မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုအဖြစ်မခံနိုင်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့တွင် နေပြည်တော်
မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် Myanmar Independent ဂျာနယ်မှမေးမြန်းခဲ့သော
"တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်တဲ့ စီမံကိန်းတော်တော်များများကို
မြန်မာပြည်သူတွေက မကျေနပ်ကြဘူး။ သမ္မတကြီးကိုယ်တိုင်လည်း
မြစ်ဆုံစီမံကိန်းကို ရပ်ထားတယ်။ အခုလက်ပံတောင်းတောင် စီမံကိန်းကိုလည်း
ပြည်သူတွေက ဆန့်ကျင်တယ်။ ရှေ့ဆက်တရုတ်နိုင်ငံနှင့် စီးပွားရေးမည်ကဲ့သို့
လုပ်ဆောင်သွားမည်နည်း"ဟူသော မေးခွန်းကို ဖြေကြားရာ၌
ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံကို တရုတ်ကချည်း လွှမ်းမိုးသွားတာ၊ အမေရိကန်ကချည်း
လွှမ်းမိုးသွားတာ၊ ကျန်တဲ့ နိုင်ငံတွေကလာပြီး လွှမ်းမိုးသွားတယ်ဆို
နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဒါမျိုးအဖြစ်မခံပါဘူး။
မူဝါဒမှာလည်း ဒီအတိုင်းချထားပါတယ်။ နောက်တစ်ချက်ကတော့ အချုပ်အခြာအာဏာကို
ထိပါးမခံပါဘူး"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။
သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏
အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံအပေါ်
စီးပွားရေးပိတ်ဆို့ထားချိန်၌ အကူအညီပေးမှုများ ရှိခဲ့သည့်အတွက်
ကျေးဇူးရှိသောနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့
တိုင်းပြည်ကိုစီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အချိန်၊ ဘယ်နိုင်ငံကမှ
ကျွန်တော်တို့ကို လှည့်ပြီးမကြည့်တဲ့အချိန်၊ ဘယ်နိုင်ငံကမှ
ကျွန်တော်တို့ကို အကူအညီမပေးတဲ့ အချိန်မှာ ကျွန်တော်တို့ကိုစာနာပြီးတော့
ချေးငွေပေးတာတွေကို တရုတ်နိုင်ငံကပဲ ဆောင်ရွက်ပေးနေတယ်ဆိုတာ
အားလုံးသိပါတယ်။ နိုင်ငံတကာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကနေ
အမြဲတမ်းထောက်ခံပြီးတော့ ရပ်တည်ခဲ့တဲ့နိုင်ငံပါ။ သိပ်ပြီးတော့အခက်အခဲ
အကြပ်အတည်း ကြုံလာတဲ့အခါမှာ သူတို့ရဲ့ဗီတိုအာဏာကို သုံးပြီးတော့
မြန်မာနိုင်ငံဘက်က ထောက်ခံခဲ့ပါတယ်။ ကိုယ့်နိုင်ငံကို ဘယ်သူကမှ
ဆေးဖော်ကြောဘက်မလုပ်တဲ့အချိန်၊ ဘယ်နိုင်ငံမှ အကူအညီမပေးတဲ့အချိန်၊
ဘယ်နိုင်ငံမှ လှည့်မကြည့်တဲ့အချိန်၊ ဘာပဲဖြစ်ဖြစ်
ကိုယ့်ကိုကူညီစောင့်ရှောက်တာ တရုတ်မှမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်
ဒီကျေးဇူးတရားတွေကို မမေ့ကောင်းပါဘူး"ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
"ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို လာပြီးတော့
ရင်းနှီးမြှုပ်နှံလို့မရပါဘူး။ ဥပဒေတွေရှိပါတယ်။
စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒီဟာတွေကို မူဝါဒအနေနဲ့ ချမှတ်ထားတာပါ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင် တစ်အချက်က
ကိုယ့်တိုင်းရင်းသား အကျိုးစီးပွားကို မထိခိုက်စေရပါဘူး။
နောက်ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုမထိခိုက်စေရပါဘူး"ဟု နိုင်ငံတော်သမ္မတက
ပြောကြားခဲ့ပါသည်။ |
Comments
But the old/new government's masks are falling off or taken away by media and events. The President'd better keep his mouth shut if he wants to see people with "We love our President or He deserves to be a Nobel Prize Winner" or such BS from the naive Crowds, Mobs and Mobsters.
