Wednesday, December 19, 2012

ကြည့်ရတာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုတာ သိပ်မပီပြင်တော့ဘူး


ကြည့်ရတာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုတာ သိပ်မပီပြင်တော့ဘူး 

Ven Ravika သမ္မတဦးသိန်းစိန်ကိုယ်တိုင်မဟုတ်သော်ငြားလည်း အစိုးရအနေနဲ့ ဝန်ချတောင်းပန်ခဲ့လို့ ကျေအေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့ရင်လည်း သံဃာတော်အရှင်သူမြတ်များရဲ့ သဘောဆန္ဒအတိုင်းပါပဲ။ ဒါပေမဲ့ ဆန္ဒပြသံဃာတော်များဟာ မီးလောင်းဗုံးနဲ့ အပစ်ခံ၊ အဖမ်းခံ၊ တရားအစွဲခံ၊ အတောင်းပန်ခံချင်လို့ ဆန္ဒပြတော်မူခဲ့ခြင်းမဟုတ်။ ပေါ်ပြူလာဖြစ်ချင်လို့၊ သတင်းမှာ ပါချင်လို့ လမ်းပေါ်ထွက်တော်မူခဲ့ခြင်းမဟုတ်။ ဦးပိုင်နဲ့တရုတ်ကို ဆန့်ကျင်ဖို့၊ ကြေးနီစီမံကိန်းကို ဆိုင်းငံ့ဖို့၊ ရပ်တန့်ဖို့ ဆန္ဒပြတော်မူခဲ့ခြင်းဖြစ်ပါတယ်။  ကော်မရှင်အဖြေကို စောင့်ပေးဖို့ လိုက်လျော်ခဲ့တာကိုလည်း သံဃာတော်အရှင်သူမြတ်များရဲ့ သဘောအတိုင်းပါပဲ။ သေချာတာတစ်ခုကို ပြောရရင် တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်ဘဝမှာပဲ ရှိနေခဲ့ပြီး ဒီကော်မရှင်ဥက္ကဋ္ဌနေရာမှာ အခြားပါတီတစ်ခုခုက ခေါင်းဆောင်တစ်ဦးဦး တာဝန်ယူခဲ့ရင် ခဲနဲ့အပေါက်ခံရမှာသေချာပါတယ်။  ဒီဆန္ဒပြပွဲကို သမ္မတသိန်းစိန်တို့က အကြမ်းနည်းနဲ့ တားခဲ့တယ်။ မရခဲ့။ ဒေါ်အောင်ဆန်းစုကြည်က အနုနည်းနဲ့ တားတယ်။ မရခဲ့။ နောက်ဆုံးကျတော့ ဘုန်းကြီးအချင်းချင်း တားခိုင်းမှ အဆင်ပြေသွားတော့တယ်။ ဆန္ဒပြသူတွေဟာ ဒေါ်အောင် ဆန်းစုကြည်ကို ဆန့်ကျင်ဖို့လည်း မစဉ်းစားခဲ့ပါ၊ သီတဂူဆရာတော်ကိုလည်း ကြည်ညိုရင်းစွဲ ရှိကြပါတယ်။ ဒီပုဂ္ဂိုလ်(၂)ဦး ဝင်ထိန်းပေးမှတော့ အစိုးရအနေနဲ့ ဘာမှ ပူစရာမရှိတော့ဘူး။ ဒါပေမဲ့ ဒါလည်း သမိုင်းတစ်ခုပဲဆိုတာ မမေ့ကြဖို့ပါ။  ကြည့်ရတာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုတာ သိပ်မပီပြင်တော့ဘူး။ နိုင်ငံရေးကို မြင်းလောင်းသလိုပဲ လောင်းကုန်ပြီ။ နိုင်ငံတကာကရော ပြည်တွင်းက ဂုရုကြီးများပါ နိုင်မယ်ထင်တဲ့မြင်းကို ပုံအော်လောင်းနေကြတဲ့ပုံပါ။ ဒီမြင်း ခြေမကျိုးစေနဲ့လို့ပဲ ဆုတောင်းနေမယ်။Ven Ravika
