Tuesday, January 29, 2013

ယုံလွယ်သူများ


ယုံလွယ်သူများ


 သိပ်မကြာခင်က ဖေ့ဘွတ်ပေါ်မှာဘုမသိဘမသိ ရှဲကြတဲ့သူတွေ ဆဲကြတဲ့သူတွေနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်မှကန်းကြရှာသူများဆိုပြီး ရေးခဲ့ဖူးပါတယ်။ အခုကျနော်ထပ်ပြီးဆက်စပ်စဉ်းစားကြည့်မိတယ်။ တကယ်တမ်းကျတော့ ကျနော်တို့လူမျိုးတွေ အဲသလောက်မရိုင်းပါဘူး။ အဲဒီတုန်းကဆဲခဲ့တဲ့သူတွေ၊ ရှဲခဲ့တဲ့သူတွေထဲမှာ တကယ်ကိုစိတ်ထား ယုတ်ယုတ်မာမာနဲ့ သူများသားသမီးစော်ကားလိုတဲ့စိတ်နဲ့လုပ်တဲ့သူတွေပါနိုင်ပေမယ့် အများစုကတော့ လှုံ့ဆော်ခံရတဲ့မျိုးချစ်စိတ်ကြောင့် အဲလိုမျိုးတွေလုပ်တာဖြစ်နိုင်တယ်လို့စဉ်းစားမိတယ်။ အဲလိုကျတော့ သူတို့ကိုစိတ်မတိုမိတော့ဘဲ အယုံလွယ်လွန်းလို့ သူများအသုံးချခံရတဲ့ အဲလိုလူတွေကိုသနားမိတယ်။ အဲဒီကနေမှ ကျနော်တို့လူမျိုးတွေအများအားဖြင့်တွေ့ကြုံနေရတဲ့ ပြဿနာအစစ်ကိုသွားတွေ့မိတယ်။ အဲဒါကတော့ အယုံလွယ်ခြင်းပါပဲ။

အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ


အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ 

  ဓာတ်ပုံ-The Times of India
 အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်
အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေး ပါတီကြီးတခုက ဝေငှပေးဝေနေပါ တယ်။

အခုလို အမျိုးသမီးတွေ ငရုပ်သီးမှုန့်နဲ့ ဓားဆောင်ဖို့ ဖြစ်လာရတာက လွန်ခဲ့တဲ့ လတုန်းက ဒေလီမြို့ မှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်လို့ နောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရတာကြောင့် အိန္ဒိယ တနိုင်ငံလုံးမှာ အံုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရတာပါ။ 

ကချင်စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်သူ ရာနှင့်ချီရှိ


ကချင်စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်သူ ရာနှင့်ချီရှိ 

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးပုန်းရှောင်နေသော ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသော စစ်ဘေးသင့် ဒုက္ခသည်များ ရာနှင့်ချီနေပြီး တချို့နေရာများတွင် သေဆုံးမှုများအထိ ရှိလာကြောင်း သိရသည်။
ယခု ဇန်န၀ါရီလဆန်းပိုင်းက စတင်ပြီး ၀မ်းပျက်ဝမ်းလျှောမှုများ ဖြစ်လာကာ မကြာသေးခင်က လိုင်ဇာအနီးရှိ ဒုက္ခသည်စခန်းမှ ကလေး ၂ ဦး သေဆုံးသွားခဲ့ကြောင်း၊ ဆေးရုံသို့ သွားရောက်ကြည့်ရှုတိုင်းတွင် ၀မ်းပျက်ဝမ်းလျှော ဖြစ်နေသည်ကိုသာ တွေ့နေရကြောင်း ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆက ပြောသည်။

အီလက်ထရွန်းနစ် ဥပဒေမှ နိုင်ငံတော်လုံခြုံရေး ပြစ်မှု ပြစ်ဒဏ်များ ပယ်ဖျက်မည်


အီလက်ထရွန်းနစ် ဥပဒေမှ နိုင်ငံတော်လုံခြုံရေး ပြစ်မှု ပြစ်ဒဏ်များ ပယ်ဖျက်မည် 

မန္တလေးတွင် အင်တာနက် အသုံးပြုနေကြသည့် ဒေသခံများ (ဓာတ်ပုံ – မန်းသာလေး/ ဧရာဝတီ)
စစ်အစိုးရက ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို  အရေးယူရာတွင် အဓိက အသုံးပြုခဲ့သည့် အီလက် ထရွန်းနစ် ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြင်ဆင် ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