ရိုးသားဖြောင့်မတ်သော ကျွန်တော်တို့ရဲ့သမ္မတကြီးပဲ။
ယနေ့ အစိုးရ အကြီးအကဲဆို....
ဘာဖြစ်လို့ တစ်ချိန်က ကျေးဇူးတွေကို သတိယ နေတာပါလဲ...
တစ်ချိန်က ကျေးဇူးကို ဒီလို ပေါ်တင်ပြော သတိယတုန်းဆိုယင်..
ဘာထူးလဲ ဗိုလ်ချုပ်ကြီး သမ္မတဘဲပေါ့...
အသွင်ပြောင်းဘဲပေါ့....
ပြည်သူတွေ ဘာဖြစ်လို့များ ကျေးဇူး တင်နေတာပါလိမ့်..
So why don't you worship chinese everyday
So why don't you put chinese on the altar with budda and worship them
Do you still have a pride about myanmar?
အကြင်သူသည် မသိ၊ မိမိ မသိကြောင်းကိုလည်း မသိ၊ ထိုသူကား လူမိုက်တည်း... ရှောင်ကြဉ်ပါ။
အကြင်သူသည် မသိ၊ မိမိ မသိကြောင်းကိုကား သိ၏၊ ထိုသူကား အတွေ့အကြုံမရှိသေးသူ(နုနယ်သူ)တည်း... သင်းကြားပေးလိုက်ပါ။
အကြင်သူသည် သိ၏၊ မိမိ သိကြောင်းကိုကား မသိ၊ ထိုသူကား အိပ်ပျော်နေသူတည်း... နှိုးပေးလိုက်ပါ။
အကြင်သူသည် သိ၏၊ မိမိ သိကြောင်းကိုလည်း သိ၏၊ ထိုသူကား ပညာရှိတည်း... ဆည်းကပ်ပါ။
ကျနော်ပြောချင်တာက ဒါပါ....
He who knows not, and knows not that he knows not, is a fool, shun him!
အကြင်သူသည် မသိ၊ မိမိ မသိကြောင်းကိုလည်း မသိ၊ ထိုသူကား လူမိုက်တည်း... ရှောင်ကြဉ်ပါ။
ဘယ်နိုင်ငံမှ အကူအညီမပေးတာ မဆန်းပါဘူး...
ပွဲလန့်တုန်းဖျာခင်းချင်သူ တရုတ်နိုင်ငံကသူတို့ရဲ့ဗီတိုအာဏာကို သုံးပြီးတော့ အကာအကွယ်ပေးခဲ့တာ...
စစ်အစိုးရသက်တမ်းရှည်စေဖို့ပါ...ဒါမှလည်း သူတို့လိုချင်တာတွေရနိုင်မယ်လေ...
စစ်အစိုးရကနေ ဒီမိုကရေစီစနစ်မပြောင်းခင် စာချုပ်တွေတက်သုတ်ရိုက်ချုပ်ပြီး လိုချင်တာတွေရအောင်ယူသွားခဲ့ကြတယ်...
ပြည်သူတွေမနှစ်မြို့တဲ့ တရုတ်ကို အလွမ်းသယ်နေမယ်ဆိုရင်တော့...
ရာဇဝင်အပြင်ဖက်မှာ သမ္မတကြီးကို ကျွန်တော်တို့ထားပစ်ခဲ့ရပါလိမ့်မယ်...
မြန်မာနိုင်ငံကြီးကို စီးပွားရေးပိတ်ဆို့ ထားစဉ် ပွဲလန့် တုံး ဖျာခင်းခဲ့တဲ့ အခွင့်အရေးသမားတွေပါ
တရုတ်နဲ့ ပတ်သတ်လို့ မြန်မာပြည်သူပြည်သားတွေ ဘာကောင်းကျိုးမှ မခံစားခဲ့ဘူးပါဘူး မြန်မာပြည်ရဲ့ အဆီအနှစ်တွေကိုသာ သူတို့ ရသလောက် အကုန်ယူသွားခဲ့တာပါ
သူကူညီခဲ့တဲ့တလျှောက်လုံးမှာ မြန်မာနိုင်ငံရဲ့ သံယံဇာတတွေလဲ ကုန်သလောက်ရှိသွားပါပြီ . .