သမ္မတဦးသိန်းစိန်ကိုယ်တိုင်မဟုတ
်သော်ငြားလည်း အစိုးရအနေနဲ့ ဝန်ချတောင်းပန်ခဲ့လို့ ကျေအေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့ရင်လည်း သံဃာတော်အရှင်သူမြတ်များရဲ့ သဘောဆန္ဒအတိုင်းပါပဲ။ ဒါပေမဲ့ ဆန္ဒပြသံဃာတော်များဟာ မီးလောင်းဗုံးနဲ့ အပစ်ခံ၊ အဖမ်းခံ၊ တရားအစွဲခံ၊ အတောင်းပန်ခံချင်လို့ ဆန္ဒပြတော်မူခဲ့ခြင်းမဟုတ်။ ပေါ်ပြူလာဖြစ်ချင်လို့၊ သတင်းမှာ ပါချင်လို့ လမ်းပေါ်ထွက်တော်မူခဲ့ခြင်းမဟုတ်။ ဦးပိုင်နဲ့တရုတ်ကို ဆန့်ကျင်ဖို့၊ ကြေးနီစီမံကိန်းကို ဆိုင်းငံ့ဖို့၊ ရပ်တန့်ဖို့ ဆန္ဒပြတော်မူခဲ့ခြင်းဖြစ်ပါတယ်။
ကော်မရှင်အဖြေကို စောင့်ပေးဖို့ လိုက်လျော်ခဲ့တာကိုလည်း သံဃာတော်အရှင်သူမြတ်များရဲ့ သဘောအတိုင်းပါပဲ။ သေချာတာတစ်ခုကို ပြောရရင် တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်ဘဝမှာပဲ ရှိနေခဲ့ပြီး ဒီကော်မရှင်ဥက္ကဋ္ဌနေရာမှာ အခြားပါတီတစ်ခုခုက ခေါင်းဆောင်တစ်ဦးဦး တာဝန်ယူခဲ့ရင် ခဲနဲ့အပေါက်ခံရမှာသေချာပါတယ်။
ဒီဆန္ဒပြပွဲကို သမ္မတသိန်းစိန်တို့က အကြမ်းနည်းနဲ့ တားခဲ့တယ်။ မရခဲ့။ ဒေါ်အောင်ဆန်းစုကြည်က အနုနည်းနဲ့ တားတယ်။ မရခဲ့။ နောက်ဆုံးကျတော့ ဘုန်းကြီးအချင်းချင်း တားခိုင်းမှ အဆင်ပြေသွားတော့တယ်။ ဆန္ဒပြသူတွေဟာ ဒေါ်အောင်
ဆန်းစုကြည်ကို ဆန့်ကျင်ဖို့လည်း မစဉ်းစားခဲ့ပါ၊ သီတဂူဆရာတော်ကိုလည်း ကြည်ညိုရင်းစွဲ ရှိကြပါတယ်။ ဒီပုဂ္ဂိုလ်(၂)ဦး ဝင်ထိန်းပေးမှတော့ အစိုးရအနေနဲ့ ဘာမှ ပူစရာမရှိတော့ဘူး။ ဒါပေမဲ့ ဒါလည်း သမိုင်းတစ်ခုပဲဆိုတာ မမေ့ကြဖို့ပါ။
ကြည့်ရတာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုတာ သိပ်မပီပြင်တော့ဘူး။ နိုင်ငံရေးကို မြင်းလောင်းသလိုပဲ လောင်းကုန်ပြီ။ နိုင်ငံတကာကရော ပြည်တွင်းက ဂုရုကြီးများပါ နိုင်မယ်ထင်တဲ့မြင်းကို ပုံအော်လောင်းနေကြတဲ့ပုံပါ။ ဒီမြင်း ခြေမကျိုးစေနဲ့လို့ပဲ ဆုတောင်းနေမယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။