Monday, October 22, 2012

ယနေ့ရခိုင်အရေးမတည်ငြိမ်မှုများဖြစ်ပေါ်မှု OIC အား အစိုးရက ၀င်ခွင့်မပြုခြင်းနှင့် ဆက်စပ်


ယနေ့ရခိုင်အရေးမတည်ငြိမ်မှုများဖြစ်ပေါ်မှု OIC အား အစိုးရက ၀င်ခွင့်မပြုခြင်းနှင့် ဆက်စပ် 

မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာတွင် ၂၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်တွင် ဦးအစ္စမန်၏ နေအိမ်အညူ အဆိုပါကျေးရွာနေ ဘင်္ဂလီ(၁၀၀) ဦးခန့်မှ ၀ိုင်းဝန်းမီးရှို့ခဲ့ကြောင်း သိရှိရသည်။ ထိုသို့မီးရှို့ရခြင်းမှာ သရက်အုပ်ကျေးရွာမှာ သိမ်းတောင်(ရခိုင်)ရွာနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေရာ သိမ်းတောင် (ရခိုင်) ရွာသို့ မီးကူးစက်လောင်ကျွမ်းစေရန် ရည်ရွယ်မီးရှို့ခဲ့ကြောင်း သိရှိရသည်။

"ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများအားပြောကြားချက်"


"ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများအားပြောကြားချက်" 

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နေ့လည်ပိုင်းလွှတ်တော်တွင် တွေ့ရစဉ် (Photo..ခွန်ဒီးယမ်)
သတင်းတွေဘာတွေယူတဲ့အခါမှာပေါ့ သတင်းတွေမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာကအခြေအနေတွေဘာတွေ သုံးသပ်တဲ့အခါ မှာ လေးလေးနက်နက်ကြည့်၊ အပေါ်ယံကြောမကြည့်နဲ့၊ နောက်တစ်ခုကလည်း လူတွေရဲ့ လုပ်ဆောင်မှု အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုနဲ့ပတ်သတ်လို့ အရှေ့၊ အနောက်ညီလားဆိုတာ အမြဲစစ်ဆေးနေ..အဲ့ဒါအရေးကြီးတယ်..ခုတစ်မျိုးခုတစ်မျိုးဆိုတဲ့ဟာမျိုးဟာ ဘယ်တော့မှစိတ်မချရဘူး ဆိုတာသိရမယ်.

ဒေါ်အောင်ဆန်းစုကြည်နှင့် UN ၀န်ထမ်းအဖွဲ့ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နှင့် UN ၀န်ထမ်းအဖွဲ့ တွေ့ဆုံ 

UN- Country Team ခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံများ - ဆန်နီ
ဧရာဝတီဘလော့. ၂၂ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Mr. AshokNigam ဦး ဆောင်သော United Nation Country Team အဖွဲ့နဲ့ အတူ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲကနေ ည ၈ နာရီခွဲ အထိ နေပြည်တော်ရှိ Mount Pleasant Hotel မှာ ညစာ စားသုံးကြပြီး ဆွေးနွေး ပွဲ တခုကိုလည်း ကျင်းပခဲ့ပါတယ်။

မီဒီယာကို သမ္မတ နားလည်တာ စတီဗင် ဆက်ကာ ကြိုဆို


မီဒီယာကို သမ္မတ နားလည်တာ စတီဗင် ဆက်ကာ ကြိုဆို 

သမ္မတရဲ့ အမေရိကန် ခရီးစဉ် အတွင်း ဘီဘီစီက တွေ့ဆုံ မေးမြန်းခဲ့
BBC News, 22 October 2012  —-  သမ္မတ ဦးသိန်းစိန်က သတင်း မီဒီယာတွေ အပေါ် နားလည်မှု ရှိလာတာကို ဝမ်းမြောက် မိကြောင်း ဘီဘီစီ Hard Talk အစီအစဉ် တင်ဆက်သူ သတင်းထောက် စတီဗင် ဆက်ကာ က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း သမ္မတကို ကိုယ်တိုင် မေးမြန်း ခဲ့တဲ့ စတီဗင် ဆက်ကာက သူနဲ့ မေးမြန်းခန်း နဲ့ ပတ်သက်ပြီး အပြု သဘော တုံ့ပြန်ချက်တွေ အများကြီး ရခဲ့တယ်လို့ ပြောပါတယ်။

အယုဒ္ဓယတွင် ထိုင်းနှင့်မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွား


အယုဒ္ဓယတွင် ထိုင်းနှင့်မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွား 

(ဓာတ်ပုံ- krobkruakao)
DVB News, 22 October 2012  —-   ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဓယခရိုင်ထဲမှာ ရာချီတဲ့ မြန်မာအလုပ်သမားတွေနဲ့ ဒေသခံ ထိုင်းအလုပ်သမားကြား  မနေ့ညက အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
အယုဒ္ဓယခရိုင် ဖားချိမြို့နယ် နောင်နမ့်ဆိုင်ရပ်ကွက်မှာ စီနိုထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီက မြန်မာ အလုပ်သမားတွေနဲ့ ထိုင်းအလုပ်သမားတွေ အုပ်စုဖွဲ့ ရိုက်နှက်မှုကြီး ဖြစ်ပွား ခဲ့တာပါ။

မြန်မာနိုင်ငံသားများကို ထိုင်းအလုပ်သမားဌာနသတိပေးပြီ


မြန်မာနိုင်ငံသားများကို ထိုင်းအလုပ်သမားဌာနသတိပေးပြီ 


Moe MaKa News, 22 October 2012  —-  မြန်မာနိုင်ငံသားများကို ပတ်စ်ပို့လုပ်ရန်နှင့် အလုပ်လုပ်ခွင့် (Work Permit) လုပ်ရန်အတွက် မဲဆောက်မြို့ အလုပ်သမားရုံးရှေ့တွင် ဆိုင်း ဘုတ် ကြီး ထောင်ကာ အရေးပေါ်သတိပေးချက်အဖြစ်ထုတ်ပြန်ထားပြီဖြစ်သည်။
သြဂုတ်လ (၁၀) ရက်နေ့ လျှောက်လွှာအပြီးတင်ပြရမည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၄) ရက်နေ့တွင် Work Permit လုပ်ငန်းများ အပြီးပြုလုပ် ရမည် ဖြစ်ကြောင်း ပါရှိသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။