“ဝ”ကို လက်နက်မရောင်းဟု တရုတ် ငြင်း


“ဝ”ကို လက်နက်မရောင်းဟု တရုတ် ငြင်း

တရုတ်လုပ် PTL02 ဘီးတပ်တင့်ကားများ UWSA က ရရှိခဲ့ကြောင်း စစ်ဘက်ရေးရာ မဂ္ဂဇင်း “ဂျိန်းစ် ထောက်လှမ်းရေး အစီရင်ခံစာ”က ရေးသားသည် (ဓာတ်ပုံ- Tianxue military forum)
ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က (UWSA) ကို စစ်လက်နက် ပစ္စည်းများ ရောင်းချ ပေး ခဲ့သည်ဆိုသော စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးက ငြင်းဆိုသည်။

မြန်မာ-တောင်ကိုရီးယား အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး


မြန်မာ-တောင်ကိုရီးယား အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး 

ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတလောင်း မစ္စ ပတ်ဂုန်ဟေး (ဓာတ်ပုံ – Bucheon Times)
မြန်မာနိုင်ငံနှင့် တောင်ကိုရီယား နိုင်ငံတို့ အနာဂတ်တွင် ၂ နိုင်ငံ ပိုမို ပူးပေါင်း ဆောင်ရွက်ရေးအတွက် တောင်ကိုရီယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတလောင်း မစ္စ ပတ်ဂုန်ဟေး (Ms. Park Geun-hye) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးကြကြောင်း သိရသည်။
“အနာဂတ်မှာ အာရှတိုက်နဲ့ ကမ္ဘာကြီးမှာလို တောင်ကိုရီယားနဲ့ မြန်မာနိုင်ငံတို့ဟာ ပိုပြီး လွတ်လပ်ပျော်ရွှင်မှုတွေ တည်ဆောက်ဖို့ ကျမတို့ အတူလက်တွဲ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု သမ္မတသစ် မစ္စ ပတ်ဂုံဟေးက ပြောကြောင်း တောင်ကိုရီယား မီဒီယာများက ဖော်ပြသွားသည်။

“သူအပြုတ် ငါအကျ”


“သူအပြုတ် ငါအကျ” 