တရုတ်ဆိုတဲ့လူမျိုးက သူ့ အတွက် အမြတ်မရှိပဲ အရင်းမထုတ်တတ်ပါဘူး . .
ကိုယ့်တိုင်းပြည်တွင်းက ကျွန်းပင်တွေ လဲကတုံးဖြစ်ကျန်ခဲ့ပါပြီ
ဒါလား ကျေးဇူးရှင် . .
ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့လူမျိုးပါ
ဒင်းအကြောင်းတွေပြန်ပြောရရင် ရင်နာတယ် အော့နှလုံးနာတယ် တရုတ်ဆို အသံတောင် မကြားချင်ဘူး . .
ဘာကျေးဇူးလဲ။ ထွီ .......
ကျနော်တို့ အဖွဲ့ 
ဓားပြတိုက်ခဲ့တုန်း က ကျနော်တို့ ကို အဖမ်းမခံရဖို့  ကူညီတဲ့သူကို ကျနော်တို့  ကျေးဇူးတင်တယ်။ ကျနော်တို့  ဓားပြတိုက်တာ ခံရတဲ့သူတွေ က ကျေးဇူးမတင်ချင်နေပါစေ လေ ၊ ကျနော်တို့  ရဲ့ ဓားပြမှုကနေ လွတ်ရာလွတ်ကြောင်းကူညီတဲ့သူတွေမို့ ကျေးဇူးတင်ကို တင်ပါတယ် ။ မတားပါနဲ့ ကျေးဇူးတင်ရမှာပါပဲ ။တလုပ်စားဖူးသူ့ ကျေးဇူးမဟုတ်လား။ခုဟာက တစ်လုပ်မကဘူး တစ်သက်လေ ။
ကျနော်တို့ အဖွဲ့ ဆက်ဓာပြတိုက်စရာမလိုတော့လောက်အောင်ကို သူတို့ အရင်းအနှီးနဲ့ တစ်သက်စာ ကူညီခဲ့တာကိုး။ကျနော်တို့ အဖွဲ့ က ပါဝါလေးဘာလေးပြရုံ နာမည်ခံရုံနဲ့ ၊
အရင်းအနှီးစိုက်စရာမလိုပဲထိုင်စားနိုင်နေတာ လက်တွေ့ ပဲလေ။ကျနော်တို့ တစ်ဖွဲ့ သားလုံးက တစ်သက်တကမ္ဘာ ကျေးဇူးတင်နေမှာပါပဲ ။
ဘယ်သူတွေ ဘာတွေခံရလို့ ဘယ်လောက် မုန်မုန်းပေါ့ ။
အခုအချိန်မှာ အမေရိကန်နဲ. အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးတံခါးဖွင့်ပေးလိုက်တဲ့အပေါ် ကောင်းစွာအသုံးချပြီး အရှေ.အင်အားကြီးနိုင်ငံတရုတ် နဲ.အနောက်အင်အားကြီးနိုင်ငံတွေကြားမှာ ချိန်ခွင်လျှာညှိပေးလိုက်ယုံနဲ. ကျနော်တို. အမိမြန်မာနိုင်ငံတော်ကြီးတိုးတက်ရာတိုးတက်ကြောင်းဖော်ဆောင်ကြပါလို.အမုန်းပွားနေယုံနဲ.မပြီးပါဘူး မလိုအပ်ပဲ လူမျိုးရေးမုန်းတီးမှု မဖြစ်အောင်ထိန်းကြပါ
ရေခဲတောင်တွေလည်း ပေးဖူးကောင်းပေးဖူးမှာပါ။
တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံပထ၀ီတည်ရှိမှုအနေအထား..တွေအရ
တရုတ်ကိုပြစ်ပြစ်ခါခါကြီးလုပ်လို့မရနိုင်ထင်ပ...
ကျုပ်တို့ရွာအိမ်တွေမှာကြည့်နေတဲ့TVကအစ...စီးနေတဲ့ဖိနပ်အဆုံး..made in china တွေကြီးပဲဗျို့..
