Thursday, September 6, 2012

လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ တောင်သူများစက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့် ညောင်ပင်ကြီး -ပုလဲ လမ်းဆုံ အနီး မြန်မာ -ဝမ်ဘိုရုံး အနောက်မြောက်ဘက်ထောင့်၌ အခေါင်း ၃ လုံး ပြုလုပ်မီးရှို့ ကာ ဆန္ဒဖော်ထုတ်ခဲ့


လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ တောင်သူများစက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့် ညောင်ပင်ကြီး -ပုလဲ လမ်းဆုံ အနီး မြန်မာ -ဝမ်ဘိုရုံး အနောက်မြောက်ဘက်ထောင့်၌ အခေါင်း ၃ လုံး ပြုလုပ်မီးရှို့ ကာ ဆန္ဒဖော်ထုတ်ခဲ့  
Wednesday, 05 September 2012 20:09
မုံရွာခ၇ိုင် လက်ပံတောင်းတောင် စီမံကိန်း အတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ  တောင်သူများက စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့်  ညောင်ပင်ကြီး -ပုလဲ လမ်းဆုံအနီး မြန်မာ -ဝမ်ဘို ရုံး အနောက်မြောက်ဘက်ထောင့်၌ အခေါင်း ၃ လုံး ပြုလုပ်မီးရှို့  ကာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသတင်းရရှိသည်။
“ယာမြေတွေပေါ်မှာ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေကို လက်ပံတောင်းတောင် စီမံကိန်း ပြန်စတယ်ဆိုတာ ကြားကတည်းက တောင်သူတွေ ပြုလုပ်ခဲ့တယ်။ သြဂုတ်လ ၂၄ ရက်နေ့ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ  သိမ်းခံရတဲ့ ယာတွေပေါ်မှာ တဲဆောက်တာတွေ မကျူးကျော်ရ ဆိုင်းဘုတ်ထောင်တာတွေ လုပ်ခဲ့တယ်။ ဖောင်းကားဘက်မှာ ယာတွေထဲမှာ မြေစာပုံတာတွေကို သွားတားခဲ့တယ်။ စက်တင်ဘာ ၂ ရက် ကနေ ၄ ရက်နေ့အထိ မိုးရွာတာကြောင့်ရော အထက်ကိုတင်ပြဖို့ စာရင်းကောက်တာတွေရော လုပ်နေခဲ့ကြတယ်။ ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ တော့ မြေသိမ်းခံ ၂၆ ရွာသားတွေက ဖောင်းကားနဲ့ မိုးကြိုးပြင်ဘက်မှာ မြေစာပုံတာတွေအနီးမှာ ဆန္ဒဖော်ထုတ်ဖို့အသွား တ၇ုတ်ဆိုက် မြန်မာ-ဝမ်ဘို အနီးမှာ ရဲတွေက ပိတ်တားလို့ မုံရွာ-ပုသိမ် လမ်းနဲ့ ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲ လမ်းဆုံအနီးမှာပဲ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။” ဟူ ၍ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောပြခဲ့သည်။
လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ တောင်သူများ စက်တင်ဘာ ၅ ရက်နေ့တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့် ညောင်ပင်ကြီး-ပုလဲ လမ်းဆုံအနီး မြန်မာ-ဝမ်ဘို ရုံး အနောက်မြောက်ဘက်ထောင့်၌ အထက်မြန်မာပြည် ဗကသ ကျောင်းသားများ၊ ကွန်ယက်များမှ ကူညီရေးအဖွဲ့ များ ၊သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ အကူအညီဖြင့် မြေယာများ ပြန်လည်လုပ်ကိုင်ခွင့်ရရေး၊ ဖမ်းဆီးထိန်းသိမ်းခံရသူတစ်ဦး ပြန်လွှတ်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ တောင်သူများသည် မနက် ၁၂ နာရီခန့်တွင် မုံရွာ-ပုသိမ်လမ်းမကြီးနှင့်  ညောင်ပင်ကြီး -ပုလဲ လမ်းဆုံအနီး မြန်မာ-ဝမ်ဘို ရုံး အနောက်မြောက်ဘက်ထောင့်၌ စုမိကာ နေ့ ၁ နာရီ ခွဲခန့်တွင် “ဦးပိုင် အသက်၂၄ နှစ်”’   “ကိုတရုတ်ကြီး အသက်၂၄ နှစ်”   ‘ပုဒ်မ ၁၄၄  အသက်၁ နှစ်” ရေးသားထားသော အခေါင်း ၃ လုံးကို ကြေးစည်ထု၊ သောက်ရေအိုးများခွဲကာ မီးရှို့ ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
၎င်းနောက် စနစ်တကျ ပြန်လည်စီတန်းကာ ကျေးရွာများသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ လမ်းတွင် လက်ပံတေင်းတောင်အနီးရှိ ရန်အောင်မြင်စေတီတွင် ရွာသားအားလုံး ဆုတောင်းဝတ်ပြုခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။