အချိန်မှီ နောင်တ


အချိန်မှီ နောင်တ 

အခု ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ ပါတ်သက်လို့ အများမြင်အောင် ဒီပုံလေးနဲ့ ပြပါတယ်.... အ၀ါရောင် လိုင်းတွေကတော့ အခုလက်ရှိ သွားနေတဲ့ ရေကြောင်း ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်ပါတယ်.... အဲ့ဒိမှာ သေခြာကြည့်ရင် မြင်နိုင်ပါတယ်.... ဘယ်ညာ ဆုံချက်ဟာ စင်္ကာပူ ဆိုတာပါပဲ......  ထားဝယ် ရေနက်စီမံကိန်း ပြီးဆုံးသွားချိန်မှာ စုံချက်ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ဖြစ်သွားမှာပါပဲ.... သဘာဝ သယံဇာတတွေဟာ တစ်ချိန်မှာ ကုန်ဆုံးသွားနိုင်ပေမယ့် ထားဝယ် ရေနက်ဆိပ်ကမ်းက ရရှိလာမယ့် အကျိုးစီးပွားဟာ ရေကြောင်းပို့ဆောင်ရေး ရှိနေသရွေ့ ရေရှည်တည်တံ့နေမယ့် ၀င်ငွေရရှိရာ အရင်းအမြစ် တစ်ခုပဲ ဖြစ်ပါတယ်.... ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ ဒီစီမံကိန်းမှာ အားတက်သရော ပါဝင်နေတာ ဖြစ်ပါတယ်...... အဆိုပါ စီမံကိန်း ပြီးဆုံးသွားချိန်မှာ ရေမြင့်ရင် ကြာတင့်သလို မြန်မာနိုင်ငံရဲ့ စီးပွားရေး လူနေထိုင်မှု စနစ်လည်း အထိုက်အလျောက်မက မြင့်တက်လာမှာ ဖြစ်ပါတယ်......  အဆိုပါ စီမံကိန်း ပြီးဆုံးသွားချိန်မှာ တစ်ချိန်က အရှေ့တောင်အာရှ ကျွန်းဆွယ်ကို ပါတ်သွားနေရတဲ့ ရေကြောင်းပို့ဆောင်ရေး ခရီးစဉ်ကို ချုံ့လိုက်သလို ဖြစ်သွားတဲ့အတွက် စင်္ကာပူနိုင်ငံရဲ့ အဓိက ၀င်ငွေရရှိရာ Port လုပ်ငန်းကို သေခြာပေါက် ထိခိုက်သွားမှာ ဖြစ်ပါတယ်..... ဒါကို ကြိုမြင်နေတဲ့ စင်္ကာပူ အစိုးရကလည်း ဒီဟာကို ထေမိစေဖို့ လူ့စွမ်းအား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်း၊ လောင်းကစား လုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ကြိုးပန်း လုပ်ဆောင်နေခြင်း၊ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်စရာ နေရာများစွာ ဖန်တီးပြုလုပ်ခြင်း အစရှိသဖြင့် အခြား အခြားသော ၀င်ငွေရနိုင်မည့် နည်းလမ်းများကို ကြံဆောင်နေပါတယ်..... ဒီနေရာမှာ သူများနိုင်ငံရဲ့ ခေါင်းဆောင်များ နိုင်ငံရှေ့ရေးအတွက် ရည်ရှည်မြင်နိုင်မှုကို ချီးကျူးရမှာပါပဲ.....  မည်သူမဆို သူ့ရဲ့ စီးပွားရေးကို ဖဲ့ယူသလိုဖြစ်သွားမှာကို ဘယ်သူမှတော့ ကြည်ကြည်ဖြူဖြူ ခွဲဝေပေးမယ် မဟုတ်ပါဘူး... အနည်းဆုံးတော့ တတ်နိုင်သလောက် ကဖျက်ကယက် လုပ်ကြမှာပါပဲ.... ဒိအတွက် သတိဆိုတာ ပိုတယ်မရှိပါဘူး..... အဲ့ဒိအတွက် ပြောလိုတာကတော့ စင်္ကာပူအပေါ်မှာ မှီခိုမှုကို ကျွန်တော်တို့နိုင်ငံအနေနဲ့ လျှော့ချယူရမှာ ဖြစ်ပါတယ်....... အဲ့ဒါနဲ့ ပါတ်သက်လို့ အသေးစိတ် ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ဦးမှာပါ.....   တလက်စတည်း တိုက်တွန်းလိုတာကတော့ အရင်တုန်းက အကြောင်းကြောင်းကြောင့် အသိမ်းခံရမှာကြောက်ပီး စင်္ကာပူက ဘဏ်တွေမှာ ပိုက်ဆံတွေ အပြုံလိုက်သိမ်းထားတဲ့ ဘဘတို့လည်း အချိန်မနှောင်းခင်မှာ အဆိုပါ ပိုက်ဆံတွေကို ပြန်လည်ထုတ်ယူပီး၊ နိုင်ငံကို အလျော်ပေးသင့်တာပေး၊ နိုင်ငံစီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တာတွေ လုပ်သင့်နေပီ ဆိုတာပါပဲ...... မတရားရတဲ့ ပိုက်ဆံဟာ ဆီလိုအပေါက်ရှာ ထွက်တတ်တဲ့အပြင် လူကိုပါ ဒုက္ခပေးသွားတယ် ဆိုတာလေးကို မမေ့စေချင်ပါဘူး...... နောင်မှ အကြောင်းကြောင်းကြောင့် ထုတ်မရတော့ဘူးဆိုရင် လုံးဝလူမွဲစာရင်းကို ၀င်သွားမယ်ဆိုတာ သတိလေးချပ်ပီး အချိန်မှီ တိုင်းပြည်နဲ့ လူမျိုးအတွက် နောင်တလေး ရပါစေလို့ သံချောင်းခေါက်လိုက်ပါတယ်...  source: James mint
အခု ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ ပါတ်သက်လို့ အများမြင်အောင် ဒီပုံလေးနဲ့ ပြပါတယ်.... အ၀ါရောင် လိုင်းတွေကတော့ အခုလက်ရှိ သွားနေတဲ့ ရေကြောင်း ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်ပါတယ်.... အဲ့ဒိမှာ သေခြာကြည့်ရင် မြင်နိုင်ပါတယ်.... ဘယ်ညာ ဆုံချက်ဟာ စင်္ကာပူ ဆိုတာပါပဲ......
ထားဝယ် ရေနက်စီမံကိန်း ပြီးဆုံးသွားချိန်မှာ စုံချက်ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ဖြစ်သွားမှာပါပဲ.... သဘာဝ သယံဇာတတွေဟာ တစ်ချိန်မှာ ကုန်ဆုံးသွားနိုင်ပေမယ့် ထားဝယ် ရေနက်ဆိပ်ကမ်းက ရရှိလာမယ့် အကျိုးစီးပွားဟာ ရေကြောင်းပို့ဆောင်ရေး ရှိနေသရွေ့ ရေရှည်တည်တံ့နေမယ့် ၀င်ငွေရရှိရာ အရင်းအမြစ် တစ်ခုပဲ ဖြစ်ပါတယ်....

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။