြောင့် စက်မှုဇုန် မြေဈေးနှုန်းများမှာ အစိုးရသစ် လက်ထက် နှစ်နှစ်အတွင်း၌ပင် ယခင်ကထက် သုံးဆမှ လေးဆအထိ မြင့်တက်သွားသည့် နေရာများပင် ရှိလာကြောင်း သိရသည်။
အဓိက မြေဈေးတက်တာကတော့ Speculation ကြောင့်ပါ။ ဒါပေမယ့် မြေက ဈေးကွက်တစ်ခုလို ဖြစ်နေတဲ့အတွက် အစိုးရအနေနဲ့လည်း ဈေးနှုန်း သတ်မှတ်ထိန်းချုပ်ပေးဖို့ ခက်တဲ့ အနေအထားဖြစ်နေတယ်။
……….
အမှန်တကယ်ဈေးကစားနေသူများ
ဗိုလ်ချုပ်ကြီးများနှင့်သားသမီးဆွေမျိုးများ
ဗိုလ်ချုပ်ကြီးများနှင့်သားသမီးဆွေမျိုးများနှင့်ပေါင်းစားနေသည့် ခရိုနီများ
အင်မတန်မှကြောက်ရပါသော မဟာကျေးဇူးတော်ရှင်မြန်မာမှတ်ပုံတင်ကိုင်ပထွေး တယုတ်လူမျိုးများ
ဦးပိုင်၊MEC စသည့်တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်နေ၍အရေးယူဟန့်တားရန်အစီအစဉ်မရှိပါကြောင်း
 
 
+1 #1 nga shwe 2012-12-20 08:07
Quote:
ထိုသို့ ဈေးကစားမှုကြောင့် စက်မှုဇုန် မြေဈေးနှုန်းများမှာ အစိုးရသစ် လက်ထက် နှစ်နှစ်အတွင်း၌ပင် ယခင်ကထက် သုံးဆမှ လေးဆအထိ မြင့်တက်သွားသည့် နေရာများပင် ရှိလာကြောင်း သိရသည်။

အဓိက မြေဈေးတက်တာကတော့ Speculation ကြောင့်ပါ။ ဒါပေမယ့် မြေက ဈေးကွက်တစ်ခုလို ဖြစ်နေတဲ့အတွက် အစိုးရအနေနဲ့လည်း ဈေးနှုန်း သတ်မှတ်ထိန်းချုပ်ပေးဖို့ ခက်တဲ့ အနေအထားဖြစ်နေတယ်။
……….
အမှန်တကယ်ဈေကစားနေသူများ
ဗိုလ်ချုပ်ကြီးများနှင့်သားသမီးဆွေမျိုးများ
ဗိုလ်ချုပ်ကြီးများနှင့်သားသမီးဆွေမျိုးများနှင့်ပေါင်းစားနေသည့် ခရိုနီများ
အင်မတန်မှကြောက်ရပါသော မဟာကျေးဇူးတော်ရှင်မြန်မာမှတ်ပုံတင်ကိုင်ပထွေး တယုတ်လူမျိုးများ
ဦးပိုင်၊MEC စသည့်တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းမ
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။