ကျုပ်တို့ကတရုတ်တွေဆီမှာ...နည်းပညာနဲ့အရင်းအနှီးကျွန်ခံနေရတာ....
ကျုပ်တို့...ဟုတ်တိပတ်တိဘာလုပ်တတ်လဲ၊ဘာလုပ်နိုင်လဲခေတ်မှီင်္နည်းပညာနဲ့ပတ်သက်ရင်..တရုတ်ကသာမန်လူငယ်တယောက်နဲ့မြန်မာသာမန်လူငယ်အရည်အချင်းခြင်းလောလောဆယ်မှာမတူနိုင်တာတော့လက်ခံနိုင်ရမယ်ဗျ
ကျုပ်တို့ကတရုတ်နဲ့ရန်သူဖြစ်လို့မရတာလည်းသေချာတယ်ထင်တာပဲဗျို့..သမိုင်းမှာဘယ်မြန်မာမှတရုတ်ပြည်ကိုပြသနာမရှာဖူးဘူး.လူဦးရေကြောင့်...(ကျုပ်တရုတ်ဆိုင်ကယ်လေးအပိုပစ္စည်းဝယ်မရတော့မှာလည်းစိုးရိမ်တာပါတာပေါ့ဗျာ)
ကျုပ်တို့လိုတာ..တရုတ်ကကျုပ်တို့ကိုပါင်းစားလိုလို၊ရောကြိတ်လိုလိုနဲ့လုပ်ခြင်တိုင်းလုပ်လို့မရမဲ့..မြန်မာ့ပေါ်လစီတွေ၊ဥပဒေတွေလိုနေတာထင်ပါ့...ကဲကဲ..ကျုပ်တရုတ်နာရီက၅နာရီထိုးနေပြီ..ကျူပ်တရုတ်ဆိုင်ကယ်လေးနဲ့..တရုတ်ဘောင်းဘီအင်္ကျီလေးဝတ်ပြီး...လမ်းထိပ်ကလက္ဘရည်ဆိုင်ကတရုတ်ပလတ်စတစ်ခုံလေးမှာထိုင်ရင်း..ကြီးကြီးကျယ်ကျယ်တွေသွားပြောလိုက်အုံးမယ်ဗျို့...
အဲဒီမှာ..အဖေါ်တွေပေါချက်ကတော့သိတဲ့အတိုင်းပဲ
ဦးသိန်းစိန်ဒီစကားကို ပြောတာဆိုရင်တော့ သမ္မတကို လုံးဝ မထောက်ခံတော့ပါ။ ဒီလို ကိုယ့်အမှားကို ကိုယ်မသိသေးရင်တော့ တော်တော်မိုက်မဲတယ်လို့ ပဲ ပြောချင်တယ။ ကောင်းတာလုပ်တုန်း ချီးကြူးခဲ့သလို ခုလိုအပြောမျိုးကိုလဲ ကဲ့ ရဲ့ မှာပဲ။
Kohighlander, Naturelover, Zawtika တို့ ပြောတာတွေဟာ အလွန်မှန်ပါတယ်။ ချက်မိပါတယ်။ လုံးဝထောက်ခံအပ်ပါတယ်။ ၎င်းတို့ရဲ့ Comments များသည် အမိမြန်မာနိုင်ငံအတွက် တကယ် အကျိုးပြုမဲ့ အမှန်တရားတွေဖြစ်ပါတယ်။
ကျနော်လဲ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ တိုင်းပြည်ကို အာဏာရူးတွေ လွှမ်းမိုးထားချိန်၊ ဖြောင့်မှန်တဲ့ဘယ်နိုင်ငံကြီးကမှ ကျနော်တို့ကို အကူအညီမပေးတဲ့ အချိန်မှာ တရုတ်က သူ့ကိုယ်ကျိုးစီးပွါးအတွက် ဗီတိုအာဏာကို သုံးပြီးတော့ ပုလင်းတူ ဘူးဆို့ လုပ်ခဲ့တာလဲ အားလုံးသိပါတယ်။
လွန်လေပြီးတဲ့ ကိုယ့်နိုင်ငံအာဇာနည်ခေါင်းဆောင်တွေရဲ့ ကျေးဇူးကျတော့ ဖုတ်လေတဲ့ငပိတောင် မထင်ပဲ တရုတ်ရဲ့ ကျေးဇူးတရားကို သိတတ်တာများ ဟိုစကားတွေ သွားသတိရရဲ့ဗျာ' ပြည်ပအားကိုး ပုဆိန် ရိုး'
'အမေကျော် ဒွေးတော်လွမ်း'။
အင်း ဒီတခါ သမ္မတကြီးတော့ viva ကျတော့မှာပဲ။
We Need To Kick out Chinese badge bugger from our country
JUST NOW!!!!
အကျွနုပ် ငတုံး ငအ.....သည်....
သမ္မတကြီး ကျမ်းမာပါစေ.....
သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေ...
သမ္မတကြီး နောက်နှစ်ပေါင်းများစွာ မြန်မာပြည်ကြီးကို သမ္မတ
လုပ်နိုင်ပါစေလို့............
သေချာတာကတော့.......ပြည်ပမှာဘဲ အပြီးအပိုင် နေဘို့ ဆုံးဖြတ်လိုက်မိ လေသတည်း။
Mr David ပြောသွားတာ အကွက်စေ့လိုက်တာ။ သံတမန်ရေးရာ ကျွမ်းကျင်သူတောင် ခင်ဗျားလောက် အကွက်မိအောင် ထောက်မပြနိုင်ပါဘူး။ အင်မတန်တော်လိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ တရုတ်နဲ့ပေါင်းမိလို့ ကျွန်တော်တို့ရဲ့စီးပွားရေး နလံမထူနိုင်လောက်အောင် ချွတ်ချုံကျ သွားရတာပါ။ တရုတ်ကပေးလိုက်တဲ့ ပညာဟာ---လာဘ်ထိုးမယ်၊ အကျင့်ပျက်အောင်လုပ်မယ်၊ အကြွေးနဲ့ အကျပ်ကိုင်မယ်၊ ပေါချောင်ညံ့ပစ္စည်းတွေနဲ့ အချဉ်ဖမ်းမယ်၊ လူဦးရေ တင်သွင်းမှု ကိုစီမံချက်ကျကျ လုပ်မယ်၊ ဆိုင်ခန်းနေရာတွေ၊ အိမ်ရာမြေနေရာတွေကို လက်ဝါးကြီးအုပ် ဝယ်ယူ ဈေးကစားမယ်----စတဲ့ အောက်လမ်းနည်းပညာတွေသာ ပေးတာပါ။ တကယ်တိုးတက်စေမဲ့ နည်းပညာ ဘာမျှ မပေးပါ။
Mr Pengtut ရဲ့ comment ကိုဖတ်ရတော့ ကျွန်တော်မျက်ရည်ကျမိပါတယ်။ စာနာစိတ်နဲ့မျက်ရည်ကျရတာပါ။ ကျွန်တော်နိုင်ငံခြားကနေ အမိမြန်မာနိုင်ငံတော် သို့ပြန်လာတိုင်း ရန်ကုန်အဝင် လေယာဉ်ပျံပေါ်မှာ အမိမြန်မာနိုင်ငံတော်ကြီး တော်တော်တိုးတက်နေပြီလားဆိုတဲ့ စိတ်စောနဲ့ အမြဲ မျက်ရည်ကျခဲ့ရပါတယ်။ ဒီစေတနာစစ်မှန်တဲ့ မျက်ရည်တွေဟာ အမိမြန်မာနိုင်ငံအတွက် ရွှေမိုးငွေမိုးတွေဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။
ဒီစကားနှင့်ဒီအတွေးအခေါ်တော့လုံးဝ ဆန့်ကျင်တယ်သမ္မတကြီး။ မြန်မာပြည်သူတွေကျပ်တည်းနေတဲ့အချိန်တဲ့အချိန်မှာ တရုတ်ကြီးကဘာတွေကြည့်ခဲ့လို့လဲ? အာဏာရှင်နှင့် သူ့အပေါင်းအပါတွေကမ်းကုန်အောင်မိုက်မဲဖို့၊ မြန်မာပြည်သူတွေ အဖိနှိပ်ခံဘဝရှည်သထက်ရှည်အောင် တရုတ်ကကြီးကပဲ အားပေးတယ်လေ။ အာဏာရှင်အစိုးရအတွက် ရပ်တည်ပေးတာကို မြန်မာပြည်အတွက်ရပ်တည်ပေးပါတယ်လို့ ဘာလို့တစ်လွဲ အဓိပ္ပါယ်ဖွင့်ရတာလဲ့သမ္မတကြီးရယ်..? သမ္မတကြီးက လက်တစ်ဆုပ်စာ အာဏာရှင်နှင့်အခွင့်ထူးခံလူတန်းစားဖက်ကလား၊ သန်း ၆၀ သောမြန်မာပြည်သူဖက်ကလား? ပြတ်သားဖို့တော့လိုလာပြီထင်တယ်။ စစ်အေးတိုက်ပွဲပြင်းထန်ချိန် ဒုတိယကမ္ဘာစစ်ပြီးခါစ ကိုရီးယားနှင့် ဂျပန်ကို အမေရိကန်က ကွန်မြူနစ်ကမ္ဘာရဲ့အလယ်မှာ စံပြဒီမိုကရေစီနိုင်ငံတွေဖြစ်အောင် ကူညီပြီးပြန်လည်ထူထောင်ရေးတွေလုပ်တယ်။ ကြာလာတော့အဲဒီနိုင်ငံတွေ လူ့အဆင့်တန်းရှိရှိနှင့်တိုးတက်ဖွံ့ဖြိုးလာတယ်...။ အခုတရုတ်က မြောက်ကိုးရီးယားတို့၊ မြန်မာတို့ဘက်ကအမြဲရပ်တည်ကူညီတယ်။ ဒါပေမယ့်အဲဒီတိုင်းပြည်မှာနေထိုင်တဲ့လူတွေက လူ့သိက္ခာကျစွာ ရုန်းကန်နေရပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတကြီးအနေနှင့် ဒီလိုခံယူချက်ရှိတာ ကျွန်တော် တော်တော်ခံစားရပါတယ်. . . ။
ကူညီနေခဲ့တာမဟုတ်ပါ အဆိပ်ပင်ရေလောင်းနေခဲ့တာပါ
ဆေးဖော်ကြောဘက်မလုပ်တဲ့အချိန် နဲ့ အခက်အခဲ အကြပ်အတည်း ကြုံလာတဲ့အချိန် ဆိုတာ
၁၉၆၂ ကနေ ၂၀၁၁ ကြားကာလ ဘယ် အစိတ်အပိုင်းတွေလဲ ဆိုတာ စဉ်းစားကြ။
ဂေါင်း မပျက်သေးတဲ့လူတော့ မှတ်မိတန်ကောင်းပါရဲ့
ဆက်ရေးရင် ကျုပ်ကွန်းမဲန့် အဖြုတ်ခံရလိမ့်မယ်။
ဗီတို အရိုးလေး ချကျွေးပီး တစ်တိုင်းပြည်လုံး မျိုနေတာကို ကျေးဇူးတင်နေသေးသတဲ့
အဲဒါဆိုလဲ မန္တလေးနန်းတော်ကို ၀က်ပေါ်တဲ့ ၀က်သတ်ရုံ လုပ်ပေးလိုက်ပါလား...... ထွီ.....
မည့်သည့် အဖွဲ့အစည်း (OIC ၊ ဦးပိုင် ... စသည်) ကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု အဖြစ်မခံရန်လည်း အရေးကြီးပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင် တစ်အချက်က ကိုယ့်တိုင်းရင်းသား “Cronies” အကျိုးစီးပွားကို မထိခိုက်စေရပါဘူး။
….
ပြောမှပြောပါ့မလားလို့  နိုင်ငံတော်သမ္မတ ရယ်
ဒါ့ကြောင့်လည်ရင်းနှီမြုတ်နှံမှုဥပဒေလွန်း ထိုးနေပေတာကိုး
Mr President,
They supported and protected the ex-military government! Not this Government!
Do you feel that your government has the same policy or follow the ex-military government plan?
If you say "yes", then don't say you are listening people voice.
If you say "no", you no need to appreciate China.
They supported ex-stupid military government who killed own people.
We ,people clearly say don't want China Government.